သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Monday, February 8, 2016

ကိုယ္၀န္ေဆာင္ခ်ိန္မွာ သိထားသင့္တဲ့အခ်က္မ်ား

ကိုယ္၀န္ေဆာင္ခ်ိန္ဟာ အမ်ိဳးသမီးမ်ားအတြက္  မိမိကုိယ္ကို အျပည့္အ၀ ဂ႐ုစိုက္ရန္ အလိုအပ္ဆံုးအခ်ိန္ တစ္ခုျဖစ္ပါတယ္။ မိခင္ေလာင္းေတြဟာ အစားေကာင္းေကာင္း စား၊ ေကာင္းေကာင္း အနားယူျပီး ကဖင္းပါ၀င္တဲ့ အေအး၊ ေကာ္ဖီစတာေတြကို ေလွ်ာ့ေသာက္ရပါမယ္။ အရက္၊ဘီယာ နဲ႕ ေဆးလိပ္ေသာက္တတ္ သူျဖစ္ပါက ကိုယ္၀န္ေဆာင္ခ်ိန္မွာ လံုး၀ေရွာင္ၾကဥ္ရမွာျဖစ္ပါတယ္။ ကိုယ္၀န္ေဆာင္မ်ားအတြက္ က်န္းမာေရးေကာင္းေစဖို႕ လိုက္နာသင့္တဲ့ အခ်က္အခ်ိဳ႕ ကို ေဖာ္ျပေပးလိုက္ပါတယ္။

ခ်ဥ္ျခင္းတပ္တာကို စားပါ - ကိုယ္၀န္ေဆာင္မိခင္ေတြမွာ ဘာလို႕ခ်ဥ္ျခင္း တပ္တာလဲ ဘယ္သူမွ မသိၾကပါ ဘူး။ ပညာရွင္တခ်ိဳ႕ရဲ႕အဆိုအရ ဒါဟာ မိခင္ေလာင္းရဲ႕ခႏၶာကိုယ္ကေန လိုအပ္တဲ့အာဟာရကို ေတာင္းဆို ျခင္းလို႕ သတ္မွတ္ၾကပါတယ္။ ဒါဟာ စိတ္ခံစားခ်က္သက္သက္လည္း ျဖစ္ႏိုင္ေပမဲ့ ခ်ဥ္ျခင္းတပ္တာကို စား လိုက္တာေကာင္းပါတယ္။ ဒါေပမဲ့ မိမိခ်ဥ္ျခင္းတပ္ တဲ့စားစရာက ေရခဲမုန္႔၊ အပူအစပ္၊ ဆီေၾကာ္စာ စတဲ့ က်န္းမာေရး နဲ႕မညီညြတ္တာေတြျဖစ္ေနရင္ေတာ့ ဆင္ျခင္ျပီးစားသင့္ပါတယ္။

ေလ့က်င့္ခန္းလုပ္ပါ - မိခင္ေလာင္းေတြအတြက္ ေလ့က်င့္ခန္းပံုမွန္ လုပ္ျခင္းဟာ ကိုယ္အေလးခ်ိန္ထိန္းႏုိင္ျခင္း၊ ေသြးလွည့္ပတ္မႈေကာင္းျခင္း၊ စိတ္ရႊင္လန္းျခင္း နဲ႕ အိပ္ေကာင္းျခင္းတို႕ကို ျဖစ္ေစတဲ့အတြက္ လုပ္သင့္ပါတယ္။ ပလတစ္ (Pilates)၊ ေယာဂ (Yoga)၊ ေရကူးျခင္းနဲ႕ လမ္းေလွ်ာက္ျခင္းေတြဟာ သင့္ေတာ္တဲ့ေလ့က်င့္ခန္းေတြ ျဖစ္ ပါတယ္။ ေလ့က်င့္ခန္းမလုပ္ခင္မွာ ဆရာ၀န္နဲ႕တိုင္ပင္သင့္ျပီး မိမိခႏၶာကိုယ္ရဲ႕ ခံႏိုင္ရည္ေလာက္သာ လုပ္သင့္ပါတယ္။

