အချစ်စစ်ကိုရွေးခဲ့သူ ဆရာလေးကိုကြည်နိုင်
.
ဒီနေ့က valentine day ဆိုတော့ ငယ်ငယ်ကဖတ်ခဲ့ဖူးတဲ့ ချစ်ခြင်းမေတ္တာဇာတ်လမ်းလေးတပုဒ်က ရင်ထဲတိုးဝင်လာတယ်
အများလည်းဖတ်ဖူး သိမှတ်ဖူးကြလိမ့်မယ်ထင်တယ်
ဆရာဆွေမင်း (ဓနုဖြူ)ရဲ့ ရွာကျောင်းကခေါင်းလောင်းသံ ဆိုတဲ့ စာအုပ်ထဲက ဆရာလေးကိုကြည်နိုင်ရဲ့ ချစ်ခြင်းမေတ္တာလွန်းဆွဲမှုလေးပါ
ဆရာလယ်တွင်းသားစောချစ်ရဲ့ ပန်းမြိုင်လယ်ကဥယျာဉ်မှူးနဲ့ ဘယ်သူကပိုစောမလဲတော့မသိဘူး ဇာတ်သိမ်းအသွားလေးက တော်တော်လေးနီးစပ်နေတာမို့ပါ
တူတော့မတူပါဘူး
ရည်ရွယ်ချက်ခြင်းကော အကြောင်းအရာကောပေါ့
ခံစားမှုဖြစ်ရပ်ကလေးဖော်ကျူးတာကို ပြောချင်တာပါ
ထားပါတော့
___________________________
ငယ်ကတည်းက နှစ်သက်စွဲလန်းလို့ နှုတ်ဆက်ခွဲခွာရချိန်မှာ အရူးတပိုင်းအထိဖြစ်ခဲ့ရတဲ့ မြတ်နိုးရသူရဲ့ တူနှစ်ကိုယ်ရှေ့ဆက်ကြဖို့ ကမ်းလင့်လာတဲ့ လက်တဖက်
ကျန်တဖက်မှာတော့ သူဘဝအနိမ့်ကျဆုံးကာလမှာ နွေးထွေးစွာဆီးကြိုလို့ ပိုမိုကောင်းမွန်တဲ့ ဘဝတခုကို မွေးဖွားပေးခဲ့တဲ့ရပ်ဝန်း
ဆွဲမထားပေမယ့် အတူရှိနေပေးရင်သိပ်ပျော်ကြမယ့်သူတွေ
ဘဝနှစ်ခု ဆန္ဒတခုကို ပြည့်စုံအောင်ဖြည့်စည်းဖို့ထက်
သူ့ကိုချစ်တဲ့ဘဝများစွာက သူ့ရဲ့ဖြစ်တည်မှု ကိုပိုလိုအပ်နေတာလည်းသူအသိ
ဒီနှစ်ဖက်ယှဉ်လာချိန်မှာ သူ ဘယ်ဖက်ကိုရွေးချယ်သွားလဲအားလုံးသိပြီးပါ
___________________________
အချစ်စစ်ဆိုတာ တဦးတယောက်တည်းအပေါ်
သက်ရှိသတ္တဝါအပေါ်
အထည်ဒြပ်ရှိတာတွေအပေါ်မှာပဲ ဖြစ်ပေါ်ရတာမျိုးလား
___________________________
ငယ်ငယ်ကတော့ ဖတ်အပြီး ဆရာလေးက စွန့်လွှတ်အနစ်နာခံသွားတယ်လို့ ယူဆပြီး လေးစားရင်း ကြည်းနူးပီတိဖြစ်မိရင်း တပြိုင်နက်ထဲမှာပဲ လက်လွှတ်လိုက်တာအတွက် ဆုံးရှုံးမှုတခုလို လစ်ဟာသွားမှုတခုလို ကရုဏာလည်း သက်မိနေပြန်တယ်
ခုတော့ ဒီလိုမဟုတ်ပြန်ဘူး
ကိုယ့်ရဲ့အနိမ့်ကျဆုံးကာလ အရှိတရားကိုလက်ခံလို့ တွဲကူဖေးမရင်း ပြန်လည်ဖွားမြင်စေခဲ့တဲ့ ရပ်ဝန်းကိုရွေးချယ်တာပဲဟာ
မဟုတ်တာ ဒါအနစ်နာခံတာမှမဟုတ်တာ
မေတ္တာစစ်တို့ပွင့်လန်းရာမှာ ဘဝသက်ဆုံးနှစ်မြှပ်လိုက်ဖို့ရွေးချယ်ခဲ့တာဟာ
ဆုံးရှုံးသွားစရာ နစ်နာသွားစရာဘာရှိလဲ
ပြောရင်းပြောရင် အချစ်စစ်ကိုတွေ့ရှိသွားတယ်လို့ဆိုမှ ပိုသဘာဝကျမယ်မဟုတ်လား
.
___________________________
အဆိုပါစာအုပ်ကို Doh Khit ဒို့ခေတ်ယူကျုချန်နယ်မှာ အမောင်နွားကျောင်းသားဖတ်ပြပေးထားတာရှိတယ်ဗျ
ဒီလူတကယ်တော်တယ်ဗျာ အသံလောကမှာ ဂီတစာဆိုမောင်ကြေးမုံလို ကိုယ်တကယ်စံထားတဲ့ GOAT ပါပဲ
အပိုမဆိုပါဘူး သွားနာစဉ်ကြည့်လိုက်ပါ
လူကြီးမင်းတို့ရဲ့အားထုတ်မှု တော်လှန်ရေးအတွက်လည်းအားဖြစ်စေဖို့ အဟောသိကံမဖြစ်ဖို့ VPN ခံဖို့လည်း မမေ့နဲ့အုံးဗျနော
.
.
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
။
ကိုလေး ☆ အင်းတဲ

No comments:
Post a Comment