ကမ္ဘာကျော်ရုပ်ရှင်မင်းသား Jackie Chan*** Myo Ko Ko 21/1/2016 ကမ္ဘာကျော် ရုပ်ရှင်မင်းသား ဂျက်ကီချန်းကို ၁၉၅၄ခုနှစ်၊ ဧပြီလ၊ (၇) ရက်နေ့တွင် ဖခင်ချာလီ (Charles)နှင့် မိခင် လီလီချန်းတို့မှ တရုတ်ပြည်တွင်းစစ် ဖြစ်ပွားနေချိန် ဟောင်ကောင် ၀ိတိုရိယတောင်တွင် မွေးဖွားခဲ့သည်။ ဂျက်ကီချန်းအား မွေးဖွားပြီးချိန်တွင် မှည့်ခေါ်ထားသောနာမည်မှာ ချန်းကောင်းဆောင်ဖြစ်ပြီး အခြားနာမည်ပြောင်မှာပွာပွာ ဖြစ်သည်။ ဂျက်ကီချန်း၏ဖခင် ချာလီမှာ ပြင်သစ်သံရုံးတွင် ထမင်းချက်ဖြစ်ပြီး မိခင်မှာအိမ်အကူတစ်ယောက် ဖြစ်သည်။ ဂျက်ကီချန်းရဲ့ အနုပညာသမား ဘ၀အစ ၁၉၇၆ ခုနှစ်တွင် Willie Chan ရုပ်ရှင်ထုတ်လုပ်ရေးပိုင်ရှင် တစ်ဦးသည် ချန်း၏ရုပ်ရှင်စတန့်များကို သဘောကျနေသူတစ်ဦးလည်းဖြစ်ပြီး ဂျက်ကီချန်းကို ရုပ်ရှင်ရိုက်ရန် ကမ်းလှမ်းမှုတစ်ခု စတင်ပြုလုပ်ခဲ့ပြီး ဒါရိုက်တာ Lo Wei ရိုက်ကူးတဲ့ ရုပ်ရှင်တစ်ခုတွင် သရုပ်ဆောင်ရန်အတွက် ကမ်းလှမ်းခဲ့သည်။ Lo Wei သည် ဂျက်ကီချန်းအား New Fist of Fury ဇာတ်ကားတွင် Bruse Lee (ဘရု(စ်)လီ) ပုံစံဖြင့် စင်တင်ပေးရန် စီစဉ်ထားပြီး Lo Wei သည် ဂျက်ကီချန်း နှင့် Bruse Lee တို့၏တူညီသော အချက်များကို ထုတ်ဖော်ပြသရန်အတွက် ဖြစ်သည်။ သို့သော် ထိုရုပ်ရှင်မှာ မအောင်မြင်ခဲ့ပါ။ အဘယ်ကြောင့်ဆိုသော် ဂျက်ကီချန်းသည် Bruse Lee ၏ ကိုယ်ခံပညာ ကစားနည်း၊ ကစားဟန်နှင့် မတူညီခဲ့သောကြောင့်ဖြစ်သည်။ ဂျက်ကီချန်းရဲ့သရုပ်ဆောင်ဘ၀အစတွင် အောင်မြင်ခဲ့တဲ့ဇာတ်ကားနာမည်မှာ-The Young Masterဖြစ်ပြီး ထိုရုပ်ရှင်ကားသည် Bruse Lee ၏ ယခင်ရုပ်ရှင်လက်မှတ် အရောင်းစံချိန်များထက် ကျော်လွန်ပြီး ဂျက်ကီချန်းအား ဟောင်ကောင်ရုပ်ရှင်လောကတွင် နာမည်ကျော်ကြားလာစေခဲ့သည်။ ၁၉၈၀ နောက်ပိုင်းတွင် ချန်းသည် Police Story (2) ဇာတ်လမ်းနှင့် အောင်မြင်လာခဲ့ပြီး ထိုဇာတ်လမ်းဖြင့် 1989 Hong Kong Film Awardတွင် တီထွင်ဖန်တီးနိုင်မှု အတတ်ဆိုင်ရာဆုကို ရရှိခဲ့သည့်အပြင် 1983 Golden Horse Film ပွဲကြီးတွင်လည်း