သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Tuesday, January 12, 2016

မန်းရွှေစက်တော်

မန်းရွှေစက်တော် သို့မဟုတ် စောင့်မျှော်စောင့်စား နွေဦးပွဲတော်

■ Written by : အောင်သူငြိမ်း (မကွေး)

မြတ်စွာဘုရားရှင်၏ ခြေတော်ရာနှစ်ဆူ ကိန်းဝပ်ရာ၊ သစ္စာဗန္ဓတောင်အား နဂါးတစ်ကောင်အလား မန်းချောင်းက ရစ်ခွေထားရာ၊ မြန်မာနိုင်ငံအတွင်း ရက်အရှည်ကြာဆုံး ပွဲတော်ကြီး ကျင်းပလေ့ရှိရာ မန်းရွှေစက်တော်ဘုရားပွဲကို တပို့တွဲလဆန်း ၅ ရက်တွင် ဖွင့်လှစ်လေ့ရှိသည်။ ယခုနှစ်ပွဲတော်ဖွင့်ပွဲသည် (ဖေဖော်ဝါရီ ၁၃ ရက်) တွင် ကျရောက်သည်။ ထိုပွဲတော်ကြီးအတွက် တဲကျောင်း (တည်းခိုဆောင်)၊ ဆိုင်ခန်းများတည်ဆောက်ရန်နှင့် အခြားလုပ်ငန်းများ လုပ်ကိုင်ခွင့်အတွက် တင်ဒါများကို ဇန်န၀ါရီ ၈ ရက်တွင် စတင်လက်ခံတော့မည် ဖြစ်သည်။ ရွှေစက်တော်ပွဲတော်ဟု စိတ်ရောက်လိုက်သည်နှင့် ဆောင်းအကုန် နွေအကူးရာသီတွင် သစ်ပင်များ ရွက်ရော် ရောင်စုံ ဆင်မြန်းထားသည့် မြင်ကွင်းနှင့် အပူပိုင်းဇုန်အတွင်း ကျရောက်သည့် မကွေးတိုင်း၏ အမြဲစီးစမ်းချောင်းတစ်ခုကို မြင်ယောင်လာမိသည်။ ထိုမြင်ကွင်းများနှင့်အပြိုင် နိုင်ငံအနှံ့မှ ဘုရားဖူး လာရောက်သူများသာမက ဒေသခံများကပါ နှစ်စဉ်နှစ်တိုင်း ဝေဖန်လေ့ရှိသည့် အသံများကိုလည်း ကြားယောင်လာရသည်။

ရွှေစက်တော်ပွဲတော်ကို နှစ်စဉ် တပို့တွဲလဆန်း ၅ ရက်မှ မြန်မာနှစ်ဆန်း တစ်ရက်နေ့အထိ သုံးလနီးပါးကြာ ကျင်းပလေ့ရှိပြီး တဲကျောင်းနှင့် ဆိုင်ခန်းပေါင်း ၁၅၀၀ ကျော် တည်ဆောက်ရလေ့ရှိသည်။ ထိုအဆောက်အအုံအားလုံးကို သစ်၊ ၀ါးများဖြင့်သာ နှစ်စဉ် တည်ဆောက်လေ့ ရှိသည်။ ၁၀ ပေ ပတ်လည် ခန့်ရှိ တဲကျောင်းတစ်ခန်းလျှင် မျောတိုင် ခြောက်လုံး၊ ၀ါးအလုံး ၅၀၊ ၀ါးသက္ကယ်အပျစ် ၁၀၀၊ ၀ါးထရံလေးချပ် အနည်းဆုံး လိုအပ်သည်။ ဆိုင်ခန်းတစ်ခန်းလျှင် မျောတိုင် လေးလုံး၊ ၀ါးအလုံး ၂၀၊ ၀ါးသက္ကယ် ၁၀၀၊ ၀ါးထရံ နှစ်ချပ် အနည်းဆုံး လိုအပ်သည်။ ထိုတဲကျောင်းနှင့် ဆိုင်ခန်းများအပြင် အလှူခံမဏ္ဍပ်၊ သန့်စင်ခန်း စသည့် အဆောက်အအုံများကိုလည်း သစ်ဝါးများဖြင့်သာ တည်ဆောက်လေ့ ရှိသည်။

ရွှေစက်တော်ဘုရား တည်ရှိရာ ၀န်းကျင်မှ မင်းဘူး၊ ပွင့်ဖြူ၊ စေတုတ္တရာ၊ ငဖဲမြို့နယ် လေးခု ထိစပ်သည်အထိ ဘေးမဲ့တောအဖြစ် သတ်မှတ်ထားသည်။ ပွဲတော်အတွက် လိုအပ်သော သစ်၊ ၀ါးများကို ထိုဘေးမဲ့တောနှင့် ဘေးမဲ့ကာကွယ်တောများ အတွင်းမှသာ အများဆုံး ခုတ်ယူလေ့ရှိသည်။ ထို့ကြောင့် တစ်နှစ်ထက်တစ်နှစ် သစ်ဝါးရှားပါးမှုကို သိသာစွာ ကြုံတွေ့လာရသည်။ ထို့ကြောင့် လွန်ခဲ့သောသုံးနှစ်ခန့်ကတည်းက သစ်ဝါးများအစား ဟော်လိုသံပိုက်များဖြင့် အစားထိုး၍ နှစ်စဉ်ပြန်လည် အသုံးပြုနိုင်ရန် စီစဉ်သင့်ကြောင်း ဝေဖန်မှုများရှိခဲ့သည်။ ထိုသို့ သံထည်များဖြင့် အစားထိုးပါက သစ်ဝါးများခုတ်ရခြင်းကို ရှောင်ရှားနိုင်မည်ဖြစ်ပြီး တစ်နှစ်သုံးပြီးလျှင် နောက် ၁၀ နှစ်ခန့် အနည်းဆုံး ပြန်အသုံးပြုနိုင်မည် ဖြစ်သောကြောင့် ကုန်ကျစရိတ်လည်းများစွာ သက်သာမည်ဖြစ်သည်။

သတင်းအပြည့်အစုံကို ဖတ်ရှုရန်  - - - - -  - -> http://goo.gl/hrQLqI


No comments:

သန်းထွန်းလေး (အင်းတဲရွာ)

တရားရှိတဲ့နေရာ

 တရားဘယ်မှာရှိလဲတော့မသိဘူး ... ဘုရားမှာပဲ ဖိနပ်ပြောက်တာပါ လကွဖက်ရည်ဆိုင်မှာ ကျန်ခဲ့တဲ့ထီးက တပတ်ကြာမှသွားယူလည်းရတယ် . #အရေးတော်ပုံအောင်တော့မည...