ပျောက်ဆုံးနေသော မိန်းမပျိုများ
https://t.me/kolayinde1/1632
..
ဒီကားကို ကီရန် ရာအို (Kiran Rao) က ရိုက်ကူးပြီး
အမျိုးသား အာမိန် ခန်း (Aamir Khan) က ပူးတွဲထုတ်ဝေသူအဖြစ်ပံ့ပိုးထားတာမို့
သူ့ဟန်လေးတွေရောယှက်လို့ ကြည့်ရတာအရသာတမျိုး
ဘတ်ဂျက်အလွန်အကျွံနဲ့ ထူးကဲတဲ့ပြကွက်တွေကိုမသုံးဘဲ
ဇာတ်လမ်းလေးအတိုင်းစီးမျောသွားအောင် သရုပ်ဆောင်တွေကို စိစစ်ရွေးချယ်ထားပုံရတယ်
တရပ်တရွာမှာ ဇနီးအလှကိုသွားရောက်တောင်းရမ်းလို့ဇာတိဆီပြန်အလာ
ရထားကအဆင်းမှာ အခြားသူရဲ့ဇနီးသည်ကိုမှားယွင်းခေါ်ဆောင်မိလာတဲ့ "ဒီပတ် ကူးမားရ်"
ဘူတာမှာသောင်တင်ရင်း လင်ယောက်ျားရဲ့ရွာမသိ ကိုယ့်ဇာတိပြန်ဖို့ကလည်း
အမျိုးသားမပါဘဲပြန်လာပါတယ်ဆိုရင် ပတ်ဝန်းကျင်အတွင်း ညှိုးနွမ်းသွားနိုင်တဲ့
မိသားစုရဲ့ဂုဏ်သိက္ခာကိုထောက်ဆနေရတဲ့ "ပူးရ် ကုမာရီ"
အမှားတခုကို ဘဝအတွက်လှေခါးလိုအသုံးချရင်း
ရည်ရွယ်ရာဆီလှမ်းလျှောက်လိုတဲ့ " ဂျာယာ"
သူတို့ရဲ့လက်တွေ့ဘဝ အတိဒုက္ခတွေကိုဖြေရှင်းကြပုံက Hero ဆန်တဲ့ဇာတ်ကွက်မျိုးကိုပယ်လို့
သူတို့အသိ သူတို့အရည်အချင်းနဲ့ကိုက်ညီတဲ့ရင်ဆိုင်မှုမျိုးမို့ သဘာဝတကျရှိလှတယ်
နောက်ဆုံးနှုတ်ဆက်ခါနီး မင်းသမီးနှစ်ယောက်ပြောသွားတာသိပ်လှတယ်
"အမကြောင့်သာမဟုတ်ရင် ကျွန်မသူတို့ကို တွေ့ရမယ်မထင်ဘူး"
"နင့်ကြောင့်သာမဟုတ်ရင် ငါလည်းကိုယ်ကိုယ်ကို ဘယ်တော့မှတွေ့နိုင်မှာဟုတ်ဘူး" တဲ့
ဇာတ်လမ်းလေးတခုလုံးကိုလွှမ်းခြုံနိုင်သလို
လူပျောက်ရှာရင်း ရည်ရွယ်ချက်ပျောက်ရှခဲ့ကြရတဲ့ မိန်းမပျိုတွေကို တွေ့မြင်မိရင်းက
ဘဝတဲ့ယှဥ်တဲ့ တွေးလုံးများစွာကို နယ်ချဲ့စေစားမိသွားသည်အထိပဲဆိုပါတော့
..
ပူးရ် - နီတန်သျှီ ဂိုလ်း (Nitanshi Goel)
ဂျာယာ - ပရာသီဘ ရန်တာ (Pratibha Ranta)
ဒီပတ် - စပတ် ရှီဗာတပ်ဖ် (Sparsh Shrivastav)
..
ဇာတ်ကားကြည့်ရန်
..
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
သန်းထွန်းလေး ☆ အင်းတဲရွာ

No comments:
Post a Comment