မောင် ။ ။စပါးထောင်းကူ၊ လူလိုဝူးရော။
မယ် ။ ။မောင်မထောင်းန၊ ခါးညောင်းတတ်လယ်
မယ်ထောင်းမယ်
စပါးပလာလဲ၊ မောင်မပလာန
လက်ဝါးနု သွေးဥတတ်လယ်
မယ်ပလာမယ်
ထမန်းစားလဲ၊ မောင်မစားန
အံယားတတ်လယ်၊ မယ်စားမယ်။
.................
တောင်ရိုးဓနု ကျေးလက်တေး
ကျွန်တော်တို့ ညီကိုတိုင်းရင်းသားတွေရဲ့
အနုပညာဖွဲ့တွေကလည်း လေးစားချီးကျူးမိပါတယ်
မောင်းမထောင်းနဲ့
စပါးမပြာနဲ့ဆိုတုန်းက
သြော် အမျိုးသမီးလေးနှယ် သူ့ချစ်သူလေးကို ချစ်လိုက်တာ ဒီတေးလေးက ပျိုရွယ်သူတို့ရဲ့ ချစ်ခြင်းဖွဲ့လေးဖြစ်ဟန်တူတယ် အာခံတွင်းများ ငုံထားလေမလားလို့တောင် တွေးမိစရှိသေးတယ်
ထမင်းစားလည်း မောင်မစားနဲ့ဆိုတော့
လောကမှာ အလုပ်မလုပ်ဘဲနေရင် ထမင်းလည်းမစားနဲ့ဆိုတဲ့
ပညာပေးစာသားအုပ်ထည့်လိုက်တာ
ကျေးလက်တေးဆိုပေမယ့် ပြည့်စုံကြွယ်ဝတဲ့ အဓိပ္ပါယ်တွေနဲ့
တန်ဆာဆင်ထားတာ လေးစားလောက်တယ်
ဇာတ်လမ်းကလေးနဲ့ အပြောအဆိုကလေးနဲ့
အနုပညာထဲမှာ အသိပညာကို ခပ်ရဲရဲလေး ဌာပနာထားတယ်
အလုပ်ဟူသမျှ ဂုဏ်ရှိစွ
အလုပ်ဟူသည် လူ့တန်ဖိုးတို့လို ဆောင်ပုဒ်ကြီးတွေလည်း မကောင်းဘူးလို့ မဆိုလိုပေမယ့် ကြွေးကြော်သံဆန်နေတော့ ကျွန်တော်တို့ နှလုံးသားထဲ သိပ်မရောက်လှဘူးမဟုတ်လား
သန်းထွန်းလေး (အင်းတဲရွာ)
အောင်ညီကို ရွှေထည်စက်ဖြတ် နှင့် ရွှေပန်းထိမ်လုပ်ငန်း
No comments:
Post a Comment