သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Friday, February 12, 2016

အယ်နီညို ဆိုင်ရာဆောင်းပါးများစုစည်းမှု

#သတိ #သတိ၂၀၁၆ဟာအယ်နီညိုညွှန်းကိန်းအမြင့်ဆုံးနှစ်ပါ
#သတိ #သတိ #သတိ
အယ်နီညိုဆိုင်ရာ သတင်းနှင့်ဆောင်းပါးများနဲ့
ကျန်းမာရေးဆိုင်ရာ သတြိပုစရာများ
မြန်မာနိုင်ငံ ဟာ စိုက်ပျိုးရေး နိုင်ငံဖြစ်တဲ့အတွက်
မြေဆီမြေသားဆိုင်ရာ ပြဿနာများ ကိုရင်ဆိုင်ဖြေရှင်းနိုင်ရန် အတွက်ရည်ရွယ်ပါတယ်
ပညာရှင်မျာစွာနဲ့ သတင်းမီဒီယာ များရဲ့ သတိပေး ထုတ်ပြန်မှုများကို တစ်စုတစ်စည်းတည်း လေ့လာနိုင်ရန် စုစည်းတင်ပြအပ်ပါသည်
အယ်နီညို  ရာသီဥတုဖြစ်သည့် ၂၀၁၆ ခုနှစ်တွင် ရေရှားပြဿနာ ကြိုတင် စီမံရန် ဦးထွန်းလွင် သတိပေး

===================
===================

၂၀၁၆ ခုနှစ်အတွင်း ကြုံလာနိုင်တဲ့ ရာသီဥတု အခြေအနေကို သုံးသပ်ပေးပါခင်ဗျာ။

၂၀၁၆ မှာကြုံတွေ့နိုင်မယ် ရာသီဥတုအနေထားပဲဖြစ်ပါတယ်။ အဓိကပြောရမယ့် အချက်ကတော့ ၂၀၁၆ ခုနှစ်ဟာ အယ်နီညို ရာသီဥတု ဆက်လက်ရှိနေအုံးမယ့် နှစ်ဖြစ်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ အယ်နီညို ဖြစ်စဉ်ဟာ တစ်ကြိမ် တစ်ကြိမ် ဖြစ်ရင် အနည်းဆုံး ၁၂ လမှ ၁၈ လထိ ကျန်တတ်တဲ့ သဘာဝ ရှိပါတယ်။ ဒီဇင်ဘာမှာ ဗဟိုပြုပြီး တွက်လိုက်ရင် ရှေ့နှစ်မှာ ခြောက်လ နောက်နှစ်မှာ ခြောက်လ သူရဲ့ ထိခိုက်မှုတွေ ရှိပါတယ်။

ဒါကြောင့်မို့ လက်ရှိအယ်နီညိုဟာ ၂၀၁၅ ခုနှစ် နောက်ပိုင်း ခြောက်လပေါ်မှာ ထိခိုက်မှု ရရှိခဲ့ပြီး ၂၀၁၆ ခုနှစ်မှာ ပထမ ခြောက်လပေါ်မှာ ထိခိုက်မှုများ ရှိလာမှာ  ဖြစ်ပါတယ်။ အယ်နီညို ရာသီဥတုတွေ ဖြစ်ပေါ်ခဲ့ရင် မြန်မာနိုင်ငံမှာ ကြုံတွေ့တတ်တဲ့ ရာသီဥတု ဖောက်ပြန်မှုကတော့ ပူနွေးပြီး ခြောက်သွေ့တဲ့ရာသီဥတုကို ဖြစ်စေတတ်ခြင်းပဲ ဖြစ်ပါတယ်။ ဆိုလိုတာတော့ အပူချိန်တွေဟာ ဘယ်လမှာ ကြည့်ကြည့် ဖြစ်မြဲ အပူချိန်များရဲ့ အထက်ကို ကျော်လွန်နေမှာ ဖြစ်ပါတယ်။

ဒါဆိုရင် သတိထားရမယ့် အချက်တွေက ဘာတွေများ ဖြစ်မလဲ ခင်ဗျာ။

နွေအခါမှာ ဖြစ်မြဲ အပူချိန်များထက် ကျော်လွန်တဲ့အတွက် အလွန် ပူပြင်းတဲ့နွေရာသီ ဖြစ်စေတတ်သလို ဆောင်းရာသီကာလမှာလည်း ဖြစ်မြဲ အပူချိန် အထက်ကို ကျော်လွန်တဲ့အတွက် အအေးပေါ့တဲ့ ဆောင်းရာသီ မျိုးပဲ ဖြစ်ပေါ်နေလေ့ ရှိပါတယ်။ မိုးရွာသွန်းမှု အနေနဲ့တော့ ရွာသွန်းမှုအောက် လျော့နည်းတဲ့ အတွက် ခြောက်သွေ့တဲ့ရာသီဥတုကို ဖြစ်စေတတ်တာ ဖြစ်ပါတယ်။ ဒီအယ်နီညိုကို အကြောင်းပြုပြီး လာမယ့် ၂၀၁၆ အထူးသဖြင့် သတိထားရမယ်။

မြန်မာနိုင်ငံရဲ့ ရာသီဥတု အခြေနေကိုက ဒီဇင်ဘာလ တစ်ရက်နေ့ကစပြီး ၂၀၁၆ ခုနှစ် ဧပြီလကုန်အထိ ၅ လတာ ကာလဟာ မိုးမရွာတဲ့ ခြောက်သွေ့တဲ့ ကာလ ဖြစ်ပါတယ်။ ဒီဇင်ဘာ တစ်ရက်ကနေပြီးတော့ ဖေဖော်ဝါရီလ ကုန်ထိ သုံးလဟာ အေးပြီး ခြောက်သွေ့တဲ့ ဆောင်းရာသီ၊ မတ်လ တစ်ရက်ကနေ ဧပြီလကုန်ထိ နှစ်လကတော့ ပူပြီးတော့ ခြောက်သွေ့တဲ့ နွေရာသီ အေးတာပူတာသာ ကွာခြားပေမယ့် အဲဒီ ၅လ လုံးကတော့ ခြောက်သွေ့ရာသီ ဖြစ်ပါတယ်။

ခြောက်သွေ့ရာသီမှာ ဖြစ်တတ်တဲ့ အခက်အခဲတွေက ဘာတွေ ဖြစ်မလဲ ခင်ဗျာ့။

ကမ္ဘာကြီး ပူနွေးတဲ့ ၁၉၈၀ ကတည်းက စပြီး ကမ္ဘာပေါ်မှာ ရေရှားတဲ့ မှုပြဿနာများ ကြုံတွေ့တဲ့ အထဲမှာ မြန်မာနိုင်ငံလည်း အပါဝင် ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ လေးနှစ်လောက်က စပြီး ရေရှားပါးမှုကို မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများအပြင် အခုနောက်ပိုင်းမှာ မြစ်ဝကျွန်းပေါ် ဒေသများ တောင်ပေါ်ရှမ်းပြည်နယ် ဒေသများအထိ ရေရှားပါး ပြတ်လတ်မှုကို ကြုံတွေ့နေရပါတယ်။ တစ်နည်းပြောရရင်တော့ ရေလုံခြုံမှု လျော့နည်းလာပြီ ဖြစ်ပါတယ်။ အဲဒီအခြေနေမျိုးမှာ ၂၀၁၆ ဟာ အယ်နီညို ရာသီဥတု ဖြစ်တဲ့ အပြင် ဖြစ်မယ့်အယ်နီညိုကလည်း သမိုင်းမှာ အားကောင်းဆုံး အယ်နီညို ဖြစ်တဲ့ အတွက် ရာသီဥတု အနေနဲ့တော့ ရေရှားပါးမှု ပြဿနာကို ကြိုတင် စီမံဆောင်ရွက်ဖို့ လိုတယ်လို့။

ရာသီဥတု ဖေါက်ပြန်တာကြောင့် ကျန်းမာရေး အပါအဝင် အခြားထိခိုက်မှုတွေကော မရှိနိုင်ဘူလားခင်ဗျာ။

အယ်နီညို ရာသီဥတုမှာ စောစောကတင်ပြခဲ့တဲ့အတိုင်း အပူချိန်တွေဟာ ပုံမှန်ထက် မြင့်တတ်တဲ့ သဘာဝရှိလို့ ၂၀၁၆ ခုနှစ် မတ်လ တစ်ရက်နေကစပြီး ဧပြီလကုန်ထိ သတ်မှတ်ထားတဲ့ နွေရာသီ ကာလဟာ အလွန်ပူပြင်းတဲ့ နွေရာသီ ဖြစ်လာနိုင်ပါတယ်။ အကယ်၍များ အပူချိန်မြင့်တက်မှု မြင့်မားရင် ဒါဟာ ကျန်းမာရေး ဆိုင်ရာ ပြဿနာ၊ စိုက်ပျိုးရေး ပြဿနာ၊ စီးပွားရေး ပြဿနာ၊ လူမှုရေး ပြဿနာ ပြဿနာပေါင်း မြောက်များစွာကို ဖြစ်ပေါ်စေမှာ ဖြစ်ပါတယ်။

သာဓက အနေနဲ့ မဝေးသေးတဲ့ ကာလဖြစ်တဲ့ ၂၀၁၁ ခုနှစ်တုန်းက အလွန်ပူပြင်းတဲ့ နွေရာသီ ဖြစ်ပေါ်ခဲ့တဲ့ အတွက် အပူချိန်လွန်ကဲမှုရဲ့ ဒဏ်ကြောင့် မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသမှာ အသက်ဆုံးရှုံးမှုတွေ အများအပြား ဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် မန္တလေးတိုင်းမှာ အပူချိန်ကြောင့် အသက်ဆုံးရှုံးရမှု ထောင်ဂဏန်းထိ ရှိခဲ့တယ်လို့ ဒေသခံများ ပြောပြချက်အရ သိခဲ့ရပါတယ်။ ဒီလိုပူပြင်းတဲ့ နွေရာသီမျိုးကို လည်း ၂၀၁၆ ခုနှစ်မှာ သတိထားဖို့ လိုတယ်။

ဒါဆိုရင် ရာသီဥတုနဲ့ ပတ်သက်ပြီး အစိုးရပဲဖြစ်ဖြစ်၊ အရပ်ဘက် အဖွဲ့အစည်းတွေကပဲ ဖြစ်ဖြစ် ဘာတွေ ပြင်ဆင်ထားသင့်ပါသလဲ။

အယ်နီညိုရဲ့ ထိခိုက်မှုဟာ ပထမ ခြောက်လထိ ရှိတဲ့ အတွက် မိုးရာသီကာလရဲ့ မိုးကြိုကာလ၊ မိုးဦးကာလ၊ မုတ်သုန်အဝင် စသည့် အချက်လက်များပေါ်မှာ ထိခိုက်မှု ရှိနိုင်တာ  ဖြစ်ပါတယ်။ အဲတော့ အယ်နီညိုရဲ့ အရှိန်ကြောင့် ၂၀၁၆ ခုနှစ်ရဲ့ မုတ်သုန်အဝင်ဟာ နောက်ကျနိုင်တယ် မုတ်သုန်ဟာ အားမကောင်းနိုင်ဘူး ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်း ဖြစ်ပေါ်မှုဟာ များစွာလျော့နည်းနိုင်တယ်ဆိုတဲ့ အချက်များကို အယ်နီညိုရဲက အတွေ့ကြုံများအရ ဒါကြိုတင် သိရှိထားပြီးဖြစ်ပါတယ်။

၂၀၁၆ ခုနှစ်မှာ သဘာဝ မဟုတ်တဲ့ ပြောင်းလဲလာမယ့် ပုံမှန်က ကွဲလွဲနေမယ့် ရာသီဥတု အခြေအနေများနှင့် အညီ လိုအပ်သလို လိုက်လျောညီထွေ လုပ်ကိုင်နိုင်ဖို့အတွက် အခုကတည်းက ဘက်ပေါင်းစုံ ဌာနပေါင်းစုံ စိုက်ပျိုးရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ ရေရရှိရေး၊ စတဲ့ တာဝန်ရှိသူများက အများပြည်သူ အတွက် လိုအပ်တဲ့ အကြံဥာဏ်များ လုပ်ဆောင်ဖွယ်ရာများကို အချိန်မီ တင်ပြဖို့တော့ သင့်လျော်တယ်ဆိုတဲ့ အကြောင်း တင်ပြရင်းနဲ့ပဲ နိဂုံးချုပ်အပ်ပါတယ်။ နှစ်သစ်မှာ မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး တွေ့ကြုံလာနိုင်တဲ့ သဘာဝဘေးများကို ကျော်လွှားနိုင်ပြီး ဘေးဘယာ ကင်းဝေးကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။

============

Mizzima - News in Burmese

http://mizzimaburmese.com/article/9290

ဒီနေ.ထွက်တဲ့ မော် ဒန်ဂျာနယ်မှာ ကျွန်တော် ပြောထားတဲ့ အယ်နီညို (El Nino)

အယ်နီညို ရာသီဥတုကြောင့် အရေပြားပြသနာမဖြစ်စေဖို.
××××××××××××××××××××××

#     ဒီနှစ် နွေရာသီ ဟာ ပူပြင်းအခြောက်သွေ.ဆုံးဖြစ်မယ်။ မုတ်သုံအ၀င်ကလဲ နောက်ကျမယ်ဆိုတော့ နွေရက်ရှည်ကြီးကို ဖြတ်သန်းရမှာပါ။ ချွေးထွက်များတာကြောင့် ကလေးတွေမှာ မိတ်ထွက်တာမျိုးတွေဖြစ်နိုင်တယ်။ အဖြစ်အများဆုံးဘဲ။ Milia ခေါ်တဲ့ အရေကြည်ဖုလေးတွေထွက်နိုင်တယ်။ ချွေး နဲ. ဖုန်မှုန်.ကြေးတွေ ရောပြီး မွေးညှင်းပေါက် ပိတ်ဆို.တတ်တယ်။ နောက်ဆက်တွဲအနေနဲ. ပြည်တည်နာတွေ(folliculitis) ဖြစ်နိုင်တယ်။ မျက်နှာမှာဆိုရင် နေရောင်ခြည်ကြောင့် ဖြစ်တဲ့ ၀က်ခြံအမျိုးအစား တမျိုး (acne rosacea) ကိုပိုဆိုးစေနိုင်ပါတယ်။ ပြီးတော့ တင်းတိတ်၊ မှဲ.ခြောက် နဲ. နေလောင်ကွက်တွေလဲ ထွက်လာနိုင်ပါတယ်။ ရင်ဘတ်နဲ.ကျော မှာ ညှင်း (P.vesicolor) ပေါက်နိုင်ပါတယ်။ ချွေးအောင်းတတ်တဲ့ ပေါင်ခြံ၊ ချိုင်းကြား၊ ရှူးဖိနပ်စီးတဲ့သူတွေမှာ ခြေချောင်းကြားတွေမှာ မှိုစွဲခြင်း (Fungal infection) ဖြစ်တာတွေ.ရနိုင်တယ်။ အချို.အမျိုးသမီးတွေမှာ မိန်းမကိုယ် ယားယံခြင်း၊ အဖြူဆင်းခြင်း အထိဖြစ်နိုင်တယ်။ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေမှာ ပိုဖြစ်တတ်တယ်။ အပူချိန်များတာရယ် ချွေးထွက်များတာရယ်ကြောင့် ရေဓာတ်ခန်းခြောက်ပြီး အသားတွေနီပြီး ပူလာနိုင်တယ်။ ဒါဆိုရင် သတိထားရမယ်။ အပူရှပ်တာဖြစ်နိုင်တယ်။ ရာသီဥတုဖောက်ပြန် တာကြောင့် မြစ်ချောင်းတွေရေခမ်းတာဖြစ်နိုင်တယ်။ မသန်.ရှင်းတဲ့ရေတွေကြောင့် ရေကတဆင့် ကူးစက်ရောဂါတွေဖြစ်နိုင်တယ်။

