သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Sunday, December 16, 2018

ဝင်းဦး အတ္ထုပ္ပတ္တိ

ဝင်းဦး သည် မြန်မာ့အနုပညာသမိုင်းတွင် ထူးချွန်သော ဒါရိုက်တာ၊ မင်းသား၊ ဇာတ်ညွှန်းဆရာ၊ အဆိုတော်၊ စာရေးဆရာ၊ စနစ်တကျ စီမံခန့်ခွဲတတ်သော ရုပ်ရှင်ကုမ္ပဏီပိုင်ရှင်နှင့် မဂ္ဂဇင်းစာအုပ်ထုတ်ဝေသူပိုင်ရှင် ဖြစ်သည်။
ဝင်းဦး
Winoo.jpg
မွေးဖွား၁၃ မတ်၊ ၁၉၃၅
ရန်ကုန်မြို့
ကွယ်လွန်၁၄ ဒီဇင်ဘာ၊ ၁၉၈၈(အသက် ၅၃)
ရန်ကုန်မြို့
အလုပ်အကိုင်သရုပ်ဆောင်၊ ဒါရိုက်တာ၊ စာရေးဆရာ၊ အဆိုတော်နှင့် ထုတ်ဝေသူ
Winoo.gif
ဝင်းဦး၏ အမည်ရင်းမှာ လှမြင့်ဖြစ်ပြီး ငယ်နာမည်မှာ ကိုဦးဖြစ်သည်။ မွေးချင်းငါးဦးအနက် တတိယမြောက်ဖြစ်သည်။ အားလုံးမှာရုပ်ရှင်မင်းသား၊ မင်းသမီးများဖြစ်ကြပြီး မင်းသမီးမေယု(တင်တင်ဦး)၊ မင်းသားဝင်းညွန့်၊ မင်းသားအောင်မိုး၊ တက္ကသိုလ်ကြည်ရွှင်တို့ ဖြစ်ကြသည်။ ဝင်းဦးဟု နာမည်ပေးထားခြင်းမှာ အစ်မဖြစ်သူ တင်တင်ဦး နှင့် အစ်ကိုဝင်းညွန့် နာမည် ရှေ့ဆုံးနှင့် နောက်ဆုံးစာလုံးကိုယူ၍ ပေးထားခြင်း ဖြစ်သည်။
ဝင်းဦးသည် ဒုတိယကမ္ဘာစစ်ကြီး ပြီးသောအခါ တီတီစီလေ့ကျင့်ရေးကျောင်းတွင် ပညာကို စတင်သင်ယူခဲ့သည်။ တီတီစီကျောင်းမှာပင် တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သည်။ရန်ကုန်တက္ကသိုလ်တွင် ဆက်လက် ပညာသင်ကြားရာ ဥပစာအထက်တန်း အောင်မြင်ခဲ့သည်။ တက္ကသိုလ်ပညာကို ဆုံးခန်းတိုင် မသင်ဘဲ ဗိုလ်လောင်းသင်တန်းအပတ်စဉ်(၈)ကို တက်ရောက်ခဲ့သည်။ ထို့နောက် ၁၉၅၂ ခုနှစ်တွင် ဗိုလ်ကိုဦး အမည်ဖြင့် တပ်မတော်(ကြည်း)၌ တာဝန်ထမ်းဆောင်ခဲ့သည်။
ဝင်းဦးသည် တပ်မဟာ(၅)၊ တပ်ရင်း(၇)တွင် အမှုထမ်းခဲ့သည်။ ယင်းကဲ့သို့ အမှုထမ်းနေစဉ်အတွင်းမှော်ဘီမြို့ရှိ ကြည်း၊ ရေ၊ လေ၊ ပူးပေါင်းစစ်ဆင်ရေး လေထီးသင်တန်းသို့ တက်ရောက်ပြီး ၁၉၅၉ ခုနှစ်တွင် ဩစတြေးလျနိုင်ငံသို့ လေထီးပညာရပ်များ သွားရောက် သင်ကြားခဲ့သည်။ ပြန်လည်ရောက်ရှိလာသောအခါ မှော်ဘီလေထီးသင်တန်းကျောင်းတွင် နည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ၁၉၆၂ ခုနှစ်တွင် တပ်မတော်မှ ဗိုလ်ကြီးအဆင့်ဖြင့် အနားယူခဲ့သည်။

