သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Tuesday, February 16, 2016

ကစားကွက်များကို လေ့လာသုံးသပ်ခြင်း

ကျွန်တော်တို့က ဘောလုံးပွဲကြည့်ရင်
ရွန်းနီက ဒိုလေးက မက်ဆီက လီဝန်ဒေါစကီးက
ဘယ်လိုဂိုးသွင်းသွားတာ
ဂစ်က ဘက်ခမ်းက ဘယ်လိုဖြတ်တင်လိုက်တာ
ဖာဒီနန်က ဗီဒစ်က ဘယ်လိုဖြတ်ထုတ်လိုက်တာ
ဗန်ဒါဆာက ဒီဂီယာက ဘယ်လိုဖမ်းသွား
စသည်ဖြင့်ပေါ့ ဘောပွဲရဲ့အစိတ်အပိုင်းတွေကို ပြန်လည်သုံးသပ်စမြုံ့ပြန်ရာမှာ ပြောတတ်ကြတယ်
  တစ်ကယ်အရေးပါတဲ့အစိတ်အပိုင်းတစ်ခုကိုတော့ ချီးကျူးသုံးသပ်ဖို့ အမြဲမေ့လျော့ခဲ့ကြတယ်
အဲ့ဒီအစိတ်အပိုင်းကတော့ ကစားကွက်ရဲ့ နံပါတ်၆ ဆိုတဲ့နေရာပါ
  ဒီနေရာမှာ ကစားတဲ့ကစားသမားတွေဟာ ပင်ကိုယ်အားဖြင့် အနေအေးပြီး ဆုံးဖြတ်ချက်ခိုင်မာကြသူတွေပါ ထင်ပေါ်စိတ်လည်းနည်းကြသလို အသင်းအတွက်ပေးဆပ်ရင်းသာ ကျေနပ်ကြသူတွေပါ
  အဲ့ဒီနေရာကစားတဲ့သူတွေကို အကြမ်းဖျင်းချပြခြင်ပါတယ်
မန်ယူမှာဆို ပေါလ်စခိုး ကားရစ် ခု ရှနိုက်ဒါလင် တို့ပေါ့
နိုင်ပွဲတွေမှာကော ရှုံးပွဲတွေမှာပါ သူတို့ကို မေ့ထားတာလေးတစ်ခုတော့ စိတ်မကောင်းဖြစ်ရတယ်
တစ်ချိန်တုန်းက ကြယ်စင်စုများ ဆိုတဲ့ အသင်းကို ဖွဲ့စည်းဖို့ ရီးရဲအသင်းရဲ့ ဥက္ကဌ ဟာ ကမ္ဘာကျော်ကစားသမား တွေကို အများအပြားဝယ်ယူခဲ့စဉ်ကပေါ့
ဇီဒန်းရဲ့ ပြောစကားလေးသတိရမိတယ်
မက်ခလီလီ ကို ချဲဆီးကို ရောင်းပြီး ဘက်ခမ်း ကိုဝယ်ယူတော့ ပြောတဲ့စကားပါ
ကားအကောင်းစားကို အင်ဂျင်ဖြုတ်ပြီး ရွှေကိုယ်ထည် အုပ်တာ အဓိပ္ပါယ်မရှိဘူးတဲ့
သူတို့သိပါတယ် ပွဲတစ်ပွဲရဲ့ အဆုံးအဖြတ် ဂိုးတွေသွင်းယူနေတဲ့ ကစားသမားတွေဟာ နံပါတ်၆ ရဲ့ အရေးပါမှုကို ပိုပိုပြီး သိကြတယ်


No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ရုပ်သေးပွဲသွားရအောင်

  ရုပ်သေးပွဲသွားရအောင် Https://youtube.com/@thantunlayinde  ရေး-ကန်မြဲကိုအေးကျော် ဆို-ခင်အုန်းမြင့်လေး .. ပင်ခေါင်တိုင် သပြေကိုင်းနဲ့ နေမှို...