အရေပြားက အပူဒဏ်ကိုခံနိုင်ရည်

# လူတယောက် ရဲ. ကိုယ်တွင်းအပူချိန် ထိန်းညှိမှုစနစ် (body temperature regaulation) မှာ ဦးနှောက်(Hypothalamus)၊သွေးကြောအဖွဲ.(blood vessels)၊ချွေးမွေးညင်းပေါက်အဖွဲ.(sweat glands & ducts)တို.ပါပါတယ်။ ပှံမှန် အချိန်မှာ ဆို အပူချိန်ကို ၉၈.၆ ၀န်းကျင် ဖြစ်အောင် ထိန်းညှိပေးထားပါတယ်။ ပြင်ပအပူချိန်များလာတဲ့အခါ ကိုယ်တွင်းသိမ်းဆည်းထားတဲ့ရေ ကို ချွေးအဖြစ် အရေပြားကနေ စွန်.ထုတ်ပြီး အငွေ. ပြန်စေခြင်း ဖြင့် အပူချိန်လျော့ကျအောင်လုပ်ပေးပါတယ်။ ပြင်ပအပူချိန် တအားမြင့်တက်လာရင် ဒါမှမဟုတ် အကြာကြီးနေပူထဲမှာ နေမယ်ဆိုရင်တော့ တဖြည်းဖြည်း ရေဓာတ်ဆုံးရှုံးလာပါမယ်။ ဒီထက်ပိုဆိုးလာပြီး ကိုယ်တွင်းအပူချိန် ၁၀၃ လောက်ဖြစ်လာ မယ်ဆိုရင်တော့ အသားတွေ ပူပြီးနီလာမယ်။ ဂယောင်ချောက်ခြားဖြစ်မယ်၊၊သတိလစ်ပြီး မေ့လဲတဲ့အထိ ဖြစ်နိုင်တယ်။

နာတာရှည် အသက်အရွယ်ကြီးရွယ်အို

# အသက်အရွယ်ကြီးတဲ့သူတွေ၊ အရမ်းငယ်တဲ့ကလေးတွေ ဟာ ပှံမှန်လူတွေလောက် အပူဒဏ်ကို ခံနိုင်ရည် မရှိနိုင်ရှာပါဘူး။ ဘာလို.လဲဆိုတော့ သူတို.ရဲ. အပူချိန်ထိန်းညှိမှူ စနစ်(body temperature regulation system) ကောင်းကောင်းအလုပ် မလုပ်လို.ပါ။ အိပ်ယာထဲ လဲနေတဲ့ အဘိုးအဘွားတွေ  ပိုပြီးသတိထားသင့်ပါတယ်။ အပူလွန်ကဲပြီး ချွေးထွက်များနေလား၊ ရေဓာတ်၊ဆားဓာတ် နည်းနေလားဆိုတာ စောင့်ကြည့်ပေးသင့်တယ်။  ပြီးတော့ နာတာရှည် ရောဂါခံစားနေရသူတွေ၊ ဆီးချို၊ နှလုံး၊သွေးတိုး ဝေဒနာရှင်တွေ အနေနဲ. မိမိပှံမှန် သောက်နေကြဆေးတွေ ကိုနွေရာသီမှာ အပြောင်းအလဲအတိုးအလျော့လုပ်ဖို. လိုမလို မိမိဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။ ဘာလို.ပြောရသလဲဆိုရင် ဥပမာ နှလုံးဆေးတမျိုးဖြစ်တဲ့ Beta blocker ဟာ နှလုံး နှင့် အဆုတ် ရဲ. အပူဒဏ် (Heat stress) ကိုခံနိုင်ရည်ကို အားနည်းစေပါတယ်။ ဆီးဆေး Diuretic တွေက ရေဓာတ်ကို ပိုမိုခမ်းခြောက်စေပါတယ်။ Anticholinergic လို.ခေါ်တဲ့ဆေးတမျိုးဟာဆိုရင် ကိုယ်ခနာ ချွေးထွက်ခြင်းကို မူမမှန်ဖြစ်စေပါတယ်။

တနေ.တာ အပူချိန်

# မနက်၁၀ နာရီ ကနေ ညနေ၄နာရီ အထိ နေရောင်ခြည်ထဲ မှာ ခရမ်းလွန်ရောင်ခြည်များနေနိုင်တယ်။ အတူတူပါဘဲ။ အပူချိန်လည်းမြင့်နေနိုင်ပါတယ်။ မွန်းတည့်ချိန်ကတော့ အပူဆုံးအချိန်ပေါ့။ ချွေးအရမ်းထွက်မယ့် အလုပ်မျိုးဆို အပူလွန်ကဲတဲ့အချိန်တွေမှာ မလုပ်သင့်ဘူး။ ဥပမာပြောရရင် လေ့ကျင့်ခန်းလုပ်မယ်ဆိုပါစို.။ မနက်စောစော သို.မဟုတ် ညနေစောင်းမှ သာလုပ်သင့်တယ်။ မဖြစ်မနေ တနေကုန်လုပ်နေရတဲ့ တောင်သူတွေ၊ လယ်သမားတွေ ဆိုလဲ ခဏ တဖြုတ် သစ်ပင်သစ်ရိပ်အောက်မှာ အနားယူသင့်တယ်။ ဒါမှ ကိုယ်တွင်း အပူချိန်လျော့ကျသွားပြီး အပူရှပ်တာမျိုးမဖြစ်တော့ဘူး။

အယ်နီညို ရာသီဥတ်ုကို ဘယ် လိုကာကွယ် ဘယ်လိုပြင်ဆင်ထားသင့်သလဲ

# အယ်နီညို ရာသီဥတု က ပူပြင်းပြီးစိုထိုင်းဆမြင့်နေတတ်ပါတယ်။ ဒီလိုအချိန်မှာ အရေပြား မွေးညှင်းပေါက်တွေမှာ အဆီ၊ အညစ်အကြေးတွေနဲ. ဖုန်မှုန်.တွေ ပိတ်ဆို.နေတတ်တယ်။ ဒါကြောင့် တနေ. ကို နှစ်ကြိမ် မျက်နှာသစ်သင့်ပါတယ်။ Toner နဲ. Exfoliator တို.နဲ. တွဲဖက်သုံးသင့်ပါတယ်။ အဆီပြန်လွယ်သော oil base moisturizer တွေ မသုံးသင့်ပါဘူး။ ၀က်ခြံ ထွက်စေနိုင်ပါတယ်။ water base serum ကို အစားထိုးသုံးပေးစေချင်တယ်။ SPF 30 အနဲဆုံးပါသော နေရောင်ကာကွယ်ဆေး ကို နေပူပူ မပူပူ အပြင်ထွက်မယ်ဆိုပါက မဖြစ်မနေလိမ်းပါ။ နေကာမျက်မှန်ဝတ်ပါ။ ဦးထုတ်ဆောင်းပါ။ မလိုအပ်ဘဲ နေပူထဲ အကြာကြီးမထွက်ပါနဲ.။ အရက် နှင့် ကက်ဖိန်းပါသော အချိရည်များကို ဖြစ်နိုင်ရင် ရှောင်ပေးပါ။ အဲဒီအစား ရေများများသောက်ပေးပါ။ Anti-oxidant ဗီတာမင် များ ဖြစ်သော အေ၊စီ၊အီး တို.ကို ပှံမှန် မှီဝဲပေးပါ။ ဆီး အရောင် အ၀ါရင့်ရောင် သို.မဟုတ် အညိုရောင်ဖြစ်နေပါက ကိုယ်တွင်း ရေဓာတ်ခမ်းနေပြီလို. ယူဆလို.ရတယ်။ ချွေးထွက်များပါက ရေဓာတ်အပြင် ဆားဓာတ်ပါဆုံးရှုံးနိုင်လို. ဓာတ်ဆားရည်သောက်ပေးနိုင်ပါတယ်။ ခေါင်းမှူး၊ ခေါင်းကိုက်ဖြစ်တယ်၊ အသားတွေပူပြီး ကယောင်ချောက်ခြား ဖြစ်လာတယ်ဆိုရင် Heat stoke ဖြစ်နိုင်လို. နီးစပ်ရာ ကျန်းမာရေး ဆေးခန်းကို ပြသင့်ပါတယ်။

ထက်အောင်

မြန်မာနိုင်ငံမှာ ၂၀၁၆ ခုနှစ် ပထမနှစ်ဝက်ဟာ ခါတိုင်းနှစ်တွေထက်ပိုပြီး ပူပြင်းခြောက်သွေ့ပြီး၊ El Niño ရာသီဥတု အားအကောင်းဆုံးဖြစ်နေတာမို့ လူထုအနေနဲ့ ကျန်းမာရေးပြဿနာ၊ စိုက်ပျိုးရေး ရေရရှိရေးအတွက် ပြင်ဆင်ထား သင့်တယ်လို့ မိုးဇလ ပညာရှင်တွေက အကြံပြုထားပါတယ်။

ဒီရာသီဥတုကြောင့် နွေဥတုဟာ အပူရှိန်ပြင်းထန်တဲ့ ရာသီဥတုဖြစ်နိုင်ပြီး မိုးကြိုကာလ မုတ်သုံအ၀င်ဟာလည်း နောက်ကျနိုင်သလို မိုးတွင်းကာလမှာလည်း မိုးလျော့နည်းနိုင်တယ်လို့ သုံးသပ်ပြောဆိုပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုထက်အောင်က ပြောပြပေးမှာပါ။

ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတု အမျိုးအစားဖြစ်တဲ့ အယ်နီညို ရာသီဥတုဟာ မြန်မာနိုင်ငံမှာ ၂၀၁၆ ခုနှစ်ရဲ့ ပထမနှစ်ဝက်အတွင်း အားအကောင်းဆုံး ဖြစ်လာနိုင်တယ်လို့ မိုးဇလ ပညာရှင်တစ်ဦးက ခန့်မှန်းပြောဆိုပါတယ်။ ဒီ အယ်နီညိုရာသီဥတုကြောင့် နွေရာသီမှာ ခါတိုင်းနှစ်တွေကထက်ပိုပြီး အပူပြင်းနိုင်သလို မိုးဥတုမှာလည်း မိုးနည်းနိုင်တယ်လို့ မိုးဇလပညာရှင် ဦးထွန်းလွင်က ပြောပါတယ်။

“ကျနော်ပြောထားပါတယ်။ အယ်နီညှိ အားကောင်းတယ်၊ အဲတော့ အပူရှိန် လွန်ကဲတာနဲ့ မိုးနည်းတဲ့ရေရှားပါးတဲ့အန္ဒရာယ် သတိပြုဖို့လိုတယ်လို့ ပြောခဲ့ပါပြီ။ အဓိကကတော့ ရေရှားတာနဲ့ အပူရှိန်လွန်ကဲတဲ့ နွေရာသီ အဲဒါတခု၊ နောက် မုတ်သုံအ၀င်နောက်ကျနိုင်တယ် ။ နောက် မုတ်သုံရာသီဥတု မှန်မှန်ကန်ကန်မရှိနိုင်ဘူး။”

ရာသီဥတု ပိုမို ပူပြင်းပြီး ရေရှားပါးမှု အဓိက ကြုံတွေ့ရနိုင်တာကြောင့် စိုက်ပျိုးရေးပိုင်းမှာ အခက်အခဲ ကြုံတွေ့ရနိုင်တယ်လို့လည်း မိုးဇလ ဌာနရဲ့ ဒုညွှန်ချုပ် ဦးကျော်မိုးဦးက ပြောပါတယ်။

“လာမယ့် နွေရာသီပေါ့လေ။ ဒီ လာမယ့်နွေရာသီမှာ ပူပြင်းမယ့် အတွက်ကြောင့်မို့လို့ ကျနော်တို့ နိုင်ငံမှာတော့ မိုးစပါးရယ်၊ ဆောင်းရယ်၊ နွေစပါးရယ်ဆိုပြီးတော့ ၃ မျိုးစိုက်နေတာပေါ့။ စိုက်တဲ့အချိန်ကျရင်တော့ နွေစပါး ကျရင်တော့ စိုက်တဲ့အချိန်ကျရင် စိုက်ပျိုးရေ လုံလုံလောက်လောက်ရရှိနိုင်ဖို့အတွက်ကိုလေ အခုကတည်းက ကြိုတင်ပြင်ဆင်ထားနိုင်မယ် ဆိုရင်တော့ ဒီနွေစပါးအတွက် အခက်အခဲမရှိနိုင်ပေမယ့် ၊ ကြိုတင်ပြင်ဆင်မှုနည်းပြီဆိုရင်တော့ ခုနပြောတဲ့ စိုက်ရေးပျိုးရေးမှာ အနည်းနဲ့အများ ထိခိုက်နိုင်တဲ့အနေအထားရှိပါတယ်။”

၂၀၁၆ ခုနှစ်အတွင်း အထူးသတိထားရမယ့် သဘာဝဘေးအန္တရယ်ကတော့ ရေရှားပါးမှု ပြဿနာဖြစ်သလို မိုးအကြိုကာလမှာ မုန်တိုင်းလည်း ဖြစ်လာဖို့ ရှိတယ်လို့ မိုးဇလ ပညာရှင်တွေက သတိပေးထားပါတယ်။ဒါ့အပြင် ဒီနှစ်မှာလည်း မြန်မာနိုင်ငံမှာ အယ်နီညို ရာသီဥတုရဲ့ အကျိုးဆက်ကို ကြုံတွေ့နိုင်တာကြောင့် လူထုအနေနဲ့ကျန်းမာရေး၊ သောက်ရေသုံးရေ ရှားပါးမှု ပြဿနာကို ကြိုတင်ပြင်ဆင်ထားဖို့လိုတယ်လို့ ဦးကျော်မိုးဦးက ဆိုပါတယ်။

“အယ်နီညှိ ဖြစ်တဲ့ ၂၀၀၉- ၂၀၁၀ တုန်းကဆိုရင် Moderate အယ်နီညှိ လောက်ပဲဖြစ်တယ်။ ဒါပေမယ့် အဲဒီနှစ်မှာပေါ့လေ နေ့အပူချိန်မြင့်တက်တဲ့အတွက်ကြောင့်မို့လို့ ကျန်းမာရေးဆိုင်ရာ ဒုက္ခတွေပေါ့လေ၊ ကျန်းမာရေးဆိုင်ရာ ဒုက္ခတွေ တွေ့ရတယ်။ နေ့ခင်းဖက်တွေမှာ အပူရှပ်ပြီးပြန်လာတဲ့အချိန်ကျတော့ ခြေထောက်တွေမှာ ရေလောင်းရင်းနဲ့ အပူရှပ်ပြီးတော့ သေတဲ့ဟာတွေပေါ့နော်။ ကျန်းမာရေးဆိုင်ရာ ရှုထောင့်အနေနဲ့တော့ ကျန်းမာရေးဝန်ကြီးဌာနကနေပြီးတော့ လမ်းညွှန်မှုတွေနဲ့ ဆောင်ရွက်ရမယ့်အနေအထားရှိပါတယ်။ အယ်နီညှိ ဒီနှစ်က ခါတိုင်းနှစ်ထက် ပူမယ့် အနေအထားဖြစ်တဲ့ အတွက်ကြောင့်မို့လို့ သောက်သုံးရေပြဿနာတို့ ၊ စိုက်ပျိုးရေ ရရှိဖို့ ပြဿနာတို့ အဲဒီပြဿနာတွေရှိလာနိုင်ပါတယ်။ နောက်ပြီးတော့ စောနပြောတဲ့ လျှပ်စစ်မီးလိုင်းပေါ့ ။ အဓိက တော့ ကျနော်တို့နိုင်ငံက များသောအားဖြင့်တော့ ဟိုက်ဒရို ပါဝါ သုံးတဲ့ နိုင်ငံဖြစ်တဲ့အတွက်ကြောင့်မို့လို့လာမယ့်နွေရာသီမှာလည်း မြစ်ရေကျလို့ရှိရင် ခုနပြောတဲ့ ဟိုက်ဒရိုပါဝါတွေ လျှော့ကျသွားမယ့်အနေအထားမျိုးရှိတယ်ပေါ့လေ။ ဒါတွေအတွက် ကြိုတင်ပြင်ဆင်ထားဖို့လိုပါတယ်။”

ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်တုန်းက မြန်မာပြည်မှာ အပူရှိန် ပြင်းခဲ့တာကြောင့် လူအသေအပျောက် များခဲ့ပါတယ်။ ဒါ့အပြင် ကမ္ဘာကြီးမှာလည်း ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်ဟာ ကမ္ဘာ့သမိုင်းရဲ့ အပူဆုံး ဖြစ်ခဲ့တာပါ။ ၃နှစ် နဲ့ ၇ နှစ် ကြားကာလ အတွင်း ဖြစ်ပေါ်လေ့ရှိတဲ့ အယ်နီညို ရာသီဥတုဟာ ဒီနှစ်မှာဆိုရင် အားအကောင်းဆုံးနဲ့ အပြင်းထန်ဆုံး ဖြစ်လာနိုင်တာကြောင့် စိုက်ပျိုးရေး ၊ ကျန်းမာရေးနဲ့ ရေရရှိရေးတို့အတွက် ကြိုတင်ပြင်ဆင်သင့်တယ်လို့ ပညာရှင်တွေက သုံးသပ်ပြောဆိုနေကြတာပါ။
http://burmese.voanews.com/content/myanmar-weather-summer-high-tempeature-/3133556.html?nocache=1

၂၁ ရာစု၏အပြင်းထန်ဆုံးအယ်နီညိုကိုကြိုးစား အန်တုကြမည့်
သစ်တောများ ပြုန်းတီးနေပြီလား

