တိုက်ရိုက်ဖွင့်ရင်တော့ အမျက်ပေါ့
ဒေါသလို ရိုက်လိုက်မယ် နှက်လိုက်မယ် အော်လိုက်မယ် ဟစ်လိုက်မ်ဆိုတဲ့ ထင်ရှားတဲ့ အမှတ်အသားမရှိပေမယ့် အားလုံးမှာ မသိမသာစွဲကပ်နေနိုင်တာမျိုးမဟုတ်လား
အကြောင်းတစ်ခုကြောင့် စိတ်မှာမျက်သွားခဲ့ရင် ပြင်ဖို့ဖျက်ဖို့ ခက်တတ်တယ်
လက်သည်းကြားဆူးဝင်သလိုပေါ့ လှုပ်မရနှုတ်မရ မျက်တက်မျက်တက် အောင့်သက်သက်နဲ့ အတော်ခံရခက်တာမျိုးပေါ့
သာမန်ဖြစ်ရပ်တွေမှာတောင် ငြိုငြိုငြင်ငြင် အပြစ်တင်မိရက်သားဖြစ်သွားတတ်တယ် လွယ်လွယ်ကူကူပဲဆိုပါတော့ သူ့ဘဝသူ့အကြောင်း စာနာကိုယ်ချင်းစာပြီး ဝင်ရောက်တွေးကြည့်ပေးဖို့ကို မဖြစ်နိုင်တော့တဲ့အထိပေါ့
ပြင်ပြင်းထန်ထန်ပေါက်ကွဲတတ်တဲ့ သဘာဝမရှိပေမယ့် ကာလရှည်ကြာအောင် စွဲဝင်နစ်မြုပ်နေတတ်ပြီး ဆွဲနှုပ်ထုတ်ပြစ်ဖို့ခက်တဲ့ ကောဓကို သတိပြုမိဖို့ ဆန္ဒပြုရင်း....
သန်းထွန်းလေး (အင်းတဲရွာ)
ကိုယ်ပိုင်ခံစားမှု သုတရသဆိုင်ရာ ကဗျာဆောင်းပါးများနှင့် စာပေဆိုင်ရာများ သမိုင်း အတ္ထုပ္ပတ္တိများ တင်ဆက်ပေးသွားမှာပါ
Friday, October 30, 2020
ကောဓ
Tuesday, October 27, 2020
အင်းတဲရွာ မှ ဖိတ်ခေါ်ပါသည်
ဗီဒီယို ဖန်တီး အရှင်ဇာဂရိယ
ရေး ဆို သန်းမြတ်စိုး (ခ) ကိုထွေး
တီး နိုင်လင်းထွန်း
အသံဖမ်း ဒို့သျှိုင်အောင်
Friday, October 23, 2020
ဝေးမှလေး
အဝေးကလူရဲ့ လေးစားမှုကို ရဖို့ထက်
အနီးကလူရဲ့ လေးစားမှုကို ရနိုင်ဖို့က ပိုခက်ပါတယ်
ဘာကြောင့်လဲဆိုတော့ တစ်ခါတလေမှ တွေ့ဆုံရသူကို ကိုယ့်ရဲ့အားနည်းချက်တွေ ဖုံးကွယ်ပြီး သို့တည်းမဟုတ် မပေါ်လွင်အောင် ဖုံးဖိဟန်ဆောင်ပြီး ဆက်ဆံလို့ ရနိုင်တယ်မဟုတ်လား
အမြဲအတူနေသူတစ်ယောက် အနီးကပ်နေသူတစ်ယောက်ကို ရည်ရှည်ဟန်ဆောင် ဆက်ဆံနိုင်မှာမဟုတ်ဘူးလေ ဘုရား ရဟန္တာတွေလို မကောင်းမှုကို လုံးဝမပြုလုပ်တော့တဲ့ အဆင့်မှာမဟုတ်တဲ့ ပကတိလူသားတွေမှာ အားနည်းချက်တွေ အပစ်တွေက တစ်ပုံတပင်မဟုတ်လား တစ်ကွေ့ကွေ့တော့ ပေါ်လာမှာပါပဲ
အဲ့ဒါကြောင့် အပြင်မှာဂုဏ်သရေရှိ လူကြီးလူကောင်းတစ်ယောက်
ပေါင်းရသင်းရကောင်းသူတစ်ယောက်
လူချစ်လူခင်ပေါသူတစ်ယောက်
သဘောကောင်းဖော်ရွေသူတစ်ယောက်ဟာ
သူ့အိမ်သူရဲ့ မိသားစုရဲ့ အနီးကပ်နေသူရဲ့ လေးစားမှုကို အပြင်ကလူတွေရဲ့ လေးစားမှုလောက် မရကြတာမျိုးရှိနေတာပါ
