ချာတူး နဲ့ စကားစမြည်
(Chatur Ramalingam & interview )
Https://www.youtube.com/@thantunlayinde
...
မေး = မိတ်ဆက်ပေးပါအုံး
ဖြေ = ပြောခဲ့ပြီးသားပဲ ယူဂန္ဓာမှာမွေးတယ်
ပွန်တီချယ်ရီမှာကျောင်းတက်ခဲ့တယ် ဟင်ဒီစကားသိပ်မတတ်ဘူးလို့
မေး = USA လိုနိုင်ငံရဲ့ ထိပ်တန်းကုမ္မဏီတခုက
လက်ထောက်ဒါရိုက်တာတယောက်ဖြစ်ဖို့ ဘယ်လိုကြိုးစားခဲ့လဲ
ဖြေ = ငါကပင်ကိုပါရမီမြင့်မားသူမဟုတ်ဘူး
ကိုယ်တိုင်ကြိုးစားမှုနဲ့ ဝီရိယနဲ့ ငါ့ဘဝကိုတည်ဆောက်ယူခဲ့တာ
ဒီတော့ နည်းလမ်းနှစ်သွယ်ရှိတယ် အားလုံးထက်ငါကြိုးစားတယ်
သူများအိပ်ချိန်မှာတောင် ငါစာကျက်တယ်
ဒါပေမယ့် မင်းတို့လည်းသိမှာပါ
ငါကဉာဏ်ရည်အထူးမရှိတဲ့ သာမန်လူတယောက်ပဲဆိုတာ
တခါတလေလောကကြီးက ရယ်ရတယ်ကွ
ကြိုးစားသူတိုင်းအောင်မြင်လိမ့်မယ် မုချနေရာပေးလိမ့်မယ်လို့ မင်းထင်လို့လား
နေရာရဖို့က တနည်းတဘာသာကြိုးစားရတယ်
မင်းတို့လည်းတွေ့မှာပါ ငါဘယ်သူ့ကိုမှ တိုက်ရိုက်အားဖြင့်ဒုက္ခမပေးခဲ့ဘူး
နစ်နာသွားစေလိုစိတ်နဲ့ တမင်ဂျောက်မတွန်းခဲ့ဘူးဆိုတာ
ငါ့အတွက်ငါကြိုးစားခဲ့တာပဲရှိတယ်
မေး = ရန်ချို့အပေါ် ဘာကြောင့်မကျေနိုင်မချမ်းနိုင်ဖြစ်နေတာလဲ
ဖြေ = ငါကသူ့ကိုထိခိုက်သွားအောင်ဘာလုပ်ခဲ့လို့လဲ
သူကငါ့ကိုလူလယ်ခေါင်မှာသောက်ရှက်ကွဲအောင်လုပ်ခဲ့တာလေ
မင်းဆိုရင်ကော ဘယ်လိုတုန့်ပြန်မလဲ
မေး = နောက်ဆုံးအနေနဲ့ ကိုယ့်ကိုယ်ကို ဘယ်လိုအဓိပ္ပါယ်ဖွင့်ချင်လဲ
ဖြေ = ဘဝကရုပ်ရှင်မဟုတ်ဘူးကောင်လေးတို့
မင်းတို့လိုချင်တာရှိရင် ပေးစပ်မှုတော့ရှိရမှာပဲ
သူများအိပ်စက်အနားယူချိန်မှာ ငါသူတို့လို ဇိမ်မယူဘဲ
နည်းပေါင်းစုံကြံဆနေတယ်ဆိုတာ မင်းတို့အသိ
ငါ့မှာပြောစရာဆိုလို့ ငါ့အရည်အချင်းထက်ပိုလွန်တဲ့အခွင့်အရေးကို
မျှော်လင့်ကြိုးစားနေတာပဲရှိတယ်
စကားပုံရှိတယ်မို့လား "ရိုးရိုးကျင့် မြင့်မြင့်ကြံ" တဲ့
ငါက ကြံရုံတင်မက လက်ဝယ်ပိုင်ဆိုင်ချင်တာ
ဒီတော့ကြိုးစားတယ် သူများထက်ပိုကြိုးစားတယ်
ဒီလိုမှမရနိုင်ဘူးဆိုရင် သူတို့ငါ့လိုမကြိုးစားနိုင်အောင် လုပ်လိုက်တာပဲ
မရိုးဖြောင့်ဘူး ညစ်ပတ်တယ်လို့ မင်းတို့ထင်ကောင်းထင်လိမ့်မယ်
