သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Saturday, September 13, 2025

အတ္တနုဝါတဘေး

 

အတ္တနုဝါတဘေး

.

ဒီဘေးဒုက္ခကိုတည်လို့ရေးဖွဲ့ထားတဲ့

ဆရာဆွေမင်း(ဓနုဖြူ) ရဲ့ စာအုပ်နှစ်အုပ်ကိုညွှန်းချင်လို့ပါ

.

.

မကောင်းမှုပြုပြီးသူတယောက်ဟာ ဧကန်မုချ ဘေးကြီးနှစ်ပါးထဲက တပါးပါးနဲ့ကြုံတွေ့ရမယ်လို့ဆိုတယ်


ထိုနှစ်ပါးက

အတ္တနုဝါတ နဲ့ ပရာနုဝါတ ပါ


ပရာနုဝါတဆိုတာက ကိုယ်မကောင်းတာ မမှန်တာ မဟုတ်တယုတ်တွေလုပ်ခဲ့တယ်ဆိုတာကို ပတ်ဝန်းကျင်က အများကသိသွားချိန်မှာ ဝိုင်းဝန်းအပြစ်တင်ရှုံ့ချတာကိုခေါ်တာပါ


အတ္တနုဝါတဆိုတာကတော့ ကိုယ်ပြုခဲ့တဲ့မကောင်းမှုကမပေါ်လို့ မည်သူမှမသိသည့်တိုင် ကိုယ့်လိပ်ပြာကိုယ်မလုံလို့အများက သူကလူကောင်းပါ မကောင်းတာမလုပ်တတ်ဘူး မပြုတတ်ဘူးစသည်ဖြင့်ချီးမွန်းကြတိုင်း မလုံမလဲဖြစ်ရသလို


သိများသွားရင်ဆိုတဲ့ စိုးထိတ်စိတ်နဲ့အတူ ပြုမိလုပ်မိလေခြင်းဆိုတဲ့နောင်တ ကိုယ့်ကိုယ်ကိုလေးစားမှုကင်းမဲ့သွားခြင်းဆိုတဲ့သောကကို အခါမလပ်ခံစားနေရမှာ


ရှက်တတ်ရင်ပေါ့


ဒီအဖြစ်မျိုးနဲ့ဝေးချင်ရင် ဟိရီနဲ့ဩတ္တပ္ပရှိရမယ်တဲ့


ဩတ္တပ္ပဆိုတာက ကြောက်တာ

စောစောကဆိုခဲ့သလို့ ပရာနုဝါတဘေးဆိုတဲ့ အများကသိသွားလို့ အပြစ်တင်စကားတင်းဆိုမှာကိုကြောက်လို့ စိုးထိတ်လို့ မကောင်းမှုကိုမပြုမိအောင်ရှောင်းကျဉ်တာမျိုး‌ပါ


ဟိရီဆိုတာက ရှက်တာ 

ဘယ်လိုလဲဆိုတော့ ငါလိုလူမျိုးက ဒီအပြုအမူမျိုး ဒီလုပ်ရပ်မျိုးကို မလုပ်ထိုက်မပြုထိုက် မပြောထိုက်ဘူးရယ်လို့ ကိုယ့်အကျင့်သိက္ခာကိုစောင့်ထိမ်းလို့ ကိုယ့်ကိုယ်ကို ရှက်လို့ မပြုမိမပြောမိအောင်နေတာမျိုးပေါ့


ဒါကြောင့်ပဲ ဒီဟိရီနဲ့ဩတ္တပ္ပကို လောကပါလတ‌ရား

လောကကိုဆုတ်ယုတ်‌ပျက်စီးမသွားအောင် စောင့်ကြပ်ပေးသူတွေလို့ခေါ်တာ


တကယ်လို့ လူတွေက မကောင်းမှုကိုပြုရမှာ မရှက်ကြတော့ဘူး မကြောက်ကြတော့ဘူးဆိုရင်....

ထားပါတော့


မကောင်းမှုပြုပြီးရှက်ရခြင်းဆိုတဲ့ 

အတ္တနုဝါတဘေးနှိပ်စက်မှုအကြောင်းကို


မြိုင်ရာဇာတွတ်ပီ ကျွန်ုပ်နှင့်သူရဲကောင်း

မြိုင်ရာဇာတွတ်ပီ ကျွန်ုပ်နှင့်လောဘဘုံ


ဆိုတဲ့စာအုပ်နှစ်အုပ်မှာ ဆရာဆွေမင်း(ဓနုဖြူ) ဖွဲ့သီထားတာ သိပ်ပြည့်စုံတာမို့ ဖတ်ဖြစ်အောင်ဖတ်ဖို့ တိုက်တွန်းချင်ပါတယ်


ဒီစာအုပ်တွေကို အမောင်နွားကျောင်းသားဖတ်ပြတဲ့ ဒို့ခေတ်ယူကျုချန်နယ်မှာ သွားရောက်နားစဉ်လို့ တော်လှန်ရေးမှာတတပ်တအားပါဝင်နိုင်သလို


စာအုပ်ဝယ်ဖတ်မယ်ဆိုရင်လည်း မူရင်းဖန်တီးသူရဲ့မိသားစုမျိုးဆက်တို့အတွက် အသီးအပွင့်ခံစားရစေမှာပါလို့

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

သန်းထွန်းလေး ☆ အင်းတဲရွာ


No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ကနောင်မင်းသားကြီး စနည်းနာထွက်ခြင်း - ဒီမအေဘေးမျိုးတွေက ဒီအချိုးချည်းပါပဲ(ငတိုလှိုင်ရဲ့အဆုံးသတ် / ၃၉)

  ဒီမအေဘေးမျိုးတွေက ဒီအချိုးချည်းပါပဲ (ငတိုလှိုင်ရဲ့အဆုံးသတ် / ၃၉) ။ မအလ အတင်းအဓမ္မအာဏာသိမ်းစဉ်ကာလအစောပိုင်းက ကိုယ့်တိုင်းပြည်အရေးအရာကို လာရ...