အပြင်မှာလူတိုင်းအပေါ် သြဇာညောင်းပေမယ့် သူ့အိမ်သူကိုကိုတော့ သြဇာမညောင်းတဲ့အပြင် သြဇာခံဖြစ်နေသူတွေကို တွေ့ဖူးမြင်ဖူကြမယ်ထင်တယ် ဒါကြောင့်ပါ
နောက်တစ်နည်းကတော့ ဝေးနေစဥ်က ကိုယ်နဲ့ သဘောညီလိမ့်မယ် ကိုယ့်အလိုကျလိမ့်မယ်ထင်ခဲ့တဲ့ ကိုယ်လေးစားသူတွေဟာ တကယ်အနီးကပ်ပေါင်းကြည့်တော့မှ ကိုယ့်အလိုမလိုက်လို့ ကိုယ်နဲ့သဘောမညီလို့ စိတ်ကွက်ငြိုငြင်တာမျိုး စွပ်စွဲအပြစ်တင်တာမျိုး ဖြစ်တတ်တယ်မဟုတ်လား
ဒီလိုမျိုး အနီးနေပုဂ္ဂိုလ်တွေရဲ့ စွပ်စွဲပြစ်တင်မှုကို ဘုရား ရဟန္တာတွေမှာတောင် မလွတ်ကင်းပါဘူး ကိုယ့်စိတ်နဲ့ကိုယ့်ကိုယ်တောင် တစ်ခါတလေထပ်တူမကျနိုင်တာ တစ်ပါးသူက ကိုယ့်အလိုကို အမြဲ လိုက်လိမ့်မယ်ဆိုတာ ဖြစ်နိုင်ခဲတဲ့ကိစ္စပါ
သင် လေးစားသူနဲ့ ဝေးနေတာကောင်းပါတယ်
ဒါမှ ပိုပိုပြီး လေးစားနေနိုင်မယ်မဟုတ်လား
သန်းထွန်းလေး အင်းတဲရွာ
Thursday, October 22, 2020
လုပ်ကြံခံရသော စကားလုံးများ
ယေဘုယျအားဖြင့် စကားလုံးဆိုတာ ကိုယ်ပိုင်အသက် ကိုယ်ပိုင်ဘဝနဲ့ ရှင်သန်နေတဲ့ သက်ရှိတွေမဟုတ်ပါဘူး
သက်ရှိထင်ရှား လူသားတွေရဲ့ နှုတ်ကိုမှီတည်ပြီးမှ ရှင်သန်လှုပ်ရှားနိုင်တဲ့ အထောက်ကူကို မျှော်ကိုးနေတဲ့ အရာမျှသာပါ
ဒါပေမယ့် သူ့ရဲ့အစွမ်းဟာ သိပ်ကြီးမားတယ် ချစ်စေ မုန်းစေ ညီညွတ်စေ ပြိုကွဲစေ ဆင်းရဲစေ ချမ်းသာစေက အစပြုလို့ ရက်စက်စေ ကြမ်းကျုပ်စေ အရာအားလုံးကို ဖြစ်စေနိုင်တယ်
အဲ့ဒီစကားလုံးတွေကို ရှင်သန်အောင် ကြီးထွားအောင် နဲ့ သေဆုံးအောင် လုပ်ကြံနိုင်ခွင့်လိုင်စင်ဟာ အများအားဖြင့် နိုင်ငံရေးသမားတွေ ဖျော်ဖြေရေးသမားတွေမှာရှိတယ်လို့ ယူဆရတယ်
သူတို့ဟာ သူတို့နှစ်သက်တဲ့ စကားလုံးကို ရှင်သန်အောင် ကြီးထွားအောင် သိပ်အမွှန်းတင်သည့်အလျောက် ပြိုင်ဘက်အသင်းအဖွဲ့ လက်သုံးစကားကို သေးသိမ်သွားစေချင်တယ် အရည်အသွေးမဲ့သွားစေချင်တယ် ဒါတင်မက သတ်ဖြတ်ပစ်ချင်တယ် လုပ်ကြံချင်တယ် သေဆုံးသွားစေချင်တဲ့ သဘောရှိတယ်
ပုံစံတူစကားလုံးကိုပဲ ကိုယ့်လူကအသုံးပြုရင် ဘယ်လိုကောင်းတာကွ ဘယ်ညာကောင်းတာကွနဲ့ ရှင်သန်ကြီးထားစေကြသလို ပြိုင်ဖက်က သုံးစွဲလာရင် သေဆုံးဖို့လုပ်ကြံဖို့ ဝန်မလေးကြဘူး
မူရင်းအဓိပ္ပါယ်မှာ မကောင်းတဲ့သဘော မကောင်းတဲ့အယူအဆ မပါပေမယ့် အသုံးပြုသူကြောင့်၄င်း ပြိုင်ဖက်ရဲ့ အာဃာတကြောင့်၄င်း အချို့သောစကားလုံတွေဟာ ယနေ့မှာ ပစ်မှတ်ထား လုပ်ကြံမှုခံနေရတယ်
ဥပမာ...
