လူသားတိုင်းရဲ့ ရှင်သန်ရာဘဝတိုင်းမှာ စိတ်ကူးမျှော်လင့်မှုတွေ ရည်းမှန်းချက်တွေ အားလုံးမှာရှိမှာပါ ဒီမျှော်လင့်ချက်ကို ပုံဖော်အရောက်လှမ်းဖို့ လျောက်လှမ်းကြမယ့် အစီအစဥ်တွေနဲ့ပေါ့
ကိုယ့်ရဲ့ရည်မှန်းချက်အတွက် ချမှတ်ထားတဲ့ အစီအစဉ်ပေါ်မှာပဲ တရှိုက်မတ်မတ် ကျိုးစားနေသူတွေရှိကြသလို့ အချို့ကလည်း ဒီကွေ့မှာ ဒီတက်နဲ့ဆိုသလို အရံအစီအစဥ် plan b ပုံဖော်ထားတာလည်း ရှိတယ်
ဘောလုံးလောကမှာတော့ ဂွာဒီယိုလာ နဲ့ ယာဂင်ကလော့ပ်ဟာ plan b လုံးဝမထားတတ်သူများလို့ဆိုတယ် နိမ့်သည့်အသင်းဖြစ်စေ မြင့်သည့်အသင်းဖြစ်စေ ဘယ်အသင်းနဲ့တွေ့တွေ့ ပုံစံတစ်မျိုးတည်းသာကစားတယ်
ဒီတော့ သူတို့မှာ plan တစ်ခုတည်းရှိတဲ့အတွက် သူတို့ရဲ့ plan a ကိုပဲ ပိုမိုအားကောင်းအောင်ပဲ ပြင်ဆင်တယ် တွေ့ဆုံမယ့်အသင်းရဲ့ အခြေအနေကို သိပ်အများကြီး အာရုံထဲမထည့်ကြဘူး
ရံခါမှာ ကျွန်တော်တို့မှာ plan သိပ်များနေတာမျိုးဟာ ဆိုးကျိုးတွေရှိလာနိုင်တယ် ဒီလိုမဖြစ်ရင် ဟိုလိုလုပ်မယ် ဟိုလိုမဖြစ်ရင်ဤလိုလုပ်မယ် လုပ်မယ်နဲ့ plan တွေသာများများလာတယ် ရည်ရွယ်ရာပန်းတိုင် မရောက်နိုင်တာမျိုးပေါ့

No comments:
Post a Comment