BREAST CANCER
ရင်သားကင်ဆာ သိမှတ်ရာ
ရင်သားကင်ဆာရောဂါသည် အမျိုး
သမီးများတွင် ကင်ဆာရောဂါဖြင့် သေဆုံး
မှုအများဆုံး ရောဂါတစ်ခုဖြစ်သည်။
ရောဂါကိုစောစီးစွာ စမ်းသပ်ရှာဖွေစစ်
ဆေး၍ စနစ်တကျကုသမှုခံယူပါက
အသက်အန္တရာယ်မရှိနှိုင်သော်လည်း
ကုသမှုနောက်ကျပါက အသက်ဆုံးရှုံး
ရနှိုင်ပါသည်။
ရောဂါလက္ခဏာများ
ရင်သားတွင် အလုံးအကျိတ် ဖြစ်လာသည်။
အလုံးအကျိတ်ဖြစ်သောဖက်ရှိ ဂျိုင်းကြား
တွင် သားနံရည်ကျိတ် ပေါ်လာနှိုင်သည်
အလုံးအကျိတ် ကြီးထွားလာပြီး ခန္ဓာကိုယ်အနှံ့ ရောဂါပျံ့နှံ့သွားနှိုင်သည်
အဓိကအားဖြင့် အဆုတ် (lung),
အသဲ(liver), အရိုး(bone)နှင့်
ဦးနောက် (brain) သို့ ရောက်နှိုင်သည်။
ရင်သားကင်ဆာဖြစ်နှိုင်ခြေရှိသူများ
( high risk patients )
* မိမိဆွေမျိုး (အမေlညီအစ်မအရင်းနှင့်
အမေဖက်မှတော်သော အဒေါ် ) များ
ထဲတွင် ရင်သားကင်ဆာ (သို့ ) အခြား
ကင်ဆာ ဖြစ်ခဲ့ခြင်း။
* အရွယ်မရောက်မှီ ( အသက် ၁၀ နှစ်
ခန့် အရွယ် ) ရာသီသွေး စပေါ်ခြင်း။
* အသက်အရွယ်ကြီးမှ ( အသက် ၄၀
ခန့် ) သားဦးကိုယ်ဝန်ရှိခြင်း။
* သန္ဓေတားဆေး (သောက်ဆေး) ကို
၁၀ နှစ်ခန့် သုံးစွဲခြင်း။
* ရာသီသွေးဆုံးသည့်အရွယ် နောက်ကျ
ခြင်း ( အသက် ၅၅ နှစ်ခန့်  )
* oestrogen ဟော်မုန်းဓါတ် ဖြည်စွက်
ဆေးကို ၁၀ နှစ်ကျော်သုံးစွဲရခြင်း။
ရောဂါရှာဖွေစစ်ဆေးအတည်ပြုခြင်း
ရင်သားကင်ဆာရောဂါကို နည်းလမ်း
(၃)သွယ်ပေါင်းစပ်၍ တဆင့်ပြီးတဆင့်
စမ်းသပ်စစ်ဆေးခြင်းဖြင့်အတည်ပြုနှိုင်
ပါသည်။
(၁) ရောဂါရာဇဝင်အသေးစိတ်မေးမြန်း
ခြင်း နှင့် ဆရာဝန်ကိုယ်တိုင် စမ်းသပ်
စစ်ဆေးခြင်း။
(၂) ရင်သားကင်ဆာရောဂါရှာဖွေရေး
ပုံဖေါ်စက်များဖြင့်စစ်ဆေးခြင်း
ultrasound ( breast )
mammogram
(၃) ရင်သားအကျိတ်မှအသားစ
(tissue biopsy) ယူ၍ ဓါတ်ခွဲခန်းတွင်
စစ်ဆေးခြင်း။
ဤနည်းလမ်း(၃)မျိုးဖြင့် စနစ်တ
ကျစမ်းသပ်စစ်ဆေးလျှင် ၉၉ ရာနှုံးခန့် 
ရင်သားကင်ဆာဟု အတည်ပြုနှိုင်သည်
ရောဂါ အဆင့်သတ်မှတ်ခြင်း
အဆင့် ၁
ရင်သားတွင် အလုံးအကျိတ်စမ်းတွေ့ရသည်။
အကျိတ်အရွယ်အစားမှာ
1-2 cm ခန့် သာရှိသေးသည်။
အဆင့် ၂
ရင်သားအကျိတ်အရွယ်အစားမှာ
2-5 cm ခန့် ရှိသည်
အကျိတ်ရှိသောဖက် ဂျိင်းကြားတွင်
သားနံရည်ကျိတ် စမ်းတွေ့ရသည်။
