သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Wednesday, November 6, 2019

ဟိုဟိုဒီဒီ

...........
ဒီအသုံးအနှုံးဟာ ရေရေရာရာမရှိတာကို ဆိုလိုသလိုပဲ အခြားတစ်ဖက်မှာ ထုတ်ဖော်မပြောလိုတဲ့အရာတွေ လျှို့ဝှက်ထားချင်တဲ့အရာတွေ မှာလည်း ဒီစကားစုကလေးကို အသုံပြုကြတယ် နောက်ပြီး ပစ်မှုတစ်ခုအတွက် ဖုံးကွယ်ဖို့လည်း သုံးကြတယ်

ဥပမာဆိုပါတော့ ဘယ်သွားမလိုလဲလို့ မေးလိုက်တယ်ဆိုပါစို့
ဟိုဟိုဒီဒီပါပဲလို့ ဖြေလိုက်တယ်

ဒီအခါမှာ ဟိုဟိုဒီဒီဆိုတာ ဦးတည်ရာမရှိဘူး တမင်လမ်းလျှောက်ရုံထွက်လာတာလို့ အဓိပ္ပါယ်ယူနိုင်သလို ကိုယ်သွားလိုရာအရပ်ဟာ သူမသိစေလိုတဲ့အရပ်ဖြစ်တဲ့အတွက် ရှောင်လွဲဖြေလိုက်တာလည်း ဖြစ်နိုင်တယ်မဟုတ်လား

ဒီနေရာတွေမှာ အသုံးများတော့ ဒီစကားစုလေးဟာ သိပ်အရေးမပါဘူး ဘာရယ်မဟုတ်ဘူး လေးလေးနက်နက်မရှိလှဘူးလို့ ထင်စရာရှိတယ်

ဒါပေမယ့် နောက်တစ်ဆင့်တက်ကြည့်ရအောင် လစာဘယ်လောက်ရလဲလို့ မေးတယ်ဆိုပါတော့ လစာကတော့ တစ်လ တစ်သောင်းပဲ ဟိုဟိုဒီဒီနဲ့ဆိုရင် သောင်းနှစ်ထောင်လောက်တော့ရတယ်

ဒီနေရာမှာသုံးတဲ့ ဟိုဟိုဒီဒီဆိုတာ ဘယ်လိုအဓိပ္ပါယ်ဖြစ်မလဲ တရားဝင်အလုပ်ရှင်က ပေးတဲ့လစာမဟုတ်ဘဲ ရတဲ့ငွေကြေးဆိုရင် ဘာသာမရွေး နိုင်ငံတိုင်းက ပစ်မှုအဖြစ်သတ်မှတ်ထားတဲ့အပြင် ကျွန်တော်တို့ ဗုဒ္ဓဘာသာမှာပါ လူသားတိုင်း လိုက်နာကျင့်ဆောင်သင့်တဲ့ အ​ခြေခံကိုယ်ကျင့်တရားတွေထဲက ခိုးမှုဆိုတဲ့ ပစ်မှုတစ်ခုကို ဖုံးကွယ်တဲ့ အသုံးအနှုံးမျိုး သက်ရောက်သွားတယ်မဟုတ်လား

ကိုယ့်ကိုယ်ကိုလည်းသုံးသပ်မိပါတယ် ဟိုဟိုဒီဒီ ဟိုဟိုဒီဒီ လို့နှုတ်ကရွတ်ဆို တွေးတောဆင်ခြင်ကြည်ရင်းဆိုပါတော့

သန်းထွန်းလေး (အင်းတဲရွာ)
အောင်ညီကို ရွှေထည်စက်ဖြတ်လုပ်ငန်း

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ရုပ်သေးပွဲသွားရအောင်

  ရုပ်သေးပွဲသွားရအောင် Https://youtube.com/@thantunlayinde  ရေး-ကန်မြဲကိုအေးကျော် ဆို-ခင်အုန်းမြင့်လေး .. ပင်ခေါင်တိုင် သပြေကိုင်းနဲ့ နေမှို...