အကောင်းဆုံးသရုပ်ဆောင်ဆုကို Armour of God (2) ဇာတ်ကားနှင့် ရရှိခဲ့သည်။ နောက်ပိုင်းတွင် ဂျက်ကီချန်းသည် Rush Hour ဇာတ်ကားတွင် Chirs Tucker နှင့်အတူတွဲရိုက်ပြီး Rush Hour ဇာတ်ကားကို အမေရိကန်ပြည်ထောင်စု တစ်ခုထဲတွင်ဝင်ငွေ ဒေါ်လာသန်း(၁၃၀) ကျော်ရရှိခဲ့သည်။ Rush Hour ရုပ်ရှင်အောင်မြင်ပြီးနောက်ပိုင်းတွင် ဂျက်ကီချန်းသည်ဟောလိဝုဒ်မှာပါ အောင်မြင်ကျော်ကြားလာခဲ့သည်။ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းတွင် ဂျက်ကီချန်းက Rush Hour (2), ၂၀၀၂ခုနှစ်တွင် The Tuxedo နှင့် ၂၀၀၃ခုနှစ်တွင် The Medallion ဇာတ်ကားများကိုရိုက်ကူးခဲ့ပြီး၊ ၂၀၀၄ ခုနှစ်တွင် ဂျက်ကီချန်းသည် Steve Coogan နဲ့ Around The World in 80 Days ဆိုတဲ့ ဇာတ်ကားကိုရိုက်ကူးခဲ့ပါသည်။ ၂၀၀၃ ခုနှစ်နောက်ပိုင်းတွင် ဂျက်ကီချန်းသည် အကန့်အသတ်များတဲ့ ဟော်လီဝုဒ်ရုပ်ရှင်လောကတွင် အဆင်မပြေဖြစ်လာခဲ့ပြီး Golden Harvest’s ရုပ်ရှင်ထုတ်လုပ်ရေးကို တုံ့ပြန်တဲ့အနေနဲ့ ချန်းက သူကိုယ်ပိုင် ရုပ်ရှင်ထုတ်လုပ်ရေး Company ဖြစ်တဲ့ JCE Movie Limited (Jackie Chan Emperor Movie Limited) ကို Emperor Multimedia Group နဲ့ ပူးပေါင်းပြီး ၂၀၀၄ ခုနှစ်မှာ New Police Story, ၂၀၀၅ ခုနှစ်မှာ The Myth, ၂၀၀၆ခုနှစ်မှာ Rob-B-Hood ဇာတ်လမ်းများကို ရိုက်ကူးခဲ့ပါသည်။ နောက်ပိုင်းမှာတော့ ချန်းက Rush Hour Series ဖြစ်တဲ့Roush Hour-3 ဇာတ်လမ်းကို ၂၀၀၇ ခုနှစ်၊ သြဂုတ်လတွင် ရုံတင်ပြသခဲ့ပါသည်။ Rush Hour-3ကို Hong Kong မှာ စတင်ပြသချိန်မှတော့ ဝင်ငွေအမေရိကန်ဒေါ်လာ (3.5) Million သာရရှိခဲ့ပြီး နောက်ပိုင်းမှာတော့ အမေရိကန်ဒေါ်လာ (255) Millionထိ ၀င်ငွေရရှိခဲ့ပါသည်။ ဂျက်ကီချန်းသည် The Forbidden King ရုပ်ရှင်ကို ဂျက်လီနဲ့ရိုက်ကူးခဲ့ပြီး 24 August 2007တွင် အပြီးသတ်ခဲ့သည်။ ၂၀၀၈ခုနှစ်မှာတော့ ဂျက်ကီချန်းက Kung Fu Panda ကာတွန်းကားထဲတွင် ဆရာမျောက်ကြီူးနေရာမှ နောက်ခံစကားပြောအဖြစ် ပါဝင်ခဲ့ပြီး ချန်းနှင့်အတူတူ Jack Black, Dustin Hoffman, Angelina Jolie တို့လည်းပါဝင်ခဲ့သည်။ ၂၀၀၇ခုနှစ် နိုဝင်ဘာလတွင် ဂျက်ကီချန်းသည် ဒါရိုက်တာ Derek Yee နှင့်အတူ Shinjuku incident (ရှင်ဂျူဂုအရေးအခင်း) ဇာတ်လမ်းကိုရိုက်ကူးခဲ့သည်။ နောက်ပိုင်းတွင် ဂျက်ကီသည် သူ့ရဲ့ နောက်ထပ်ဟောလိဝုဒ်ဇာတ်လမ်းဖြစ်တဲ့ The Spy Next Door ဇာတ်လမ်းကို ၂၀၁၂ခုနှစ်မှာ စတင်ရိုက်ကူးဖို့ပြင်ဆင်ထားသော်လည်း ဟောလိဝုဒ်တွင် ဇာတ်ညွန်းဆရာများ သပိတ်မှောက်ကြသဖြင့် The Spy Next Door ဇာတ်လမ်းကို အောက်တိုဘာလကုန်တွင် New Maxico တွင်စတင်ရိုက်ဖြစ်ခဲ့သည်။ ၂၀၁၀ခုနှစ်မှာ ဂျက်ကီက The Karate Kid ဆိုတဲ့ ရုပ်ရှင်ဇာတ်လမ်းကို ၁၉၈၄ခုနှစ်က Orginal ဇာတ်ကားအား ပြန်လည်ဆန်းသစ်ပြီး ရိုက်ကူးခဲ့သည်။ ဂျက်ကီသည် ယင်းဇာတ်လမ်းတွင် Mr.Han အဖြစ်ပါဝင်သရုပ်ဆောင်ထားပြီး အမေရိကန် ကလေးသရုပ်ဆောင် Jade Smith နဲ့ အတူတူသရုပ်ဆောင်ထားခဲ့ပါတယ်။ ဂျက်ကီချန်းသည် တရုတ်ရုပ်ရှင်လောကတွင် ယနေ့ထိတိုင် အအောင်မြင်ဆုံး သရုပ်ဆောင်တစ်ယောက်အဖြစ် ဆက်လက်ရပ်တည်လျက်ရှိပါသည်။ (REFERENCE & CREDITS) Article Translated & Adjusted By Myo Ko Ko Digital Social Media Team EMG Marketing Group Reference: Internet
ကိုယ်ပိုင်ခံစားမှု သုတရသဆိုင်ရာ ကဗျာဆောင်းပါးများနှင့် စာပေဆိုင်ရာများ သမိုင်း အတ္ထုပ္ပတ္တိများ တင်ဆက်ပေးသွားမှာပါ
သန်းထွန်းလေး (အင်းတဲရွာ)
တရားရှိတဲ့နေရာ
တရားဘယ်မှာရှိလဲတော့မသိဘူး ... ဘုရားမှာပဲ ဖိနပ်ပြောက်တာပါ လကွဖက်ရည်ဆိုင်မှာ ကျန်ခဲ့တဲ့ထီးက တပတ်ကြာမှသွားယူလည်းရတယ် . #အရေးတော်ပုံအောင်တော့မည...
-
#တြိစက္ကစာအုပ်များ (၄၁) အုပ်ပါခဗျာ (၁)တြိစက္က ဆယ့်နှစ်ကြိုးမှော်ရုံ http:// www.mediafire.com /download/p1bc9b3kera4yth/တြိစက္က_ဆယ့်နှစ်ကြိုး...
-
အရိုး စာအုပ်များစုစည်းမှု ( ၁၀ )အုပ်ပါခဗျာ ၁။ဇီတာ http:// www.mediafire.com /download/pq84w3qtry49n4x/106_AYoe_ZiTar.pdf ၂။ခြေတစ်လှမ်းမှ ...


No comments:
Post a Comment