၎င်းအကျိတ်မှာလက်ဖြင့်လှုပ်ရှား
ကြည့်၍ရသေးသည်။
အဆင့် ၃
ရင်သားအကျိတ်အရွယ်အစားမှာ
5-10 cmခန့် ရှိနေသည်
ဂျိင်းကြားရှိ အကျိတ်မှာ လက်ဖြင့်
လှုပ်ကြည့်၍ မရတော့ပါ။
အဆင့် ၎
ရင်သားအကျိတ် 10 cm ကျော်သည်
၎င်းအကျိတ်မှာ လက်ဖြင့်လှုပ်ရှား
ကြည်၍မရနှိုင်တော့ပေ။
ရောဂါမှာ lung,liver,bone n brain
များသို့ ပျံ့ နှံ့သွားနှိုင်သည်။
ကုသနှိုင်သောနည်းလမ်းများ
ရင်သားကင်ဆာကုသရာတွင်
ခွဲစိတ်ကုသခြင်း (surgery)
ဓါတ်ရောင်ခြည်ဖြင့်ကုသခြင်း
(radiotherapy)
ကင်ဆာဆေးများဖြင့်ကုသခြင်း
(chemotherapy)
ဟော်မုန်းဆေးများဖြင့်ကုသခြင်း
(hormonal therapy)
ဖေါ်ပြခဲ့သောကုသနည်းများကို
ပေါင်းစပ်၍ စနစ်တကျ ကုသမှုခံယူ
ရန်လိုအပ်ပါသည်။ သို့ မှသာ အသက်
အန္တရာယ်ကင်းဝေးပြီး ပျောက်ကင်း
သက်သာမှုကိုရရှိနှိုင်မည်ဖြစ်ပါသည်။
ခွဲစိတ်ကုသခြင်းသည် အဓိက အခန်း
ကဏ္ဍမှ ပါဝင်ပါသည်။
စနစ်တကျကုသမှုခံယူနည်းမှာ
* surgery n radiotherapy (or)
* surgery n chemotherapy (or)
*surgery n hormonal therapy(or)
* surgery, radiotherapy n chemo
(or) hormonal therapy စသည့်
တနည်းနည်းဖြင့် ကုသမှုခံယူရပါမည်။
ကင်ဆာရောဂါကို စနစ်တကျ
ကုသမှုပေးနှိုင်ရန် ဆရာဝန်ပညာရှင်
ပေါင်းစုံပါဝင်သော အဖွဲ့နှင့်စုစည်းဆွေး
နွေးတိုင်ပင်၍အဖြေရှာပြီး အကောင်း
ဆုံး နည်းလမ်းဖြင့် ကုသပေးကြပါသည်။
အားလုံးကျန်းမာကြပါစေ။
ကိုယ်ပိုင်ခံစားမှု သုတရသဆိုင်ရာ ကဗျာဆောင်းပါးများနှင့် စာပေဆိုင်ရာများ သမိုင်း အတ္ထုပ္ပတ္တိများ တင်ဆက်ပေးသွားမှာပါ
Thursday, January 7, 2016
ရင္သားကင္ဆာ
သန်းထွန်းလေး (အင်းတဲရွာ)
တရားရှိတဲ့နေရာ
တရားဘယ်မှာရှိလဲတော့မသိဘူး ... ဘုရားမှာပဲ ဖိနပ်ပြောက်တာပါ လကွဖက်ရည်ဆိုင်မှာ ကျန်ခဲ့တဲ့ထီးက တပတ်ကြာမှသွားယူလည်းရတယ် . #အရေးတော်ပုံအောင်တော့မည...
-
#တြိစက္ကစာအုပ်များ (၄၁) အုပ်ပါခဗျာ (၁)တြိစက္က ဆယ့်နှစ်ကြိုးမှော်ရုံ http:// www.mediafire.com /download/p1bc9b3kera4yth/တြိစက္က_ဆယ့်နှစ်ကြိုး...
-
အရိုး စာအုပ်များစုစည်းမှု ( ၁၀ )အုပ်ပါခဗျာ ၁။ဇီတာ http:// www.mediafire.com /download/pq84w3qtry49n4x/106_AYoe_ZiTar.pdf ၂။ခြေတစ်လှမ်းမှ ...

No comments:
Post a Comment