သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Tuesday, December 29, 2015

ဗေဒင်

ကိုယ် ဘယ်လိုလူးစားမျိုးနဲ့ ဖူးစာဆုံမလဲဆိုတာ သိချင်ပါသလားးး
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အထက်မှာ ဖော်ပြထားတဲ့ ပုံထဲကအတိုင်း လက်ဖဝါးလေးနှစ်ခု ဆက်ကြည့်လိုက်တဲ့အခါ ပေါ်လာတဲ့အရေးအကြောင်းလေးကို ကြည့်ပြီး ကိုယ့်ဖူးစာဖက် ကို ခန့်မှန်းကြည့်လို့ ရတဲ့ အကြောင်းလေး တင်ဆက်ပေးမှာ ဖြစ်ပါတယ်။ အဲဒီ ပုံသဏ္ဍန်လေးတွေ ကွဲပြားသွားတာနဲ့ လူတစ်ယောက်ရဲ့ ဝိသေဿလေးပါ ကွဲပြားသွားတာကြောင့် စိတ်ဝင်တစားနဲ့ သေချာလေး တိုက်ကြည့်ကြပါနော်။

၁။ ပုံ (၁) မှာ ပြထားသလို လက်ဖဝါးနှစ်ဖက် ပူးလိုက်တဲ့အချိန်မှာ အရွယ်တူပြီး အဝိုက်ပုံသဏ္ဍန်လေး ဖြစ်နေတဲ့ လက်ပိုင်ရှင်တွေဟာ ဥာဏ်ရည်ထူးချွန်သူတွေ ဖြစ်ကြပါတယ်။ ဘာပဲလုပ်လုပ် စနစ်တကျလုပ်တတ်ပြီး ဘဝတစ်လျှောက်လုံးကို plan တွေချပြီး ဖြတ်သန်းတတ်ကြတယ်။ တစ်ခုသတိထားသင့်တာက ကိုယ့်ကိုကိုယ် အရမ်းကြီး ပိတ်လှောင်မထားဖို့ပါ။ တစ်ခါတစ်လေ ကိုယ့်အတွက် လွတ်လပ်ပျော်ရွှင်စရာ ကောင်းတဲ့ အချိန်လေးတွေလည်း ရှိဖို့ လိုအပ်ပါတယ်။ ဖူးစာဖက် အနေနဲ့ကတော့ လူအများက လေးစားအာကျရတဲ့ သူမျိုးနဲ့ လက်ထပ်ရတတ်ပါတယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၂။ အကယ်၍ ပုံ (၂) မှာ ပြထားသလို ညာဘက်လက် ကဘယ်ဘက် ထက် ပိုပြီး မြင့်တက်နေတဲ့ လက်ဖဝါးပိုင်ရှင်တွေဟာ လူကြီးသူမတွေရဲ့ ဦးစားပေးမှု၊ ချစ်ခင်မှုတွေ ခံရတတ်ပါတယ်။ ဒါ့အပြင် ဘယ်သူဘာပြောပြော ကိုယ်မှန်တယ်ထင်ရင် ခေါင်းမာမာနဲ့ ရှေ့ဆက်တိုးမယ့် လူစားမျိုးပါ။ ဖူးစာဖက်အနေနဲ့ကတော့ ကိုယ့်ထက် အသက်အများကြီးကြီးတဲ့ လူတစ်ယောက်နဲ့ လက်ထပ်ရတတ်ပါတယ်။

၃။ အကယ်၍ ပုံ (၃) မှာ ပြထားသလို ဘက်လက်က ညာဘက်လက်ထက် ပိုပြီး မြင့်တက်နေတဲ့ လက်ဖဝါးပိုင်ရှင်တွေကတော့ စိန်ခေါ်မှုတွေကို ကြိုက်နှစ်သက်ကြပြီး ဘဝတစ်လျှောက်လုံး မရပ်မနားတမ်း ရုန်းကန်လှုပ်ရှား နေတတ်ပါတယ်။ သူတို့အပေါ် ဂရုတစိုက်ရှိတာကို သိပ်သဘောကျ တတ်ကြပါတယ်။ သူတို့ကိုယ်တိုင်လည်း ချစ်ခြင်းမေတ္တာကို အလေးအနက်ထားသူတွေ ဖြစ်ပါတယ်။ နိုင်ငံရပ်ခြားကလာတဲ့ ရုပ်ရည်ချောမောပြေပြစ်တဲ့ သူနဲ့ ဖူးစာဆုံတတ်ပါတယ်။

(Gandawin )


No comments:

သန်းထွန်းလေး (အင်းတဲရွာ)

Batti Gul Meter Chalu (2018) 💥မီတာခမဆောင်နိုင်လို့သတ်သေသွားသူ

Batti Gul Meter Chalu (2018) https://t.me/kolay0001/1898 💥မီတာခမဆောင်နိုင်လို့သတ်သေသွားသူ ... မီတာခတွေကောက်ချင်သလိုကောက်နေတဲ့ ဒီကာလမှာ မီတာ...