သတင်းဆောင်းပါး-ခင်ရတနာ၊ ဓာတ်ပုံ-မေဦးမိုး

မြေနီလမ်းကလေး၏ မျက်စိတစ်ဆုံး စိမ်းညို့ညို့တောင်တန်းများပေါ်၌ ဆိုင်ကယ်တစ်စီးသည် ဖုန်အလိမ်းလိမ်းဖြင့်မောင်းကာ သစ်ရွေတုံးများကို အဆမတန် တင်ဆောင်လာသည်။ ယင်း နေရာသည် လွန်ခဲ့သည့် နှစ်ပေါင်း ၂ဝ ဝန်းကျင်က ထူထပ်သည့်တောအုပ်၏ အစဖြစ်သော်လည်း ယနေ့တွင်တော့ ဆိုင်ကယ်သံတဖုန်းဖုန်းဖြင့် ဘီးရာများထပ်တလဲလဲဖြစ်နေပြီး လူမပြတ်သည့် မြေနီလမ်းကလေး ဖြစ်လာနေပြီဖြစ်သည်။ ထို့ပြင် ဘေးတစ်ဖက်တစ်ချက်စီတွင်လည်း ခြံစည်းရိုးများကာရံကာ ပိုင်ဆိုင်သည်ဟု သမုတ်ခြင်းခံထားရသည့်မြေယာများဖြစ်လာခဲ့သည်။ နေရာ သည် ပြင်ဦးလွင်မြို့ ပဒေသာ မြို့သစ်မှ ဆက်သွားသည့် တောတွင်း လမ်းပိုင်းလေးတစ်ခု၏ မြင်ကွင်း ဖြစ်သည်။
ပြင်ဦးလွင်မြို့သည် နွေ၊ မိုး၊ ဆောင်း နေချင့်စဖွယ်ရာသီဥတုကို ပိုင်ဆိုင်ထားသော်လည်း ပြီးခဲ့သည့် ဆယ်စုနှစ် တစ်ခုကျော်နှင့် နှိုင်းယှဉ် လျှင် ပူနွေးလာခဲ့ပြီဟု ဒေသခံတွေက ပြောသည်။ သဘာဝရေထွက်ပေါက် အချို့မှာ ကျေးရွာများချဲ့ထွင်မှု အတွက် အနားယူခဲ့ရပြီး စိမ့်နေ အောင်အေးမြသည့် နေပြောက်မထိုး အောင်ပေါက်သော သဘာဝ သစ်တောများသည်လည်း နှစ် ၃ဝ နီးပါး ခုတ်လှဲခဲ့သည့်ဒဏ်ကြောင့် ပြန်လည် နာလန်မထူနိုင်အောင် လျော့နည်းလျက်ရှိသည်။
''ပြင်ဦးလွင်တင် မဟုတ်ပါဘူး။ သစ်တောကြိုးဝိုင်းတွေနဲ့ များပြားတဲ့ တောအုပ်တွေ၊ တောင်တန်းတွေမှာ သစ်ဝါးရှားပါးလာတာ အလွန်ဆိုးရွား နေပါပြီ။ သစ်အလုံးတင်ပို့မှု ခွင့်မပြု တော့တာကြောင့်သာ အသက်ရှင်ခွင့် ရတဲ့ သစ်ပင်အများစုဟာ အလွန်နုပျို သေးတဲ့ အပင်တွေသာ ဖြစ်နေတယ်'' ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးပညာရှင် ဒေါက်တာငုဝါနွယ်က မချိတင်ကဲပြောသည်။
မြန်မာနိုင်ငံသည် သစ်တော ပြုန်းတီးမှု အများဆုံးစာရင်းဝင် နိုင်ငံများမှ တစ်နိုင်ငံဖြစ်နေပြီး ယနေ့အထိ ကြိုးဝိုင်း ကြိုးပြင် သစ်တောထိန်းသိမ်းခြင်းနှင့် ပြန် လည်စိုက်ပျိုးခြင်းများသည် စနစ်ကျမှု လုံးဝမရှိသေးသောကြောင့် အမြန်ဆုံး ပြုပြင်ပြောင်းလဲသင့်တယ်ဟု ၄င်းက ပြောသည်။
''ရက်ပေါင်း ၅ဝ ဝန်းကျင်မှာ ထူးကဲတဲ့ အယ်နီညိုရဲ့ဒဏ်ကို မျက်ဝါးထင်ထင် ကြုံတွေ့ရတော့မှာ ဖြစ်ပါတယ်။ ဒီအခြေအနေမှာ သစ်တောတွေရဲ့ အခန်းကဏ္ဍ၊ သစ်တောတွေရဲ့တန်ဖိုးကို ပိုပြီးဂရုပြု ထိန်းသိမ်းနေသင့်တယ်''ဟု သဘာဝ ပတ်ဝန်းကျင်နှင့် ရာသီဥတုဆိုင်ရာ အတွေ့အကြုံများကို မျှဝေသူ ပညာရှင် ဒေါက်တာထွန်းလွင်က မှတ်ချက်ပေးသည်။
''သစ်တောတွေမရှိတဲ့အတွက် ဆိုးကျိုးတွေက အလွန်များပါတယ်။ ကျွန်တော်တို့အနေနဲ့ လာမယ့် အယ်နီညိုနွေကာလကို ဖြတ်သန်း ဖို့ တစ်ခုတည်းတင်မကပါဘူး။ ရာသီဥတုက ကမ္ဘာကြီးပူနွေးလာမှု ကြောင့်ဖြစ်ရပြီး သစ်တောတွေမရှိတဲ့ ကမ္ဘာကြီးဟာ တဖြည်းဖြည်းခြောက် သွေ့ပြီး ရာသီဥတုဒဏ်တွေ၊ သဘာဝ ဘေးဒဏ်တွေကို ပိုခံစားရလေလေနဲ့ သံသရာလည်နေပါပြီ။ ဒါကိုသစ်တော ဦးစီးဌာနက ဆောင်ရွက်မှုတွေ အခုထက်ပိုပြီး တိကျတဲ့စစ်ဆေး ဆောင်ရွက်မှုတွေနဲ့ သဘာဝကျတဲ့ ဖော်ဆောင်မှုတွေဖြစ်ဖို့ လိုအပ်လာ ပြီ''ဟု ဒေါက်တာထွန်းလွင်က ပြောသည်။
သစ်အလုံးထည်တင်ပို့မှုကို နိုင်ငံ တော်က တရားဝင်ပိတ်ထားလိုက် သော်လည်း ယနေ့တိုင် ခိုးခုတ်မှုများ၊ တစ်ဖက်နိုင်ငံများသို့ တရားမဝင် တင်ပို့မှုများ ရှိနေသေးသည်ကို ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သစ်တောရေးရာဝန်ကြီးဌာနနှင့် တာဝန်ရှိသူများ မကြာခဏ ဖမ်းဆီး ရမိသော သတင်းထုတ်ပြန်ချက်များ အရ သိရှိနိုင်သည်။
''သစ်တောပြုန်းတီးမှုအတွက် ပြန်လည်ကုစားတာတွေကို ၂ဝ၁၂ ခုနှစ်ကတည်းက လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ တရားမဝင်ခုတ်ယူတာ ကို တွေ့ရှိရင် သစ်တောဥပဒေအရ အရေးယူဆောင်ရွက်ပြီး ဒေသပိုင် အစုအဖွဲ့ စိုက်ခင်းတွေကိုလည်း တစ်နိုင်ငံလုံးမှာ ချထားဆောင်ရွက် ပေးနေခဲ့တာ ဖြစ်ပါတယ်''ဟု သစ်တောဦးစီးဌာန၏ တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။
သို့သော် တရားမဝင် သစ်ခုတ်ယူ နေမှုများအားလုံးကို ဖမ်းဆီး အရေးယူမှုများ မပြုလုပ်နိုင်သေး သည်ကိုတွေ့ရပြီး အများစုသော ဖမ်းဆီးမှုများတွင်လည်း ပိုင်ရှင်မဲ့ ဖမ်းဆီးရမိသည့် အဖြစ်မျိုးသာ များကြောင်း ကသာခရိုင်အတွင်း တရားမဝင်သစ်များ ပိုင်ရှင်မဲ့ဖမ်းဆီး ရမိသည့်ဖြစ်စဉ်တစ်ခုကို လက်ခံ အမှုဖွင့်အရေးယူနေသော ရဲတပ်ဖွဲ့ ဝင်တစ်ဦးက ပြောသည်။
တစ်နိုင်ငံလုံး အတိုင်းအတာ တွင် သစ်တောကြိုးဝိုင်း ၈၁၂ ခုရှိပြီး ကြိုးပြင်ကာကွယ်တောပိုင်း ၃၂၆ နေရာ ရှိခြင်းကြောင့် သစ်တော ဖုံးလွှမ်းမှုဧရိယာ ၄၆ ရာခိုင်နှုန်း ရှိသည်ဟု သတ်မှတ်နိုင်ကြောင်း သစ်တောဦးစီးဌာနက ထုတ်ပြန်ထား သည်။ သို့သော် ကြိုးဝိုင်း ကြိုးပြင် သစ်တောများတွင် တစ်စတစ်စ သက်တမ်းရင့်အပင်များ လျော့နည်း လာပြီး ဒေသခံများ၏ အတွေ့အကြုံ များကို စေ့ငုကြည့်မိရာ နှစ် ၃ဝ အတွင်း တစ်ဝက်နီးပါး လျော့နည်း လာရသည်ဟု သိရသည်။
''ဒီမြေ ဒီရေ ဒီသစ်တောတွေက ကျွန်တော်တို့ရဲ့ ဘူမိနက်သန်ပါ။ အခုအချိန်မှာ နှစ်ပေါင်း ၂ဝ နဲ့ နှိုင်းယှဉ်ရင် အလွန်တိုးတက်လာခဲ့ တယ်။ ဆိုင်ကယ်သွားလမ်းတွေ၊ ကားလမ်းတွေနဲ့ တောအတော်နက် တဲ့အထိ သွားနိုင်တယ်။ စည်းကမ်းမဲ့ တဲ့သူတွေကြောင့် တောမီးလောင် ကျွမ်းမှုကလည်း နှစ်စဉ်နဲ့အမျှ မြင့်တက်နေသလို တရားမဝင်ခုတ်လှဲ မှုတွေကလည်း သစ်အလုံးတင်ပို့မှု ရပ်ဆိုင်းပြီး နောက်ပိုင်းမှာလည်း ရှိနေဆဲပါ။ နေ့စဉ် ရေလမ်းကရော ကုန်းလမ်းကပါ ခိုးထုတ်ယူနေ တာတွေကို မြင်နေရတယ်။ ဒေသခံတွေက ထင်းနဲ့လောင်စာ သုံးဖို့ အနည်းငယ်ခုတ်လှဲတာကို မိရင် အကြီးအကျယ်အရေးယူ တတ်ပေမယ့် အလုံးလိုက် ခိုးခုတ် တာ အချို့ကိုတော့ မိတာရှားတယ်'' ဟု တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့နယ်မှ သစ်ထုတ်လုပ်ရေး လုပ်သားဟောင်း တစ်ဦးလည်းဖြစ် ဆင်ထိန်းလည်းဖြစ်သူ ဦးဗေကာထွန်း က ပြောပြသည်။
စီမံကိန်းနှင့် ဘဏ္ဍာရေးဖွံ့ဖြိုး တိုးတက်မှု အစီရင်ခံစာအရ မြန်မာ နိုင်ငံတွင် သစ်တောများ ပြန်လည် သန်စွမ်းလာစေရေးအတွက် ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်အတွင်းမှာပင် နိုင်ငံ ပိုင် သစ်တောစိုက်ဧက ၂၁ သိန်းနှင့် အပူပိုင်း စိမ်းလန်းစိုပြည်ရေး စိုက် ဧက ၃၇ဝဝဝဝ ကို စိုက်ပျိုးထား ကြောင်း သိရသည်။
''ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးအတွက် ပုဂ္ဂလိကပါဝင်လုပ်ကိုင်ဖို့ ကျေးရွာစိုက်ခင်းတွေကို ထူထောင် လျက်ရှိရာမှာ ဒီနှစ် ဘဏ္ဍာရေးနှစ် ထဲမှာဆိုရင် စိုက်ခင်းဧက ငါးသောင်း ခွဲအထိ လွှဲပြောင်းပေးအပ်ခဲ့ပါ တယ်။ ဒါ့အပြင် ဓမ္မတာမျိုးဆက် တာကနေ ရရှိလာတဲ့ ထင်း ၁၅၅၁ ဒသမ ၈၃ တန်ကိုလည်း ဒေသခံတွေ အတွက် အခမဲ့ပေးအပ်ခဲ့တယ်''ဟု သစ်တောဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးကဖြေကြားသည်။
ထို့အပြင် သစ်တောများပြုန်းတီး ရခြင်း၏ အကြောင်းရင်းတစ်ရပ်ဖြစ် သော ထင်းအတွက် ခုတ်လှဲမှုများကို ကုစားရန် ဒေသခံတိုးချဲ့ပညာပေး စခန်းများကို ခြောက်ခုအထိ ဖွင့်လှစ် နိုင်ခဲ့၍ ဒေသခံများအား ပညာပေး ခြင်းနှင့် လက်တွေ့သရုပ်ပြခြင်း များ ပြုလုပ်ပေးလျက်ရှိကြောင်း သိရပြီး ထင်းအစားထိုး လောင်စာ သုံးစွဲမှု စံပြကျေးရွာများကို ဖော်ထုတ်ကာ ညွှန်ကြားခဲ့ကြောင်း သိရသည်။
ထို့အပြင် ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနှင့် သစ်တောရေးရာဝန်ကြီး ဌာနမှ သတင်းထုတ်ပြန်ချက်အရ သစ်တောကြိုးဝိုင်းများနှင့် ကြိုးပြင် ဒေသများတွင် ပုဂ္ဂလိကစိုက်ခင်း များ တည်ထောင်ရေးအတွက် ဧက တစ်ထောင်ခန့်စီနှင့်အထက် တောနိမ့် တောပျက်ဧရိယာများကို အိတ်ဖွင့် တင်ဒါစနစ်ဖြင့် မြေငှားရမ်းဆောင် ရွက်ခဲ့ခြင်းများရှိကြောင်း သိရ သည်။
ထိုစိုက်ခင်းများတွင် နိုင်ငံခြား သစ်မျိုးများနှင့် ဒေသမျိုးများကို ရောနှောစိုက်ပျိုးခွင့် ရရှိမည်ဖြစ်ပြီး ဒေသမျိုး စုစုပေါင်း ၃ဝ ရာခိုင်နှုန်းခန့် ထည့်သွင်းစိုက်ပျိုးကြရန် ညွှန်ကြား ထားကြောင်း သိရသည်။
သို့သော် သစ်တောဦးစီးဌာနမှ ချထားပေးသည့် စိုက်ပျိုးမြေဧရိယာ များပေါ်တွင် တရားမဝင် နေထိုင်ခြင်း၊ ပြန်လည်ရောင်းချခြင်း နှင့် စိုက်ပျိုးရန်လျာထားသည့် မြေ များပေါ်တွင် စိုက်ပျိုးရေး လုံးဝဆောင် ရွက်ခြင်းမပြုခြင်း၊ အနည်းငယ်သာ ဟန်ပြစိုက်ပျိုးရေး လုပ်ဆောင်ပြီး မြေနေရာများကို စက်မှုဂရန်များ အဖြစ် ပြောင်းလဲပစ်ခြင်းနှင့် လူနေ ဧရိယာများအဖြစ် တရားမဝင်ချဲ့ထွင် နေထိုင်မှုများကြောင့် မြေယာပြဿနာ များစွာကိုလည်း ပြင်ဦးလွင် ပတ်ဝန်းကျင် ကော်ဖီစိုက်ခင်းများ တစ်လျှောက်နှင့်အတူ မြန်မာနိုင်ငံ အနှံ့အပြားရှိ သစ်တောစိုက်ခင်းများ တွင် မြင်တွေ့ရသည်။
၁၉၉၇ ခုနှစ်နှင့် ၁၉၉၈ ခုနှစ်တို့ တွင် မြန်မာနိုင်ငံသည် အယ်နီညို ၏ဒဏ်ကို အလူးအလဲခံစားခဲ့ဖူးပြီး အပူချိန်အားဖြင့် မြန်မာနိုင်ငံ အလယ်ပိုင်းတွင် ၄၇ ဒီဂရီဖာရင် ဟိုက်အထိ မြင့်တက်ခဲ့ဖူးသည်။ လာမည့်နွေတွင် ခံစားရမည့် အယ်နီညိုသည် ၁၉၉၇ အယ်နီညို နှင့် နှိုင်းယှဉ်ပါက ပိုမိုပြင်းထန်နိုင် ပြီး ပင်လယ်ရေမျက်နှာပြင် အပူချိန် ကိုဖော်ထုတ်ကာ ခန့်မှန်းတွက်ဆချက် များအရ ဝ ဒသမ ၇ ဒီဂရီစင်တီဂရိတ် အထိ ပိုမိုမြင့်တက်လာနိုင်ကြောင်း မိုးလေဝသပညာရှင်များက ခန့်မှန်း ထားကြသည်။
''သစ်တောတွေဟာ ကာဗွန် ထွက်ရှိမှုကို လျှော့ချတယ်။ သစ်တော ပြုန်းတီးတဲ့ဒေသတွေဟာ သဘာဝ ဘေးကို အလူးအလဲခံစားကြရတယ်။ ကျွန်တော်တို့နိုင်ငံမှာ သစ်တောတွေ ပြန်လည်စိမ်းလန်းလာဖို့ ကုစားနေ တာတွေဟာ အမှန်တကယ် အကျိုး ရှိလား၊ ထိရောက်သလားဆိုတာကို သဘာဝဘေးတွေ ဘယ်လောက်ဝင် လာသလဲဆိုတာနဲ့ တိုင်းတာကြည့်ရင် သိနိုင်ပါတယ်။ မှန်ကန်တဲ့ မူဝါဒတွေနဲ့ အမြန်ဆုံးကုစားနိုင်ဖို့ လိုအပ်နေပါပြီ'' ဟု ဒေါက်တာထွန်းလွင်က ထောက်ပြ သည်။
အေးမြသော ခါတော်မီပင်များ အောက်တွင် ကော်ဖီပင်တန်းများသည် စီရီစွာ ပေါက်ရောက်နေသည်။ လာမည့်နှစ်တွင် ကော်ဖီစေ့များ စီးပွားဖြစ် ထုတ်လုပ်နိုင်တော့မည်ဟု စိုက်ခင်းပိုင်ရှင်က ဆိုသော်လည်း ဈေးကွက်အတွင်း ကိုယ်ပိုင်ကော်ဖီ ဈေးကွက်ထက် တစ်ဆင့်ခံပြန်လည်ရောင်းချခြင်းကသာ တွက်ခြေကိုက် သဖြင့် မြန်မာ့ကော်ဖီများ ရောင်းတန်း ဝင်ရေး စိုက်ပျိုးရေးနည်းစနစ် များစွာ လိုအပ်နေသေးသည်ကို တွေ့ရသည်။
သဘာဝဂေဟစနစ် ကောင်းမွန် ခြင်းကို စွန့်လွှတ်ရန်အတွက် အချိန် အနည်းငယ်သာလိုအပ်ပြီး ပြန်လည် ကောင်းမွန်သည့် ရာသီဥတုကို ရရှိရန် အတွက် နှစ် ၇ဝ ခန့် ထိန်းသိမ်း ပြုပြင်သော်လည်း မူလအနေအထား ရရှိရန် မသေချာဟု မိုးလေဝသ ပညာရှင် ဦးချစ်ကျော်က စာရေးသူ နှင့် အင်တာဗျူးတစ်ခုတွင် ဖြေကြား ဖူးသည်။
သုံးလေးနှစ်တစ်ကြိမ် ဝင်ရောက် လာတတ်သည့် အယ်နီညို၊ လာနီညာနှင့် လေဖိအားနည်းရပ်ဝန်း များမှတစ်ဆင့် ဆိုင်းမဆင့် ဗုံမဆင့် လမ်းကြောင်းသင့်လာပြီ ဖြစ်သော မုန်တိုင်းများ၊ ရေကြီးရေလျှံမှုများမှ ကာကွယ်ရန်နှင့် ကမ္ဘာ့သစ်တော ပြုန်းတီးမှုအများဆုံး နိုင်ငံများစာရင်းမှ ရုန်းထွက်ရန် မှန်ကန်သော နည်းလမ်း များဖြင့် êကြိုးစားရုန်းထွက်နိုင်ရန် လိုအပ်လာပြီဖြစ်သည်။
(မြန်မာ့အလင်း)
‘င’ ငလျင် နှင့် ‘အ’ အယ်နီညို ‘န’ နောင်တ မရစေလို

ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၁၆

၂ဝ၁၆ နှစ်သစ်ပြက္ခဒိန်သို့ ကူးပြောင်းလာသည်မှာ တစ်လပင်မပြည့်သေး.. ငလျင်ဆိုသည့် သတင်းများလည်းကြားနေရသည်။ မီးဆိုသည့်သတင်းကလည်း အထင်ကရရှိနေသည်။ သူခိုးခိုးလျှင် အစုတ်ကျန်နိုင်သော်လည်း သဘာဝဘေးများ ကျရောက်လာပြီးဆိုပါက ကောင်းဆိုးခွဲခြားကာ ချန်ထားခဲ့ မည်မဟုတ်။ ဒါတင်ပဲလား ဆိုတော့မကသေး။ လတ်တလောနီးနီး ကပ်ကပ်သတိချပ်ရမည်က အယ်နီညို။

ကျွမ်းကျင်ပညာရှင်တို့က သဘာဝဘေးတစ်ခုဖြစ်သည့် အယ်နီညိုနှင့်ပတ်သက်၍ ဆောင်းပါးများ၊ အင်တာဗျူးများ ထုတ်ပြန်ချက်များဖြင့် အလျဉ်းသင့်သလို သတိပေးခေါင်းလောင်းကို အကြိမ် ကြိမ်ဆွဲနေကြသည်။ အယ်နီညိုဟူသည် ၇ နှစ်မှ ၁ဝ နှစ်အတွင်း ဖြစ်ပေါ်လေ့ရှိသည့် သဘာဝပတ်လည်ဖြစ်ရပ်တစ်ခုဖြစ် ပြီး အယ်နီညိုနှင့် ပတ်သက်သည့် မှတ်တမ်းကို ၁၅ ရာစုတွင် စတင်မှတ်တမ်းတင်ထားသည်ကို တွေ့ရ ကာရာသီဥတု ပြောင်းလဲခြင်းများမှာမူ ၁၉၈ဝ ပြည့်နှစ်မှစတင်ဖြစ် ပေါ်လာခြင်း ဖြစ်သည်ဟု ဒေါက် တာထွန်းလွင်(မိုးလေဝသပညာရှင်) ကဆိုသည်။

ယခုနှစ်တွင်လည်း အယ်နီညို ကြောင့်ပင် ဆောင်းရာသီ၊ နွေရာသီ၊မိုးကြိုရာသီ၊ မိုးဦးရာသီတို့အပြင် မုတ်သုံလေဝင်ရောက်မှု၊ မုတ်သုံ အင်အား၊ မုတ်သုံမုန်တိုင်းတို့အားလုံးအပေါ်တွင် သက်ရောက်မှုရှိ မည်ဖြစ်ကာ ရေရှားပါးခြင်း၊ အပူလွန်ကဲခြင်း၊ ကျန်းမာရေးထိခိုက်ခြင်းများ ဖြစ်လာနိုင်ပြီး ဤသို့မဖြစ် စေရန်အတွက် သက်ဆိုင်ရာဝန်ကြီး ဌာနအနေဖြင့် ကြိုတင်ကာကွယ် ရန်အတွက်အစီအစဉ်များ ဆွဲထား သင့်သည်ဟုလည်း ၎င်းကဆိုသည်။

”ဒီအယ်နီညိုရာသီဥတုကြောင့် ရေရှားမယ်၊အပူလွန်ကဲမယ်၊ ကျန်းမာရေးထိခိုက်မယ် ဒါတွေဖြစ်နိုင်ပါတယ်။ ဒါတွေ ဖြစ်မလာအောင် အစိုးရအနေနဲ့ သက်ဆိုင်ရာဝန်ကြီး ဌာနအောက်မှာရှိတဲ့ ဦးစီးဌာနတွေ ကလုပ်ပေးရမယ်။ ပြည်သူတွေကို ကြိုတင်သတိပေးတာတို့ လုပ်ရပါမယ်။ ရေရှားလာရင် အပူလွန်ကဲ လာရင်၊ ကျန်းမာရေး ထိခိုက်လာ ရင်၊ ဘာလုပ်ပေးမှာလဲ၊ မဖြစ်ခင် က ဘာတွေကြိုပြင်ဆင်ထားရမလဲ၊ သက်ဆိုင်ရာဝန်ကြီးဌာနတွေမှာ အစီအစဉ်တွေဆွဲထားရမယ်” ဟု ဒေါက်တာထွန်းလွင် (မိုးလေဝသပညာရှင်)က ဆိုပါသည်။

သမိုင်းနှင့်လာသည့် အယ်နီညို

အယ်နီညိုသမိုင်းတွင် အပြင်းထန်ဆုံးဟု မှတ်တမ်းဝင်ခဲ့သည်မှာ ၁၉၉၇-၁၉၉၈ ခုနှစ်အယ်နီညို ဖြစ်သည်။ သို့သော် ယခုနှစ်အတွက် အယ်နီညိုမှာ ထိုထက်ပိုမည်ဟု လည်း ပညာရှင်တို့က သုံးသပ်ထားကြသည်။ ၁၉၉၇-၁၉၉၈ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် အယ်နီညိုဒဏ်ကြောင့် မြန်မာနိုင်ငံအနေဖြင့်လည်း မြို့ကြီး ၁၈ မြို့တွင် အပူချိန်အမြင့်ဆုံးစံချိန်သစ်များ တင်ခဲ့ပြီး မြို့ကြီး ၁၅ မြို့တွင် မိုးရေချိန် အ နည်းဆုံးစံချိန်သစ်များတင်ခဲ့ကာကာလအားဖြင့် ၁၉၉၇ခုနှစ် ဇွန် လမှ ၁၉၉၈ မေလအထိကြာမြင့်ခဲ့သည်။ ”ဒါတွေကို ကြိုတင်သတိပေးဖို့ပညာရှင်တွေမှာ တာဝန်ရှိတာပေါ့။ ဆရာတို့တာဝန်ကျေပြီလေ။ဝန်ကြီးဌာနတွေကို ဆရာတို့သတိပေးထားပြီးပြီ။ အစိုးရ တာဝန်ပဲရှိ တော့တယ်”ဟု ဦးထွန်းလွင်က ဆိုသည်။

NLD သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကော်မတီ ဒုဥက္ကဋ္ဌ ဦးစိုးညွန့်ကလည်း ၂ဝ၁၆ အယ်နီညိုအတွက် သောက်သုံးရေရှားပါးခြင်း ဖြစ်လာနိုင်ပြီး ကြိုတင် သိုလှောင်ထားသင့်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်း၌လည်း အခက်ကြုံလာနိုင်သောကြောင့် ရေများစွာမလိုအပ်သည့် မျိုးများကိုရွေးချယ် စိုက်ပျိုးသင့်ကြောင်း ဆိုသည်။ ”ပိုပြီး ရာသီဥတု ပူလာရင်တော့ ကြက်ငှက်တုပ်ကွေးတွေ ပေါ်လာမယ်။ ကြက်ကနေတစ်ဆင့်လူကို ကူးစက်လာတော့ ကပ် ဆိုက်ပြီပေါ့။ အဲဒါတွေမဖြစ်အောင် ရေကိုစနစ်တကျ သုံးသင့်တယ်” ဟု ၎င်းက အကြံပြုထားပါသည်။

ထို့အပြင် ရောဂါများဖြစ်လာနိုင်သည့်အတွက် ဆေးဝါးများကိုလည်း ကြိုတင်စုဆောင်းထားသင့်ကြောင်း၊တိရစ္ဆာန်များမှ တစ်ဆင့် ရောဂါကူးစက်နိုင်သည့် အနေအ ထားများလည်း ရှိလာနိုင်သည့်အတွက် ရောဂါကူးစက်ခြင်း မရှိစေရန် ကြက်ငှက်များတင်သွင်းသည့် နယ်စပ်ဂိတ်များအား စနစ်တကျ စစ်ဆေးရန်လိုအပ်ပြီး အထူးသဖြင့် တရုတ်ဘက်မှအဝင်အား စစ်ဆေးရန်လိုအပ်သည်ဟု ၎င်းက အကြံပြု ဆိုပါသည်။

”ဒီအယ်နီညို ရာသီဥတုနဲ့ ပက်သက်ပြီးတော့ ကြိုတင်ပြင်ဆင်ထားဖို့ ကျွန်တော်တို့ NLD အနေ နဲ့ နယ်တွေမှာရှိတဲ့ အလုပ်အမှု ဆောင်ကော်မတီတွေကိုအကြောင်း ကြားထားပါတယ်”ဟုလည်း အယ် နီညိုနှင့်ပတ်သက်၍ NLD ၏ ကြိုတင်လုပ်ဆောင်နေမှုကို ဦးစိုးညွန့်က ရှင်းပြသည်။ အမျိုးသားအဆင့် ရေအရင်း အမြစ်ကော်မတီ အဖွဲ့ဝင်တစ်ဦး ဖြစ်သည့်ဒေါ်ခင်နီနီသိန်းကတော့ အယ်နီညိုကြောင့် ရေရှားပါးမှုအတွက် လုပ်ဆောင်ထားသင့် သည် များနှင့်ပတ်သက်၍”ပြည်သူတွေ အနေနဲ့ သောက်သုံးရေ အနည်းဆုံးသုံးရက်စာကို အမြဲတမ်း သိုလောင်ထားသင့်ပါတယ်။ မိမိတို့ နေတဲ့ရပ်ကွက်မှာရှိတဲ့ ရေအရင်း အမြစ်တွေကို ကာကွယ်စောင့် ရှောင့်သင့်တယ်။ ရေတွေ အလဟ ဿမကုန်ဆုံးအောင်ပေါ့”ဟု အကြံ ပြုသည်။

‘င’ ငလျင် အသင့်ပြင်

အယ်နီညိုကို ပူပင်ရသလိုပင် မြန်မာနိုင်ငံအနေဖြင့် ငလျင်ကိုလည်း မေ့မထားသင့်ပေ။မြန်မာ နိုင်ငံသည် ကမ္ဘာ့အဓိက ငလျင် ကြောကြီးနှစ်ခုအနက်မှတစ်ခုဖြစ် သော အယ်လပိုက် ငလျင်ကြောအတွင်းကျရောက်နေပြီး ၁၇၅ နှစ် တာကာလအတွင်း ငလျင်ကြီး (၁၇) ကြိမ်အပါအဝင် ငလျင်များ မကြာခဏ လှုပ်ခတ်ခဲ့ပြီး ငလျင်အန္တရာယ်များသော အဆင့်တွင် ရှိနေသည်ဟုလည်း ဘူမိဗေဒ ပါမောက္ခ(ငြိမ်း)ဒေါက်တာသိန်း၏ စာတမ်းတစ်စောင်တွင် ဖော်ပြထားသည်။

ငလျင် ဘေးအန္တရာယ်များခြင်းတွင် လူဦးရေသိပ်သည်းမှု၊ အဆင့်မြင့်တိုက်များ အပါအဝင် တိုက်တာအဆောက်အအုံများများပြားလာမှု၊ ထိုတိုက်များတွင် စံမမီသော အဆောက်အအုံများပါ ဝင်နေမှုဓာတ်ဆီသုံးစွဲ သိုလှောင်ခြင်း များလာမှု စသောအကြောင်းများက ငလျင်လှုပ်ခတ်ပါက ပို၍ အန္တရာယ်ကျရောက်နိုင်ကာ လူအသေအပျောက်မှာလည်း များနိုင်သည်ဟု ဒေါက်တာသိန်းက ဆိုသည်။ မြန်မာနိုင်ငံမြေငလျင်ကော်မတီ မှလည်း အင်အားပြင်း မြေငလျင် လှုပ်ခတ်ရန်အတွက် ပြတ်ရွေ့များ ရှိနေသည်ဟု သတိပေးထားသည်။ အထင်ကရအားဖြင့် ရခိုင်ငလျင် ကြော၊ စစ်ကိုင်း ငလျင်ကြော၊ ကျောက်ကြမ်းငလျင်ကြော၊ သံလွင် ငလျင်ကြောနှင့် ဟူးကောင်း ငလျင်ကြောဟူ၍ငလျင်ကြော စုစုပေါင်း ၅ ခုရှိပြီး ထိခိုက်ပျက်စီးနိုင်မှု အများဆုံးငလျင်မှာ စစ်ကိုင်း ငလျင်ကြောကြောင့် ဖြစ်နိုင်သည် ဟုလည်း ဆိုသည်။

