ဆာ အဲလက်စ်ဇန်းဒါး ချက်ပ်မင်းန် (အဲလက်စ်) ဖာဂူဆန် CBE သည် ၁၉၄၁ခုနှစ် ဒီဇင်ဘာလ ၃၁ရက်နေ့တွင် ဂလက်စဂိုမြို့ ဂိုဗန် (Govan, Glasgow) တွင်မွေးဖွားခဲ့သည်။ သူသည် စကော့လူမျိုး ဘောလုံးမန်နေဂျာတစ်ဦးဖြစ်ပြီး ဘောလုံသမားဟောင်းတစ်ဦးလည်းဖြစ်သည်။ ဖာဂူဆန်ကို ၁၉၈၆ နိုဝင်ဘာမှ စ၍ မန်ချက်စတာယူနိုက်တက်အသင်း၏ မန်နေဂျာအဖြစ် ခန့်ထားခဲ့သည်။ မန်နေဂျာသက်တမ်း ၂၅နှစ်အတွင်း လိဂ်ဖလား၁၃ခု၊ FAဖလား၅ခု နှင့် ချန်ပီယံလိဂ် ၂ ကြိမ်အပါအဝင် ဆုဖလားစုစုပေါင်း ၃၈ခုရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည်။အသင်း၏ သမိုင်းကြောင်းတွင် ဆာမတ်ဘတ်စ်ဘီ (Sir Matt Busby) ၏စံချိန်ကိုချိုးကာ သက်တမ်းအရှည်ဆုံး အုပ်ချုပ်နေသူလည်းဖြစ်သည်။ ယခုလက်ရှိ အင်္ဂလိပ်ဘောလုံးလောကတွင် သက်တမ်းအကြာရှည်ဆုံး မန်နေဂျာတစ်ဦးလည်းဖြစ်သည်။ သူသည် ကမ္ဘာ့ဘောလုံးသမိုင်းတွင် လေးစားအားကျဖွယ်အကောင်းဆုံးသော မန်နေဂျာများထဲတွင် တစ်ယောက်အပါအဝင်ဖြစ်သည်ဟု သတ်မှတ်ခြင်းခံရပြီး အင်္ဂလိပ်ဘောလုံးသမိုင်းတွင် အခြားမန်နေဂျာများထက် ဆုတံဆိပ်များကို ပိုမိုဆွတ်ခူးရယူနိုင်ခဲ့သူဖြစ်သည်။ ဆုပေါင်းမြောက်များစွာကို ရရှိခဲ့ပြီး ဗြိတိသျှဘောလုံးသမိုင်းတွင် တစ်နှစ်တာအတွင်း အကောင်းဆုံးမန်နေဂျာဆု (Manager of the Year) ကို အကြိမ်အများဆုံးရရှိခဲ့ခြင်း အပါအဝင် စံချိန်မြောက်များစွာကို တင်ထားသူဖြစ်သည်။ ၁၉၉၉ ခုနှစ်တွင် အဲလိဇဘက် ၂ ဘုရင်မကြီးမှ နိုက် အဖြစ်သူကောင်းပြုခဲ့သည်။
ကိုယ်ပိုင်ခံစားမှု သုတရသဆိုင်ရာ ကဗျာဆောင်းပါးများနှင့် စာပေဆိုင်ရာများ သမိုင်း အတ္ထုပ္ပတ္တိများ တင်ဆက်ပေးသွားမှာပါ
သန်းထွန်းလေး (အင်းတဲရွာ)
ထားထက်ထက် 17 April 2025 ၊ 17 April 2
သင်္ကြန်ဆိုတာ ဘာမှန်းမသိရတော့လောက်အောင် ခံစားချက်တွေ ထုံနေတဲ့ အချိန်မှာ မြန်မာနှစ်သစ် အတွက် ဆုတောင်းကတော့ တလရကြီး အမြန် အောင်၊ ကိုယ့်အိမ်က...
-
#တြိစက္ကစာအုပ်များ (၄၁) အုပ်ပါခဗျာ (၁)တြိစက္က ဆယ့်နှစ်ကြိုးမှော်ရုံ http:// www.mediafire.com /download/p1bc9b3kera4yth/တြိစက္က_ဆယ့်နှစ်ကြိုး...
No comments:
Post a Comment