အနုပညာလုပ်ငန်းပြင်ဆင်

ဝင်းဦးသည် စာပေလောကတွင် အောင်မြင်ခဲ့သလို ရုပ်ရှင်လောကတွင်လည်း လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့သည့် အနုပညာသမားတစ်ဦးဖြစ်သည်။ ဝင်းဦးသည်မင်းထင်ရွှေမှန် ရာဇဝင်ဇာတ်ကား ဇာတ်ညွှန်းရေးသားရာမှ အစပြုကာ စာပေလောကမှ ရုပ်ရှင်လောကသို့ နယ်ပယ်ချဲ့ထွင်လာခဲ့သည်။ ဝင်းဦး၏ ပွဲဦးထွက်ဇာတ်ကားမှာ ရှုမဝ မဂ္ဂဇင်းတွင် သူကိုယ်တိုင်ရေးသားထားသည့် နှစ်ယောက်ထဲနေချင်တယ်ဝတ္ထုရှည်ကို မင်းသမီး တင်တင်မူနှင့်အတူ ဇာတ်ကား အဖြစ် ပုံဖော်ခဲ့သည်။ ထိုဇာတ်ကားနှင့်အတူ ယင်းဇာတ်ကား၏ဇာတ်ဝင်တေးဖြစ်သည့် မီးပုံပွဲသီချင်းသည် ထိုအချိန်က ဝင်းဦးဟူသော သရုပ်ဆောင်သစ်၏ နာမည်နှင့်အတူ မြန်မာတစ်နိုင်ငံလုံးရှိ ရုပ်ရှင်ပရိသတ်များ၏ ရင်ထဲသို့ လွှမ်းမိုးနိုင်ခဲ့သည်။
ထို့အပြင် ဝင်းဦးသည် အခြားသောရုပ်ရှင်ကုမ္ပဏီများအတွက် ဇာတ်ကားပေါင်းများစွာတွင် ပါဝင်သရုပ်ဆောင် ပေးခဲ့ရုံသာမက "စန္ဒာ" ကိုယ်ပိုင်ရုပ်ရှင်ကုမ္ပဏီကိုလည်း တည်ထောင်ခဲ့သည်။ ဝင်းဦးကိုယ်တိုင်ဒါရိုက်တာလုပ်ပြီး ပါဝင်သရုပ်ဆောင်ခဲ့သော ဆောင်းအိပ်မက် ဇာတ်ကားတွင် နှစ်ကိုယ်ခွဲသရုပ်ဆောင်မှုဖြင့် ပထမဆုံးအကြိမ်အကယ်ဒမီဆု ရရှိခဲ့သည်။ ထို့နောက် ၁၉၇၀ ပြည့်နှစ်တွင် အလားတူပင် ကိုယ်တိုင်ပါဝင်သရုပ်ဆောင် ရိုက်ကူးခဲ့သည့် နာမည်ကျော် မှုံရွှေရည် ဇာတ်ကားဖြင့် ဒုတိယအကြိမ် အကယ်ဒမီဆု ထပ်မံရရှိခဲ့ပြန်သည်။ ဝင်းဦး၏ အနုပညာ သက်တမ်းတလျှောက်တွင် အမျိုးသားဇာတ်ဆောင်ဆု နှစ်ကြိမ်၊ ဇာတ်ကားဆု နှစ်ကြိမ် ရရှိဆွတ်ခူးနိုင်ခဲ့သည်။ ဝင်းဦးရိုက် ကူးခဲ့သည့် ချစ်သူရွေးမယ်ချစ်ဝဲလယ်ဇာတ်ကားသည် မြန်မာ့ရုပ်ရှင်လောက၏ပထမဆုံးသော ငါးကိုယ်ခွဲ ဇာတ်ကား ဖြစ်သည်။
ဝင်းဦးပါဝင်သရုပ်ဆောင်ခဲ့သည့် နာမည်ကြီးဇာတ်ကားအချို့မှာ မင်းသမီး တင်တင်မူနှင့်နှစ်ယောက်ထဲ နေချင်တယ်၊ ခင်သန်းနုနှင့် မောင်တို့ ချယ်ရီမြေ၊ မြင့်မြင့်ခင်နှင့် တိမ်လွှာမို့မို့လွင်၊ စန္ဒာနှင့် မင်း ဘယ်ပြေးမလဲ မိချိုသဲ၊ တင်တင်အေးနှင့် ဆောင်းအိပ်မက်၊ ချစ်စပယ်နှင့် မောင့်အချစ်တော်၊ ကောလိပ်ဂျင် နေဝင်းခင်သန်းနုတို့နှင့် သိုး၊ ကျောက်မဲအကျဉ်းသားဇာတ်ကား၊ မင်းသမီး တင်တင်မြ၊ ချိုပြုံးတို့နှင့် တစ်ကျော့နှစ်ကျော့ တေးကိုသီနှင့် နောက်ဆုံးရိုက်ကူးခဲ့သည့်ခိုင်မာလာနှင်းဆီဇာတ်ကားတို့မှာ အထူးထင်ရှားခဲ့သည်။[၁]

