သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Tuesday, June 28, 2016

ကျုပ်တို့ ရိုးမမှာ ဒီလိုလဲရှိတယ် (သရော်စာ)




     တစ်နေ့ နံနက်မိုးသောက် အာရုဏ်အရောက်မှာ ရိုးမတစ်ခွင် လေကောင်းလေသန့် ရူဖို့နဲ့ ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှားရင်း လမ်းလျှောက်အလာ

တွေ့ပါပြီကော ဟိုးရှေ့မှာ ကားယားကားယားနဲ့ လက်မထောင်ထောင် ဘေးတိုက်သွားနေတဲ့ ကိုရွှေဂဏန်း လမ်းလျှောက်ပုံက ဟန်ပါပါ မာန်ကြွကြွ တစ်လောက သူ့ကြီးပဲ ရှိလေဟန်ရယ် လောကကဝတ် အရ လှမ်းနှုတ်ဆက်လိုက်တယ်

ဗျို့ ကိုကြီးဂဏန်း နေကောင်းရဲ့နော်

ကောင်းပါပြီးကော မျောက်လွဲကျော် ရယ် ဒါနဲ့ ဘယ်ကဘယ်လို လမ်းသလားနေရတာတုံး တိုင်းရေးပြည်ရာ အဖြာဖြာ ဒီလောက် အရေးတကြီး စီမံကိန်းတွေ ချမှတ် ဆောင်ရွက်နေချိန်မှာ အေးအေးလူလူ လမ်းသလားနေနိုင် သလားဗျာ အံ့ရော

ကိုယ့်ကိုယ်ကိုသာ အပြစ်တင်မိတယ် ကိုယ့်ဖာသာကိုယ် သစ်တစ်ပင်ပြီးတစ်ပင် ကူးနေတုန်းက အကောင်း

ခုမှ ဟိုး လူ့ရပ် လူ့ရွာက လူတွေကို အားကျ သူတို့မနက်ပိုင်း လမ်းလျှောက်ကြတယ်ဆိုလို့ ကိုယ့်လည်း ဟုတ်မလားလို့ လမ်းလျှောက်မိပါတယ် ကိုရွှေဂဏန်းနဲ့ အတွေ့ လောကွပ်ချော်မိရာက ခနဲ့ခံရတော့တာပဲ

ကျုပ်ကလည်း ကျုပ်ပါပဲဗျာ ငှက်ပျောသီး ရယ် အမွှေးရှည်ရှည် ဝမ်းဖြူဖြူနဲ့ မျောက်မလေးရယ်က လွဲပြီး ကျန်တာ ဘာမှမသိ သိလည်းမသိချင် အလေ့အလာ နည်းတာကိုး

ဒါပေမယ့် သူ့ကိုယ်သူ နိုင်ငံရေးသမားလို့ခံယူထားတဲ့ ကိုယ်ရွှေဂဏန်း နဲ့ အလာပသလာပ ပြောရင်တော့ နိုင်ငံရေးစကားပဲ ပြောရတာပ ဟုတ်သော်ရှိ မဟုတ်သော်ရှိ ကြားဖူးနားဝ နဲ့ ရမ်းဖြီးလိုက်တယ်

အဲ့ဒီမှ တကယ့် ဒုက္ခစတော့တာပဲ

ဒါနဲ့ ကိုရွှေဂဏန်း ကျုပ်တော့ တောရဲ့ ဥသျှောင် ခြငေ်္သ့မင်း ကြီးကတော့ လမ်းဖောက် တံတားဆောက်နဲ့ အတော်ဟန်လာပြီဗျနော် ဒီလမ်းကလေးဖောက်ပေးတာတော့ သိပ်ကျေးဇူးတင်မိတယ်ဗျာ ဟိုတလောကလည်း အထူးစီမံတွေ လုပ်ဆောင်နေတယ်လို့ ကြားမိတယ်ဗျနော်

ဒါပဲ ခင်ဗျားဟာလေ ဒီသစ်တောမှာနေပြီး ဒီသစ်တောအကြောင်း ဘာမှမသိဘူး စိတ်ပျက်ပါတယ်ဗျာ ခင်ဗျာလို သတ္တဝါ တွေရှိလို့ ကျုပ်တို့တော မတိုးတက်တာဗျ

ခုကျုပ်တို့ တောကို ဘယ်သူအုပ်စိုးနေလည်းတောင် မသိတာ အံ့ပါရဲ့ဗျာ

ကျုပ်တို့ကိုယ်တိုင် မှင်စွတ်ပြီး ရွေးချယ်ခဲ့တဲ့ ဒေါင်းသခင်မ အုပ်စိုးနေထာလေဗျာ

ဒီလမ်းကိုလည်း ဒေါင်းသခင်ရဲ့ ပါတီဝင် ခွေးအရဲ့ အဆိုတင်သွင်းမှုနဲ့ ဖောက်လုပ်ခွင့်ရတာဗျ

ဟိုးလူ့ရပ် လူ့ရွာမှာ အစေခံဖြစ်နေတဲ့ ကျုပ်တို့ရဲ့ ဆွေမျိုးသားချင်းတွေ ပြန်လာနိုင်အောင် လုပ်ဆောင်ပေးနေတာဗျ ဒါတောင်မသိဘူးလား အံ့ရောဗျာ

ကျုပ်လည်း ကိုယ်ကမသိပဲ ဖြီးမိတော့ ခံရတာပေါ့

ကျုပ်တို့် ဒေသရဲ့ လွှတ်တော် အမတ်မင်း ကိုပုတ်သင် ဟိုနေက လွတ်တော်မှာ အဆိုတင်သွင်းသွားတာ မတွေ့မိဘူးလား ကျုပ်တို့တောကို ရက် ၁၀၀ အတွင်းပြောင်းလဲပြစ်မှာဗျ

ခင်ဗျားလို အန္တ ငှက်ပျောသီးကုန် သစ်ပင်လေး သတ္တဝါနဲ့ ပြောနေလို့လည်း လေကုန်ရုံပဲ ရှိမယ် ဘာမှ ထူးခြားလာမှာမဟုတ်ဘူး သွားမယ်

အဲ့ဒီလို ရေရွတ်ငြီးတွားပြီး သူထုံးစံ သူ့ဟန်အတိုင်း ကိုရွှေဂဏန်း ကားယားကားယား လက်မထောင်ထောင် နဲ့ ထွက်သွားတာကိုကြည့်ပြီး ကျုပ်တွေးမိတယ်

ကျုပ်တို့ ရိုးမ တိုးတက်လာမလာတော့ မသိဘူး ကိုရွှေဂဏန်း လို မာန်ကြွ ဟန်ထလို့ ကားယားကားယား လမ်းသလားပြီး တွေ့သမျှ နိုင်ငံရေး တရားဟော မသိသူကို ခပ်နှိမ်နှိမ် ခနဲ့တဲ့တဲ့ ပြစ်တင်ဝေဖန်နေတဲ့ သတ္တဝါတွေ ကျုပ်တို့ ရိုးမမှာ ဘယ်လောက်များ ရှိနေမလဲလို တွေးမိရင်း စကားပြောရမှာ ဝန်လေးမိရဲ့ဗျာ



သန်းထွန်လေး
အင်းတဲရွာ

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ရုပ်သေးပွဲသွားရအောင်

  ရုပ်သေးပွဲသွားရအောင် Https://youtube.com/@thantunlayinde  ရေး-ကန်မြဲကိုအေးကျော် ဆို-ခင်အုန်းမြင့်လေး .. ပင်ခေါင်တိုင် သပြေကိုင်းနဲ့ နေမှို...