သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Wednesday, March 30, 2016

ဗုဒ္ဓခေတ် ဒီမိုကရေစီ နိုင်ငံတော် ဝေသာလီ




***********************
  ဝေသာလီပြည်ဟာ မြတ်ဗုဒ္ဓ ကိုယ်တော်တိုင် အသိအမှတ်ပြုခဲ့တဲ့ အုပ်ချုပ်မှုစနစ် ကောင်းမွန်တဲ့ နိုင်ငံတော် တစ်ခုဖြစ်ပါတယ် ။ လွှတ်တော်သဘောမျိုးထားရှိပြီး ပြုဖွယ်ကိစ္စ တိုင်းသူပြည်သားရေးရာ လူမှုရေး စီးပွားရေး ကအစ ဘုရင်တစ်ဦးတည်းက စေတလုံးပုံစံ အုပ်ချုပ်တာမျိုးမဟုတ်ဘဲ လွှတ်တော်မှာ အများဆန္ဒနဲ့အညီ မဲခွဲဆုံးဖြတ်ပါတယ် ။ ကြီးသူကိုလည်း ရိုသေကြသလို ရွယ်တူချင်းလည်းလေးစား ငယ်သူကိုလည်း ကျင်နာစွာနဲ့ ဖေးမလက်တွဲကြပါတယ် ။ အားလုံးဟာ အချိန်ကိုလေးစားကြပြီး တစ်ယောက်ကိုယ်တစ်ယောက် ဖေးမလက်တွဲမှုဟာလည်း နှစ်သက်စရာပါ ။
  တစ်နေ့တော့ ကောသမ္ဗီပြည့်ရှင် ဘုရင် အဇာတသတ်ဟာ အဲ့ဒီနိုင်ငံကို စစ်ပြုလိုပါသတဲ့ ။ အဲ့ဒီတော့ မဆီမဆိုင် မြတ်ဗုဒ္ဓ ရဲ့ ထံတော်ပါးမှာ ကိုယ့်ဖာသာပဲ ညဉ်းတွားသလိုလို ဘယ်လိုတိုက်ရမလဲ ဆွေးနွေးတိုင်ပင်သလိုလို ရေရွန်သတဲ့ဗျာ ။ ဒီတော့ မြတ်ဗုဒ္ဓဟာ စောစောက စကားကိုဆိုတာပေါ့ ဒီလိုအဖက်ဖက်က ပြည့်စုံနေတဲ့ လွှတ်တော်ရှိနေသမျှ ဒီနိုင်ငံကို လုံးဝ သိမ်းပိုက်နိုင်ပါမဟုတ်ဘူးပေါ့ ။
  ဒီတော့ ဘုရင်အဇာတသတ် က ဒါမျိုးတော့ ဉာဏ်သိပ်သွားတာပေါ့ ဒီလိုအချက်တွေပြည့်စုံတာကြောင့် ဝေသာလီပြည် ကို မသိမ်းပိုက်နိုင်ဘူးဆိုရင် အဲ့ဒီနိုင်ငံကို အဲ့ဒီအချက်တွေမရှိအောင်လုပ်မယ်ဆိုပြီး သူ့ရဲ့အမတ် ........ နဲ့ နှစ်ဦးတည်း တံခါးပိတ်ဆွေးနွေးကြသတဲ့
   တစ်နေ့တော့ ဝေသာလီပြည်ရဲ့ တံခါးအနီးမှာ ဒဏ်ရာ ဗလပွနဲ့ အဲ့ဒီအမတ်ကိုတွေတော့ တံခါးစောင့်တွေကမေးတယ် ဘယ်သူလည်းပေါ့ ကျွန်တော်က ကောသမ္ဗီရဲ့ တစ်ချိန်က မင်းတိုင်ပင် ပညာရှိအမတ်တစ်ဦးပါ ဝေသာလီပြည်ကို စစ်ပြုဖို့ကျွန်ုပ်ကို တိုင်ပင်ရာမှာ ကျွန်ုပ်က စစ်မပြုဖို့နဲ့ စစ်ပြုလျှင်လုံးဝနိုင်မှာမဟုတ်ဘူးဆိုတာ လျှောက်တင်မိလို့ ထောင်းသွင်းအကျဉ်းချ အားရအောင်နှိုပ်ဆက်ပြီး ပြည်နှင်ဒဏ်ပေးလို့ ထွက်လာရကြောင်းပါလို့ဆိုပါတယ် ။ ဒါနဲ့ ဝေသာလီပြည်ဟာ သူ့ကိုလက်ခံထားတာပေါ့ စစချင်းတော့ ဘယ်ယုံမလဲ သူတို့ခေတ်က သလျို ဒလန် တွေဟာ ဒီနည်းနဲ့ ဝင်တာများတော့ သံသယ နဲ့စောင့်ကြည့်နေတာပေါ့ ။ ဒါပေမယ့် ........ အမတ်ဟာ တိုင်းရေးပြည်ရာသာမ လူမူရေးအပိုင်းမှာပါ ဝင်ရောက်ကူညီ အကြံဉာဏ်ပေးရာကနေ တစ်စတစ်စ ယုံကြည်မှုကိုတည်ဆောက်ခဲ့ပြီး အတိုချုပ်အားဖြင့် ဝေသာလီပြည်ရဲ့ လွှတ်တော်မှာ အမတ်တစ်နေရာရခဲ့တာပေါ့ ။
     ဒီအချိန်မှာ .........ဟာ သူ့ရဲ့ အဇာတသတ် ဘုရင်နဲ့ နှစ်ကိုယ်ကြားတိုင်ပင်ထားတဲ့ ကိစ္စကို အကောင်အထည်ဖော်တော့တာပဲဗျ ။ လွှတ်တော်ကို တမင်နောက်ကျမှ ဝင်တယ် ဝင်ပြီးရင်လည်း ကျီးကြည့်ကြောင်ကြည့်နဲ့ အနီးရှိ အမတ်တစ်ယောက်ရဲ့ နားမှာကပ်ပြီး စကားပြောတယ် ပြောတဲ့စကားက အထွေအထူးမဟုတ်ပါဘူး စားပြီးပြီလား နေကောင်းလား ဒီလို အလာပသလာပ သာမန်စကားမျိုးသာပါ ။ ဒါပေမယ့် သူ့အမူအရာကြောင့် ဘယ်သူမှ သာမန်စကားလို့မထင်ဘူးလေ ။ မေးကြည့်ကြတာပေါ့ စောစောက အပြောခံရတဲ့ အမတ်တွေကို သူတို့ကလည်း ဘာမှမဟုတ်ပါဘူး လို့ပြောတယ် ဒါပေမယ့်မယုံဘူး ။ ဒီလိုနဲ့ သူ့ကိုယ်မယုံ ကိုယ့်သူမယုံနဲ့ ဝေသာလီပြည်ရဲ့ လွှတ်တော်ဟာ တစ်စတစ်စ ပြိုကွဲလာပါတယ် ။
     ဒီအချိန်မှာ ......အမတ်ဟာ ဘုရင်အဇာတသတ်ဆီ လှမ်းပြီး မီးစိမ်းပြတာပေါ့ ဒီအချိန်လာတိုက်ရင် ဒီနိုင်ငံကို အလွယ်တကူ သိမ်းပိုက်နိုင်ပြီပေါ့ ။
   အမုန်တကယ်လည်း မြတ်ဗုဒ္ဓ ကိုယ်တော်တိုင် ချီးကျူးခဲ့ဖူးတဲ့ ဝေသာလီပြည်ဟာ ........ဆိုတဲ့ အမတ်တစ်ယောက်ကြောင့် ဗုဒ္ဓ ပရိတ်နိဗ္ဗာန်စံပြီးအချိန်မှာ ပျက်စီးခဲ့ရပါတယ် ။
    ဘယ်လောက်ပဲ ကောင်းမွန်နေပါစေ ဘာမဟုတ်တဲ့ အကြောင်းကိစ္စလေးတစ်ခုကြောင့် ပျက်စီးတတ်ပါတယ်