ထို့ကြောင့်ပင် မြန်မာနိုင်ငံ သည် အချိန်အခါအရွေး ငလျင် ဖြစ်ပေါ်နိုင်သည့် အခြေအနေတစ်ရပ်တွင် တည်ရှိနေပေသည်။ နှစ်သစ်ကိုလည်း ငလျင်နှင့် ကြိုထား ပြီးလည်းဖြစ်နေသည်။ ရန်ကုန် မြစ်ဝ လက်ခုပ်ကုန်းကမ်းခြေ တစ် ဝိုက်ကို ဗဟိုပြု၍ ဇန်နဝါရီ ၁၂ ရက်ညပိုင်းတွင်လည်းကောင်း၊ ဇန်နဝါရီ ၁၃ ရက် နံနက်ပိုင်းတွင် လည်းကောင်း လှုပ်ခဲ့သည့် ငလျင် များက သတိပေးခေါင်းလောင်း သံပင်ဖြစ်ပါလိမ့်မည်။ ထိုငလျင်များနှင့်အတူ နောက်ဆက်တွဲ ငလျင်ငယ်များလည်း လှုပ်ခတ်ခဲ့ကြောင်း မြန်မာနိုင်ငံမြေငလျင် ကော်မတီကထုတ် ပြန်ခဲ့သည်။

ဤမျှလောက်သာဆိုပါက ကိစ္စမရှိ။ ငလျင်ငယ်များနောက်တွင် ငလျင်ကြီးများလှုပ်ခတ်လာမည့်အရေးကိုလည်း ကြိုတွေး ပြင်ဆင်ရန်လိုအပ်ပါသည်။ အ ဘယ်ကြောင့်ဆိုသော် ငလျင်ငယ်များမကြာခဏလှုပ်ခတ်ပြီးပါက ငလျင်ကြီး လှုပ်ခဲ့သည့် အတိတ် ဖြစ်ရပ်များကငလျင် သမိုင်း ကြောင်းတွင် ရှိထားခဲ့ပြီးလည်း ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ပဲခူးငလျင်ကဲ့သို့ လူသိများခဲ့သည့် အင်အားပြင်း ငလျင်ကြီးများ လှုပ်ခတ်ခဲ့သည်မှာ နှစ်ပေါင်းရှစ်ဆယ် ကျော်ခဲ့ပြီဖြစ်သည်။ နှစ်ပေါင်း ရှစ် ဆယ်ကျော်လျှင် ငလျင်ကြီး လှုပ် ခတ်နိုင်သည့် အထောက်အထားများကလည်း ရှိနေသည်ပင်။

နီပေါနိုင်ငံတွင် ငလျင်ကြီး လှုပ်ခတ်ခဲ့ပြီး နှစ်ပေါင်း ၈ဝ ကျော် အကြာ ၂ဝ၁၅ ခုနှစ်ဧပြီလတွင် အင်အားရစ်ခ်ျစတာစကေး ၇ ဒသမ ၈ အဆင့်ရှိ ငလျင်ကြီးလှုပ်ခဲ့ကာ လူပေါင်းများစွာ သေဆုံးမှုများ လည်းရှိခဲ့သည်က နှစ်ပေါင်းရှစ် ဆယ်ကျော်အကြာ ငလျင်၏ အ ထင်ကရ မှတ်တမ်းတစ်ခုဖြစ်ခဲ့ သည်။ မြန်မာနိုင်ငံအနေဖြင့် တိုင်း ဒေသကြီးနှင့် ပြည်နယ်များတွင် ငလျင်လှုပ်ခတ်နိုင်သည့် အခြေအနေရှိသည့် မြေပုံကိုလည်း ရေးဆွဲ နေပြီး ရန်ကုန်၊ မန္တလေးနှင့် မြို့ ကြီးများတွင် မြေငလျင်ဖြစ်နိုင်ခြေ မြေပုံကို ရေးဆွဲပြီးလည်းဖြစ်သည်။

”ပြည်သူတွေ အနေနဲ့လည်း တစ်နိုင်တစ်ပိုင် ကြိုတင်ကာကွယ်ထားရပါမယ်။ အစားအစာတွေ သောက်သုံးရေတွေ စတဲ့ရိက္ခာတွေ စုဆောင်းထားရပါမယ်။ ငလျင်လှုပ် ပြီဆိုရင်ဘယ်လိုနေရမလဲ၊ စတဲ့ ငလျင်နဲ့ ပတ်သက်တဲ့ ဗဟုသုတ တွေကို လေ့လာဖတ်ရှုထားသင့်ပါတယ်” ဟု ငလျင်အတွက် ပြင်ဆင် ထားသင့်သည်များကို လေ့လာထားရန် ဦးသူရအောင် (ငလျင် ကော်မတီအတွင်းရေးမှူး)က သတိပေးသည်။ ထို့အပြင် ငလျင်လှုပ်မည်ကို ကြိုတင်ခန့်မှန်းမရသည့်အတွက် လှုပ်ပြီးနောက်ပိုင်းအတွက် အစိုးရ ပိုင်းမှကြိုတင်ပြင်ဆင်ထားရန် လိုအပ်ပြီး ငလျင်နှင့်ပတ်သက်သည့် အသိပညာပေးမှုအပိုင်းများ၊ ကြိုတင်ကာကွယ်ရမည့်အချက်အလက်များကို မူဝါဒများချမှတ်၍ ဆောင်ရွက်ရန်လိုအပ်သည်ဟုလည်း၎င်းက ဆိုသည်။ ဦးသန်းနွယ် (ဒုတိယညွှန်ကြား ရေးမှူးချုပ်၊ သစ်တောဦးစီးဌာန) ကတော့”ငလျင်အန္တရာယ်ကတော့ ဌာနဆိုင်ရာ ကနေပြီးတော့ သတင်း အချက်အလက်တွေကို အချိန်နဲ့ တစ်ပြေးညီ ပြည်သူတွေကို အသိပေးနေရမယ်”ဟု အစိုးရပိုင်း၏ တာဝန်ရှိမှုကို ထောက်ပြပါသည်။

အကယ်၍အကြောင်း တစ်စုံတစ်ရာကြောင့် ငလျင်လှုပ်ပါက မည်သို့ နေထိုင်ရမည်နည်း။ လှုပ်ပြီးပါက မည်သို့နေထိုင်ရမည်နည်း။ မည်သည့်အချိန် မည်သည့် အခါတွင် လှုပ်ခတ်နိုင်သည်မသိသော ငလျင်အတွက် ဤအချက်များကို သိထားရန်လိုပါသည်။ ငလျင်လှုပ်နေစဉ်စိတ်ကို ငြိမ်ငြိမ်ထားပါ။ ပျာယာ ခတ်အလန့်တကြားမလုပ်ပါနှင့်။ အဆောက်အအုံထဲတွင်ရှိနေပါက ဆက်နေပါ။ အခန်းအလယ်သို့ရွှေ့နေပါ။ လှေကားများသည်ပြိုကျနိုင်သဖြင့် ယင်းတို့နှင့် ဝေးဝေးနေပါ။ အပြင်တွင်ရောက်နေပါက အပြင်မှာပဲနေပါ။ ပြိုကျနိုင်သောနံရံများ၊ ဓာတ်ကြိုးများနှင့် လွတ်ကင်းရန်အတွက် အဆောက်အအုံများနှင့် ဝေးဝေးနေပါ။ မော်တော်ယာဉ်ထဲ တွင်ရှိနေပါကတံ တားများ၊ အဆောက်အုံများနှင့် လွတ်ရာတွင်ရပ်ထားပါ။

ငလျင်လှုပ်ပြီး နောက်တွင်တာဝန်ရှိသူများ၊ အာဏာပိုင်များ၏ညွှန်ကြားချက် များအတိုင်းလိုက်နာပါ။ နောက်ဆက်တွဲ ငလျင်များလည်း အချိန်မရွေးလှုပ်နိုင်သဖြင့် ပျက်စီးနေသော အဆောက်အအုံ များအတွင်းသို့မဝင်ပါနှင့်။ ဒဏ်ရာ ရသူများကို ရှေးဦးသူနာပြုပါ။အရေးပေါ် စားသောက်စရာများ၊ ပစ္စည်းများနှင့် ရေဒီယိုကိုအလွယ် တကူရနိုင်မည့်နေရာတွင် ဆောင် ထားပါ။ ရှိနေသောရေသည် သန့် ရှင်းမှုရှိ၊မရှိ၊အစာများသည် ပုပ်သိုးမှုရှိ၊မရှိ စစ်ဆေးပြီးမှ စားသောက်ပါ စသည်ဖြင့်ငလျင်မလှုပ်မီနှင့် လှုပ်ပြီး ပါကလိုက်နာရန်တို့အား ဒေါက်တာသိန်းကသူ၏စာတမ်းတစ်စောင်တွင် သည့်သွင်းဖော်ပြထားပေသည်။

အမျိုးသားသဘာဝဘေး အန္တ ရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အနေဖြင့် မြန်မာနိုင်ငံလူမှု ကာ ကွယ် စောင့်ရှောက်ရေး ဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံ ချက်ကို ၂ဝ၁၄ ခုနှစ်အကုန်တွင် အတည်ပြု ပြဋ္ဌာန်းခဲ့ပြီး သဘာဝ ဘေးသင့်ပြည်သူများကို ထောက်ပံ့ ငွေပေးအပ်ခြင်း အပါအဝင် လူမှု ရေးအရကာကွယ် စောင့်ရှောက်ရန်လိုအပ်သောအုပ်စုရှစ်ခုကို သက်ဆိုင်ရာဘဏ္ဍာရေး နှစ်အလိုက် ထောက်ပံ့ရန် စီမံထားပေသည်။ မည်သို့ပင် မူလအခြေအနေကို ပြန်ရောက်ရှိရှိ မူလထက်ပို၍ သာအောင်ဖန်တီးပေးနိုင်မည်ဟု အာမခံချက်ပဲပေးပေး။ နှလုံးသား တွင်စွဲထင်ခဲ့သည့်စိတ် ဒဏ်ရာများ ကိုတော့ မည်ကဲ့သို့မျှ အစားထိုးကုစား၍ရမည်မဟုတ်သည့်အတွက် မိမိကိုယ်တိုင်သော်လည်းကောင်း၊ သက်ဆိုင်ရာဌာနများမှ သော် လည်းကောင်းအားလုံးတွင်အသိ နှင့်သတိယှဉ်ထားရမည်ဖြစ်သည်။

လာမည့်သဘာဝဘေး ပြေးတွေ့တာပေါ့ဟုလည်း အလွယ်ပြော၍ မရပါ။ မြန်မာပြည်သူ ပြည်သားတို့ မမေ့နိုင်ကြသေးသည့် နာဂစ်ကလည်းမြန်မာနိုင်ငံ သဘာဝ ဘေး မှတ်တမ်းတွင် ကြီးမားသည့် ခြောက်လှန့် မှုကြီးအဖြစ် ရှိနေပါ သေးသည်။ ယမန်နှစ်က ဖြစ်ခဲ့သည့် ရေဘေးသင့်ဒေသများကလည်း ယနေ့အချိန်အထိပြန်လည် ထူထောင်ရေးများလုပ်နေရဆဲဖြစ်သည်။ သဘာဝဘေးဟူသည် ရေ ဘေးလေဘေးငလျင်ဘေး စသည် ..စသည်ဖြင့် များစွာရှိနေသည်။မဖြစ်အောင် ကာကွယ်ခြင်းနှင့် ဖြစ်ပြီးပါကလုပ်ဆောင်ရမည့်အဆင့် များရှိနေသည့်အတွက်မည်သူတွင် တာဝန်ရှိသနည်းဟူ၍ အဖြေ ထုတ်ကြည့်လျှင် အားလုံးတွင် တာဝန်ကိုယ်စီ ရှိနေမည်လည်း ဖြစ်သည်။ ထို့ကြောင့်ပင် မိုးလေဝ သဌာနမှ ထုတ်ပြန်သည့် သတင်း များ၊ ရေဒီယို၊ တီဗီ၊ အင်တာနက် စသည်ဖြင့် ခေတ်မီဖွံ့ဖြိုးလာသည့် သတင်းမီဒီယာအခန်းကဏ္ဍကိုလည်းဤနေရာတွင်ကောင်းစွာ အသုံးချရပါလိမ့်မည်။ NLD သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီဒုဥက္ကဋ္ဌဦးစိုးညွန့်ကတော့ လက်ရှိ ပကတိအနေအထားနှင့် အနာဂတ်မျှော်လင့်ချက်တို့ ဒွန်တွဲနေသည့် စကားကို ဆိုပါသည်။ ”ကျွန်တော်တို့ NLD အစိုးရသစ် တက်လာရင်တော့ အကောင်းဆုံးဖြစ်အောင်လုပ်သွားမှာပါ။ ဒါပေမဲ့ အစိုးရတောင် မဖွဲ့ရသေးတော့ ခု လောလောဆယ်မှာ အယ်နီညိုအတွက် ဘာတွေကြိုတင်ပြင်ဆင်ထားမယ်ဆိုတာ ပြောလို့မရသေးပါဘူး။ ငလျင်အတွက်ကတော့ ဘာမှလုပ် လို့မရဘူး။ အဆောက်အအုံခိုင်တာ၊ မခိုင်တာနဲ့ ဆိုင်ပါတယ်”။

Popular

အပူချိန် နေ့စဉ် မြင့်တက်၊ အယ်နီညို ဖြစ်ပွားရန် ၇၀ ရာခိုင်နှုန်းကျော် ရှိနေ
Thursday, May 7, 2015

မြန်မာနိုင်ငံတွင် ယခုရက်များအတွင်း အပူချိန် အမြင့်ဆုံး ၄၅ ဒီဂရီ စင်တီဂရိတ် အထိ မြင့်တက်လာသဖြင့် အယ်နီညို ဖြစ်ပွားရန် ၇၀ ရာခိုင်နှုန်းကျော် ရှိနေကြောင်း နေပြည်တော် မိုးလေဝသနှင့် ဇလဗေဒညွန်ကြားရေးမှူး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးကျော်မိုးဦးက ပြောသည်။

“အယ်နီညို ဖြစ်ပေါ်ဖို့ ၇၀ ရာခိုင်နှုန်း ကျော်တယ်။ တချို့ မိုးလေဝသ ဌာနတွေက အယ်နီညို ဖြစ်နေပြီ ဆိုပြီး ထုတ်ပြန်တာ ရှိတယ်။ အယ်နီညို ဖြစ်ရင်တော့ မူမမှန်တဲ့ ရာသီဥတုတွေ ဖြစ်ပေါ်မယ်။ မိုးရွာသွန်းမှု မူမမှန်တာတွေ အပူရှိန် မြင့်တက်လာမှု မူမမှန်တာတွေ ပြီးတော့ မုန်တိုင်းတွေလည်း ဖြစ်တတ်ပါတယ်” ဟု ၎င်းက ဧရာဝတီကို ပြောသည်။

မုတ်သုန် ဝင်လာမည် ဆိုပါက အပူရှိန် ကျသွားနိုင်ကြောင်း၊ လက်ရှိတွင် မြန်မာပြည် အနှံ့အပြားတွင် အပူချိန် ၄၀ နှင့် အမြင့်ဆုံး ၄၅ ဒီဂရီ စင်တီဂရိတ် ရှိနေသဖြင့် အယ်နီညို ရာသီဥတု ဖြစ်ပွားရန် အခြေအနေ ရှိနေကြောင်း ဦးကျော်မိုးဦးက ဆိုသည်။

“နေအရမ်းပူတယ်။ နေ့လယ်ဆိုရင် အပြင်ထွက်ရမှာတောင် ကြောက်တယ်။ ဒါပေမယ့် တက္ကစီ မောင်းတော့လည်း ဘယ်တတ်နိုင်မှာလဲဗျာ။ နေအရမ်းပူတော့ မိုးကိုမျှော်နေရတယ်။ ဒီလိုနေပူတဲ့ အရှိန်ကြောင့် မနှစ်ကဆိုရင် တက္ကစီသမား တဦး ဦးနှောက်သွေးကြော ပြတ်ပြီး သေတာ ကြားရတယ်။ ဒါကြောင့် ဒီလိုနေပူရင် ကျနော်တို့ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက် နေနေရတယ်” ဟု ရန်ကုန်မြို့နေ တက္ကစီ သမားတဦးက ဧရာဝတီကို ပြောသည်။

နေ့ အပူချိန်များသည် မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း အောက်ပိုင်းတို့တွင် အပူချိန် 43°C – 44°C ခန့်၊ ရန်ကုန်တိုင်း၊ နေပြည်တော်၊ စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း တို့တွင် 39°C – 40°C ခန့်၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ် အရှေ့ပိုင်းနှင့် မွန်ပြည်နယ်တို့တွင် အပူချိန်သည် 35 °C – 38°C နှင့် ကျန် တိုင်းဒေသကြီးများနှင့် ပြည်နယ်များတွင့် နေ့ အပူချိန်များသည် 26 °C- 34°C ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ဌာနက အသိပေး ထုတ်ပြန်ထားသည်။

