သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Wednesday, September 10, 2025

Mimi (2021) ရင်မှာပိုက်ထွေးသူတို့ရင်သွေး


 ပြီးခဲ့တဲ့ လအပိုင်းအခြားက ပြည်သူပိုင်ရုပ်သံလိုင်း တခုမှာ ထုတ်လွှင့်ပြသတာလေး သတိထားမိတယ်


ရုပ်ဝတ္ထုပိုင်း တိုးတက်တဲ့ နိုင်ငံတွေမှ အချို့သော အိမ်ထောင်ရှင်များဟာ သားသမီးကိုယ်ဝန်ဆောင်ဖို့ အချိန်မပေးလိုကြဘူး အဲ့ဒီဒုက္ခကို မခံစားလိုကြဘူး


ပြီတော့ရင်သွေးမရနိုင်ကြတဲ့ လိင်တူစုံတွဲတို့ကကော သူတို့မျိုဆက်အတွက် ကိုယ်စားဆောင်ယူပေးနိုင်မယ့်သူကိုရှာဖွေကြရင်း


စီးပွားနိမ့်ကျရာရွှေမြေနဲ့ အာဖရိကဒေသကို မျိုးဆက်ပွားဖို့ ဝေဒနာခံလူသားစက်ရုံတွေအဖြစ် ရွေးချယ်လာကြပါတယ်


ကျွန်တော်တို့ရဲ့ အရှေ့မြောက်ထောင့်ကနိုင်ငံလေးရဲ့ နယ်မြို့လေးတခုမှာ အငှါးကိုယ်ဝန်ဆောင်မှု သိပ်တွင်ကျယ်နေတယ်တဲ့ 


တရားဝင်မဟုတ်ပေမယ့်၁၀ လလောက်လုပ်ခဝင်ငွေဟာ ၅ နှစ်စာ ဝင်ငွေလောက်ရရှိနေတော့ မက်မက်မောမောကို လုပ်ချင်နေသူတွေရှိတယ်


ပြီးတော့ အစိုးရရဲ့ တရားဝင်ခွင့်ပြုချက်မရသေးပေမယ့်ဒါဟာ မကောင်းတဲ့ အလုပ်တခုအဖြစ်သူမတို့ မယူဆကြဘူးလေ 


သူတပါး ပစ္စည်းဥစ္စာ ခိုးယူတာလည်း မဟုတ်သလို 

သူ့အသက်သတ်တာမှ မဟုတ်တာ


ယခင်က အိမ်ထောင်ရှိပြီးသား အမျိုးသမီးများသာ လုပ်ဆောင်ကြပေမယ့်


ယခုအခါမှာတော့ အပျိုစင်မိန်းမငယ်များပါ မက်မောလောက်တဲ့ငွေကြောင့် ငြင်းဆန်ဖို့ခက်လာတယ် လိုလိုချင်ချင်ကို လုပ်ချင်လာကြတယ်


ကိုယ့်ရဲ့ခန္ဓာမှ ဖြစ်တည်လာတဲ့ ရင်သွေးလို တယုတယမွေးထိမ်းသိမ်းစောင့်ရှောက်ရပေမယ့် ရံခါမှာ ရင်သွေးရဲ့ မျက်နှာတောင်မြင်ခွင့်မပေးကြတာတွေရှိတယ်လို့ အငှါးရင်သွေး နှစ်ခါလွယ်ဖူးသူ အမျိုးသမီးကပြောတယ်


ဒါပေမယ့် အခါအခွင့်သင့်မယ်ဆိုရင် နောက်ထပ်နှစ်ကြိမ်သုံးကြိမ်လောက် အဲ့ဒီအလုပ်ကို ထပ်လုပ်လိုသေးတယ်လို့လည်း ဆိုပါတယ် 


သူ့မိသားစုအတွက်ကိုယ်ပိုင်အိမ်ဝယ်ဖို့ငွေလိုနေလို့ပါတဲ့


သဘောကောင်းတဲ့ အလုပ်ရှင်တွေက လုပ်ခငွေအပြင်ကိုယ်ဝင်ဆောင်စဉ်တလျှောက်လုံးမှာ လိုအပ်တဲ့ဆေးနဲ့ အားဖြည့်အစားအစာတွေ အလုံအလောက်ထောက်ပံ့ပေးပါတယ်လို့လည်းပြောပါတယ်


တရားဝင်လုပ်ငန်းမဟုတ်တဲ့အတွက်အစိုးရရဲ့ ဥပဒေအစောင့်အရှောက်မဲ့နေတာကတော့ သူမတို့ဘဝအတွက်စိုးရိမ်မိပါတယ်


ရံခါမှာ အလုပ်ရှင်နဲ့ လုပ်သားကြားမှာ ကြားဝင်ဖြတ်စားနေတဲ့ ပွဲစားတွေရဲ့ အမြတ်ကြီးစားမှုကိုလည်းခံရတယ်


သူမတို့ကတော့ ဝင်ငွေများတဲ့ ဒီလုပ်ငန်းကို ပိတ်ပြစ်တာထက် အစိုးရက ခိုင်မာတဲ့ ဥပဒေ တရပ်ထုပ်ပြန်ပြီး သူမတို့ကို အကာအကွယ်ပေးတာမျိုး ပိုပိုပြီး လိုချင်ကြပါတယ်


ဝင်ငွေကောင်းတဲ့ အလုပ်မို့ မစွန့်လွှတ်လိုဘူးလေ


~~~~~~~~~~~~~~~~~~~~~~~~~~~


ကျွန်တော့်တို့ အမိမြေမှာလည်း တချိန်မှာ ရှိကောင်းရှိလာနိုင်တဲ့အတွက်တင်ပြရချင်းရယ်ပါ

Kriti Sanon

Director - Laxman Utekar


အဲ့ဒီကားလေးက အငှားကိုယ်ဝန်ဆောင်မိန်းမပျိုတယောက်ရဲ့ဒုက္ခကို ပြထားတာပါ

ဇာတ်ကားကြည့်ရန်

https://t.me/kolayinde1/246

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

သန်းထွန်းလေး ☆ အင်းတဲရွာ



No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ကနောင်မင်းသားကြီး စနည်းနာထွက်ခြင်း - ဒီမအေဘေးမျိုးတွေက ဒီအချိုးချည်းပါပဲ(ငတိုလှိုင်ရဲ့အဆုံးသတ် / ၃၉)

  ဒီမအေဘေးမျိုးတွေက ဒီအချိုးချည်းပါပဲ (ငတိုလှိုင်ရဲ့အဆုံးသတ် / ၃၉) ။ မအလ အတင်းအဓမ္မအာဏာသိမ်းစဉ်ကာလအစောပိုင်းက ကိုယ့်တိုင်းပြည်အရေးအရာကို လာရ...