ေန႔စဥ္ ကိုယ္အေလးခ်ိန္ ခ်ိန္ပါ - ကိုယ္၀န္ေဆာင္မိခင္ေတြမွာ ကိုယ္အေလး ခ်ိန္နည္းတဲ့အခါ ေမြးဖြားလာတဲ့ ကေလး ေပါင္မျပည့္တာ ျဖစ္ႏိုင္သလိုပဲ ကိုယ္အေလးခ်ိန္မ်ားလြန္းရင္လည္း ကေလးေမြးျပီးေနာက္ ျပန္ပိန္ဖို႕ ခက္တတ္ပါတယ္။ ဒါေၾကာင့္ ကိုယ္၀န္မယူခင္နဲ႕ ကိုယ္၀န္ေဆာင္ေနခ်ိန္မွာ ကိုယ္အေလးခ်ိန္ကို ဂ႐ုစိုက္ဖို႕လိုအပ္ပါတယ္။ ကိုယ္၀န္ေဆာင္ခ်ိန္မွာ တိုးလာတတ္တဲ့ကိုယ္အေလးခ်ိန္ဟာ အၾကမ္းဖ်င္းအားျဖင့္ ေအာက္ပါ အတိုင္းပဲျဖစ္ပါတယ္။

ကေလး : ၈ ေပါင္
အခ်င္း  : ၂-၃ ေပါင္
ေရျမႊာ  : ၂-၃ ေပါင္
ရင္သားၾကီးထြားမႈ : ၂-၃ ေပါင္
ေသြးသိုေလွာင္မႈ : ၄ ေပါင္
ေမြးဖြားရာနဲ႕ ႏို႕တိုက္ရာမွာ လိုအပ္တဲ့ အဆီသိုေလွာင္မႈ :  ၅-၉ ေပါင္
သားအိမ္ၾကီးထြားမႈ : ၂-၅ ေပါင္
================
စုစုေပါင္း : ၂၅- ၃၅ ေပါင္

ငါးစားပါ - ကိုယ္၀န္ေဆာင္ခ်ိန္ ငါးမ်ားမ်ားစားတဲ့မိခင္ကေန ေမြးဖြားလာတဲ့ ကေလးေတြဟာ ငါးသိပ္မစားတဲ့ မိခင္ရဲ႕ကေလးေတြထက္ ဥာဏ္ရည္ ပိုေကာင္းျပီး လႈပ္ရွားႏုိင္မႈစြမ္းရည္လည္း ပိုေကာင္းတာကို သုေတသန ပညာရွင္မ်ားက ေတြ႕ရွိခဲ့ပါတယ္။ ငါးမွာပါ၀င္တဲ့ Omega 3 fatty acid ဟာ ဦးေႏွာက္ဖြံ႕ျဖိဳးမႈအတြက္ အေရးၾကီးတဲ့အာဟာရျဖစ္တဲ့အတြက္ ကိုယ္၀န္ေဆာင္မိခင္မ်ား စားဖို႕အထူးလိုအပ္ပါတယ္။ ငါးၾကင္း၊ ငါးျမစ္ခ်င္း စတဲ့ ငါးေတြကို စားသင့္ျပီး ငါးမန္း၊ငါးလိပ္ေက်ာက္ စတဲ့ ငါးေတြကို မစားသင့္ပါဘူး။ ဒါ့အျပင္ တစ္ပတ္မွာ ငါး ၂ ေပါင္ထက္ ပိုမစားသင့္ပါဘူး။

အားေဆးေသာက္ပါ - ကေလးရဲ႕ ဦးေႏွာက္နဲ႕ အာ႐ံုေၾကာစနစ္အျဖစ္ ၾကီးထြားလာမယ့္ အဂၤါေတြဟာ ကိုယ္၀န္ေဆာင္ကာလ ပထမအပတ္မွာ စတင္ၾကီးထြားပါတယ္။ ဒါေၾကာင့္ ကေလးယူဖို႕ စတင္စီစဥ္ကတည္း က ေဖာ္လစ္အက္ဆစ္၊ ကယ္လစီယမ္ နဲ႕ သံဓါတ္ အားျဖည့္ေဆးေတြကို စတင္မွီ၀ဲသင့္ပါတယ္။ ငါးသိပ္မစားတဲ့ မိခင္ေလာင္းေတြအတြက္ ေဖာလစ္ အက္ဆစ္ 400 mcg၊ ဗီတာမင္ ဒီ 200 mcg နဲ႕အတူ ငါးၾကီးဆီကိုပါ တြဲဖက္မွီ၀ဲသင့္ပါတယ္။