နေ့ အပူချိန်များ မြင့်တက်မှုနှင့် ပတ်သက်ပြီး မိုးလေဝသ ပညာရှင် ဦးထွန်းလွင်က “အပူချိန်က ၄၀ ဒီဂရီ ကနေ ၄၅ ဒီဂရီ စင်တီဂရိတ် အထိတော့ မြင့်တက်နိုင်တယ်။ အထူးသဖြင့်တော့ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း အောက်ပိုင်းတွေမှာ အပူရှိန် မြင့်တက်နိုင်တယ်။ မန္တလေးတိုင်းကတော့ မိုးရွာဖို့ ရှိတယ်။ ရန်ကုန်က မန္တလေးလောက်တော့ မပူဘူး။ မုန်တိုင်းက နောက် ၄၈ နာရီ အတွင်း မဖြစ်သေးဘူး။ ခရမ်းလွန် ရောင်ခြည် အန္တရာယ်ကတော့ နေပူထဲ မထွက်နဲ့၊ နံနက် ၁၁ နာရီကနေ ညနေ ၃ နာရီ အတွင်း နေပူထဲ မထွက်နဲ့။ အကြာကြီး အပြင်ကို မသွားဖို့ လိုတယ်” ဟု ဧရာဝတီကို ပြောသည်။

မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများတွင် နေ့ အပူချိန်များသည် 43- 44 °C ခန့် အထိ မြင့်တက်လာနိုင်သည် ဟု ခန့်မှန်းထားကြောင်း၊ အပူချိန် မြင့်မားလွန်ကဲ့သည့် အတွက် တတိုင်းပြည်လုံး ခရမ်းလွန်ရောင်ခြည် လွန်ကဲသည့် အဆင့် ရှိနိုင်ကြောင်း၊ အသက်အရွယ် ကြီးရင့်သူများ၊ ကလေးငယ်များ၊ ရောဂါ ခံစားနေရသော ဝေဒနာရှင်များ အနေဖြင့် အထူးဂရုစိုက် နေထိုင်ကြရန်နှင့် သာမန် ပြည်သူများ အနေဖြင့် အပူဒဏ်ကို ဂရုစိုက်ကြရန် လိုအပ်ကြောင်း ဦးထွန်းလွင်က ဆက်ပြောသည်။

အယ်နီညို ဖြစ်ပွားမှုသည် ၂ နှစ်ခြား၊ ၃ နှစ်ခြား တကြိမ် ဖြစ်ပွားလေ့ရှိပြီး အယ်နီညို ရာသီဥတုသည် ၁၉၈၀ နှင့် ၁၉၉၀ ခုနှစ် အကြားတွင် ဖြစ်ပွားခဲ့ကြောင်း၊ လူသိများခဲ့သည့် အယ်နီညို ရာသီဥတုသည် ၁၉၉၈ ခုနစ်၊ ၂၀၁၀ ပြည့်နှစ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့တွင် အပူဒဏ် ရှောင်နေကြသူများကို တွေ့ရပုံ (ဓာတ်ပုံ – စတိဗ် တက္ကနာ / ဧရာဝတီ)

www.mmcities.com
www.facebook.com/mmcities
credit to irrawaddy

အယ်နီညို ရိုက်ခတ်မှုဒဏ်ကြောင့် စိုက်ပျိုးရေ ၊ သောက်သုံးရေများ အလေအလွင့် မရှိစေရေး နှင့် သက်တမ်းတို အထွက်ကောင်း စပါးမျိုးများ အသုံးပြုရေး သတိပေးထုတ်ပြန်
ရန်ကုန် ၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံ အများစု အနေဖြင့် ယခုနှစ် နွေရာသီမှ စ၍ အယ်နီညို ရိုက်ခတ်မှုဒဏ်(El-Nino Effect) ကြောင့် ရာသီဥတု ပိုမို ပူပြင်းပြီး စိုက်ပျိုးရေး နှင့် သောက်သုံးရေ ရရှိရေး အခက်အခဲများ ရှိလာနိုင်မည် ဖြစ်သဖြင့် သက်တမ်းတို အထွက်ကောင်း စပါးမျိုးများ အသုံးပြုရေး နှင့် စိုက်ပျိုးရေ ၊ သောက်သုံးရေများ အလေအလွင့် မရှိစေရေးအတွက် လယ်ယာ စိုက်ပျိုးရေး နှင့် ဆည်မြောင်း ဝန်ကြီးဌာနက သတိပေး နှိုးဆော်ချက်များ ထုတ်ပြန်ထားသည်။
ဒေသအသီးသီးတွင် (အထူးသဖြင့် ရေပေးမြောင်း လက်တံအဖျားရှိ နွေစပါး စိုက်ဧရိယာများ) မိမိတို့ ဒေသနှင့် ကိုက်ညီသည့် ရေလိုအပ်ချက်နည်းသော သက်တမ်းတို အထွက်ကောင်း စပါးမျိုးများကို ရွေးချယ် စိုက်ပျိုးကြရန် လိုအပ်မည် ဖြစ်ကြောင်း ၊ ထိုပြင် သောက်သုံးရေ စုဆောင်းခြင်း နှင့် စိုက်ပျိုးရေ အလေအလွင့် မရှိ အကျိုးရှိစွာ အသုံးချခြင်း လုပ်ငန်းများကို စနစ်တကျ စီမံ ဆောင်ရွက်ရန် လိုအပ်မည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ထိုအတူ သက်တမ်းတို အထွက်ကောင်း စပါးမျိုးများ ရရှိရေးနှင့် စိုက်ပျိုးရေ ရရှိရန် ခက်ခဲသော ဒေသများတွင် လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာန လက်အောက်ရှိ သက်ဆိုင်ရာ စိုက်ပျိုးရေး ဦးစီးဌာန နှင့် ဆည်မြောင်း ဦးစီးဌာနတို့ နှင့် ဆက်သွယ် ဆောင်ရွက်နိုင်ပါကြောင်း အသိပေး နှိုးဆော်ထားသည်။ (Xinhua)

‘င’ ငလျင် နှင့် ‘အ’ အယ်နီညို ‘န’ နောင်တ မရစေလို
**************************************
၂ဝ၁၆ နှစ်သစ်ပြက္ခဒိန်သို့ ကူးပြောင်းလာသည်မှာ တစ်လပင်မပြည့်သေး.. ငလျင်ဆိုသည့် သတင်းများလည်းကြားနေရသည်။ မီးဆိုသည့်သတင်းကလည်း အထင်ကရရှိနေသည်။ သူခိုးခိုးလျှင် အစုတ်ကျန်နိုင်သော်လည်း သဘာဝဘေးများ ကျရောက်လာပြီးဆိုပါက ကောင်းဆိုးခွဲခြားကာ ချန်ထားခဲ့ မည်မဟုတ်။ ဒါတင်ပဲလား ဆိုတော့မကသေး။ လတ်တလောနီးနီး ကပ်ကပ်သတိချပ်ရမည်က အယ်နီညို။

ကျွမ်းကျင်ပညာရှင်တို့က သဘာဝဘေးတစ်ခုဖြစ်သည့် အယ်နီညိုနှင့်ပတ်သက်၍ ဆောင်းပါးများ၊ အင်တာဗျူးများ ထုတ်ပြန်ချက်များဖြင့် အလျဉ်းသင့်သလို သတိပေးခေါင်းလောင်းကို အကြိမ် ကြိမ်ဆွဲနေကြသည်။ အယ်နီညိုဟူသည် ၇ နှစ်မှ ၁ဝ နှစ်အတွင်း ဖြစ်ပေါ်လေ့ရှိသည့် သဘာဝပတ်လည်ဖြစ်ရပ်တစ်ခုဖြစ် ပြီး အယ်နီညိုနှင့် ပတ်သက်သည့် မှတ်တမ်းကို ၁၅ ရာစုတွင် စတင်မှတ်တမ်းတင်ထားသည်ကို တွေ့ရ ကာရာသီဥတု ပြောင်းလဲခြင်းများမှာမူ ၁၉၈ဝ ပြည့်နှစ်မှစတင်ဖြစ် ပေါ်လာခြင်း ဖြစ်သည်ဟု ဒေါက် တာထွန်းလွင်(မိုးလေဝသပညာရှင်) ကဆိုသည်။

ယခုနှစ်တွင်လည်း အယ်နီညို ကြောင့်ပင် ဆောင်းရာသီ၊ နွေရာသီ၊မိုးကြိုရာသီ၊ မိုးဦးရာသီတို့အပြင် မုတ်သုံလေဝင်ရောက်မှု၊ မုတ်သုံ အင်အား၊ မုတ်သုံမုန်တိုင်းတို့အားလုံးအပေါ်တွင် သက်ရောက်မှုရှိ မည်ဖြစ်ကာ ရေရှားပါးခြင်း၊ အပူလွန်ကဲခြင်း၊ ကျန်းမာရေးထိခိုက်ခြင်းများ ဖြစ်လာနိုင်ပြီး ဤသို့မဖြစ် စေရန်အတွက် သက်ဆိုင်ရာဝန်ကြီး ဌာနအနေဖြင့် ကြိုတင်ကာကွယ် ရန်အတွက်အစီအစဉ်များ ဆွဲထား သင့်သည်ဟုလည်း ၎င်းကဆိုသည်။

”ဒီအယ်နီညိုရာသီဥတုကြောင့် ရေရှားမယ်၊အပူလွန်ကဲမယ်၊ ကျန်းမာရေးထိခိုက်မယ် ဒါတွေဖြစ်နိုင်ပါတယ်။ ဒါတွေ ဖြစ်မလာအောင် အစိုးရအနေနဲ့ သက်ဆိုင်ရာဝန်ကြီး ဌာနအောက်မှာရှိတဲ့ ဦးစီးဌာနတွေ ကလုပ်ပေးရမယ်။ ပြည်သူတွေကို ကြိုတင်သတိပေးတာတို့ လုပ်ရပါမယ်။ ရေရှားလာရင် အပူလွန်ကဲ လာရင်၊ ကျန်းမာရေး ထိခိုက်လာ ရင်၊ ဘာလုပ်ပေးမှာလဲ၊ မဖြစ်ခင် က ဘာတွေကြိုပြင်ဆင်ထားရမလဲ၊ သက်ဆိုင်ရာဝန်ကြီးဌာနတွေမှာ အစီအစဉ်တွေဆွဲထားရမယ်” ဟု ဒေါက်တာထွန်းလွင် (မိုးလေဝသပညာရှင်)က ဆိုပါသည်။

သမိုင်းနှင့်လာသည့် အယ်နီညို

အယ်နီညိုသမိုင်းတွင် အပြင်းထန်ဆုံးဟု မှတ်တမ်းဝင်ခဲ့သည်မှာ ၁၉၉၇-၁၉၉၈ ခုနှစ်အယ်နီညို ဖြစ်သည်။ သို့သော် ယခုနှစ်အတွက် အယ်နီညိုမှာ ထိုထက်ပိုမည်ဟု လည်း ပညာရှင်တို့က သုံးသပ်ထားကြသည်။ ၁၉၉၇-၁၉၉၈ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် အယ်နီညိုဒဏ်ကြောင့် မြန်မာနိုင်ငံအနေဖြင့်လည်း မြို့ကြီး ၁၈ မြို့တွင် အပူချိန်အမြင့်ဆုံးစံချိန်သစ်များ တင်ခဲ့ပြီး မြို့ကြီး ၁၅ မြို့တွင် မိုးရေချိန် အ နည်းဆုံးစံချိန်သစ်များတင်ခဲ့ကာကာလအားဖြင့် ၁၉၉၇ခုနှစ် ဇွန် လမှ ၁၉၉၈ မေလအထိကြာမြင့်ခဲ့သည်။ ”ဒါတွေကို ကြိုတင်သတိပေးဖို့ပညာရှင်တွေမှာ တာဝန်ရှိတာပေါ့။ ဆရာတို့တာဝန်ကျေပြီလေ။ဝန်ကြီးဌာနတွေကို ဆရာတို့သတိပေးထားပြီးပြီ။ အစိုးရ တာဝန်ပဲရှိ တော့တယ်”ဟု ဦးထွန်းလွင်က ဆိုသည်။

NLD သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကော်မတီ ဒုဥက္ကဋ္ဌ ဦးစိုးညွန့်ကလည်း ၂ဝ၁၆ အယ်နီညိုအတွက် သောက်သုံးရေရှားပါးခြင်း ဖြစ်လာနိုင်ပြီး ကြိုတင် သိုလှောင်ထားသင့်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်း၌လည်း အခက်ကြုံလာနိုင်သောကြောင့် ရေများစွာမလိုအပ်သည့် မျိုးများကိုရွေးချယ် စိုက်ပျိုးသင့်ကြောင်း ဆိုသည်။ ”ပိုပြီး ရာသီဥတု ပူလာရင်တော့ ကြက်ငှက်တုပ်ကွေးတွေ ပေါ်လာမယ်။ ကြက်ကနေတစ်ဆင့်လူကို ကူးစက်လာတော့ ကပ် ဆိုက်ပြီပေါ့။ အဲဒါတွေမဖြစ်အောင် ရေကိုစနစ်တကျ သုံးသင့်တယ်” ဟု ၎င်းက အကြံပြုထားပါသည်။

ထို့အပြင် ရောဂါများဖြစ်လာနိုင်သည့်အတွက် ဆေးဝါးများကိုလည်း ကြိုတင်စုဆောင်းထားသင့်ကြောင်း၊တိရစ္ဆာန်များမှ တစ်ဆင့် ရောဂါကူးစက်နိုင်သည့် အနေအ ထားများလည်း ရှိလာနိုင်သည့်အတွက် ရောဂါကူးစက်ခြင်း မရှိစေရန် ကြက်ငှက်များတင်သွင်းသည့် နယ်စပ်ဂိတ်များအား စနစ်တကျ စစ်ဆေးရန်လိုအပ်ပြီး အထူးသဖြင့် တရုတ်ဘက်မှအဝင်အား စစ်ဆေးရန်လိုအပ်သည်ဟု ၎င်းက အကြံပြု ဆိုပါသည်။

”ဒီအယ်နီညို ရာသီဥတုနဲ့ ပက်သက်ပြီးတော့ ကြိုတင်ပြင်ဆင်ထားဖို့ ကျွန်တော်တို့ NLD အနေ နဲ့ နယ်တွေမှာရှိတဲ့ အလုပ်အမှု ဆောင်ကော်မတီတွေကိုအကြောင်း ကြားထားပါတယ်”ဟုလည်း အယ် နီညိုနှင့်ပတ်သက်၍ NLD ၏ ကြိုတင်လုပ်ဆောင်နေမှုကို ဦးစိုးညွန့်က ရှင်းပြသည်။ အမျိုးသားအဆင့် ရေအရင်း အမြစ်ကော်မတီ အဖွဲ့ဝင်တစ်ဦး ဖြစ်သည့်ဒေါ်ခင်နီနီသိန်းကတော့ အယ်နီညိုကြောင့် ရေရှားပါးမှုအတွက် လုပ်ဆောင်ထားသင့် သည် များနှင့်ပတ်သက်၍”ပြည်သူတွေ အနေနဲ့ သောက်သုံးရေ အနည်းဆုံးသုံးရက်စာကို အမြဲတမ်း သိုလောင်ထားသင့်ပါတယ်။ မိမိတို့ နေတဲ့ရပ်ကွက်မှာရှိတဲ့ ရေအရင်း အမြစ်တွေကို ကာကွယ်စောင့် ရှောင့်သင့်တယ်။ ရေတွေ အလဟ ဿမကုန်ဆုံးအောင်ပေါ့”ဟု အကြံ ပြုသည်။

‘င’ ငလျင် အသင့်ပြင်

အယ်နီညိုကို ပူပင်ရသလိုပင် မြန်မာနိုင်ငံအနေဖြင့် ငလျင်ကိုလည်း မေ့မထားသင့်ပေ။မြန်မာ နိုင်ငံသည် ကမ္ဘာ့အဓိက ငလျင် ကြောကြီးနှစ်ခုအနက်မှတစ်ခုဖြစ် သော အယ်လပိုက် ငလျင်ကြောအတွင်းကျရောက်နေပြီး ၁၇၅ နှစ် တာကာလအတွင်း ငလျင်ကြီး (၁၇) ကြိမ်အပါအဝင် ငလျင်များ မကြာခဏ လှုပ်ခတ်ခဲ့ပြီး ငလျင်အန္တရာယ်များသော အဆင့်တွင် ရှိနေသည်ဟုလည်း ဘူမိဗေဒ ပါမောက္ခ(ငြိမ်း)ဒေါက်တာသိန်း၏ စာတမ်းတစ်စောင်တွင် ဖော်ပြထားသည်။

