သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Saturday, May 27, 2017

သာသည့်မြေသို့



----------------

အလှထူးပါဘိ
မြဖူးပြာအငုံနဲ့
လွှာရုံမှာ ညှာစုံကျင်းရော့ထင့်
ဖြူဝင်းငွေမှုန်လွှာတို့
လေယူရာရနံ့ညင်း
သင်းပျံ့ခဲ့သူ့ခြံမှာ။

ငါ့ခြံကြည့်ပြန်တော့
မချိပူပွေဖြာခဲ့
မြေပြာမှာ နေဇာမတင့်နိုင်ဘု
ကြည်စရာ နီဝါတွေလည်း မပွင့်လေတော့
စိမ်းရင့်ရောင်နွယ်ချုံပုတ်တွေက
ရှုပ်ထွေးကာ လိမ်ခွေယှက်
အားပျက်စရာ။

သူ့စခန်း
သာဆန်းရဂုံသွင်မို့
ငါလှမ်းကာခိုဝင်လို့
ပြာငွေဆင် ကြိုင်ပျံ့ရှားပါတဲ့
ပွင့်ငုံစင် ပင်တွေကြားမှာလ
လျှောက်သွားကာ ပျော်လိုလှပါဘိ
မြရောင်စို သည်မြက်ခင်းရယ်နဲ့
ညင်းလေခို သစ်ညိုရိပ်မှာဖြင့်
လျောင်းအိပ်လို့ တစ်ကိုယ်သာ
ရွှင်ချင်ပါ့ စိတ်ထဲ။

သို့သော်လည်းလေ
မသင့်လျော်ပေဘု
ငါ့ခြံမြေ ဥယျာဉ်နန်းဟာလည်း
လှလေသည် သာစခန်းပေပေါ့
စိတ်ပန်းကို သည်လိုဖြေလို့
ကျက်သရေ တက်နေဝင့်အောင်လ
ငါ့ခြံမြေ အခြေမြှင့်ချင်ငဲ့
သူ့မြေမှာ ဖြူပြာပွင့်ရင်ဖြင့်
ငါ့မြေမှာ နီဝါတင့်ရမပေါ့
အခွင့်အခါမျှော်လို့
ဥယျာဉ်တော် သာယာရေးကိုလ
ရှုမြင်မျှော် ခါခါတွေးပါလို့
မနှေးပင် အားအင်ထုတ်လို့ရယ်
ပေါင်းနုတ်ဖို့ ခဲ။ ။

ငွေတာရီ

★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★

စကားပြေ
________

လှလိုက်တာ သူခြံထဲမှာ ပန်းမျိုးစုံခပြီး မွှေးရနံ့ပေါငး်စုံ ဝေစည်လို့
သဘောကျလိုက်ပါဘိတော့

ငါ့ခြံမှာတော့ စက်ဆုပ်ဖွယ်ရနံ့နဲ့ ပိန်လှီနေတဲ့ သစ်ပင်ပန်းပင်တွေနဲ့
စိတ်ပျက်စရာ့ ဒီမြေဒီရေ

သွာရောက်ခိုလုံချင်ပါဘိတော့ မွှေးရနံ့စုံတဲ့ သူ့ခြံကို

ဒါပေမယ့် တစ်ချို့ဖြစ်တတ်တယ်ဗျ
ကြည့်စမ်းပါ အမေရိကန် အင်္ဂလန် ပြင်သစ် အနီးဆုံး ထို်ငး်မှာ ကောင်းလိုက်တာ လမ်းတွေး ကားတွေ ငါ့နိုင်ငံမှာတော့ စသည်ဖြင့် သူတပါးကို အားကျခြင်းနဲ့အတူ ကိုယ်​့ကိုယ်​ကို ရှုံ့ချတတ်တဲ့ စိတ်ဓာတ်တွေ သိပ်အောက်တန်းကျတယ်

သူ့ကိုအထင်ကြီးပြီး ကိုယ့်ကိုယ်ကိုနှိမ့်ချပြစ်တာ ဖြစ်သင့်သလား
ဒီစိတ်ဓာတ်ကမှ တကယ့်ရှက်စရာ
သူကောင်းတာကို အားကျပြီး ကိုယ်ရော လိုက်ပြီး ကောင်းအောင်နေနိုင်တာပဲ လုပ်နိုင်တာပဲ

ဒါတွေက တစ်ပါးသူ ဖန်ဆင်းပေးထားတာမှ မဟုတ်ဘဲ
သူ့ခြံမှာ ရနံ့သင်းသလို ငါ့ခြံမှာလည်း ရနံ့သင်းရမှာပေါ့
သူ့ခြံမှာ ပန်းမျိုးစုံခသလို ငါ့ခြံမှာလည်း ပန်းမျိုးစုံ ဝေစည်ရမှာပေ့ါ
ငါလို ကိုယ်ပိုင်အစွမ်းအစရှိသူတစ်ယောက်အနေနဲ့ မစွမး်ဆောင်နိုင်စရာ ဘာရှိလဲ
သူလည်းလူ ငါလည်းလူ

¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿

သန်းထွန်းလေး အင်းတဲရွာ အောင်ညီကိုရွှေထည်စက်ဖြတ်လုပ်ငန်း


Than Htun Lay . INDE

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ရုပ်သေးပွဲသွားရအောင်

  ရုပ်သေးပွဲသွားရအောင် Https://youtube.com/@thantunlayinde  ရေး-ကန်မြဲကိုအေးကျော် ဆို-ခင်အုန်းမြင့်လေး .. ပင်ခေါင်တိုင် သပြေကိုင်းနဲ့ နေမှို...