သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Sunday, February 28, 2016

မြန်မာ့ အချင့်အတွယ်များ

....................................
ကျွန်တော်တို့နိုင်ငံဟာ မင်းတုန်းမင်းတရားကြီး လက်ထက်မှာမှ ငွေဒင်းဂါး စနစ်ကို စတင်နိုင်ခဲ့ပေမယ့် ရှေး ပုဂံခေတ် အစဉ်အဆက်ကတည်းက တိကျတဲ့ အချင့်အတွယ် သတ်မှတ်မှုတွေ ရှိခဲ့ပြီးသားပါ

လေးစိတ် တစ်ရွေး
ရှစ်ရွေး တစ်ပဲ
နှစ်ပဲ တစ်မူး
နှစ်မူး တစ်မတ်
နှစ်မတ် ငါးမူး
လေးမတ် တစ်ကျပ်

ဆိုတာလောက်ကို လူတိုင်းသိကျပေမယ့်
ရွေးလေးနဲ့ ရွေးကြီးရှိတယ် ဆိုတာတော့ သတိထားမိသူ နည်းပါလိမ့်မယ်

မုန်ညှင်းလေးစေ့ နှမ်းတစ်လုံး
နှမ်းလေးလုံး  ဆန်တစ်စေ့
ဆန်လေးစေ့ ရွေးတစ်ရွေး

ဆိုတာလဲရှိပါတယ်

စပါးတစ်နှံမှာ အစေ့နှစ်ရာ
စပါးနှစ်ရာ တရစွန်
နှစ်ရက်စွန် တစ်လက်ဆုပ်
နှစ်လက်ဆုပ် တစ်လက်ပဲ့
နှစ်လက်ပဲ့ တစ်လက်ခုတ်
နှစ်လက်ခုတ် တစ်လက်ပက်

တစ်စလယ် နှစ်ခွက်
နှစ်ခွက် တစ်ပြည်
နှစ်ပြည် တစ်စရွတ်
နှစ်စရွတ် တစ်စိတ်
နှစ်စိတ် တစ်ခွဲ
နှစ်ခွဲ တစ်တင်း
လေးတင်း တစ်တို့
လေးတို့ တစ်ပုတ်
လေးပုတ် တစ်ကက်
လေးကက် တစ်ကျ
လေးကျ တစ်ကျီ

လှည့်းတစ်စီးတိုက်လို့ ဆိုလိုက်တာနဲ့ တို့ နှစ်ဆယ်ရှိရပါမယ်
စပါးတစ်ပုတ်ဆို တစ်ဆယ့်ခြောက်တင်းပေါ့
တစ်ကျမှာ ခြောက်ဆယ့်လေးတင်းပေါ့
တစ်ကျီမှာ လို့ဆိုလိုက်တာနဲ့ တစ်ထောင်နှစ်ဆယ့်လေးတင်း ရှိရပါတယ်

မြန်မာ့ ဗဟိုစည်ဆိုတဲ့ ရေနာရီမှာ ရေထဲကို ငွေဖလားထည့်ထားမယ်
ငွေဖလား တစ်ခါနစ်သွားရင် တစ်မောင်း
လေးမောင်း တစ်ဗဟို
ဆိုတဲ့ မြန်မာ့ နာရီကိုလည်း ညီငယ်တွေ မသိတော့ပါဘူး

မှားယွင်းမှုရှိပါက ကျွန်တော့်တာဝန်သာပါ


No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ရုပ်သေးပွဲသွားရအောင်

  ရုပ်သေးပွဲသွားရအောင် Https://youtube.com/@thantunlayinde  ရေး-ကန်မြဲကိုအေးကျော် ဆို-ခင်အုန်းမြင့်လေး .. ပင်ခေါင်တိုင် သပြေကိုင်းနဲ့ နေမှို...