သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Sunday, February 15, 2026

ဘာကြောင့်သက်တော်ရှည်ဇာတ်ပို့တွေက ရုပ်ရည်အဆင်းချို့တဲ့သူနဲ့ ခတ်ပေါပေါတွေဖြစ်ရတာလဲ ....?


 ဘာကြောင့်သက်တော်ရှည်ဇာတ်ပို့တွေက ရုပ်ရည်အဆင်းချို့တဲ့သူနဲ့ ခတ်ပေါပေါတွေဖြစ်ရတာလဲ ....?


‌ခေတ်ဟောင်းမှာ ကိုယ်ကြည့်ခဲ့ဖူးတဲ့ ဇာတ်ကားအများစု ဘယ်နိုင်ငံကမဆို ဇာတ်ပို့ဇာတ်ရံလို့ခေါ်တဲ့ အဖြည့်ခံသရုပ်ဆောင်သူတွေကို ရွေးချယ်ရာမှာ 


အဓိကသရုပ်ဆောင်လို့ဆိုတဲ့ မင်းသားမင်းသမီးထက် ရုပ်ရည်အဆင်းမပြည့်စုံသူတွေကိုသာ နေရာပေးတတ်ကြတာများတယ်


ဒါဆိုရင် မင်းသားက ပရိတ်သတ်ကို သရုပ်ဆောင်ပညာထက် အဆင်းနဲ့ဆွဲဆောင်ထားတဲ့သဘောများလား

ဒါမှမဟုတ် သူ့အချင်းအပေါ်ယုံကြည်မှုနည်းလို့လေလား


ရုပ်ရည်အဆင်းအပြင် အရည်အချင်းရှိပေမယ့် ကိုယ်တိုင်ငွေထုတ်မရိုက်နိုင်တဲ့ အဆက်အသွယ်မရှိတဲ့ သရုပ်ဆောင်ဝါသနာပါသူက အဲ့ခေတ်မှာကံဆိုးတာပဲ 


ဇာတ်ကားမှာလည်းပါချင်တော့ မင်းသားရဲ့ငြိုငြင်မှုကိုလည်းမခံရလေအောင် သူ့နေရာအတွက်ပြိုင်ဖက်ဖြစ်မလာပါဘူးရယ်လို့ အာမခံချက်ပေးတဲ့သဘောနဲ့ 


ဟာသမဟုတ်တဲ့တမင်ငပေါနေရာကမျိုး ပရိတ်သတ်မျက်စိစပါးမွှေးဆူးစေမယ့် ဗီလိန်ဇာတ်ရုပ်သာ လုပ်ဖို့ရှိလာတော့တယ် 


(တခေတ်တခါက သရုပ်ဆောင်ခြင်းတူတာတောင် ဒီနေရာတွေကို နိမ့်ကျတယ်လို့ သူတို့အသိုင်းအဝိုင်းကိုက ယူဆတဲ့နေရာတွေပေါ့)


ဒီလိုလုပ်မှလည်း ကိုယ်ဝါသနာပါတဲ့ ဒီလောကမှာ ရှင်သန်နိုင်မှာမဟုတ်လား


အဲ့ခေတ်က သက်တော်ရှည်မင်သားလက်ဆွဲတွေရဲ့ ရုပ်ရည်သွင်ပြင်က သာမန်ထက် 

ပုသူ ရှည်သူ 

ဖြူသူ မဲသူ 

ပိန်သူ ဝသူ 

နှာဖူးပြောင်သူ မျက်လုံးစွေသူ နှာခေါင်းကြီးသူ စသည်ဖြင့် အနှစ်ချုပ်ရရင် ရုပ်ရည်အဆင်းချို့တဲ့သူတွေသာများကြတယ်မဟုတ်လား


တခါက အရုပ်ဆိုးတဲ့ ဘုရင့်သမီးတော်တပါး မင်္ဂလာပွဲကျင်းပတော့ သူမထက်အရုပ်ဆိုးတဲ့ သူတွေကို သတို့သမီးအရံပြုစေလို့ သူမကိုပေါ်လွင်စေအောင် ပညာရှင်ကလှည့်စားပေးတယ်လို့ဆိုတယ်


