သာသနာကွယ်ခြင်းနဲ့ ကွယ်ရခြင်းအကြောင်း ဖတ်ဖူးမှတ်ဖူးသမျှ တွေးဖြစ်တယ်
ရဟန်းကလည်း သူ့တာဝန်ဖြစ်တဲ့ မြတ်ဗုဒ္ဓရဲ့ ဓမ္မဒေသနါတွေကို သင်ကြားဟောကြားနေသမျှ ကာလပတ်လုံး ဒါကာကလည်း ထိုရဟန်းတို့ရဲ့ စားဝတ်နေရေးကို ဖြည့်စည်းပေးနေသမျှ ဘုရားသနာဟာ အနှစ်ငါးထောင်မက တည်တံ့နိုင်တယ်လို့ အချို့စာအုပ်တွေမှာဆိုတယ်
ဒါဟာ အင်မတန်ကျယ်ပြန့်ပြီး ကိုယ်နဲ့အလှမ်းဝေးလွန်းနေတယ် ဘုန်းကြီးတွေနဲ့ လူကြီးတွေ လှူနိုင်တန်းနိုင်သူတွေနဲ့သာ သက်ဆိုင်တယ်လို့ ထင်စရာရှိတယ်
မြန်မာအဘိဓာန်မှာတော့ သာသနာဆိုတဲ့စကားလုံးရဲ့ အဓိပ္ပာယ်ကို မြတ်ဗုဒ္ဓရဲ့အဆုံးအမ ထိုအဆုံးအမ တည်တံ့နေသောကာလလို့ဆိုတယ်
ဟုတ်သားပဲဗျ တကယ်တော့ ကိုယ့်ကိုယ်ကို အရင်စမ်းစစ်သင့်တာမဟုတ်လား ကိုယ့်ရဲ့ စိတ်နှလုံးမှာ မြတ်ဗုဒ္ဓရဲ့ အဆုံးအမ မကိန်းဝပ်ရင် လိုက်နာကျင့်သုံးမှုမရှိရင် ကိုယ့်တစ်ကိုယ်စာမှာ သာသနာကွယ်တာမဟုတ်လား
ပိဋကတ်သုံးပုံကို အာဂုဏ်ဆောင်ရမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး မြတ်ဗုဒ္ဓရဲ့ အခြေခံလူကျင့်ဝတ်ဖြစ်တဲ့ ငါးပါးသီလကိုမှ ကျင့်သုံးတာမျိုးမရှိတာမျိုးပေါ့
ငါရဲ့ ဖြတ်သန်းလာတဲ့ သက်တမ်းတစ်လျှောက် မြတ်ဗုဒ္ဓရဲ့ အဆုံးအမအတိုင်း လိုက်နာကျင့်သုံး နေထိုင်ခဲ့သူလားပေါ့ သိပ်ဝေးနေတယ်ထင်ရင် ချုံ့ကြပါအုံးစို့ ငါမနေ့ကကော လိုက်နာဖြစ်ရဲ့လား စောစောကကော အခုကော လိုက်နာဖြစ်ရဲ့လား
ဒီလို့သုံးသပ်ကြည့်ခြင်းအားဖြင့် မလိုက်ခဲ့ဘူး မကျင့်သုံးခဲ့ဘူးဆိုရင် ကိုယ့်အတိတ်က ကိုယ့်ကိုယ်မှာ မြတ်ဗုဒ္ဓသာသနာ ကွယ်ခဲ့တယ်လို့ ဆိုနိုင်တယ်မဟုတ်လား
ရံခါမှာ ကျွန်တော်တို့ ရပ်နဲ့ရွာနဲ့လူမျိုးနဲ့နိုင်ငံနဲ့ကမ္ဘာနဲ့ချီပြီး အကြီးကြီးလှမ်းပြီး စဥ်းစားနေတာဟာ ပကတိနဲ့ ကင်းကွာသွားတတ်တာမို့ စဥ်းစားသုံးသပ်လိုရင်း......
သန်းထွန်းလေး အင်းတဲရွာ
အောင်ညီကို ရွှေထည်စက်ဖြတ် ရွှေပန်းထိမ်နှင့် ရွှေအရောင်တင်လုပ်ငန်း
No comments:
Post a Comment