သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Tuesday, February 17, 2026

The Teacher's  diary (2014) ဆရာ့မှတ်စု (ဇာတ်ကား🖊 တွေး၊ညွှန်း)




 The Teacher's  diary (2014) ဆရာ့မှတ်စု 

(ဇာတ်ကား🖊 တွေး၊ညွှန်း)

မှတ်စုစာအုပ်လေးတအုပ်ကိုအခြေတည်လို့ ဇာတ်အိမ်ဖွဲ့ထားတဲ့ ဒီကားလေးကို ကြည့်လိုက်ပါ ပေးရတဲ့ အချိန်ထက် များစွာသာလွန်တဲ့ ခံစားချက်ရမှာပါ 


ဒီဇာတ်ကားက 

သဘာဝလွန်စွမ်းအားတွေ

သည်းထိတ်ရင်ဖို့ ဇာတ်ဝင်ခန်းတွေ

ကမ္ဘာကြီးကို ဖျက်ဆီးမဲ့သူတွေ 

ကာကွယ်မဲ့သူတွေ

ဂြိုလ်သားတွေ

စွမ်းရည်အထူးရှိတဲ့ ပုဂ္ဂိုလ်တွေ

ဆိုးသွမ်းမှုတွေ

ဂလဲ့စားချေမှုတွေ

ရယ်မောပျော်ရွှင်ဖွယ် ပြရုပ်တွေနဲ့ ထုံမွှမ်းထားတာမျိုးမဟုတ်ပါဘူး


ပေါက်နေတဲ့ထိုင်းကားတွေနဲ့လည်း 

အယူအဆခြင်းမတူဘူး


ပေါက်ဖို့ အောင်မြင်ဖို့ဆိုတာထက် 

ဖန်တီးသူက သူ့စိတ်ကူး သူ့အမြင်ကို စိတ်လွတ်လက်လွတ် ချပြထားတာမျိုး


မြန်မာကားတွေမှာ တွေ့နေကျအတိုင်းလိုပါပဲ

ဆရာနဲ့တပည့်ဆက်ဆံရေး

ဆရာတယောက်ရဲ့ ခံယူချက် 

ဆရာတယောက်ရဲ့ စိတ်ထားကို နူးနူးညံ့ညံ့ဖော်ပြထားတာမျိုး


ရိုက်ကွင်းရိုက်ကွက် ကင်မရာအယူအဆတွေဟာလည်း အတော်နှစ်လိုဖွယ်ကောင်းတယ်


ငြိမ်နေတဲ့ ကင်မရာအယူအဆတခုက အဲ့ဒီလောက်အထိ နှစ်သက်စရာ ရိုက်ကွက်မျိုး 

ဖန်တီးနိုင်လိမ့်မယ်လို့ ကိုယ်ဘယ်တုန်းကမှ မထင်ခဲ့မိဘူး


ဒီကားကြည့်ပြီးမှပဲ သိလိုက်ရတာက ဇာတ်ကားကောင်းတကားဖြစ်ဖို့ 

ငွေကြေး နည်းပညာ စက်ပစ္စည်း စတဲ့ရုပ်ဝတ္ထု အထောက်အပံ့တွေထက် 

တွေးခေါ်နိုင်မှုနဲ့ ဆန်းသစ်တီထွင် ထွင်းဖောက်မြင်နိုင်စွမ်းကသာ ပိုပြီးအရေးပါမှန်းကိုပေါ့


ဒီကားကို ဖန်တီးသူကတော့

နီထီဝပ်  ထာရထောင်န် (Nithiwat Tharathorn) ဖြစ်ပြီး


ဇာတ်ဆောင်တွေအနေနဲ့

မင်းသား ဆူကရစ်  ဝီစစ်ကဲ (Sukrit Wisetkaew)

မင်းသမီး လိုင်လာ မူညစ်ဆခ် (Laila Boonyasak) 

တို့က ပါဝင်ပုံဖော်ပေးကြပါတယ်

Notebook (2019) အိန္ဒိယ

(Teacher's diary ဆိုတဲ့ ထိုင်းကားကို ပြန်ရိုက်ထား)


သူတို့ရဲ့မူအတိုင်းပါပဲ

ဟီးရိုးကာရိုက်တာတွေဇွတ်ထည့်လိုက်တော့ ဇာတ်လမ်းရဲ့အရသာ အတော်ပျက်စီးသွားတယ်လို့ထင်တယ်


မူရင်းနဲ့လည်းအတော် ခြားနားသွားတယ်


ထိုင်းကားမှာက ရိုက်ကွက်လေးတွေက ရိုးရိုးလေးနဲ့ကို အရသာရှိတာ

..

ဇာတ်ကားကြည့်ရန်

https://t.me/kolayinde1/1291?single

...

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

ကိုလေး ☆ အင်းတဲ

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

The Teacher's  diary (2014) ဆရာ့မှတ်စု (ဇာတ်ကား🖊 တွေး၊ညွှန်း)

 The Teacher's  diary (2014) ဆရာ့မှတ်စု  (ဇာတ်ကား🖊 တွေး၊ညွှန်း) ။ မှတ်စုစာအုပ်လေးတအုပ်ကိုအခြေတည်လို့ ဇာတ်အိမ်ဖွဲ့ထားတဲ့ ဒီကားလေးကို ကြည...