Sarvam Maya (2025) Gan Z သရဲ နဲ့ ဘုန်းကြီး ငနဲ
.
ဆရာဆွေမင်း (ဓနုဖြူ) ရဲ့ ကြုံတိုင်းသားတွေအကြောင်း
ဆရာမင်းလူရဲ့ ဋ ရပ်ကွက်သားတွေအကြောင်း ဇာတ်လမ်းတွေကိုကြိုက်ရင်
မာလေယာလမ်ကားတွေကိုလည်း သင်သဘောကျပါလိမ့်မယ်လို့ ရဲရဲကြီးအာမခံပါတယ်
ပြောရရင် သူတို့ဇာတ်လမ်းဖွဲ့သီတာက အခြားအိန္ဒိယ ဟင်ဒီ တမီ တေလူဂူ ပန်ဂျပ် ကန်နာဒါ ဇာတ်လမ်းတွေနဲ့မတူဘူးဗျ
တမူကိုဆန်းတယ်လို့ ဆိုရမယ်
ဆိုခဲ့သလို ဆရာဆွေမင်းတို့ ဆရာမင်းလူတို့လို ဇာတ်ကောင်တယောက်တည်းကို အထူးဦးစားပေးတည်လို့ ပြသတာမျိုးမဟုတ်ဘဲ
ထိုဇာတ်ကောင်ကြင်လည်ရှင်သန်ရာ အသိုင်းအဝိုင်းတခုလုံးကိုပါပြသလို့ ကိုယ်စီရုန်းကန်လုပ်ရှားရတဲ့ဘဝတွေကိုပါ မြင်သာအောင်ပြတာမို့ ဇာတ်ကားနဲ့မတူဘဲ တကယ်ရှင်သန်လှုပ်ရှားနေတဲ့ သူတွေအလား တကယ့်ဖြစ်ရပ်မှန်လေလား ခံစားရစေမှာပါ
ကဲ...တောင်ပြောမြောက်ပြောနဲ့ ဇာတ်လမ်းလေးတောင်မပြောရသေးဘူး
ဒီလိုဗျ
ဂါထာမန္တန် ရွတ်ဖတ်သရဇ္ဈာယ်တဲ့ ဗြဟ္မဏဇာတ် ပုဏ္ဏားဘုန်းကြီးလူရွယ်တယောက် မိခင်ဆုံးပါးချိန်ကစလို့ ဘုရားကိုစိတ်ဆိုးကာ အမျိုးဇာတ်ကိုပါစွန့်လို့ ဝါသနာပါတဲ့ ဂီတနောက်ကောက်ကောက်ပါအောင်လိုက်မိရင်း ဘိုင်အပြတ်မှာ ရွာပြန်ရောက်ချလာတယ်
ဒီလိုနဲ့ သုံစရာပြတ်လပ်နေပြန်တော့ကား တတ်ကျွမ်းပြီးသား ဂါထာမန္တာန်လိုက်ရွတ်ဖတ်လို့ သရဲနှင်ရာက သူ့နောက်ကပ်ပါလာလေတော့တယ်
ပြန်သတိပေးပါရစေ
ခေတ်ဟောင်းသရဲကားတွေလို ပြူးပြူးပြဲပြဲ ထိတ်ထိတ်ပြာပြာခြောက်နေမှာ ကြောက်လန့်စေမှာမဟုတ်ဘူးနော်
ဝတ်စုံဖြူကြီးတကားကားနဲ့ လေပေါ်ပျံဝဲနေမှာလည်း မဟုတ်ဘူး
သရဲကားတော့ သရဲကားပါ
ဒါပေမယ့် သရဲက Gen Z မျိုးဆက်ဆိုတော့ ခြောက်နည်းခြောက်ဟန်က ဆန်းတယ်သစ်တယ် လွတ်လပ်တယ် ပေါ့ပါးတယ်
သူတပါးဒုက္ခရောက်ယုံသက်သက် သူတပါးကို ခြောက်ရုံလှန့်ရုံသက်သက် သူ့အချိန်ကို အကုန်ခံရအောင် ငတုံးမှ မဟုတ်တာဘဲ
သူ့နည်းသူ့ဟန်
သူ့ခေတ်သူ့အခါ
သူတို့စတိုင်အတိုင်းပဲခြောက်မှာပါလို့ ကြိုပြောပါရစေ
.
.
Directed by Akhil Sathyan
Starring Nivin Pauly , Riya Shibu
.
.
https://t.me/kolayinde1/1204?single
.
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
။
ကိုလေး ☆ အင်းတဲ

No comments:
Post a Comment