အိမ်တွေမှာချိတ်ဆွဲတတ်ကြတဲ့ ဆောင်ပုဒ်တွေ ဆိုင်းဘုတ်တွေနဲ့ပတ်သက်လို့ ဆရာမင်းသိင်္ခက ပေတလူ'ဆိုတဲ့စာအုပ်မှာပြောဖူးတယ်
တချို့က ပေါ်တင်မပြောရဲလို့ မပြောချင်လို့ ပြောဖို့ခက်လို့ ဆိုင်းဘုတ်လေးတွေ ချိတ်ဆွဲထားတတ်ကြတယ်တဲ့
ဥပမာ "အကြွေးသည်းခံပါ"ဆိုတာမျိုးပေါ့
တချို့လည်းကိုယ့်ရဲ့အတွေးအခေါ်အဆင့်အတန်းကိုပြလိုလို့ တင်မြင်ယူဆချက်လေးတွေ ကိုယ်သဘောညီနှစ်သက်တဲ့စာစုလေးတွေချိတ်ဆွဲကြတာမျိုးလည်းရှိတယ်
ဒီထဲကမှကိုးရိုးကားယားနိုင်တဲ့စာစုတွေကို ဓမ္မပဒကလိုလို ဘာလိုလိုရေးထိုးထားတာမျိုးတွေလည်းရှိတယ်
"သင်ကောင်းလျှင်ကျွန်ုပ်မဆိုးပါ"ဆိုတာမျိုးပေါ့
သဘောက ကိုယ်ရဲ့အကောင်းအဆိုးတုံ့ပြန်မှုတွေက တပါးသူကိုယ့်ကိုဘယ်လိုဆက်ဆံလည်းဆိုတဲ့အပေါ်မှာမူတည်တယ်ပေါ့
သူကကိုယ့်အပေါ်ကောင်းမွန်စွာဆက်ဆံရင်
ပြန်ကောင်းပေးဖို့ဝန်မလေးသလို
ဆိုးမယ်ဆိုရင်လည်း
အလားတူတုံ့ပြန်ဖို့ဝန်မလေးဘူးဆိုတဲ့သဘော
အမှန်တော့ သည်းခံခြင်းဆိုတာကို ပယ်လိုက်တာမို့ လောကမှာကျင့်သုံးထိုက်တဲ့ စွဲကိုင်အသုံးပြုထိုက်တဲ့စကားတော့မဟုတ်ဘူး
ထားပါတော့
ဆရာကတော့ အိမ်တွေမှာချိတ်ဆွဲတတ်ကြတဲ့စာစုတွေထဲမှာ "ခွေးကိုက်တတ်သည်" ဆိုတဲ့ စာသားလေးကို အကြိုက်ဆုံးပဲတဲ့
ဖတ်မိသူတိုင်းအတွက်
မျက်မြင်ဒိဋ္ဌ အကျိုးပြုတာကိုးဗျ
။
။
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
။
သန်းထွန်းလေး ☆ အင်းတဲရွာ

No comments:
Post a Comment