အမျိုးသားဇာတ်ဆောင်ဆုပြင်ဆင်

အကယ်ဒမီ (အမျိုးသားဇာတ်ဆောင်ဆု) နှစ်ကြိမ် ဆွတ်ခူးရရှိခဲ့သည်။
  • ၁၉၆၇-ခုနှစ် (ဆောင်းအိမ်မက်)ဇာတ်ကား
  • ၁၉၇၀-ခုနှစ် (မှုံရွှေရည်)ဇာတ်ကား
၎င်းအပြင် ဝင်းဦး၏ အဆိုတော်ဘဝကို အစပြုခဲ့သည့် သီချင်းမှာ "တေလေငှက်"ဖြစ်ပြီး ယင်းသီချင်းကို "ချစ်သောသူတစ်ယောက်"ဇာတ်ကားတွင် ကိုယ်တိုင်သီဆိုသရုပ်ဆောင်ခဲ့သည်။ ထို့အပြင် ဝင်းဦးသည် အချစ်၊ အလွမ်း၊ တိုင်းပြု ပြည်ပြု သီချင်းများနှင့် ခေတ်ပေါ်သီချင်းများ သာမက ရှေးသီချင်းကြီးများကိုပါ ပိုင်နိုင်စွာသီဆိုနိုင်သူ တစ်ဦးဖြစ်ပြီး တစ်ချိန်ကမန္တလေးမြို့မအပျော်တမ်းတူရိယာအဖွဲ့နှင့်တွဲဖက်၍လည်း သီချင်းများ သီဆိုခဲ့သည်။ ၎င်းအပြင် "ကင်းဝန်" အမည်ရှိဓာတ်ပြားကုမ္ပဏီ တည်ထောင်ကာ ကိုယ်တိုင်သီဆိုသည့် သီချင်းများကို ဓာတ်ပြားများအဖြစ် ထုတ်လုပ်ဖြန့်ဖြူးခဲ့သေးသည်။

