ထိခိုက်နာကျင်သူတွေနဲ့ ထပ်တူခံစားရကြောင်းပြသတဲ့ ပျော်ပွဲရွှင်ပွဲတွေ ...
.
ဘယ်နိုင်ငံဘယ်လူမျိုးဘယ်ဘာသာဝင်မဆို လူသားမှန်သမျှဟာ ပျော်ရွှင်မှုကို တကူးတက မျှော်လင့်တောင်းတကြသလို လိုက်လံရှာဖွေလို့ သွားရောက်ခံစားကြတဲ့သဘောရှိတယ်
ကိုယ်တွေးကြည့်မိတယ်
ဘာကြောင့်ပျော်ရွှင်မှုကို တကူးတကလိုက်ရှာနေရတာလဲ
သူတို့နေစဉ်ဘဝက ပျော်ရွှင်စရာတွေဆိတ်သုဉ်းနေလို့လား
ပြီးတော့ အလုပ်ဖိအားများလို့ဆိုတဲ့ အပန်းဖြေခရီးတွေပေါ့
လုပ်ငန်းခွင်မှာ ကျေနပ်နှစ်သက်မှုမရှိလို့လေလား သူ့အလုပ်ကသူ့ကိုမပျော်ရွှင်စေလို့လား
ဒါမှမဟုတ် နေ့စဉ်ဘဝမှာ သူရရှိနေတဲ့ပျော်ရွှင်မှုက လုံလောက်မှုမရှိတာကြောင့် ထပ်ဆင့်ရှာဖွေဖို့ လိုအပ်နေတာလေလားပေါ့
သေချာတာတော့ လူတွေက ပျော်ပွဲရွှင်ပွဲကို ရှာပြီးရင်းရှာနေကြတယ်ဆိုတာပါပဲ
___________________________
ဘယ်လောက်တောင်လဲဆိုရင် ဆုံးရှုံးမှုကို ထပ်တူဝမ်းနည်းကြောင်းပြသဖို့ အားပေးထားပံ့မှုပြုဖို့တွေမှာတောင် ပျော်ပွဲရွှင်ပွဲတွေကျင်းပပြုလုပ်ကြတယ်
ဉာဏ်ပညာရှိသူတို့က ကိုယ့်ရဲ့ပျော်ပွဲရွှင်ပွဲလိုလားတောင်းတမှုအတွက် ကိုယ့်ကိုယ်ကိုဖြေသိမ့်နိုင်ဖို့ သို့တည်းမဟုတ် ကိုယ်တယောက်တည်းထောက်ကူဖို့မစွမ်းနိုင်တဲ့အခါ ကိုယ်တတ်ထားတဲ့ပညာနဲ့ ယုတ္တိယုတ္တာကျတဲ့ ခေါင်းစဉ်တွေတပ်လို့ပွဲလမ်းတွေဖန်တီးကြတယ်
ဥပမာ ငလျင်ဘေးအတွက်တို့ မီးဘေးအတွက်တို့ ရေဘေး လေဘေး စစ်ဘေးအတွက်တို့ဆိုပြီး ခေါင်းစဉ်တပ်ထားတဲ့ ပွဲလမ်းသဘင်တွေပေါ့
ဒီအတိုင်းရိုးရိုးအလှူခံမယ်ဆိုရင် လူအများစုရဲ့စိတ်နှလုံးကို မဆွဲဆောင်နိုင်လို့ စိတ်ပါဝင်စားလာအောင်မလှုံ့ဆော်နိုင်လို့နဲ့တူပါတယ်
___________________________
တမျိုးတော့တမျိုးကြီးဗျနော် 🤔
ဆုံးရှုံးရသူတွေ နာကြင်ခံစားရသူတွေနဲ့ ထပ်တူခံစားရ ထပ်တူဝမ်းနည်းရမှုကိုပြဖို့ ပျော်ပွဲရွှင်ပွဲပြုလုပ်တယ်တဲ့
___________________________
ကိုယ်တော့ဖြင့် စိတ်ပါဝင်စားလာအောင် တကူတကဖန်တီးစွဲဆောင်ဖို့ လိုအပ်နေတဲ့သူတွေစီမှာ စာနာမှုကို စိုက်ပျိုးနိုင်လိမ့်မယ် ခိုင်ခိုင်မာမာအမြစ်တွယ်သွားလိမ့်မယ်လို့ မယူဆဘူး ယာယီအားဖြင့်အဆင်ပြေကောင်းတော့ပြေမယ်ပေါ့
တချို့ကလည်း ကိုယ့်ရဲ့ပျော်ပွဲရွှင်ပွဲစိတ်သာယာတိမ်းမူးမှုအတွက် ဆင်ခြေတချို့ရှာဖွေထားတတ်ကြတယ်
ဘယ်သူတွေ ဘယ်လူမျိုးတွေ ဘယ်ဘာသာဝင်တွေလည်း ပြုတာပဲစသည်ဖြင့် မှားဖော်ညှိတာမျိုးပေါ့
အမှန်တော့ သူများလုပ်လို့ ကိုယ်လည်းပြုရတယ်ဆိုတာ ကိုယ့်ရဲ့စဉ်းစားဆင်ခြင်နိုင်တဲ့ ဉာဏ်ပညာကို ကိုယ်ကိုယ်တိုင်စော်ကားလိုက်သလိုပါပဲ
လုပ်ချင်လို့လုပ်သကွာဆိုသူကမှ ကြည်ညိုစရာကောင်းသေးတယ် သူ့စိတ်သူ့ဆန္ဒ သူ့ကိုယ်ပိုင်ဆုံးဖြတ်ချက်အတိုင်း ပြုလုပ်ချင်လို့ပြုတာကိုး
___________________________
ဒါက အမှန်အမှားပြဿနာမဟုတ်ဘဲ ထင်မြင်ချက် ခံယူချက်သဘောထားရေးရာကိစ္စသက်သက်ပါပဲ
___________________________
ဒီအကြောင်းပြောဖြစ်တော့ ကိုယ့်အစ်ကိုက မင်းလိုသာဆိုရင် သင်္ကြန်လည်းပြောက် သီတင်းကျွတ်လည်းပျောက် ရိုးရာပျော်ပွဲရွှင်ပွဲတွေပြောက်လိမ့်မယ်တဲ့
ဟုတ်သားဗျနော် ကျွန်တော်တို့က ယဉ်ကျေးမှုဆိုတာကို ပျော်ပွဲရွှင်ပွဲတွေနဲ့ ကပ်ချပ်ထားတတ်ကြတာကိုး
.
.
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
။
ကိုလေး ☆ အင်းတဲ

No comments:
Post a Comment