တော်လှန်အသံရှင်များအတွက် ဂုဏ်ပြုမှတ်တမ်း
#Mondler
.
သူမ ပင်တိုင်ဖတ်တာက နွေဦးနရသိံမှာဗျ
အသံလေးက ကြည်တယ် ရှင်းတယ် အေးတယ် မြတယ် (ထက်တယ်) ပေါ့
ဘာကြောင့်ဒီလိုပြောရလဲဆို သူမအသံကိုသေသေချာချာနားထောင်ကြည့်လိုက်ပါ တွေ့ပါလိမ့်မယ် ကိုလာအေးအေးလေးသောက်နေရသပါလိုပဲ အေးအေးချိုချိုနဲ့ရှတတသဘောလေး ခံစားမိပါလိမ့်မယ် ပြီးတော့ တဆက်တည်းမှာပဲ စွဲကျန်နေပါလိမ့်မယ်
ဒါကအသံနဲ့ပတ်သက်တဲ့ကိစ္စ
ဟန်လေးနဲ့ပတ်သက်လို့လည်း နည်းနည်းလောက်ပြောချင်တယ်
သူမစာဖတ်တာက သတိထားလွန်းနေတယ်လို့ခံစားရတယ်
သတိထားတာကောင်းတယ် အမှားနည်းတာပေါ့ ဒါပေမယ့်အသားမကျခင်စပ်ကြားမှာတော့ ခတ်ထောင့်ထောင့်ဖြစ်နေတတ်တယ်
ဘယ်လိုလဲဆိုတော့ ပုံမှန် မှန်ကြည့်ရင်းခေါင်းဖြီးတယ်အေးဆေး အလိုက်တသင့်ပါပဲ အဲသတိလွန်လို့ မှန်မှာကြည့်ပြီး ဘီးကိုအသွားဖက်တန်းဖက်ရယ်လို့ သေသေချာချာကြည့်ပြီးကိုင်ရင် လက်ကိုဟိုလိုလှန်လိုက် ဒီလိုပြုလိုက်နဲ့ဖြစ်နေရတာမျိုး
ပြီးတော့ ကျန်းမာရေးအတွက်ရယ်လို့ သေသေချာချာအမှတ်ထားပြီး လမ်းလျှောက်တယ်ဆိုပါတော့ သာမန်သက်သောင့်သက်သာနဲ့ ဘာမှကသီစရာမရှိတဲ့ပြုမြဲကိစ္စက သတိထားပါမှ ဘယ်ခြေဘယ်လက်စုံကျလိုကျ ညာခြေညာလက်ဖြစ်လိုဖြစ် အတော့်ကိုတိုင်ပင်ကိုက်ယူရတာကလား
စာဖတ်သူ mondler မှာ ဒီသဘောလေးရှိနေတယ်လို့ ခံစားသူတယောက်အနေနဲ့ ထင်မြင်မိတယ်
အခြားဘယ်မှာတွေဖတ်ဖူးလဲ စာဖတ်သက်ဘယ်လောက်ရှိမလဲတော့မသိဘူး ကိုယ်သတိထားမိတာတော့သိပ်မကြာသေးဘူး ဘာကြောင့်သတိထားမိလဲဆိုတော့ ကွန်းမန့်တွေမှာ သေသေချာချာအလေးထားတုံ့ပြန်တတ်တဲ့ သူမရဲ့ချစ်စရာသဘောကျစရာအပြုအမူကြောင့်ပါ
ဒီတော့ စာဖတ်သက်နုနေသေးလို့လို့မှတ်ယူပြီး နည်းနည်းလောက်အကြံပြုပါရစေ . ..
(ကိုယ်ဆိုရင်သုံးမိနစ်စာဗီဒီယိုတပုဒ်ကို သုံးခါကြိုဖတ်ပြီးမှ အသံသွင်းရတယ် တကယ်သွင်းတော့ အပိုအလိုတွေနဲ့ ငါးမိနစ်စာအသံဖိုင်ကြီးထွက်လာတယ် ပြန်ဖြတ်ညှပ်ပေါ့ 😁 )
ပြောချင်တာက ဒီလိုလျှမ်းတတ်တဲ့လူမျိုးအတွက်သာ သတိကြိုးကအမြဲဆိုင်းထားဖို့လိုတာပါ
ဘောလုံးစကားနဲ့ပြောရရင် ပင်ကိုယ်အရည်အသွေးထက်မြက်တဲ့ ဘရာဇီးသားတွေကို ကန့်သတ်ထားလိုက်ရင် အမှားတော့မရှိပေမယ့် သူရဲ့ပင်ကိုယ်ဟန် အလှအပအယိမ်းအနွဲ့လေးတွေမမြင်တွေ့ရတာမျိုးဖြစ်တတ်တာမို့
ကြားနိုင်မယ်ဆိုရင်တော့ လေလှိုင်းကြားကအမှာပါးချင်ရဲ့
Mondler ရေ မင်းအသံကမင်းဟန်က သတိကြိုးဆိုင်းထားဖို့မလိုပါဘူး
မင်းက အမှားကင်းဖို့ တပြေးတည်းရိုးရိုးကြီးပျံနေရမယ့်သူမျိုးမဟုတ်ဘူး
လွပ်လွပ်လပ်လပ်ပေါ့ပေါ့ပါးပါးသာပျံဝဲလိုက်ပါ
ဆန္ဒရှိသလို ဝေ့ကာဝိုက်နိမ့်ကာမြင့်ကာစောင်းကာငဲ့ကာ လှလှပပပျံဝဲနိုင်စွမ်းရှိသူပါလို့
ဒါကစာဖတ်သူအပေါ် ခံစားသူတယောက်ရဲ့ထင်မြင်ချက်သက်သက်သာဖြစ်ပါတယ်
.
.
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
။
ကိုလေး ☆ အင်းတဲ

No comments:
Post a Comment