ငလျင် ဘေးအန္တရာယ်များခြင်းတွင် လူဦးရေသိပ်သည်းမှု၊ အဆင့်မြင့်တိုက်များ အပါအဝင် တိုက်တာအဆောက်အအုံများများပြားလာမှု၊ ထိုတိုက်များတွင် စံမမီသော အဆောက်အအုံများပါ ဝင်နေမှုဓာတ်ဆီသုံးစွဲ သိုလှောင်ခြင်း များလာမှု စသောအကြောင်းများက ငလျင်လှုပ်ခတ်ပါက ပို၍ အန္တရာယ်ကျရောက်နိုင်ကာ လူအသေအပျောက်မှာလည်း များနိုင်သည်ဟု ဒေါက်တာသိန်းက ဆိုသည်။ မြန်မာနိုင်ငံမြေငလျင်ကော်မတီ မှလည်း အင်အားပြင်း မြေငလျင် လှုပ်ခတ်ရန်အတွက် ပြတ်ရွေ့များ ရှိနေသည်ဟု သတိပေးထားသည်။ အထင်ကရအားဖြင့် ရခိုင်ငလျင် ကြော၊ စစ်ကိုင်း ငလျင်ကြော၊ ကျောက်ကြမ်းငလျင်ကြော၊ သံလွင် ငလျင်ကြောနှင့် ဟူးကောင်း ငလျင်ကြောဟူ၍ငလျင်ကြော စုစုပေါင်း ၅ ခုရှိပြီး ထိခိုက်ပျက်စီးနိုင်မှု အများဆုံးငလျင်မှာ စစ်ကိုင်း ငလျင်ကြောကြောင့် ဖြစ်နိုင်သည် ဟုလည်း ဆိုသည်။

ထို့ကြောင့်ပင် မြန်မာနိုင်ငံ သည် အချိန်အခါအရွေး ငလျင် ဖြစ်ပေါ်နိုင်သည့် အခြေအနေတစ်ရပ်တွင် တည်ရှိနေပေသည်။ နှစ်သစ်ကိုလည်း ငလျင်နှင့် ကြိုထား ပြီးလည်းဖြစ်နေသည်။ ရန်ကုန် မြစ်ဝ လက်ခုပ်ကုန်းကမ်းခြေ တစ် ဝိုက်ကို ဗဟိုပြု၍ ဇန်နဝါရီ ၁၂ ရက်ညပိုင်းတွင်လည်းကောင်း၊ ဇန်နဝါရီ ၁၃ ရက် နံနက်ပိုင်းတွင် လည်းကောင်း လှုပ်ခဲ့သည့် ငလျင် များက သတိပေးခေါင်းလောင်း သံပင်ဖြစ်ပါလိမ့်မည်။ ထိုငလျင်များနှင့်အတူ နောက်ဆက်တွဲ ငလျင်ငယ်များလည်း လှုပ်ခတ်ခဲ့ကြောင်း မြန်မာနိုင်ငံမြေငလျင် ကော်မတီကထုတ် ပြန်ခဲ့သည်။

ဤမျှလောက်သာဆိုပါက ကိစ္စမရှိ။ ငလျင်ငယ်များနောက်တွင် ငလျင်ကြီးများလှုပ်ခတ်လာမည့်အရေးကိုလည်း ကြိုတွေး ပြင်ဆင်ရန်လိုအပ်ပါသည်။ အ ဘယ်ကြောင့်ဆိုသော် ငလျင်ငယ်များမကြာခဏလှုပ်ခတ်ပြီးပါက ငလျင်ကြီး လှုပ်ခဲ့သည့် အတိတ် ဖြစ်ရပ်များကငလျင် သမိုင်း ကြောင်းတွင် ရှိထားခဲ့ပြီးလည်း ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ပဲခူးငလျင်ကဲ့သို့ လူသိများခဲ့သည့် အင်အားပြင်း ငလျင်ကြီးများ လှုပ်ခတ်ခဲ့သည်မှာ နှစ်ပေါင်းရှစ်ဆယ် ကျော်ခဲ့ပြီဖြစ်သည်။ နှစ်ပေါင်း ရှစ် ဆယ်ကျော်လျှင် ငလျင်ကြီး လှုပ် ခတ်နိုင်သည့် အထောက်အထားများကလည်း ရှိနေသည်ပင်။

နီပေါနိုင်ငံတွင် ငလျင်ကြီး လှုပ်ခတ်ခဲ့ပြီး နှစ်ပေါင်း ၈ဝ ကျော် အကြာ ၂ဝ၁၅ ခုနှစ်ဧပြီလတွင် အင်အားရစ်ခ်ျစတာစကေး ၇ ဒသမ ၈ အဆင့်ရှိ ငလျင်ကြီးလှုပ်ခဲ့ကာ လူပေါင်းများစွာ သေဆုံးမှုများ လည်းရှိခဲ့သည်က နှစ်ပေါင်းရှစ် ဆယ်ကျော်အကြာ ငလျင်၏ အ ထင်ကရ မှတ်တမ်းတစ်ခုဖြစ်ခဲ့ သည်။ မြန်မာနိုင်ငံအနေဖြင့် တိုင်း ဒေသကြီးနှင့် ပြည်နယ်များတွင် ငလျင်လှုပ်ခတ်နိုင်သည့် အခြေအနေရှိသည့် မြေပုံကိုလည်း ရေးဆွဲ နေပြီး ရန်ကုန်၊ မန္တလေးနှင့် မြို့ ကြီးများတွင် မြေငလျင်ဖြစ်နိုင်ခြေ မြေပုံကို ရေးဆွဲပြီးလည်းဖြစ်သည်။

”ပြည်သူတွေ အနေနဲ့လည်း တစ်နိုင်တစ်ပိုင် ကြိုတင်ကာကွယ်ထားရပါမယ်။ အစားအစာတွေ သောက်သုံးရေတွေ စတဲ့ရိက္ခာတွေ စုဆောင်းထားရပါမယ်။ ငလျင်လှုပ် ပြီဆိုရင်ဘယ်လိုနေရမလဲ၊ စတဲ့ ငလျင်နဲ့ ပတ်သက်တဲ့ ဗဟုသုတ တွေကို လေ့လာဖတ်ရှုထားသင့်ပါတယ်” ဟု ငလျင်အတွက် ပြင်ဆင် ထားသင့်သည်များကို လေ့လာထားရန် ဦးသူရအောင် (ငလျင် ကော်မတီအတွင်းရေးမှူး)က သတိပေးသည်။ ထို့အပြင် ငလျင်လှုပ်မည်ကို ကြိုတင်ခန့်မှန်းမရသည့်အတွက် လှုပ်ပြီးနောက်ပိုင်းအတွက် အစိုးရ ပိုင်းမှကြိုတင်ပြင်ဆင်ထားရန် လိုအပ်ပြီး ငလျင်နှင့်ပတ်သက်သည့် အသိပညာပေးမှုအပိုင်းများ၊ ကြိုတင်ကာကွယ်ရမည့်အချက်အလက်များကို မူဝါဒများချမှတ်၍ ဆောင်ရွက်ရန်လိုအပ်သည်ဟုလည်း၎င်းက ဆိုသည်။ ဦးသန်းနွယ် (ဒုတိယညွှန်ကြား ရေးမှူးချုပ်၊ သစ်တောဦးစီးဌာန) ကတော့”ငလျင်အန္တရာယ်ကတော့ ဌာနဆိုင်ရာ ကနေပြီးတော့ သတင်း အချက်အလက်တွေကို အချိန်နဲ့ တစ်ပြေးညီ ပြည်သူတွေကို အသိပေးနေရမယ်”ဟု အစိုးရပိုင်း၏ တာဝန်ရှိမှုကို ထောက်ပြပါသည်။

အကယ်၍အကြောင်း တစ်စုံတစ်ရာကြောင့် ငလျင်လှုပ်ပါက မည်သို့ နေထိုင်ရမည်နည်း။ လှုပ်ပြီးပါက မည်သို့နေထိုင်ရမည်နည်း။ မည်သည့်အချိန် မည်သည့် အခါတွင် လှုပ်ခတ်နိုင်သည်မသိသော ငလျင်အတွက် ဤအချက်များကို သိထားရန်လိုပါသည်။ ငလျင်လှုပ်နေစဉ်စိတ်ကို ငြိမ်ငြိမ်ထားပါ။ ပျာယာ ခတ်အလန့်တကြားမလုပ်ပါနှင့်။ အဆောက်အအုံထဲတွင်ရှိနေပါက ဆက်နေပါ။ အခန်းအလယ်သို့ရွှေ့နေပါ။ လှေကားများသည်ပြိုကျနိုင်သဖြင့် ယင်းတို့နှင့် ဝေးဝေးနေပါ။ အပြင်တွင်ရောက်နေပါက အပြင်မှာပဲနေပါ။ ပြိုကျနိုင်သောနံရံများ၊ ဓာတ်ကြိုးများနှင့် လွတ်ကင်းရန်အတွက် အဆောက်အအုံများနှင့် ဝေးဝေးနေပါ။ မော်တော်ယာဉ်ထဲ တွင်ရှိနေပါကတံ တားများ၊ အဆောက်အုံများနှင့် လွတ်ရာတွင်ရပ်ထားပါ။

ငလျင်လှုပ်ပြီး နောက်တွင်တာဝန်ရှိသူများ၊ အာဏာပိုင်များ၏ညွှန်ကြားချက် များအတိုင်းလိုက်နာပါ။ နောက်ဆက်တွဲ ငလျင်များလည်း အချိန်မရွေးလှုပ်နိုင်သဖြင့် ပျက်စီးနေသော အဆောက်အအုံ များအတွင်းသို့မဝင်ပါနှင့်။ ဒဏ်ရာ ရသူများကို ရှေးဦးသူနာပြုပါ။အရေးပေါ် စားသောက်စရာများ၊ ပစ္စည်းများနှင့် ရေဒီယိုကိုအလွယ် တကူရနိုင်မည့်နေရာတွင် ဆောင် ထားပါ။ ရှိနေသောရေသည် သန့် ရှင်းမှုရှိ၊မရှိ၊အစာများသည် ပုပ်သိုးမှုရှိ၊မရှိ စစ်ဆေးပြီးမှ စားသောက်ပါ စသည်ဖြင့်ငလျင်မလှုပ်မီနှင့် လှုပ်ပြီး ပါကလိုက်နာရန်တို့အား ဒေါက်တာသိန်းကသူ၏စာတမ်းတစ်စောင်တွင် သည့်သွင်းဖော်ပြထားပေသည်။

အမျိုးသားသဘာဝဘေး အန္တ ရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အနေဖြင့် မြန်မာနိုင်ငံလူမှု ကာ ကွယ် စောင့်ရှောက်ရေး ဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံ ချက်ကို ၂ဝ၁၄ ခုနှစ်အကုန်တွင် အတည်ပြု ပြဋ္ဌာန်းခဲ့ပြီး သဘာဝ ဘေးသင့်ပြည်သူများကို ထောက်ပံ့ ငွေပေးအပ်ခြင်း အပါအဝင် လူမှု ရေးအရကာကွယ် စောင့်ရှောက်ရန်လိုအပ်သောအုပ်စုရှစ်ခုကို သက်ဆိုင်ရာဘဏ္ဍာရေး နှစ်အလိုက် ထောက်ပံ့ရန် စီမံထားပေသည်။ မည်သို့ပင် မူလအခြေအနေကို ပြန်ရောက်ရှိရှိ မူလထက်ပို၍ သာအောင်ဖန်တီးပေးနိုင်မည်ဟု အာမခံချက်ပဲပေးပေး။ နှလုံးသား တွင်စွဲထင်ခဲ့သည့်စိတ် ဒဏ်ရာများ ကိုတော့ မည်ကဲ့သို့မျှ အစားထိုးကုစား၍ရမည်မဟုတ်သည့်အတွက် မိမိကိုယ်တိုင်သော်လည်းကောင်း၊ သက်ဆိုင်ရာဌာနများမှ သော် လည်းကောင်းအားလုံးတွင်အသိ နှင့်သတိယှဉ်ထားရမည်ဖြစ်သည်။

လာမည့်သဘာဝဘေး ပြေးတွေ့တာပေါ့ဟုလည်း အလွယ်ပြော၍ မရပါ။ မြန်မာပြည်သူ ပြည်သားတို့ မမေ့နိုင်ကြသေးသည့် နာဂစ်ကလည်းမြန်မာနိုင်ငံ သဘာဝ ဘေး မှတ်တမ်းတွင် ကြီးမားသည့် ခြောက်လှန့် မှုကြီးအဖြစ် ရှိနေပါ သေးသည်။ ယမန်နှစ်က ဖြစ်ခဲ့သည့် ရေဘေးသင့်ဒေသများကလည်း ယနေ့အချိန်အထိပြန်လည် ထူထောင်ရေးများလုပ်နေရဆဲဖြစ်သည်။ သဘာဝဘေးဟူသည် ရေ ဘေးလေဘေးငလျင်ဘေး စသည် ..စသည်ဖြင့် များစွာရှိနေသည်။မဖြစ်အောင် ကာကွယ်ခြင်းနှင့် ဖြစ်ပြီးပါကလုပ်ဆောင်ရမည့်အဆင့် များရှိနေသည့်အတွက်မည်သူတွင် တာဝန်ရှိသနည်းဟူ၍ အဖြေ ထုတ်ကြည့်လျှင် အားလုံးတွင် တာဝန်ကိုယ်စီ ရှိနေမည်လည်း ဖြစ်သည်။ ထို့ကြောင့်ပင် မိုးလေဝ သဌာနမှ ထုတ်ပြန်သည့် သတင်း များ၊ ရေဒီယို၊ တီဗီ၊ အင်တာနက် စသည်ဖြင့် ခေတ်မီဖွံ့ဖြိုးလာသည့် သတင်းမီဒီယာအခန်းကဏ္ဍကိုလည်းဤနေရာတွင်ကောင်းစွာ အသုံးချရပါလိမ့်မည်။ NLD သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီဒုဥက္ကဋ္ဌဦးစိုးညွန့်ကတော့ လက်ရှိ ပကတိအနေအထားနှင့် အနာဂတ်မျှော်လင့်ချက်တို့ ဒွန်တွဲနေသည့် စကားကို ဆိုပါသည်။ ”ကျွန်တော်တို့ NLD အစိုးရသစ် တက်လာရင်တော့ အကောင်းဆုံးဖြစ်အောင်လုပ်သွားမှာပါ။ ဒါပေမဲ့ အစိုးရတောင် မဖွဲ့ရသေးတော့ ခု လောလောဆယ်မှာ အယ်နီညိုအတွက် ဘာတွေကြိုတင်ပြင်ဆင်ထားမယ်ဆိုတာ ပြောလို့မရသေးပါဘူး။ ငလျင်အတွက်ကတော့ ဘာမှလုပ် လို့မရဘူး။ အဆောက်အအုံခိုင်တာ၊ မခိုင်တာနဲ့ ဆိုင်ပါတယ်”။   အိမ်စည်စိုးစံ၊ လင်းဟိန်း