စာပေလုပ်ငန်းပြင်ဆင်

ဝင်းဦးသည် ကျောင်းသား ဘဝကပင် သွေးသောက် မဂ္ဂဇင်းနှင့် ရှုမဝမဂ္ဂဇင်း တို့တွင် ညိုမင်းလွင် ကလောင် အမည်ဖြင့် ကဗျာ၊ ဝတ္ထုများ ရေးသားခဲ့သည်။ ပထမဆုံး ရေးသားခဲ့သော ဝတ္ထုမှာ ဂျိန်း ဖြစ်သည်။ ၁၉၆ဝ ပြည့်နှစ် ရှုမဝမဂ္ဂဇင်း၌ တက္ကသိုလ် ကျောင်းသားတစ်ဦး မဂ္ဂဇင်း ဝတ္ထုရှည်ကြီးကို ရေးသားခဲ့သည်။ ဤမဂ္ဂဇင်း ဝတ္ထုရှည်ကို ဝင်းဦး ကလောင်အမည်ဖြင့် ရေးသားခဲ့ခြင်း ဖြစ်သည်။ ဝင်းဦး ဆိုသော အမည်သည် ယင်း ဝတ္ထုရှည်ကြီးကြောင့် နာမည်ကျော်ကြား လူသိများခဲ့သည် မှန်သော်လည်း တနိုင်ငံလုံးက ဝင်းဦးကို အသိအမှတ် ပြုခဲ့သည်မှာ ရုပ်ရှင်ကြောင့်ပင် ဖြစ်သည်။
ထို့အပြင် စန္ဒာမဂ္ဂဇင်းတိုက်ကို တည်ထောင်ပြီး မြန်မာ့စာပေသမိုင်းတွင် ပထမဆုံးသော ရောင်စုံအော့ဖ်ဆက် နည်းဖြင့် ထုတ်လုပ်သည့် ပထမဆုံးသော "စန္ဒာ"ပုဂ္ဂလိက ရောင်စုံမဂ္ဂဇင်းကို ထုတ်ဝေခဲ့သည်။ ထိုမဂ္ဂဇင်းတွင် ဝင်းဦးသည် ခင်မောင်ဝင့်အမည်ဖြင့် ကမ္ဘာ့ရုပ်ရှင်လောကနှင့် မြန်မာ့ရုပ်ရှင်လောကအကြောင်းများကို သုတရသ ပြောင်မြောက်စွာ ရေးသားခဲ့သည်။ ယင်းမဂ္ဂဇင်းတွင် ကလေးများအတွက် ဦးဦးပုံပြောမယ်၊ အမျိုးသမီးများအတွက် မရှပ်တေး ဟူသော အခန်းကဏ္ဍများကြောင့် ပရိသတ်များ၏အထူး အားပေးမှုကိုရရှိကာ ထိုအချိန်က စောင်ရေအများဆုံးသော မဂ္ဂဇင်း တစ်စောင်ဖြစ်ခဲ့သည်။
ဝင်းဦးသည် စန္ဒာ ပုံနှိပ်တိုက်ကို တည်ထောင်ပြီး စန္ဒာမဂ္ဂဇင်းကို ထုတ်ဝေခဲ့သည်။ စန္ဒာမဂ္ဂဇင်းသည် မြန်မာနိုင်ငံ စာပေသမိုင်းတွင် ရောင်စုံ အော့ဖ်စက် (OFFSET)နည်းဖြင့် ထုတ်လုပ်သော ပထမဆုံး ပုဂ္ဂလိကရောင်စုံမဂ္ဂဇင်း ဖြစ်သည်။ စာမူ အရေအတွက် များများ ဖော်ပြနိုင်ရန်အတွက် စန္ဒာမဂ္ဂဇင်းတွင် စာလုံးသေး (၁၂) ပွိုင့်ကို စတင် အသုံးပြုခဲ့သည်။ ဝင်းဦး၏ ကလောင်အမည်ခွဲများမှာ ညိုမင်းလွင် နှင့် ခင်မောင်ဝင့် တို့ ဖြစ်သည်။

ဘဝနိဂုံးပြင်ဆင်

ထို့နောက် ဝင်းဦးသည် ၁၉၈၈−ခုနှစ်တွင် ကျန်းမာရေး အခြေအနေအရ ဗြိတိန်သို့ သွားရောက်ဆေးကုသမှု ခံယူခဲ့ပြီး ၁၉၈၈ ခုနှစ် ဒီဇင်ဘာလလ ၁၄ ရက်နေ့တွင် ခိုင်မာလာနှင်းဆီ ဇာတ်ကားရိုက်ကူးဆဲတွင် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ပြီးသောအခါ ဝင်းဦး၏ အမွေများအား ဒေါ်အိုင်ရင်းတင်လှက ဆက်ခံရသည်။ ပေခြောက်ထောင်ကျော် ရိုက်ကူးထားကာ အပြီးမသတ် ရသေးသော ခိုင်မာလာနှင်းဆီ ဇာတ်ကားကို ဒေါ်အိုင်ရင်းတင်လှက ရုပ်ရှင်မင်းသားရန်အောင် နှင့် အစားထိုး အပြီးသတ် ရိုက်ကူးခဲ့သည်။[၂]

