သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Wednesday, January 13, 2016

ကလေးငယ်များကို ဆုံးမရာဝယ်

#ဒီလိုအချိန်မျိုးမှာကလေးကိုမဆုံးမပါနဲ့
++++++++++++++++++++++++

မိဘများဟာ ကလေးကို ပေါက်မြောက်စေချင်လွန်းတော့ နည်းမျိုးစုံနဲ့ တွန်သင်တာမျိုး၊ ဆိုဆုံးမတာမျိုး ပြုလုပ်တတ်ပါတယ်။ ဒါပေမဲ့ အောက်ပါ အချိန်အခါနဲ့ အခြေအနေ ကို ရှောင်ရှားတတ်ဖို့လိုပါတယ်။

၁။ သတိရမှ တွန်သင်ဆုံးမ တာမျိုး

ကလေးကို တွန်သင်တယ်။ လမ်းညွန်တယ်။ ဆိုဆုံးမတယ်ဆိုတာ စိတ်ရှည်ရှည်နဲ့ ရေ ရှည်ပြုလုပ်ရမဲ့ ၀တ္တရားတစ်ခုပါ။ မိဘများ အလုပ်ရူပ်တယ်ဆိုပြီးတော့မှ သတိရခါမှ ကောက်ကာငင်ကာ ဆုံး မလိုက်တာမျိုး မလုပ်သင့်ပါဘူး။ အဲလိုပြုလုပ်လိုက်ရင် ကလေးရဲ့ နုနယ်တဲ့စိတ်ထဲမှာ အူတူတူနဲ့ အနာတရ ရသွားတတ်ပါတယ်။

၂။ စိတ်ဆိုးမှ တွန်သင်ဆုံးမတာမျိုး

ဘယ်သူပဲဖြစ်ဖြစ် စိတ်ဆိုးတဲ့အခါ၊ ဒေါသထွက်တဲ့ အခါကျရင် သွေးပူနေတတ်ပါတယ်။ သွေးပူ ခေါင်းပူနေတဲ့ အချိန်မှာ တစ်ခုခု ကို ပြောချင်ရင်တောင်မှ ကိုယ့်စိတ်ကို ခဏ ထိန်းသိမ်းပြီး စိတ်ပြေသွားမှ ပြောဆိုသင့်ပါတယ်။  တစ်ခါတစ်လေမှာ ကလေးမှားတာက ဘာမ မပြောပ စလောက်လေး၊ ကိုယ်ဘ၀င်မကျတာက များများ၊ အဲလိုအချိန်မျိုးမှာ ကိုယ်က စိတ်ဆိုးနေတတ်ပြီး ဆိုဆုံးမ လိုက်ရင် ဆိုးကျိုးဘက်ကို ဦးတည်သွားစေတတ်ပါတယ်။

၃။ လူရှေ့သူရှေ့ မှာ ကလေးကို ဆိုဆုံးမတာမျိုး

ကလေး ဘယ်လောက်ပဲမှားနေမှားနေ၊ ကလေးကို အိမ်ခေါ်ပါ။ အိမ်ရောက်မှ အကြောင်းအရာကို သေသေချာချာ မေးမြန်းပြီး ဆိုဆုံးမစရာ ရှိက ဆုံးမပါ။ လူရှေ့ သူရှေ့မှာ ဆိုဆုံးမ မိရင် ကလေးရဲ့ အတွင်းစိတ်ကို အလွန်ထိခိုက်တတ်ပြီး ကလေးရဲ့ ရှေ့ရေး ကို ထိခိုက်နိုင်တဲ့ အထိဖြစ်တတ်ပါတယ်။