အပူချိန် နေ့စဉ် မြင့်တက်၊ အယ်နီညို ဖြစ်ပွားရန် ၇၀ ရာခိုင်နှုန်းကျော် ရှိနေ
Thursday, May 7, 2015
မြန်မာနိုင်ငံတွင် ယခုရက်များအတွင်း အပူချိန် အမြင့်ဆုံး ၄၅ ဒီဂရီ စင်တီဂရိတ် အထိ မြင့်တက်လာသဖြင့် အယ်နီညို ဖြစ်ပွားရန် ၇၀ ရာခိုင်နှုန်းကျော် ရှိနေကြောင်း နေပြည်တော် မိုးလေဝသနှင့် ဇလဗေဒညွန်ကြားရေးမှူး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးကျော်မိုးဦးက ပြောသည်။
“အယ်နီညို ဖြစ်ပေါ်ဖို့ ၇၀ ရာခိုင်နှုန်း ကျော်တယ်။ တချို့ မိုးလေဝသ ဌာနတွေက အယ်နီညို ဖြစ်နေပြီ ဆိုပြီး ထုတ်ပြန်တာ ရှိတယ်။ အယ်နီညို ဖြစ်ရင်တော့ မူမမှန်တဲ့ ရာသီဥတုတွေ ဖြစ်ပေါ်မယ်။ မိုးရွာသွန်းမှု မူမမှန်တာတွေ အပူရှိန် မြင့်တက်လာမှု မူမမှန်တာတွေ ပြီးတော့ မုန်တိုင်းတွေလည်း ဖြစ်တတ်ပါတယ်” ဟု ၎င်းက ဧရာဝတီကို ပြောသည်။
မုတ်သုန် ဝင်လာမည် ဆိုပါက အပူရှိန် ကျသွားနိုင်ကြောင်း၊ လက်ရှိတွင် မြန်မာပြည် အနှံ့အပြားတွင် အပူချိန် ၄၀ နှင့် အမြင့်ဆုံး ၄၅ ဒီဂရီ စင်တီဂရိတ် ရှိနေသဖြင့် အယ်နီညို ရာသီဥတု ဖြစ်ပွားရန် အခြေအနေ ရှိနေကြောင်း ဦးကျော်မိုးဦးက ဆိုသည်။
“နေအရမ်းပူတယ်။ နေ့လယ်ဆိုရင် အပြင်ထွက်ရမှာတောင် ကြောက်တယ်။ ဒါပေမယ့် တက္ကစီ မောင်းတော့လည်း ဘယ်တတ်နိုင်မှာလဲဗျာ။ နေအရမ်းပူတော့ မိုးကိုမျှော်နေရတယ်။ ဒီလိုနေပူတဲ့ အရှိန်ကြောင့် မနှစ်ကဆိုရင် တက္ကစီသမား တဦး ဦးနှောက်သွေးကြော ပြတ်ပြီး သေတာ ကြားရတယ်။ ဒါကြောင့် ဒီလိုနေပူရင် ကျနော်တို့ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက် နေနေရတယ်” ဟု ရန်ကုန်မြို့နေ တက္ကစီ သမားတဦးက ဧရာဝတီကို ပြောသည်။
နေ့ အပူချိန်များသည် မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း အောက်ပိုင်းတို့တွင် အပူချိန် 43°C – 44°C ခန့်၊ ရန်ကုန်တိုင်း၊ နေပြည်တော်၊ စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း တို့တွင် 39°C – 40°C ခန့်၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ် အရှေ့ပိုင်းနှင့် မွန်ပြည်နယ်တို့တွင် အပူချိန်သည် 35 °C – 38°C နှင့် ကျန် တိုင်းဒေသကြီးများနှင့် ပြည်နယ်များတွင့် နေ့ အပူချိန်များသည် 26 °C- 34°C ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ဌာနက အသိပေး ထုတ်ပြန်ထားသည်။
နေ့ အပူချိန်များ မြင့်တက်မှုနှင့် ပတ်သက်ပြီး မိုးလေဝသ ပညာရှင် ဦးထွန်းလွင်က “အပူချိန်က ၄၀ ဒီဂရီ ကနေ ၄၅ ဒီဂရီ စင်တီဂရိတ် အထိတော့ မြင့်တက်နိုင်တယ်။ အထူးသဖြင့်တော့ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း အောက်ပိုင်းတွေမှာ အပူရှိန် မြင့်တက်နိုင်တယ်။ မန္တလေးတိုင်းကတော့ မိုးရွာဖို့ ရှိတယ်။ ရန်ကုန်က မန္တလေးလောက်တော့ မပူဘူး။ မုန်တိုင်းက နောက် ၄၈ နာရီ အတွင်း မဖြစ်သေးဘူး။ ခရမ်းလွန် ရောင်ခြည် အန္တရာယ်ကတော့ နေပူထဲ မထွက်နဲ့၊ နံနက် ၁၁ နာရီကနေ ညနေ ၃ နာရီ အတွင်း နေပူထဲ မထွက်နဲ့။ အကြာကြီး အပြင်ကို မသွားဖို့ လိုတယ်” ဟု ဧရာဝတီကို ပြောသည်။
မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများတွင် နေ့ အပူချိန်များသည် 43- 44 °C ခန့် အထိ မြင့်တက်လာနိုင်သည် ဟု ခန့်မှန်းထားကြောင်း၊ အပူချိန် မြင့်မားလွန်ကဲ့သည့် အတွက် တတိုင်းပြည်လုံး ခရမ်းလွန်ရောင်ခြည် လွန်ကဲသည့် အဆင့် ရှိနိုင်ကြောင်း၊ အသက်အရွယ် ကြီးရင့်သူများ၊ ကလေးငယ်များ၊ ရောဂါ ခံစားနေရသော ဝေဒနာရှင်များ အနေဖြင့် အထူးဂရုစိုက် နေထိုင်ကြရန်နှင့် သာမန် ပြည်သူများ အနေဖြင့် အပူဒဏ်ကို ဂရုစိုက်ကြရန် လိုအပ်ကြောင်း ဦးထွန်းလွင်က ဆက်ပြောသည်။
အယ်နီညို ဖြစ်ပွားမှုသည် ၂ နှစ်ခြား၊ ၃ နှစ်ခြား တကြိမ် ဖြစ်ပွားလေ့ရှိပြီး အယ်နီညို ရာသီဥတုသည် ၁၉၈၀ နှင့် ၁၉၉၀ ခုနှစ် အကြားတွင် ဖြစ်ပွားခဲ့ကြောင်း၊ လူသိများခဲ့သည့် အယ်နီညို ရာသီဥတုသည် ၁၉၉၈ ခုနစ်၊ ၂၀၁၀ ပြည့်နှစ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အယ်လ်နီညို အောက်က ဆားခါးရွာ
  _________________________
  မိုးခေါင်ရေရှားရပ်ဝန်းဒေသ မြင်းခြံမြို့နယ်နမိတ်တွင်း
နွေမပီသေးသည့်တိုင် မြင်းကွင်းက ခြောက်သွေ့သည်။
ကန္တာရနှင့် ဆူးဖြူခြုံဖုတ် တချို့ကလွဲ၍ သစ်ပင်ကြီးကြီး
မရှိ။ သံမဏိစက်ရုံလမ်းအတိုင်း လာရင်း မြနန္ဒာဆည်ကို
လှမ်းကြည့်မိတော့ ရေပြာပြာလက်လက်ကို လှမ်း၍မြင်ရ
သည်။ ဆည်သာဆိုရသည် ဆည်ကကန်သေးသေးသာ
ကျန်တော့သည်။ ကောခဲ့ပြီတည့်။

     သံမဏိစက်ရုံသွားကတ္တရာလမ်းဖောက်မှု,သဘာဝမိုး
ခေါင်ရေရှားမှု ,ရေဆင်းလမ်းများပြောင်းလဲမှုတို့ကြောင့်
ဤဆည်ကလေးမှာ ကန်အဆင့်သို့ရွေ့လျောခဲ့ပြီးဖြစ်၏။
သို့နှင့်တိုင် ဆားခါးရွာ၏သောက်ရေ သုံးရေကိုတော့ဖြင့်
ဤ မြနန္ဒာကန်ကလေးက ဖြည့်ဆည်းပေးနေဆဲ…။

  လမ်းအကွေ့တစ်နေရာရောက်တော့ ဧရာမစက်ယန္တ
ယားကြီးများ စီတန်းရပ်ထားသည်ကို တွေ့ရလေ၏။

"မြတ်စွာဘုရား…ဒီလိုနေရာမှာ ဒီဟာကြီးတွေကဘာများ
လုပ်မလို့ ပါလိမ့်…ကျောက်စိမ်းတွေလည်းမထွက်တန်ရာ
ကြေးနီတွေလည်း မထွက်တန်ရာ…စိုက်လို့ပျိုးလို့လည်း
မကောင်း…မြေမျက်နှာပြင်ကလည်း လျှိမြောင်ချိုင့်ဝှမ်း
ကမူ ကုန်းတန်းချည်းသာ"……

  အနီးနားရောက်တော့ လမ်းဘေးချုံဖုတ် ကျဲကျဲတွေထဲ
ပုဆိုးပိုင်းတွေခြုံကာ နေပူဒဏ်အံတုနေကြသူတွေကို
တွေ့ရလေသည်။
  "လားလား…ကလေးတွေ,အသက်အရွယ်ကြီးသူတွေ,
အပါအဝင် နေလောင်ထားသည့် အသားအရေတွေနှင့်
ယောင်္ကျား မိန်းမ ၁၀၀ ခန့်သည် ရေဗူးလေးတွေ စားစ
ရာမုန့်ထုပ်လေးတွေကိုင်လျှက် ခြုံဖုတ်များထဲမှထွက်
လာပြီး ကျွန်တော်တို့ ကို ဘယ်သူဘယ်ဝါစူးစမ်းသည့်
အကြည့်များဖြင့် ကြည့်နေကြလေ၏။"

  "ဦးကြီး ဒီစက်ကြီးတွေက ဘာလုပ်ဖို့တုန်း…နို့ပြီး ဦးတို့
ကရော ဘာလုပ်နေကြတာတုန်း"

  အသက်၆၀ကျော်ခန့် အသားညိုညို ဦးကြီးက ရုတ်တ
ရက် မရဲတရဲဟန်ပေါက်နေ၍ သူ ပြောရဲဆိုရဲရှိရန် ထပ်
ရှင်းပြရလေ၏။
"ကျွန်တော်တို့က မြင်းခြံကပါ။အာဏာပိုင်တွေဘာတွေ
လည်းမဟုတ်ပါဘူး။လမ်းကြုံတာနဲ့ စိတ်ဝင်စားလို့ဦးကြီး
တို့ကို ဝင်စုံစမ်းတာပါ။ ကူညီနိုင်တာရှိရင်လည်း ကူညီ
ပေးချင်လို့ပါ။"
  ကျွန်တော်ရှင်းပြလိုက်မှ ထိုဦးကြီးက ဖြစ်ကြောင်းကုန်
စင် ပြောပြပါတော့သည်။

"ဒီလိုပါ ငါ့တူရာ…ဟောဟိုက လှမ်းမြင်ရတဲ့ မြနန္ဒာကန်
ကလေးတွေ့ရဲ့ မဟုတ်လား အဲဒီ တဘက်ဆည်ကန်လေး
က စိုက်ဖို့ပျိုးဖို့ထိမရတော့ပေမယ့် နွေရာသီရောက်ရင်
တို့ ဆားခါးတစ်ရွာလုံးရဲ့ သောက်ရေသုံးရေနဲ့ ကျွဲနွားတွေ
အတွက်ပါ ဖူလုံစေပါတယ်။
  အခုငါ့တူမြင်နေရတဲ့ ဆည်လေးဆီကို မိုးတွင်းမိုးရွာရင်
ဝင်မယ့် ရေတွေက ကားလမ်းအကွေ့ တြိဂံချွန်းကနေပြီး
ဟောဟို ရိုးပြတ်တွေဆီကနေ လာတာပါပဲ။
  ဒါပေသိ အခု အဲဒီမြင်နေရတဲ့ နေရာတွေကို မန်းတိုင်း
စီမံချက်ဆိုလား မြေလွတ်မြေရိုင်းဖော်ထုတ်မယ်ဆိုပြီး
အခု စက်ကြီးတွေရောက်လာတာပါပဲ။မြေနေရာတွေ
တိုင်းတာသတ်မှတ်ပြီးတဲ့အပြင် အကွက်တွေတောင်ချ
ထားပေးပြီးပြီလို့ သိရပါတယ်…အဲသည်လိုသာဆိုရင်
ဦးကြီးတို့ ဆည်လေးရဲ့ ရေဆင်းလမ်းတွေ အကုန်ပိတ်
ကပြီပေါ့ မောင်ရာ…နို့ပြီး ဒီနှစ်ကလည်းမိုးအင်မတန်မှ
ခေါင်မယ့် အယ်လင်နီ ဆိုလားကျမယ်တဲ့...ဖေ့စစ်ဘွတ်
မှာပါတယ်လို့ ကျုပ်မြေးအကြီးကောင်က ပြောသဗျ...
ဒီပုံနဲ့ဆို ဒီဆည်လေး နောက်နှစ်နွေကျရင် ရေဘယ်နေ
ပါ့မလဲ…အဲသာဆို ကျုပ်တို့တစ်ရွာလုံး ဒုက္ခလှလှကြီး
ရောက်ရပြီပေါ့…သာကြောင့်ပဲ ကျုပ်တို့ တစ်ရွာလုံး
တောထဲလာပြီး နေပူုခံကန့်ကွက်နေရတာပေါ့"။

  ဦးဖိုးခ(အမည်ပြောင်း)က သူတို့ဒီနေရာမှာလာရောက်
စုရုံးပြီး စက်ကြီးတွေ ဆက်အလုပ်မလုပ်ရန်ဟန့်တားနေ
ရခြင်းကို ရှင်းပြတော့ ကျွန်တော့်စိတ်ထဲမှာအတော်လေး
လံသွားမိသည်။

  ဟုတ်သည်။ အပေါ်စီးကမြင်ကွင်းအရ သည်နေရာကို
မြေညှိမြေဖို့ခြင်း လုပ်လိုက်လျှင် အောက်ကဆည်ဆီကို
သွားမည့် ရေလမ်းကြောင်းတွေ ပြောင်းကုန် ပိတ်ကုန်
မည်မှာ အသေအချာ။သည်တော့ သည်ရေကိုသာသုံး
သည်ရေကိုသာသောက်နေကြရသည့် ဆားခါးရွာအနေ
ဖြင့် ပူကြပန်ကြမည်ပင်။အစိုးရမင်းတို့ကို ပြန်ကြည့်ပြန်
တော့ သည်နေရာကို ဘာကြောင့်သည်လိုလုပ်ချင်သည်
မတွေးတတ်။မည်သူတွေကို မည်ကဲ့သို့အသုံးချစေဖို့
မည်သည့် စနစ်ဖြင့်ချထားပေးကြောင်းလည်း မသိရပေ။
ရွာသားတွေကို သည်ကိစ္စအတွက် မြို့ရုံးကို ဆင့်ခေါ်
သည်တဲ့။ ဒါလည်း သက်ကယ်ချောင်းဖြင့်ခေါင်းလောင်း
ထိုးသည့်နှယ်ပင်။ တောသူတောင်သားက ရုံးပြင်ကနား
သွားချင်ကြသူများမဟုတ်။ဖြစ်သင့်သည်က သည်နေရာ
သည်လိုလုပ်ချင်လျှင် ရွာ၏ရေရရှိရေးကို ဖြေရှင်းပေး
နိုင်ရမည်။နောက်...ပွင့်လင်းမြင်သာစွာရှင်းပြရမည်။

လွန်ခဲ့သည့် ၁၅ ရက်ခန့်က ဆည်ရေဝင်ပိတ်မသွားစေ
ရန် တခြားနေရာသို့ ပြောင်းလုပ်တော့မည်ဟုရွာကိုလာ
ပြီး ပြောခဲ့သေးသဖြင့် တစ်ရွာလုံးပျော်ခဲ့ရသေးသည်ဟု
ဆို၏။သို့ဆိုလျှင် ယခုစပ်ကူးမတ်ကူး အစိုးရအကူးတွင်
အနှီကိစ္စကို အဘယ့်ကြောင့်တက်သုတ်ရိုက်ရပါသနည်း။
မန်းတိုင်းအစိုးရအဖွဲ့အနေဖြင့် သည်ကိစ္စကို ပွင့်လင်းမြင်
သာမှုရှိစွာ ကိုင်တွယ်ဖို့လိုသည်။

  "မနက်ပိုင်းက NLDက အခုအမတ်အသစ်တွေတော့
လာကြည့်ပြီး အဘတို့ကို ရေဗူးတွေစားစရာတွေ ဝေပေး
ပြီး အားပေးသွားတယ်။အကြောင်းစုံလည်း မေးမြန်းသွား
တယ်။ လွှတ်တော်အစည်းအဝေး စစချင်းဒီကိစ္စကိုအမြန်
ဆုံး တင်ပြဆောင်ရွက်ပေးသွားမယ်လို့ ပြောသွားတယ်။
လောလောဆယ်တော့ အဘတို့တောင့်ထားရမှာပေါ့။
သူတို့ ဆက်မလုပ်နိုင်အောင် ရွာမှာရှိတဲ့နွားတွေကို အခု
ကွင်းထဲ လှန်ထားမယ်လို့စိတ်ကူးထားတာပဲ။အဲလိုမှ
မရလည်း ဆန္ဒပြရမှာပဲ'

  ဒီကိစ္စက NLD အမတ်တွေအဖို့ အစိုးရဟောင်းလက်
ထက်မှ ပြသနာကို ဖြေရှင်းရဖို့ ဖြစ်လာခဲ့ပြီး ယခုဦးကြီး
ပြောပုံအရ ဒီကိစ္စမှာ ပြည်သူ့ဘက်ကရပ်တည်ဖို့ ကတိ
ပြုခဲ့ကြပုံရပါသည်။

အယ်နီညို အောက်က ဆားခါးရွာသူရွာသားတွေသူတို့
ရေတိုက်ပွဲ အောင်မြင်ဖို့ မျှော်လင့်နေကြသည်။

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

တရားရှိတဲ့နေရာ

 တရားဘယ်မှာရှိလဲတော့မသိဘူး ... ဘုရားမှာပဲ ဖိနပ်ပြောက်တာပါ လကွဖက်ရည်ဆိုင်မှာ ကျန်ခဲ့တဲ့ထီးက တပတ်ကြာမှသွားယူလည်းရတယ် . #အရေးတော်ပုံအောင်တော့မည...