Photo – pilatesfit, theportlandhospital
Ref - babycentre.co.uk, whattoexpect.com
စံ၀န္းနီ(႐ိုးရာေလး)
www.yoyarlay.com
#swn_yyl
#lifestyle_yyl

ကိုယ်ဝန်ဆောင်ချိန်မှာ သိထားသင့်တဲ့အချက်များ

ကိုယ်ဝန်ဆောင်ချိန်ဟာ အမျိုးသမီးများအတွက်  မိမိကိုယ်ကို အပြည့်အဝ ဂရုစိုက်ရန် အလိုအပ်ဆုံးအချိန် တစ်ခုဖြစ်ပါတယ်။ မိခင်လောင်းတွေဟာ အစားကောင်းကောင်းစား၊ ကောင်းကောင်းအနား ယူပြီး ကဖင်းပါ ဝင်တဲ့ အအေး၊ ကော်ဖီစတာတွေကို လျှော့သောက်ရပါမယ်။ အရက်၊ဘီယာနဲ့ ဆေးလိပ်သောက်တတ် သူဖြစ်ပါက ကိုယ်ဝန်ဆောင်ချိန်မှာ လုံး၀ရှောင်ကြဉ်ရမှာဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်များအတွက် ကျန်းမာရေးကောင်းစေဖို့ လိုက်နာသင့်တဲ့ အချက်အချို့ကိုကို ဖော်ပြပေးလိုက်ပါတယ်။

ချဉ်ခြင်းတပ်တာကို စားပါ - ကိုယ်ဝန်ဆောင်မိခင်တွေမှာ ဘာလို့ ချဉ်ခြင်းတပ်တာလဲ ဘယ်သူမှ မသိကြပါ ဘူး။ ပညာရှင်တချို့ရဲ့ အဆိုအရ ဒါဟာ မိခင်လောင်းရဲ့ခန္ဓာကိုယ်ကနေ လိုအပ်တဲ့အာဟာရကို တောင်းဆို ခြင်းလို့ သတ်မှတ်ကြပါတယ်။ ဒါဟာ စိတ်ခံစားချက်သက် သက်လည်း ဖြစ်နိုင်ပေမဲ့ ချဉ်ခြင်းတပ်တာကို စား လိုက်တာကောင်းပါ တယ်။ ဒါပေမဲ့ မိမိချဉ်ခြင်းတပ်တဲ့စားစရာက ရေခဲမုန့်၊ အပူအစပ်၊ ဆီကြော်စာ စတဲ့ ကျန်းမာရေးနဲ့မညီညွတ်တာတွေဖြစ်နေရင်တော့ ဆင်ခြင်ပြီးစားသင့်ပါတယ်။

လေ့ကျင့်ခန်းလုပ်ပါ - မိခင်လောင်းတွေအတွက် လေ့ကျင့်ခန်းပုံမှန် လုပ်ခြင်းဟာ ကိုယ်အလေးချိန် ထိန်းနိုင်ခြင်း၊ သွေးလှည့်ပတ်မှု ကောင်းခြင်း၊ စိတ်ရွှင်လန်းခြင်း နဲ့ အိပ်ကောင်းခြင်းတို့ကို ဖြစ်စေတဲ့ အတွက် လုပ်သင့်ပါတယ်။ ပလတစ် (Pilates)၊ ယောဂ (Yoga)၊ ရေကူးခြင်းနဲ့ လမ်းလျှောက်ခြင်းတွေဟာ သင့်တော်တဲ့လေ့ကျင့်ခန်း တွေ ဖြစ်ပါတယ်။ လေ့ကျင့်ခန်းမလုပ်ခင်မှာ ဆရာဝန်နဲ့တိုင်ပင်သင့်ပြီး မိမိခန္ဓာကိုယ်ရဲ့ ခံနိုင်ရည်လောက်သာ လုပ်သင့်ပါတယ်။