••••••••••••••••••••••••••••••••••••••••••••••


သီတဂူဆရာတော် အရှင်ဉာဏိဿရ ရဲ့
ဗိုလ်စိန်မှန်ကွင်း တရားပွဲမှ နာယူဖူးခဲ့တာကို မှီငြမ်းထားတာပါ

စကားလုံးအသုံးအနှုမ်းတွေဟာ ကျွန်တော့် အာဘော်သာ ဖြစ်တာကြောင့် မှာယွင်းမှု တစ်စုံတရာရှိခဲ့ပါက ကျွန်တော့်တာဝန်သာပါ
အဇာတသတ် ဘုရင်ရဲ့ အမတ်ကို နာမည်မေ့သွားတဲ့အတွက် ....... ချန်ခဲ့ခြင်းပါ ။ သိသော သံဃာတော်များ ညီအစ်ကို မောင်နှမများ ပြန်လည်အလင်းပြခဲ့ဖို့ တောင်းပန်ပါတယ် .....

သန်းထွန်းလေး
          အင်းတဲရွာ

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ရုပ်သေးပွဲသွားရအောင်

  ရုပ်သေးပွဲသွားရအောင် Https://youtube.com/@thantunlayinde  ရေး-ကန်မြဲကိုအေးကျော် ဆို-ခင်အုန်းမြင့်လေး .. ပင်ခေါင်တိုင် သပြေကိုင်းနဲ့ နေမှို...