၎။ ကလေးနဲ့ တစ်ခုခု ဆွေးနွေး နေတဲ့ အခါမျိုးမှာ ဆိုဆုံးမတာမျိုး

မိသားစု စကားလက်ဆုံ ကျတဲ့ အခါမျိုးမှာ တစ်ခုခု တိုင်ပင်ဆွေးနွေးနေတဲ့ အခါ အကြောင်းအရာ တစ်ခုခု နဲ့ ပတ်သက်လို့ မိဘက အလိုမကျခဲ့ရင် ကောက်ကာငင်ကာ ဆိုဆုံးမတာမျိုး ရှောင်ရှားသင့်ပါတယ်။ အဲလိုလုပ်ရင် ကလေးက ကိုယ့်ကို ဘာမှ ပြန်မပြောပြတော့ဘူး၊ နောင်တစ်ခါ ကိုယ်နဲ့ လည်းဘာမှ မဆွေးနွေးတော့ဘူး။

၅။ ထ္မင်း စားချိန်၊ အိပ်ရာဝင်ခါနီးချိန်မှာ ဆိုဆုံးမတာမျိုး

ထ္မင်းလက်ဆုံ စားတဲ့အချိန်ဆိုတာ မိသားစု အတွက် အလွန်ကြည်နူးစရာ ကောင်းတဲ့ အချိန်ဖြစ်ပါတယ်။ ပျော်ရွှင်မူကို ခံစားသင့်တဲ့ အချိန်အခါ၊ ကျေးဇူးတင်သင့်တဲ့ အချိန်အခါ၊ မိသားစုအတွင်း စကားလက်ဆုံ ကျပြီး အတွေးအခေါ် ဖလှယ်နှီးနောတဲ့ အချိန်အခါ ကောင်းဖြစ်သင့်ပါတယ်။  အဲဒီ အချိန်မှာ တစ်ခုခု ကို သတိရလိုက်လို့ ဆိုဆုံးမလိုက်ရင် မိသားစု ၀င်များအားလုံးရင် ခံစားမူ ကို ပြောင်းလည်းသွားစေပါတယ်။ ညအိပ်ရာ ၀င်ခါနီးရင်လည်း ကလေးများ ကောင်းကောင်းမွန်မွန် နားနေစေဖို့ အဲဒီအချိန်မှာ ဆိုဆုံးမတာမျိုး ရှောင်ရှားသင့်ပါတယ်။

၆။ အပြစ် နှစ်ခု သုံးခုကို စုပုံ ပြီး တပြိုင်တည်း ဆိုဆုံးမတာမျိုး

အပြစ်သုံးလေးခု ကိုစုပုံပြီး တစ်ပြိုင်တည်း ဆိုဆုံးမတာမျိုးဟာ လုံးဝမထိရောက်တတ်ပါဘူး။ ကလေးဟာ ဘယ်ဟာကို ဦးစားပေး ပြုပြင်ရမယ်ဆိုတာကို ဦးတည်ချက်ပျောက်ဆုံးနေတတ်ပါတယ်။ မိဘများအနေနဲ့ မိမိကလေးကို သိပ်ပြီးဂရုမစိုက်ရာလည်းရောက်ပါတယ်။ ဂရုတစ်စိုက် ရှိခဲ့ရင် အပြစ်သေးသေးလေးကတည်းက တွေ့ရှိရမဲ့ ကိစ္စကို သုံးလေးခု ကျမှ တစ်ပြိုင်းထဲ ဆိုဆုံးမတာကိုက သဘာဝ သိပ်မကျလှပါဘူး။

#Cd_ကိုအောင်ကိုလတ်


No comments:

သန်းထွန်းလေး (အင်းတဲရွာ)

တရားရှိတဲ့နေရာ

 တရားဘယ်မှာရှိလဲတော့မသိဘူး ... ဘုရားမှာပဲ ဖိနပ်ပြောက်တာပါ လကွဖက်ရည်ဆိုင်မှာ ကျန်ခဲ့တဲ့ထီးက တပတ်ကြာမှသွားယူလည်းရတယ် . #အရေးတော်ပုံအောင်တော့မည...