နေ့စဉ် ကိုယ်အလေးချိန် ချိန်ပါ - ကိုယ်ဝန်ဆောင်မိခင်တွေမှာ ကိုယ်အလေးချိန်နည်းတဲ့အခါ မွေးဖွားလာတဲ့ ကလေး ပေါင်မပြည့်တာ ဖြစ်နိုင်သလိုပဲ ကိုယ်အလေးချိန်များလွန်းရင်လည်း ကလေးမွေးပြီးနောက် ပြန်ပိန်ဖို့ခက်တတ်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်မယူခင်နဲ့ ကိုယ်ဝန် ဆောင်နေချိန်မှာ ကိုယ်အလေးချိန်ကို ဂရုစိုက်ဖို့လိုအပ်ပါ တယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ တိုးလာတတ်တဲ့ကိုယ်အလေးချိန်ဟာ အကြမ်းဖျင်း အောက်ပါအတိုင်းပဲဖြစ်ပါတယ်။

ကလေး : ၈ ပေါင်
အချင်း  : ၂-၃ ပေါင်
ရေမြွှာ  : ၂-၃ ပေါင်
ရင်သားကြီးထွားမှု : ၂-၃ ပေါင်
သွေးသိုလှောင်မှု : ၄ ပေါင်
မွေးဖွားရာနဲ့ နို့တိုက်ရာမှာ လိုအပ်တဲ့ အဆီသိုလှောင်မှု :  ၅-၉ ပေါင်
သားအိမ်ကြီးထွားမှု : ၂-၅ ပေါင်
================
စုစုပေါင်း : ၂၅- ၃၅ ပေါင်

ငါးစားပါ - ကိုယ်ဝန်ဆောင်ချိန် ငါးများများစားတဲ့မိခင်ကနေ မွေးဖွားလာတဲ့ ကလေးတွေဟာ ငါးသိပ်မစားတဲ့ မိခင်ရဲ့ကလေးတွေထက် ဥာဏ်ရည်ပိုကောင်းပြီး လှုပ်ရှားနိုင်မှုစွမ်းရည်လည်း ပိုကောင်းတာကို သုတေသန ပညာရှင်များက တွေ့ရှိခဲ့ပါတယ်။ ငါးမှာပါဝင်တဲ့ Omega 3 fatty acid ဟာ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အရေးကြီးတဲ့အာဟာရ ဖြစ်တဲ့အတွက် ကိုယ်ဝန်ဆောင်မိခင်များ စားဖို့အထူးလိုအပ်ပါတယ်။ ငါးကြင်း၊ ငါးမြစ်ချင်း စတဲ့ ငါးတွေကို စားသင့်ပြီး ငါးမန်း၊ငါးလိပ်ကျောက် စတဲ့ ငါးတွေကို မစားသင့်ပါဘူး။ ဒါ့အပြင် တစ်ပတ်မှာ ငါး ၂ ပေါင်ထက် ပိုမစားသင့်ပါဘူး။

အားဆေးသောက်ပါ - ကလေးရဲ့ ဦးနှောက်နဲ့ အာရုံကြောစနစ်အဖြစ် ကြီးထွားလာမယ့် အင်္ဂါတွေဟာ ကိုယ်ဝန်ဆောင်ကာလ ပထမအပတ် မှာ စတင်ကြီးထွားပါတယ်။ ဒါကြောင့် ကလေးယူဖို့ စတင်စီစဉ်က တည်းက ဖော်လစ်အက်ဆစ်၊ ကယ်လစီယမ် နဲ့ သံဓါတ် အားဖြည့် ဆေးတွေကို စတင်မှီဝဲသင့်ပါတယ်။ ငါးသိပ်မစားတဲ့ မိခင်လောင်း တွေအတွက် ဖောလစ်အက်ဆစ် 400 mcg၊ ဗီတာမင် ဒီ 200 mcg နဲ့အတူ ငါးကြီးဆီကိုပါ တွဲဖက်မှီဝဲသင့်ပါတယ်။
စံဝန်းနီ(ရိုးရာလေး)
www.yoyarlay.com


No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ရုပ်သေးပွဲသွားရအောင်

  ရုပ်သေးပွဲသွားရအောင် Https://youtube.com/@thantunlayinde  ရေး-ကန်မြဲကိုအေးကျော် ဆို-ခင်အုန်းမြင့်လေး .. ပင်ခေါင်တိုင် သပြေကိုင်းနဲ့ နေမှို...