သက်ဝင်ခံစားနိုင်ဖို့
။
ဆရာမင်းရှင်ရဲ့ လမ်းပေါ်မှာဆိုတဲ့စာအုပ်ထဲက ရောင်းခါစ' ဆိုတဲ့ဇာတ်လမ်းလေးကို ဖတ်စမှာကတည်းက ဇာတ်ဆောင်နဲ့အတူ မရိုးမရွဖြစ်လိုက် နာလိုခံခက်ဖြစ်လိုက် ကြည်နူးသဘောကျဖြစ်လိုက်နဲ့
ကာလတိုလေးအတွင်းမှာပဲ စိတ်ခံစားချက်အမျိုးမျိုးပေးစွမ်းနိုင်တာမို့ သဘောကျမိခဲ့တယ်
။
။
ဇာတ်လမ်းလေးကဒီလိုဗျ
လမ်းကလေးတနေရာမှာ ကောင်လေးတယောက် မုန့်ဟင်းခါးဆိုင်လေး လာနေရာချလို့ရောင်းတယ်
အဲ့သည်မှာနေ့တိုင်းလာစားနေကျ ကောင်မလေးတယောက်ကိုတိတ်တခိုးသဘောကျမိသွားတယ် ဒီတော့လာစားချိန်တိုင်း ပိုပိုသာသာလေးထည့်ပေးနေမိတာပေါ့
ဒါကတယောက်တည်းရှိနေချိန်မှာ ပြဿနာမဟုတ်ပေမယ့် အခြားစားသုံးသူတွေရှိချိန်မှာ သူတို့ရှေ့မှာထိုကဲ့သို့ပြုမိတော့
ရင်းနှီးတဲ့ဖောက်သည်တွေက ငါတို့ကျနည်းလားချည်လားပြောတော့ ရှက်ဟန်ရယ်ကြဲကြဲနဲ့ ဟုတ်ပါရဲ့ဗျာ ကျွန်တော်က ရောင်းခါစဆိုတော့ လက်ဆမမှန်သေးလို့ပါတဲ့
ဒီလိုနဲ့တနေ့မှာ လူရည်သန့်သန့်တယောက်နဲ့အတူ အဲ့ဒီကောင်မလေးလာစားတယ်
ဒီလူနဲ့သူမ ဘယ်လိုများပတ်သက်နေလဲ ဘာတွေလဲဆိုတဲ့အတွေးက သူ့ရင်ထဲမီးစနဲ့ ထိုးနေသလိုပဲ ဒီလောက်ရင်းနှီးပုံထောက်ရင်ဆိုတဲ့အတွေးတွေနဲ့ စိတ်ရှုပ်သွားတယ်
ဒီလိုနဲ့ ကောင်မလေး နောက်တနေ့လာစားချိန်မှာ နဂိုကလို ကြည်ကြည်သာသာမရှိတော့ဘူး ပိုထည့်တာမျိုးလည်းမရှိတော့ဘူး ရှုတည်တည်မျက်နှာထားကြီးနဲ့လည်းဖြစ်နေတယ်
နည်းသွားတာကိုသတိထားမိသွားတဲ့ကောင်မလေးက မုန့်ဟင်းခါးသည်ကြီး လက်မှန်သွားပြီထင်ပါရဲ့ရှင် ကောင်းတာပေါ့ဒါမှလည်းကိုယ့်အတွက်ကျန်မှာကိုးလို့ ပဋိသန္တာရစကားဆိုတယ်
ဒီမှာလည်း သူ့အမူအရာက မှုံတေတေ
တနေ့ကအတူပါလာတဲ့ ကျွန်မအစ်ကိုကြီးကတောင် ရှင့်မုန့်ဟင်းခါးသိပ်ကောင်းတယ်လို့ချီးကျူးနေသေးတယ်
အစ်ကိုကြီးက တရပ်တပါးမှာအခြေချနေတာလေ ခုအလည်ပြန်လာတာတဲ့
စကားစစက မကြည်မသာနဲ့ အလိုက်သင့်သာပြောနေမိပေမယ့် ဒီစကားကြားတော့ မုန့်ဟင်းခါးသည်ကောင်လေးမှာ ရွှင်လန်းလာတယ် ဟန်အမူအရာတို့လည်း တက်ကြွလာတယ်