ဒါပေမယ့် မင်းတို့လို တံစိုးလက်ဆောင်တွေ ကပ်ဖားရပ်ဖားလုပ်တာတွေ
နှစ်ကျပ်တမတ်လောက်နဲ့ ကိုယ့်ပြဿနာအတွက် ဘုရားသခင်ကို
ကိုယ်စားဖြေရှင်းခိုင်းတာမျိုးမလုပ်ဘူး
ဘောလုံးပွဲတွေမှာ တဖက်အသင်းရဲ့သွင်းဂိုးကိုဟန့်တားဖို့
လူကောဘောလုံးပါမပျက်ပျက်အောင်ဖျက်လိုက်သူကို အနီကတ်ထိသည့်တိုင်
အသင်းအတွက်ပေးဆပ်သူကြီးအဖြစ်သမုတ်လို့ လက်ခုတ်တီးအားပေးနေပြီး
ငါ့ရောက်မှ မတရားဘူးတဲ့လား
သူကောငါကော ကိုယ်ရည်ရွယ်ချက်ပြည့်ဖို့ လုပ်နိုင်မျှ လုပ်သူချင်းတူတူပဲမဟုတ်ဘူးလား
နောက်ဆုံးအနေနဲ့ထပ်ဖြည့်ပြောပါရစေ "အိုးသခီး"ဆိုတာ ငါ့နာမည်မဟုတ်ဘူး
ဟိုကောင်တွေ တမင်ဖျက်ထားတဲ့ နာမည်ပြောင်ပါ "အသံတိတ်အကြမ်းဖက်သမား"တဲ့
ဒီနာမည်တွေကိုငါမကြိုက်ဘူး စော်ကားခံနေရသလိုပဲမို့
မကြိုက်ကြောင်းမခေါ်ဖို့လည်းငါပြောခဲ့တယ်
ဒါပေမယ့်မင်းတို့တွေမှာပါ သူတိုခေါ်မြဲခေါ်ဆဲ
ငါကကော သူတို့ကို အဲ့သလို နှိမ်ချသလိုလို စော်ကားသလိုလို
ခေါ်ဖူးလား ပြောဖူးလားပြန်ကြည့်ပါအုံး
ပြန်မိတ်ဆက်ပါရစေ
ငါ့နာမည်က ချာတူး ရာမယ်လင်ဂမ် ( Chatur Ramalingam )
ရည်ရွယ်ရာအတွက် နည်းပေါင်းစုံနဲ့ ကြိုးစားဖြည့်စည်းနေသူတယောက်ဆိုပါတော့
ဒီဇာတ်ရုပ်ကိုပိုင်နိုင်စွာ သရုပ်ဆောင်ခဲ့သူကတော့
အိုမီ ဘက်ဒရာ (Omi Vaidya) ဖြစ်ပါတယ်
..
ဗိုင်းရပ်စ်နှင့်စကားစမြည်
https://m.facebook.com/story.php?story_fbid=1016041660531739&id=100063777438933&mibextid=ZbWKwL
...
3 idiots
အရူးသုံးကောင် အစအဆုံး
(မြန်မာစကားပြော 720 p)
https://t.me/koloneypoei/119
(မြန်မာစကားပြော 360 p)
https://t.me/koloneypoei/118
စာတန်းထိုး
https://t.me/koloneypoei/22
သီချင်း
https://t.me/koloneypoei/21
..
မူရင်းသီချင်းသံကို ထည့်သွင်းထားတာမို့
သီချင်းသံ အနည်းငယ်တိုးသွားပါတယ်
ဇာတ်ကားနောက်ဆုံးမှာပါတဲ့သီချင်း ဘာသာပြန်စာသား
အပြည့်မပေါ်ပါက view size ချိန်း၍ကြည့်ပါ
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
သန်းထွန်းလေး ☆ အင်းတဲရွာ
No comments:
Post a Comment