သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Friday, August 6, 2021

မကြောက်တတ်အောင် နေနိုင်ဖို့

ကျွန်တော်တို့ ဘဝမှာ ကြောက်လန့်ခဲ့ခြင်းတွေ စိုးရိမ်ထိတ်လန့်ခြင်းတွေ အကြိမ်ကြိမ် ကြုံတွေ့ခဲ့ဖူးမှာပါ 

အကြောက်တရား ဘယ်ကလာသလည်း သိပ်စိတ်ဝင်စားဖို့ကောင်းတယ် ကျွန်တော်ကတော့ အကြောက်တရားရဲ့ မိခင်ဟာ မသိခြင်း လို့ပဲ ယူဆတယ်ဗျ

မသိခြင်း
•••••

သတ္တဝါအများစုဟာ သေရမှာ ကြောက်ကြတယ်ဗျ 
ပြင်းထန်တဲ့ ဒုက္ခ ရောဂါ ဝေဒနာ ခံစားရသူက လွဲလို့ပေါ့

ဘာ့ကြောင့်လည်း မသိလို့ပါပဲ တကယ်လို့သာ ဒီခန္ဓာကိုယ်ကို စွန့်ခွာပြီးချိန် နောင်တစ်ဘဝဟာ ယခုယခုထက် သာလွန်မယ်ဆိုတာသာ သိနေမယ်ဆိုရင် ကြောက်နေလိမ့်မယ်လို့တော့ မထင်ဘူးဗျ

ဥပမာ ယခုဘဝမှာ အနေစုတ်စုတ် နှံချာချာဘဝမှာ နေထိုင်နေရသူဟာ သေလွန်ပြီးချိန် နောက်ဘဝမှာ ရွှေအိမ်ရွှေနန်းရွှေကျငှါမ်းမှာ စံစားရမယ်ဆိုရင် ဝမ်းမြောက်ဝမ်းသာပဲ ထသေလိမ့်မယ်ထင်တယ်

ဒါ့ကြောင့် ဉာဏ်တော်အထူးရ ရဟန္တာ ပုဂ္ဂိုလ်တွေဟာ သေခြင်းကို မကြောက်ကြတာ သေခြင်းရဲ့ အခြားတစ်ဖက်ကို သိမြင်ပြီးမဟုတ်လား 

သရဲကြောက်ခြင်း
••••••••••••

လောကမှာ အရှုံးဆုံး ပြဿနာလို့ပဲ ယူဆတယ်ဗျ
ဘာ့ကြောင့်လည်းဆိုတော့ ကျွန်တော်တို့ဟာ သရဲကြောက်တယ် ဆိုပါတော့ ဘာမှမသိချိန်ကတည်းက စိုးတထိတ်ထိတ် ကြောက်လန့်ခဲ့ကြတယ် တစ်ချို့ဆို နေဝင်ဖြိုးဖျမှာတောင် အပြင်မထွက်ရဲကြဘူး ကြောက်ကြတယ်

သရဲဆိုတာ မရှိဘူးလို့ ကျွန်တော်မဆိုလိုပါဘူး သုံးလောကထွဋ်ထား ဗုဒ္ဓ မြတ်ဘုရား ကိုယ်တော်တိုင်က ပြိတ္တာဘုံ ဆိုတာကို ဟောကြားခဲ့သေးတာပဲ 

ရှုံးတယ်ဆိုတာက စဉ်းစားကြည့်ပါ 
သရဲဆိုတာ ချောက်လှန့်တတ်တယ်ပဲထားပါတော့ သူ့ရဲ့ ချောက်လှန့်ချိန်ဟာ မိနစ်ပိုင်းပါပဲ ရံဖန်ရံခါမှပါ ကြောက်လန့်တတ်သူဆိုရင် နေ့စဉ်နေ့တိုင်း အချိန်များစွာ ကြောက်ခဲ့ရတယ် တကယ်လည်းချောက်ရော တစ်ချို့ သိတောင်မသိကြဘူး သိတယ်ထားအုံး ချောက်တာ မိနစ်ပိုင်းသာသာရယ် မဖြစ်ခင်က တွေးကြောက်နေတာနဲ့ ဖြစ်ပြီးပြန်ကြောက်နေတာ နာရီပေါင်းများစွာ နေ့ပေါင်းများစွာ ဒါ့ကြောင့် ရှုံးတယ်လို့ပြောတာဗျ

ဖြစ်ခိုက်မှာ ကြောက်ဖို့သတိကပ်ကြည့် ကြောက်ချိန်တောင် မရှိဘူးရယ်

သန်းထွန်းလေး (အင်းတဲရွာ) 
အောင်ညီကို ရွှေထည်စက်ဖြတ်လုပ်ငန်း

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ရုပ်သေးပွဲသွားရအောင်

  ရုပ်သေးပွဲသွားရအောင် Https://youtube.com/@thantunlayinde  ရေး-ကန်မြဲကိုအေးကျော် ဆို-ခင်အုန်းမြင့်လေး .. ပင်ခေါင်တိုင် သပြေကိုင်းနဲ့ နေမှို...