ဒီအခိုက် ကောင်မလေးက နောက်တပွဲထပ်မှာတော့ ခါတိုင်းထက်ကိုပိုပိုသာသာကြီးထည့်ပေးလိုက်တယ်
ဒါကိုကောင်မလေးကကြည့်ပြီး ကျွန်မက ရှင့်ကိုလက်မှန်သွားပြီမှတ်တာလို့ ပြောတော့ ရယ်ကြဲကြဲနဲ့သာလုပ်နေတော့တယ်တဲ့
။
။
ဇာတ်လမ်းလေးက ဒါပါပဲ
ဒီဇာတ်လမ်းလေးရဲ့ စိတ်လှုပ်ရှားဖွယ်လေးတွေကို ဥရောပသားသူငယ်ချင်းကို ပြန်ပြောပြရာမှာ မခံစားတတ်ဖူးလို့ ဆရာနန္ဒသိန်းဇံ'ကဆိုတယ်
ဒီလို စိတ်ခံစားချက်အတိုင်း ပိုလိုက်နည်းလိုက်ခြင်းသဘောက သူတို့မှာမှမရှိတာကို
ဒီအမှတ်တံဆိပ်နဲ့ ပီဇာတချပ် ကော်ဖီတခွက်ဟာ မန်ချက်စတာမှာဝယ်ဝယ် လန်ဒန်မှာဝယ်ဝယ် မနက်ဝယ်ဝယ် ညဝယ်ဝယ် ရောင်းသူရဲ့စိတ်အခြေအနေဘယ်လိုရှိရှိ ဒီပမာဏ ဒီဈေးနှုံး ဒီအရသာပဲကို
ဒီတော့ လုပ်ငန်းမကျွမ်းကျင်လို့ ထုတ်ကုန်ပမာဏမမှန်ခြင်းမှာ ဘယ်အချက်က ရင်ခုန်စေလဲ စိတ်လှုပ်ရှားစေလဲ ရှာမရဘူး ခံစားမရဘူးတဲ့
အနုပညာဖန်တီးမှုတရပ်က လူမှုအလေ့အကျင့်နဲ့ မနီးစပ်သူအဖို့ ခံစားဖို့ရာ နားလည်းဖို့ရာ အလှန်းကွာနေတတ်ကြောင်းကို ဆိုလိုတာပါ
။
။
ကိုယ်တော့ဖြင့် ဒီဝတ္ထုတိုလိုဖတ်စက ဇာတ်လိုက်နဲ့အတူတူပါပဲ ကိုယ်ဆိုလည်း ဒီလိုပြုမှုမိမှာပဲ ဒီလိုတုံ့ပြန်မိမှာပဲလို့ ခံစားမိတယ်
နီးစပ်တာကို
ကိုယ့်ရဲ့ ရောင်းရင်းညီကိုတော်တော်များများက ဒီလိုစားသောက်ကုန်ကို တိုက်ရိုက်ဖန်တီးရောင်းချခြင်းနဲ့အသက်မွေးကြတာကိုး
ဒီတော့အလွယ်တကူနားလည်နိုင်တာပေါ့
ဘော်ဒါကြီး ငယ်မိုး'ဆိုရင် အဆင်တွေ့တိုင်း ငမ်းငမ်းပြီးပိုပိုသာသာထည့်ပေးတတ်လို့ အရင်ပြုတ်ပြီး အယုဒ္ဓယရောက်ချသွားတာကိုယ်တွေ့ 😄
။
။
ခုညွှန်းဆိုခဲ့တဲ့စာအုပ်လေးကို ဒို့အညာယူကျုချန်နယ်မှာ ဘုန်းမြတ်ထင်'ဖတ်ပြထားတာကို သွားရောက်နားစဉ်လို့ တော်လှန်ရေးအတွက် တတပ်တအားပါဝင်နိုင်ပါတယ်
လူကြီးမင်းတို့ရဲ့အားထုတ်မှု အဟောသိကံမဖြစ်ဖို့ VPN ခံဖို့လည်းမမေ့နဲဘအုံးဗျနော
။
။
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
။
။
သန်းထွန်းလေး ☆ အင်းတဲရွာ

No comments:
Post a Comment