ရေးသား ပြုစုခဲ့သော စာအုပ်များပြင်ဆင်

စဉ်အမည်ထုတ်ဝေနှစ်မှတ်ချက်
ကျွန်တော်မွှေးတဲ့မီး၁၉၆၁
သိုး၁၉၆၁
နုနုငယ်ငယ်၁၉၆၁
အာကသဒုံးယာဉ် လက်နက်များ၁၉၆၁
အသက်ရှင်နေနည်းနှင့် လေဟာပြင်ခရီး၁၉၆၁
မုန်းလဲမေ့ပါနိုင်၁၉၆၂
လွမ်းလေသူ အမိုက်အမဲ ဝတ္ထုတိုပေါင်းချုပ်၁၉၆၂
တက္ကသိုလ် ကျောင်းသားတစ်ဦး၁၉၆၂
နှစ်ယောက်ထဲ နေချင်တယ်၁၉၆၂
၁၀တေးသီချင်းဆန်းများ၁၉၆၃
၁၁ပန်းကြဲတဲ့ ဖဲစက်ရာမှာ၁၉၆၃
၁၂မျက်ရှု၁၉၆၆
၁၃ယောက်ျား မပီသသူနှင့် ချစ်မိသူ လူတစ်ယောက်အကြောင်း၁၉၆၉
၁၄အသည်းစား မဟာရာဇာ၏ ရှင်းတမ်း၁၉၆၉
၁၅တေးပေါင်းချုပ်၁၉၆၉
၁၆တေးပေါင်းချုပ် လက်ရွေးစင်၁၉၆၉
၁၇နှလုံးသား အသစ်နှင့် ချစ်မည့်သူ၁၉၇ဝ
၁၈မိန်းမလှအမုန်း၁၉၇၁
၁၉ငွေလှိုင်းဇာခြည်ပေါ်မှာ၁၉၇၁
၂၀ဆွေး၁၉၇၁
၂၁ရေဒီယိုတေးများ၁၉၇၁
၂၂လတန်ခူးပေမို့၁၉၇၁
၂၃နောင်အင်းလေး၁၉၇၂
၂၄ကြင်နာသူအသည်း၁၉၇၂ဤစာအုပ်ကိုချစ်သူကြင်သူမြတ်နိုးသူအမည်ဖြင့် ရုပ်ရှင်ရိုက်ခဲ့။[ကိုးကားချက်လိုသည်]
၂၅ချစ်ဦးသူနှင့် ချစ်ဖူးသူ၁၉၇၂
၂၆ဩစတြေးလျမှ ချစ်သမျှအကြောင်း၁၉၇၂
၂၇နာမည်ကျော် ဇာတ်လိုက်မင်းသား ကိုဂွတို၁၉၇၃
၂၈ကျွန်တော် ကျွန်မတို့အရွယ်၁၉၇၄
၂၉ဆယ်စုခေတ် တစ်နှစ်စွန်း မန်းသင်္ကြန်၁၉၇၉
၃၀ပုဂ္ဂိုလ်ကျော် (၁၃) ဦး
၃၁မျှော်လင့်ခိုး သံသရာဝယ်
၃၂သည်ခေတ် သည်အရွယ် သည်လိင်ကိစ္စ

သရုပ်ဆောင်ခဲ့သော ရုပ်ရှင်ကားများပြင်ဆင်

စဉ်ဇာတ်ကားအမည်ပြသခဲ့သည့်နှစ်မှတ်ချက်
နှစ်ယောက်ထဲ နေချင်တယ်၁၉၆၂
မောင်တို့ချယ်ရီမြေ၁၉၆၃
ဆောင်းအိပ်မက်၁၉၆၇
တိမ်လွှာမို့မို့လွင်၁၉၆၇
မှုံရွှေရည်၁၉၇၀
မုန်းပါတယ်မောင့်ကို၁၉၇၃
ချစ်သူရွေးမယ် ချစ်ဝဲလယ်၁၉၇၅ရှစ်ကိုယ်ခွဲ သရုပ်ဆောင်သည်
အတွယ်အတာ
တိမ်ဦးလေပြေ မောင့်ကိုစေ
၁၀တစ်ကျော့နှစ်ကျော့ တေးကိုသီ
၁၁ဆောင်းတစ်ညဝယ်
၁၂ချစ်သူကြင်သူမြတ်နိုးသူ
၁၃မင်းဘယ်ပြေးမလဲ မိချိုသဲ
၁၄နှင်းပျောက်တဲ့ နွေ
၁၅သိကြားစေ သက်သေညွှန်း
၁၆သစ္စာတူပြိုင်
၁၇ခိုင်မာလာနှင်းဆီ
၁၈ဗိမ္မိသာရ
၁၉ဝေဠု
၂၀ဤစံအိမ်ဝယ်
၂၁ကျွန်တော်ပြောချင်တဲ့ အချစ်အကြောင်း
၂၂မိန်းမနဲ့ ယောက်ျား
၂၃ချစ်သောသူတစ်ယောက်
၂၄ပန်းမြို့တော်သို့ ခြေလှမ်းသုံးဆယ်
၂၅ပိတောက်ရိပ်ဝယ်

အကိုးအကား

ဆွေးနွေးချက်ကဏ္ဍများ

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

စန်ဂျနာ စန္ဂီ (Sanjana Sanghi) Kadak Singh (2023) movie's

  စန်ဂျနာ စန္ဂီ (Sanjana Sanghi) ... Dil Bechara (2020) https://t.me/kolayinde1/843 Rashtra Kavach Om (2022) https://t.me/kolayinde1/852 Kad...