သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Sunday, November 16, 2025

Ammu (2022)

 

A


mmu (2022)
https://t.me/kolayinde1/471
.
မတရားမှုတွေက အားကြီးတာမဟုတ်ပါဘူး  
တန်ပြန်ရင်ဆိုင်ဖို့‌တုံ့ဆိုင်းနေကြလို့ လူတွင်ကျယ်လုပ်ခွင့်ရနေတာတဲ့
ဗုဒ္ဓဘာသာမှာတော့ စိတ်ကိုမှီတွယ်ဖြစ်တည်ပြီး စိုးမိုးချယ်လှယ်သွားတတ်တဲ့အရာတွေကို ပါဠိလို စေတသိက (စေတသိက်) လို့ခေါ်ပါတယ်

စေတသိက်က ၅၂ မျိုးရှိပြီး ဒီထဲကမှ လောဘ ဒေါသတို့ပါဝင်တဲ့ မကောင်းတဲ့စေတသိက်က ၁၄ ပါးသာရှိပါတယ် 

လူ့စိတ်သဏ္ဍန်မှာ ကျန်တဲ့ကောင်းတဲ့စေတသိက်တွေကို သတိမထားမိကြအောင် သူတို့က အရှိန်အဟုန်ကောင်းကြတယ် 

ညီညွတ်ကြတယ် 
စုစည်းကြတယ် 
တခုဝင်ရောက်နေရာယူပြီးရင် သူတို့အပေါင်းအပါတစုလုံးနီးပါးပါဝင်လို့ စုပေါင်းနေရာယူကာ အချင်းချင်းအပြန်အလှန် အားကောင်းအောင် ထောက်ပံ့ပေးတတ်ကြတယ်

ဒါကြောင့်သူတို့ကို အားကောင်းသယောင် များပြားသယောင်ထင်နေတာ
ဒီကားကတော့ လင်ယောက်ျားရဲ့ မတရားအဓမ္မအနိုင်ကျင့်နှိုပ်ဆက်မှုကြောင့် အမြဲမျက်ရည်နဲ့မျက်ခွက်ဖြစ်နေရတဲ့ အိမ်ရှင်မတယောက်အကြောင်းပါ

တုံ့ပြန်ရင်ဆိုင်ခွင့်လည်းရတယ် 
ကျောခိုင်းစွန့်ခွာခွင့်လည်းရှိရဲ့နဲ့ ဘာကြောင့် ကျိတ်မှိတ်ငုံ့ခံနေရလဲလို့မေးတော့

အရိုးကွဲအောင်ရိုက်မှအသည်းစွဲအောင်ချစ်သတဲ့ဆိုတဲ့
စကားစုလေးပမာပြရမလားမသိ 

သူ့ကရံခါမှာသာ ဒေါသအလျှောက်ဒီလိုပြုမှုတတ်ပေမယ့် ချစ်ရှာပါသတဲ့လေ 

ဒီလိုနဲ့ အကြောက်တရားနဲ့ ခန္တီမကွဲပြားဘဲ မတရားမှုကိုစိုးမိုးခွင့်ပေးပြီး အချိန်တိုင်းထိတ်လန့်တုန်လှုပ်နေရတဲ့ အိမ်ရှင်မရဲ့အဖြစ်ကိုကြည့်ရင်း

အ ရန်‌ကော 
န ရန်ကော 
သတ္တိမရှိရန်ကော
ခံရတာတောင်နည်းသေးတယ်လို့ အားမလိုအားမဖြစ်ရင်း ထောပနာပြုမိပါလိမ့်မယ်

အာဏာရှင်က ဂုတ်ခွတက်စီးလို့ အချိန်တိုင်းတထိတ်ထိတ်နဲ့ဖြစ်နေတဲ့ မိမိလက်ရှိဘဝကိုမေ့လို့ပေါ့
Director: Charukesh Sekar
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
သန်းထွန်းလေး ☆ အင်းတဲရွာ


No comments: