သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Wednesday, April 8, 2026

ရာဇဝင်မှာကဗျည်းတွင်အောင်ရွဲ့ခဲ့သူ


 ရာဇဝင်မှာကဗျည်းတွင်အောင်ရွဲ့ခဲ့သူအကြောင်း

သူ့အမည်ကမောင်လွန်းတဲ့ 


၁၈၇၆ ခုနှစ် မတ်လ ၂၃ ရက်နေ့ မြန်မာ သက္ကရာဇ် ၁၂၃၇ ခုနှစ် တပေါင်းလပြည့်ကျော် ၁၄ ရက် ကြာသပတေးနေ့တွင် အဖ ဦးစံဒွန်း၊ အမိ ဒေါ်အုန်းတို့က ပြည်ခရိုင် ရွှေတောင်မြို့နယ် ဝါးလည် (ဝါးလယ်) ရွာတွင် မွေးဖွားခဲ့ပါတယ် မွေးချင်း ၅ ယောက်အနက် ဒုတိယမြောက်ဖြစ်ပါတယ်


၉နှစ်အရွယ် မန္တလေးမြို့၊ ဒက္ခိဏာရာမကျောင်းတိုက်တွင် ကိုရင်ဝတ်ဖြင့် စာသင်နေချိန်တွင် သီပေါမင်းနှင့်တကွသောစုဖုရားလတ်တို့ ပါတော်မူခြင်းကို မျက်ဝါးထင်ထင်မြင်တွေ့ခဲ့ရတယ်

_____________________


ရွဲ့ပြီးပေးတဲ့ကလောင်အမည်

_____________________


ကိုလိုနီခေတ်ဦးမှာ ခေတ်ပညာတတ် မြန်မာလူငယ်များအကြားတွင် အမည်ရှေ့၌ မစ္စတာတပ်ခြင်း ခေတ်စားကာ ဇာတိမာန်မရှိဘဲ ကိုယ့်မိဖဘိုးဘွားမျိုးရိုးကို နိမ့်ကျသည်ဟု ထင်မှတ်ခဲ့ကြတယ်


 ထိုအချိန်က ဝန်စာရေးဦးကြီး ရေးသားသည့် “ချဉ်ပေါင်ရွက်သည်မောင်မှိုင်း” ဝတ္ထုထွက်ချိန် ထိုဝတ္ထုထဲမှ ဇာတ်လိုက် မောင်မှိုင်းသည် လူရှုပ်လူပွေ၊ ကြာသမား မြာပွေသူဖြစ်၍ စာဖတ်သူတို့က အော့နှလုံးနာကြသည် 


(ပြောရမယ်ဆိုရင် အံ့ကျော်ကြီး တို့ စိုင်းအောင်တင့် တို့ ဇော်ထွန်း တို့ ဒေါ်ခင်အေးဟန်တို့ ခင်မို့မို့အေးတို့လိုပေါ့ဗျာ သူတို့ရဲ့ဇာတ်ရုပ်ပီပြင်အောင်အားထုတ်နိုင်စွမ်းကြောင့် အမြဲဒီဇာတ်ရုပ်ပဲထပ်ကာထပ်ကာသရုပ်ဆောင်ကြခြင်းကြောင့် သူတို့နာမည်ကြားလိုက်ရင်ကို လူယုတ်မာလိုလို ကြာသမားလိုလို ကတုန်းကတိုက်ပြုမယ့်သူလိုလို အဲ့ဒီနာမည်တွေနဲ့နောက်ပြောင်ခေါ်ဆိုသမုတ်ရင် နှိမ့်ချသလိုလို ခံစားရတာမျိုးပေါ့)


ဒါကြောင့်ဆရာကြီးက ထို မောင်မှိုင်း အမည်ကိုတမင် ရှေ့က မစ္စတာတပ်ပြီး မစ္စတာမောင်မှိုင်း ကလောင်အမည်ယူလိုက်သည် 


သဘောက မင်းတို့အထင်တကြီးတပ်နေတဲ့ ဂုဏ်ထူးဝိသေသနက မောင်မှိုင်းလို ကြာသမား လူရှုပ်လူပွေတယောက်လည်း တပ်လို့ရတာပါ ဘာမှဂုဏ်စာနေစရာမရှိပါဘူးဆိုတဲ့သဘောပေါ့

_____________________


တော်လှန်ရေးနဲ့အတူ 

_____________________


နောက်များတော့ တက္ကသိုလ်ကျောင်းတော်သားလူငယ်တွေ သူကျွန်လက်အောက်ကရုန်းထွက်ဖို့ကြိုးစားတော့ မစ္စတာ ဆိုတဲ့ဝေါဟာရအစား သခင်ဆိုတဲ့ မြန်မာမူစစ်စစ်ဝိသေသနတွေကို ဂုဏ်ယူဝင့်ကြွားစွာတပ်ဆင်လာကြတော့ သူလည်း လူငယ်တွေနည်းတူ တော်လှန်ရေးနဲ့တသားတည်းရပ်တည်ကြောင်းပြသတဲ့အနေနဲ့ သူ့ကလောင်အမည်ကို မစ္စတာဆိုတဲ့ ဝေါဟာရကနေ သခင်ဆိုတာကိုပြောင်းလဲလိုက်တယ်

_____________________


ရွဲ့တာကြီးကတည့်ရခက် 😁

_____________________


ဒါပေမယ့် ရွဲ့ပြီးမှည့်ခဲ့တဲ့ လူရှုပ်လူပွေ၊ ကြာသမားတို့ရဲ့သင်္ကေတ မောင်မှိုင်းဆိုတာကြီးက ကိုးလိုးကန့်လန့်ကျန်လို့ သခင်ကိုယ်တော်မှိုင်း ရယ်လို့ ယနေ့ထက်တိုင် ကဗျည်းတွင်သွားတော့တာပေါ့ 😂

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

ကိုလေး ☆ အင်းတဲ


No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ရာဇဝင်မှာကဗျည်းတွင်အောင်ရွဲ့ခဲ့သူ

 ရာဇဝင်မှာကဗျည်းတွင်အောင်ရွဲ့ခဲ့သူအကြောင်း ။ သူ့အမည်ကမောင်လွန်းတဲ့  ၁၈၇၆ ခုနှစ် မတ်လ ၂၃ ရက်နေ့ မြန်မာ သက္ကရာဇ် ၁၂၃၇ ခုနှစ် တပေါင်းလပြည့်ကျော...