သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Monday, January 21, 2019

ကမ္ဘာမြေပျော့နေပြီ


°°°°°°°°°°°°°
သင့်ရှိနေရာကနေ အောက်ကိုငုံ့ကြည့်လိုက်ပါ ကမ္ဘာတကယ်ပျော့နေပါပြီ

နှစ်ဆယ်ရာစု နှောင်းပိုင်းကာလကစလို့  လူအများပြောလာကြတဲ့စကားက ကမ္ဘာပြားသွားပြီ ကမ္ဘာကျဥ်းသွားပြီ ကမ္ဘာကြီးရွာ ရွာတစ်ရွာသာဖြစ်လာပြီဆိုတဲ့ စကားတွေပါ

တိုးတက်လာတဲ့ နည်းပညာတွေကြောင့် ကမ္ဘာ့ဘယ်နေရာက ဘယ်အကြောင်းအရာကိုမဆို  မြင်နိုင်သိနိုင်ခံစားလာနိုင်ပနေပြီကို

ကျွန်တော်တို့နိုင်ငံမှာလည်း နှစ်ဆယ့်တစ်ရာစု အစပိုင်းမှာကတည်းက ပြောင်းလဲခြင်းများစွာပေါ့

ဒီအပြောင်းအလဲကြောင့်ပဲ ကမ္ဘာ​ပျော့ခြင်းသဘောတရား ဖြစ်ပေါ်လာတာပါ
အရင်က ကိုယ်ရပ်တည်ရာ မြေကမ္ဘာဟာ ခိုင်ခိုင်ခံ့ခံ့

ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ရာထူး နေရာ ပစ္စည်းဥစ္စာဟာ တည်တည်ငြိမ်ငြိမ်ပါပဲ အဲ့ဒီနေရာတွေကလည်း တစ်ဘဝစာ ထောက်တည်ရာ ရပ်တည်ရာအဖြစ် ခိုင်ခိုင်မာမာရှိနေပါတယ်

အရင်က လုပ်ငန်းခွင်တွေမှာ ရိုးသားရင်ငတ်တယ်ဆိုတဲ့ ပုံစံမျိုးကို ပြောဆိုကြတယ် ဗုဒ္ဓဘာသာထွန်းကားရာနိုင်ငံမှာ ငါးပါးသီလကို နေ့စဥ်နီးပါးရွတ်ဆိုရာနေရာမှာ ဒီစကားကို ကျယ်ကျယ်​ပျံ့ပျံ့သုံးနှုံးတာ အံ့သြစရာလည်းကောင်းသလို ထိတ်လန့်စရာလည်းအမှန်ပါ

ဒီနေ့ခေတ်အခါမှာတော့ ကိုယ်ပြုလုပ်ဖန်တီးနေတဲ့ အကြောင်းအရာတွေကို ကိုယ်တိုင်ခံစာရမယ့် အခြေအနေမျိုးဖြစ်လာတယ် ကိုယ့်ရဲ့ ကောင်းမွန်တဲ့ လုပ်ဆောင်မှုတွေတိုင်းကို ကိုယ်တိုင်ထိသိခံစားလာနိုင်တယ် မှားယွင်းမှုတွေအတွက် တာဝန်ယူဖို့လည်း လိုအပ်လာတယ်

အချို့ကတော့ ယုံကြည်ချက်အတွက် ခိုင်ခိုင်မာမာရပ်တည်ကြတယ် အချို့က နေရာ ဥစ္စာအတွက် အလိုက်သင့်တွယ်ကပ်နေကြတယ် ရလေမလားမျှော်လင့်ချက်နဲ့ပေါ့

နိုင်ငံရေးလောကမှာတော့ ထင်ရှားတယ် နီသလိုလို စိမ်းသလိုလို အခြေအနေပေါ်လိုက်ပြီး နီလိုက်စိမ်းလိုက်

ဒီနေ့ခေတ်အချိန်က ဒေါင်းကိုဖြစ်စေ ကျီးကိုဖြစ်စေ လူတွေကသူ့ယုံကြည်မှုရပ်တည်ချက်အတွက် နားလည်ပေးကြတယ်

အစစ်အမှန်မဟုတ်တဲ့ ကပ်ပါးတွေအတွက် အမြဲတမ်းပြောင်းနေတတ်တဲ့ ပုတ်သင်တွေအတွက် နေရာမရှိတော့ဘူး

ဒါကြောင့် သင်ရှိနေရာကနေ အောက်ကိုငုံ့ကြည့်လိုက်ပါ ကမ္ဘာတကယ်ပျော့နေပါပြီ

သန်းထွန်းလေး (အင်းတဲရွာ)
အောင်ညီကို ရွှေထည်စက်ဖြတ်လုပ်ငန်း

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

October (2018)

October (2018) ။ ပိုစတာကြည့်ပြီး အချစ်ကားလေးလို့ထင်မြင်မိရင်မှားသွားပါလိမ့်မယ်  ဒီကားက အရှုံးသမား လူငယ်တယောက်ကိုတည်ထားတာ တိတိကျကျထပ်ပြောရရင်...