အာရုံ Vs အရုဏ်
။
ဒီစကားလုံးလေးတွေက စာလုံးပေါင်းသတ်ပုံ သိသိသာသာကွဲပေမယ့် အများစုက အသံတခုထဲထွက်ဖြစ်ကြမယ်ထင်တယ်
အာ ရုံ' လို့ပေါ့
။
ရှင်းရရင်
အာရုံ ဆိုတာက ပါဠိ အာရမ္မဏ ကနေလာတာပါ
စိတ်ရဲ့မွေ့လျော်ရာတွေကိုပြောတာ
အဆင်း
အနံ့
အသံ
အရသာ
အထိအတွေ့
အတွေး စတာတွေပေါ့
ဘယ်လိုသုံးကြလဲဆိုတော့ အကြားအာရုံတို့ အနံ့အာရုံတို့
မင်းလာမယ်ဆိုတာ ငါအာရုံကြိုရနေတယ် စသည်ဖြင့်ပေါ့
။
အရုဏ် ဆိုတာက ပါဠိ အရုဏ ကနေလာတာ
အ ကို အသံဝက်နဲ့ဖတ်ရတယ်
သူ့ရဲ့အဓိပ္ပာယ်က မနက်စောစောထသူတွေဆိုရင် တွေ့ပါလိမ့်မယ် နေမထွက်မီ အရှေ့ရပ်ကိုကြည့်လိုက် အလင်းရောင်ရေးရေးလေးသန်းနေလိမ့်မယ် အဲ့ဒီအချိန်ကိုပြောလိုတာ အရုဏ်တက်ချိန်ဆိုတာပေါ့
ဘုန်းကြီးတွေအတွက်ဆိုရင်
အရုဏ်ဆွမ်းကပ်တယ် အရုဏ်ဆွမ်းစားတယ်ပေါ့
။
။
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
။
သန်းထွန်းလေး ☆ အင်းတဲရွာ
No comments:
Post a Comment