သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Thursday, October 6, 2016

​နောင်​တကင်​းရာ (ရှင်​​ဒေဝဒတ္တ)



ကျွနု်​ပ်​ မှားခဲ့ပါတယ်​ အရှင်​

ကျွနု်​ပ်​ ဟာ ရင်​ထဲက ​ဒေါသတရားကို မနှိမ်​နင်​းနိုင်​သူပါ

ကျွနု်​ပ်​ ဟာ အရှင်​့​ခြေမကို ​သွေးစိမ်​းတည်​​စေခဲ့သူပါ

ကျွနု်​ပ်​ ဟာ အရှင်​့ရဲ့ နိမ်​့ကျမှုကို အစဉ်​လိုလားခဲ့သူပါ

ကျွနု်​ပ်​ ဟာ အရှင်​့ရဲ့ အသင်​းအဖွဲ့ကို မညီမညွတ်​ ဖြစ်​​စေလိုသူပါ

ကျွနု်​ပ်​ဟာ ဈာန်​ တန်​ခိုး အ​ပေါ်မှာ သာယာ ဝင်​့ကြွားခဲ့သူပါ

ကျွနု်​ပ်​ ဟာ အရှင်​့ရဲ့ အဂ္ဂသာဝက ဘွဲ့ထူး တစ်​ခုခုကို လိုချင်​ရမက်​ ကြီးခဲ့သူပါ

ကျွနု်​ပ်​ ဟာ ဖခင်​ ဆုံးရှုံးခဲ့ရသူပါ

ကျွနု်​ပ်​ တို့ သူစိမ်​း​တွေမှ မဟုတ်​ကြပဲ အရှင်​
တစ်​ဝမ်​းခွဲ ညီအစ်​ကို လည်​း​တော်​စပ်​ ​ယောက်​လည်​း ​ယောက်​ဖ မဟုတ်​လား

အရှင်​ ကပ္ပိလဝတ်​ ​ရွှေနန်​း ပြန်​ကြွလာစဉ်​ အရှင်​ရဲ့ ​တပည်​့သာဝက အဖြစ်​ ကျွနု်​ပ်​ တို့ ညီ​နောင်​ ငါးဦး လာ​ရောက်​ ခံယူခဲ့ကြတယ်​​လေ

ကျွနု်​ပ်​ မှားမှန်​းသိပါပြီ အရှင်​

ကျွနု်​ပ်​ရဲ့ အမည်​နာမဟာ နတ်​တို့ရဲ့အရှင်​ တဲ့

ဒါ​ပေမယ်​့ စင်​စစ်​ ကျွနု်​ပ်​ဟာ ကိုယ်​့ကိုယ်​တွင်​းက ​တောက်​​လောင်​​နေတဲ့ မီးကို​တောင်​ မငြိမ်​းသတ်​နိုင်​သူပါ ​တောက်​​လောင်​မှန်းလည်​း မသိခဲ့သူပါ ​

ကျွနု်​ပ်​သိ​နေတယ်​ အရှင်​ ဒီသူရိယရဲ့ ​တောက်​ပမှုဟာ ကျွနု်​ပ်​ရဲ့ ​ခန္ဓာအတွက်​ ​နောက်​ဆုံး ​အသက်​သာဆုံး ​နွေး​ထွေးမှု​လေးပါ

ကျွနု်​ပ်​ရဲ့ နှုတ်​ခမ်​းမှာလည်​း အနှစ်​နှစ်​ အလလက သိမ်​းစည်​းထားခဲ့တဲ့ ​ဒေါသ အာဃာတ ​တွေဟာ ​သွေးအဖြစ်​ ယိုစီးကျ​နေပါပြီ ​

အရှင်​ ​သီတင်​းသုံး​နေတဲ့ ​ဇေတဝန်​ ​ကျောင်​း​တော်​ကို ရည်​မှန်​းပြီး ရှိခိုးကန်​​တော့ ​တောင်​းပန်​ပါရဲ့ ကျွနု်​ပ်​ကို ​နောက်​ဆုံးတစ်​ကြိမ်​ အဖြစ်​ အခွင်​့အ​ရေး ​ပေး​တော်​မူပါ

ကျွနု်​ပ်​ အရှင်​ ရှိရာဆီ လှမ်​းမလာနိုင်​​တော့ဘူးအရှင်​ ဈာန်​တန်​ခိုး​တွေနဲ့ ဝင်​့ကြွားခဲ့သူဟာ ခု​တော့ ကိုယ်​့​ခြေ ကိုယ်​့လက်​ ကိုယ်​့ခန္ဓာကိုယ်​ ကို​တောင်​ မစိုးပိုင်​နိုင်​​တော့ပါဘူး အရှင်​

ဒီ သာဝတၳိ​မြေဟာ ကျွနု်​ပ်​ကို တင်​းတင်​းကျပ်​ကျပ်​ ခက်​ခက်​ထန်​ထန်​ စုပ်​ယူ​နေသလိုပဲ အရှင်​

ကမ္ဘာတစ်​သိန်​းက ​ရွှေခွက်​တစ်​ခုရဲ့ အဃာတ အမုန်​း အတွက်​ ကျွနု်​ပ်​နောင်​တ ရပါပြီအရှင်​

ကျွနု်​ပ်​​နောင်​တ ရ​နေပါပြီ

သန်​းထွန်​​လေး
အင်​းတဲရွာ

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ရုပ်သေးပွဲသွားရအောင်

  ရုပ်သေးပွဲသွားရအောင် Https://youtube.com/@thantunlayinde  ရေး-ကန်မြဲကိုအေးကျော် ဆို-ခင်အုန်းမြင့်လေး .. ပင်ခေါင်တိုင် သပြေကိုင်းနဲ့ နေမှို...