အာဏာရှင်
..............
တစ်ခေတ်တစ်ခါက တော်လှန်သူများကိုယ်တိုင် ဂုဏ်ထူးဝိသေသနပုဒ်အဖြစ် နှစ်နှစ်သက်သက် မြတ်မြတ်နိုးနိုး မိမိအမည်ရှေ့မှာထည့်သွင်းခေါ်ဝေါ်ခဲ့ကြတဲ့ အာဏာရှင် ဆိုတဲ့ စကားလုံးဟာ တစ်သင်းတဖွဲ့ရဲ့ မှားယွင်းတဲ့ ဆိုးယုတ်တဲ့ ပုံရိပ်ကြောင့် လူတန်းစာတစ်ရပ်လုံးက နာကျဥ်းမုန်းတီးပြီး မကြားခြင်လောက်အောင် စက်ဆုပ်တဲ့ စကားလုံးတစ်ခုဖြစ် သေဆုံးသွားအောင် ခေတ်က ကာလက လုပ်ကြံလိုက်တယ်
အဘ
.......
ဒီစကားလုံးဟာ မြေလတ်ဒေသမှာ ကိုယ့်ကို မွေးဖွားစောင့်ရှောက်တဲ့ အနန္တဂိုဏ်းဝင်ကို တမြတ်တနိုး ခေါ်တဲ့အမည်ပါ ဒါပေမယ့် အသင်းအဖွဲ့တစ်ခုရဲ့ ကိုယ်ကြိုးအတ္တတစ်ခုတည်းအတွက် မြှောက်ပင့်ကပ်ယပ်ဖားယားဖို့ ဆွဲယူသုံဆွဲရင်းက တော်လှန်သူတို့ရဲ့ လုပ်ကြံမှုကြောင့် ဘာလိုလို ညာလိုလိုနဲ့ သေဆုံးသွားရတယ်
ရဟန်းရှင်လူ မျိုးချစ်စိတ်ဓာတ် အမျိုးဘာသာသာသနာ
...............
ဒီစကားလုံးဟာလည်း ဒီအရေးနဲ့ ကြုံတွေ့နေရတယ်
အခုဆိုရင် စကားလုံးတွေသာမကဘဲ ပြိုင်ဖက်ရဲ့ အမှတ်တံဆိပ်တွေ အသုံးပြုတဲ့အရောင်တွေကိုပါ ပစ်မှတ်ထားတိုက်ခိုက်လာကြတာ အများအပြားတွေ့ရတယ်
အင်မတန်မြန်တဲ့နှုန်းနဲ့ အမုန်းတရားကြီးရှင်သန်ကြီးထွားလာအောင် လုံ့ဆော်နိုင်စွမ်းမြင့်မားလာတာတွေ့ရတော့ အံ့သြမိသလို သိပ်ပြင်းထန်တဲ့ အာဃာတဟာလည်း သတိပြုစရာသိပ်ကောင်းတယ်
သန်းထွန်းလေး
အင်းတဲရွာ
သန်းထွန်းလေး (အင်းတဲရွာ)
ရုပ်သေးပွဲသွားရအောင်
ရုပ်သေးပွဲသွားရအောင် Https://youtube.com/@thantunlayinde ရေး-ကန်မြဲကိုအေးကျော် ဆို-ခင်အုန်းမြင့်လေး .. ပင်ခေါင်တိုင် သပြေကိုင်းနဲ့ နေမှို...
-
#တြိစက္ကစာအုပ်များ (၄၁) အုပ်ပါခဗျာ (၁)တြိစက္က ဆယ့်နှစ်ကြိုးမှော်ရုံ http:// www.mediafire.com /download/p1bc9b3kera4yth/တြိစက္က_ဆယ့်နှစ်ကြိုး...
-
သိုးဆောင်း "စာအုပ် ၂၆အုပ်" ၁။ မြကျွန်းညိုမဟုတ်သော်လည်း http:// www.myanmarebooks.net / wp -content/uploads/2014/03/59_ToeSaung_...