...........
လမ်းမလျှောက်တာကြာတော့ ခပ်လှမ်းလှမ်းကို လျှောက်မိရုံလေးနဲ့ ပေါင်တွင်းကြောတွေသာမက ပေါင်ရင်းမှ ခြေဖျားအထိ စပ်ဖျင်းဖျင်းနဲ့ ကာလအတော်ကြာအသုံးမပြုဘဲ ပစ်ထားတဲ့ စက်ပစ္စည်းတစ်ခုလို ဟန်ချက်မညီချင်
ကျန်းမာရေးအတွက်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လမ်းလျောက်တာဆိုတော့ ခြေလှမ်းချည်း မှန်နေလို့ မဖြစ်ချေဘူး မဟုတ်လား ဒီတော့ ဟန်းချက်ညီစွာဖြစ်စေဖို့ လက်ကလည်း လွဲဖို့အတွက် တိုင်ပင်ချိန်လိုက်တယ်
သတိဆိုတာလည်း အခက်သားဗျ ခါတိုင်းသက်တောင်သက်တာဖြတ်သန်းနေတာမျိုးက သတိကပ်လိုက်မှ ယောင်တိယောင်မှားဖြစ်သွားတတ်တာမျိုးလည်း ရှိတာကိုး
မှန်ကြည့်ဘီးကိုင်ပြီး ခေါင်ဖြီးဖို့လုပ်တာ ဟိုဖက်လက်ရမလို ဒီဖက်လှည့်မလို
ဒီလိုပဲ သတိကပ်လမ်းလျှောက်ပါမှ ဘယ်ခြေဘယ်လက်စုံဖြစ်လိုဖြစ်နဲ့ အတော်ကို ကိုးရိုးကားယားနိုင်တာရယ်
အိမ်ကနေထွက်လာရင်ပဲ လမ်းလယ်မှာ အောင်နက်တစ်ကောင်က အမြဲဇိမ်ယူနေတတ်တယ် သူကလည်း အခက်သားဗျ အခြားနေရာတွေရှိပါလျက် နေ့တိုင်း ဒီလမ်းလယ်မှာပဲ ကျကျနနကို နေရာယူထားတာရယ်
ဆိုင်ကယ်လည်းမမှု ကားလည်းသိပ်ဂရုစိုက်တာမျိုး မဟုတ်ဘူး
ဒီကြားထဲ ကလေးသူငယ်နဲ့ အမျိုးသမီးများဆိုရင် တဂီးဂီး တဂါးဂါးနဲ့ မာန်ဖီရင်း ခြိမ်းဟယ်ခြောက်ဟယ်သိပ်လုပ်ခြင်တာ
ဟွန်းတီးပြီး သတိပေးလိုက်ရင်လည်း မထချင်ထချင် လေးလေးပင်ပင်နဲ့ အပျင်းကျောကလည်းဆွဲလိုက်သေးတာ ပြီးမှ ဖြေးဖြေချင်းဆင်မယဉ်သာ လျောက်သွားတာရယ်
ကိုယ်တွေလည်း သူ့ရဲ့လွတ်လပ်ခြင်းစည်းစိမ်ကို ပြီးဆုံးအောင်စောင့်ပြီးမှ သွားရတာ
သူ့ကိုကြည့်ပြီးမှပဲ သတိထားမိတယ်
ဘဝရဲ့လမ်းပေါ်မှာလည်း ကြုံနိုင်ဆုံနိုင်တာမျိုးကိုးးးးးးးးးး
သန်းထွန်းလေး (အင်းတဲရွာ)
ကိုယ်ပိုင်ခံစားမှု သုတရသဆိုင်ရာ ကဗျာဆောင်းပါးများနှင့် စာပေဆိုင်ရာများ သမိုင်း အတ္ထုပ္ပတ္တိများ တင်ဆက်ပေးသွားမှာပါ
Wednesday, July 3, 2019
သန်းထွန်းလေး (အင်းတဲရွာ)
မမင်းဖြူမှန်မှန်ပြော
YouTube မှာ နားစဉ်ရန်နှိုပ်ပါ Telegram မှာ နားစဉ်ရန်နှိုပ်ပါ . https://t.me/kolone1/1353 . https://youtu.be/tSWeR-GRqig?si=9zU6EpSmKtVG6mc...
-
#တြိစက္ကစာအုပ်များ (၄၁) အုပ်ပါခဗျာ (၁)တြိစက္က ဆယ့်နှစ်ကြိုးမှော်ရုံ http:// www.mediafire.com /download/p1bc9b3kera4yth/တြိစက္က_ဆယ့်နှစ်ကြိုး...
-
အရိုး စာအုပ်များစုစည်းမှု ( ၁၀ )အုပ်ပါခဗျာ ၁။ဇီတာ http:// www.mediafire.com /download/pq84w3qtry49n4x/106_AYoe_ZiTar.pdf ၂။ခြေတစ်လှမ်းမှ ...
No comments:
Post a Comment