ပြောချင်တာက မင်းသားက ဇာတ်ပို့ကို တွဲဖက်သရုပ်ဆောင်တယောက်လိုထက်

ဒီလိုသဘောထားလို့များလားလို့ပါ


ပြီးတော့ သရုပ်ဆောင်ထူချွန်ဆုတွေမှာ ကိုယ်နားမလည်နိုင်တာတခုရှိတယ် 


ထူးချွန်ဆုပေးရာမှာ ဘာ့ကြောင့် အဓိကဇာတ်ဆောင်တို့ ဇာတ်ပို့တို့ခွဲပေးရတာလဲလို့ 


အားလုံးက သရုပ်ဆောင်တင်ဆက်နေကြသူတွေမှုမဟုတ်ဘူးလား ဘာ့ကြောင့်အဓိကလူ သာမညလူဆိုပြီး ခွဲခြားထားရတာလဲ အားလုံးက စနစ်တခုတည်းက အစိတ်အပိုင်းတွေပဲမဟုတ်လား 


သရုပ်ဆောင်အပီပြင်ဆုံးသူကိုပဲ ရိုးရိုးလေးရွေးချယ်လိုက်လို့မရဘူးလား


လူများများပေးချင်လို့လား ..?

ဒီလိုဆိုရင် အထူးချွန်ဆုံးကိုရွေးချယ်တာမှဟုတ်ပါလေစ


ဘာကြောင့်များလဲ 

ဘာကြောင့်များလဲ


ဒီလိုတွေးနေတုန်း ကိုယ်တော်တော်လေးသဘောကျတဲ့ 

Teacher's  diary (2014) ဆိုတဲ့ ထိုင်းကားလေးဆီကို စိတ်ကရောက်သွားတယ် အဲ့ကားမှာ ဇာတ်လိုက်ထက်ပိုလို့ ဇာတ်ပို့က စမတ်ကျကျသားသားနားနားရှိနေတယ် 


ပြီးတော့ တလောကကြည့်ဖူတဲ့ Thalavara (2025) ဆိုတဲ့ မာလေယာလမ်းကားလေးထဲက ပြောစကားလေးတခုသတိရမိတယ် 


သရုပ်ဆောင်ရွေးချယ်ပွဲလုပ်တော့ ကျွန်တော်ရုပ်ကြီးနဲ့ဖြစ်နိုင်ပါ့မလားဆိုတော့ မင်းဘယ်ခေတ်မှာနေနေတာလဲ ငါတို့ရွေးချယ်တာ သရုပ်ဆောင်ကောင်းသူကိုကွ မင်းသားမင်းသမီးရှာနေတာမဟုတ်ဘူးတဲ့ မင်းမှာအဲ့ဒီအရည်အချင်းရှိဖို့ပဲလိုတာတဲ့


ပြီးတော့တလောကတွေ့လိုက်တယ်

ဒီရုပ်ကြီးနဲ့ မင်းသားဘယ်လိုဖြစ်လာလဲလို့ တမင်တိုက်ခိုက်တဲ့ ကွန်းမန့်ကို ဦးဇင်ဝိုင်းကြီးတုံ့ပြန်‌ပုံလေးကလှတယ်


ကျွန်တော်က မင်းသားမဟုတ်ဘူး သရုပ်ဆောင်ဗျတဲ့

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

ကိုလေး ☆ အင်းတဲ

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

Kacher Manush Dure Thuiya (2024) ဝေးသွားတဲ့အခါ ..(ဇာတ်ကား🖊 တွေး၊ညွှန်း)

  Kacher Manush Dure Thuiya (2024) (ဇာတ်ကား🖊 တွေး၊ညွှန်း)  .. ဝေးသွားတဲ့အခါ.. ဇာတ်ကားနာမည်လေး ရေရွတ်ရင်း ကိုငှက်ကြီးသီချင်းက အလိုလိုစိတ်ထဲရ...