ဗိန္ဓောဆရာ
...
ဒီဝေါဟာရကြားလိုက်ရင်ကို ရမ်းကုလိုလို ညာစားနေသူလိုလို ကြောက်ဆရာလိုလို လန့်စရာလို့ ပတ်သက်စရာမကောင်းသူလိုလို သူနဲ့ပတ်သက်ကုသရင်ပဲ ခေတ်မမီတဲ့သူလိုလို ထင်ကြလေမလား
အမှန်တော့ ဗိန္ဓောပညာဆိုတာ သဘာဝသစ်ပင်တို့ရဲ့
အရိုး အရွက် အခေါက် အဖူး အညွန့် အမြစ် အသီး အပွင့် ဥ
စတာတွေကိုအသုံးပြုလို့ ကိုယ်တိုင် ဖော်စပ်ကုသပေးတဲ့ဆေးပညာပါ
ထူခြားတာက ခုခေတ်ဆရာဝန်တို့လို ခေါင်းကိုက်တယ်တယ်မို့လား ဘယ်ဆေးသောက်ရယ်လို့ ရောဂါရှာပြီး အခြားသူတို့ထုတ်လုပ်တဲ့ဆေးကို ညွှန်းဆိုလိုက်တာနဲ့ ပြီးသွားတာမဟုတ်ဘဲ
ကုသဖို့အသုံးပြုမယ့်ဆေးကို ကိုယ်တိုင်ဖော်စပ်ရတာပါ
ဒီလိုပညာရှင်တွေကို ရှေးက 'ဗိန္ဓောဆရာ' လို့ခေါ်ပါတယ်
အခု တိုင်းရင်းဆေးဆရာပေါ့
ဝေါဟာရဖြစ်ပေါ်လာပုံ
....
ဆေးအဖြစ်သုံးမယ့် အပင်ရဲ့အစိတ်အပိုင်းတွေကို ရှေးဗမာတို့က 'ဘယဆေး' လို့ခေါ်တာပါ
(ဟင်ဒီ - ပရဆေး)
အမြစ် အခေါက် အရွက် အပွင့် အသီး စသော အပင်၏ ပဉ္စငါးပါးစလုံးကို အသုံးချရပါက ပဉ္စဘုတ်ဆေးဟု အမည်ရပါတယ်
တမျိုးထက်ပိုသော ဆေးပင်တို့ကို ပေါင်းစပ်အသုံးပြုရပါက ဆေးပေါင်း သို့မဟုတ် ပိဏ္ဍောဆေးလို့ခေါ်ပါတယ်
ထိုစကားလုံး ပိဏ္ဍောမှ ဝေါဟာရရွေ့လျားကာ
ပိန္ဓော - ဗိန္ဓော ရယ်လို့ဖြစ်လာတာပါ
ဒီတော့ ဒီပညာကို တတ်ကျွမ်းနားလည်လို့ အသုံးပြုကုသပေးသူကို 'ဗိန္ဓောဆရာ'လို့ ခေါ်တာပေါ့ဗျာ
.
.
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
။
။
သန်းထွန်းလေး ☆ အင်းတဲရွာ

No comments:
Post a Comment