.
ကိုယ်တွေငယ်ငယ်က အစစအရာရာသိပ်ရှားပါးတယ်
အဝတ်အစား အစားအသောက်ကစလို့ပေါ့ တံခါးပိတ်ဝါဒနဲ့ချွတ်ခြုံကျနေစဉ်ကာလပေါ့
ငွေရှိလိုတောင်ဝယ်စရာမရှိ ရှိပြန်တော့လည်းဈေးကအဆမတန်ဆိုတော့ အကြီးဆုံးအတွက်ဝယ်ထားတဲ့အဝတ်အစားက ခုနှစ်ယောက်မြောက်လောက်အထိကို တဆင့်ပြီးတဆင့်လက်ဆင့်ကမ်းဝတ်ကြရုံမက ထိုသူရဲ့သားအထိပါသိမ်းစည်း ဝတ်ဆင်ကြတာဆိုတော့ ကိုယ်တွေလိုဆင်းရဲသားများဖြင့်တော့ပြောမနေနဲ့တော့
အမျိုးထဲကစောစောကအစဉ်အဆက်ဝတ်တဲ့ အကျပေးတာကို တမြတ်တနိုးတန်ဖိုးထား ဝတ်ဆင်ကြရတာ
ကိုယ့်အတွက်အသစ်ပဲကို
အဲ့တုန်းကအဝတ်အစားတွေများ အံ့ဩတယ်
ဒီလောက်အဖေ့အဝတ်သားဝတ်ကြသည်အထိ နှစ်ကာလကြာညောင်းလင့်ကစား မဆွေးမပေါက်မရိမပြဲ အရောင်မလွင့် လူကြီးတွေပဲ အသိမ်းအစည်းအလျှော်အဖွတ်ကောင်းလို့လေလားမသိ
ခုကာလအဝတ်အစားများ မဝတ်ဘဲသိမ်းထားလည်း လေးငါးနှစ်ဆိုရင် အော်တိုပေါက်ရော့ပဲ
ခုခေတ်အဝတ်တွေက သိပ်ဆွေးလွယ်ပေါက်လွယ်တာက ချည်အရည်အသွေးနဲ့လည်းဆိုင်လောက်သလို အစွမ်းထက်လွန်းတဲ့ ဆပ်ပြာတွေကြောင့်လည်းဖြစ်လောက်တယ် ဘာကြောင့်လဲဆိုတော့ လွယ်လွယ်လေးနဲ့အညစ်အကြေးစင်ဖို့ဆိုပြီး ချေးချွတ်ဆေးတွေ အဆမတန်ရောစပ်ထားလို့ထင်တယ်
ထားတော့
ခုပြောလိုတာက ကိုယ်တွေငယ်ငယ်က သွားရေစာသိပ်ရှားပါးတော့ ကလေးတွေများနေ့ခင်းနေ့လယ် အပျင်းပြေစားစရာ လူကြီးတွေပြုလုပ်ပေးတာလည်းရှိသလို ကိုယ့်ဖာသာဖန်တီးကြတာတွေလည်းရှိတယ်
ဒီထဲကမှ ကင်မွန်းချဉ်လျက်ဆားက တခုအပါအဝင်ပေါ့
အိမ်စည်းရိုးစပ်က ကင်မွန်းချဉ်ကိုင်းလေးချိုးလို့ နေလှန်းထားပြီး ခြောက်သွားရင် အရွက်ကလေးတွေသပ်ချလို့ ဆားနဲ့ရောပြီးထောင်းတယ် ဒါကိုကင်မွန်းချဉ်လျက်ဆားလို့ခေါ်တယ်
အရသာကချဉ်ပြုံးပြုံးနဲ့တမျိုးလေး 😋
လေနိုင်ပုံလည်းရတယ် ပေါက်ထည့်လိုက်ရင်တော့ ခပ်ပြင်းပြင်းရနံ့နဲ့အတူ ကင်မွန်းချဉ်နံ့လေးတသင်းသင်းနဲ့ရယ် 😁
.
.
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
။
ကိုလေး ☆ အင်းတဲ

No comments:
Post a Comment