သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Tuesday, January 5, 2016

အမြင် အကြား

"မျက်စေ့ အဆုံး နား အတုံး "
  မျက်စေ့ မမြင်ရ ရင် ဘဝ ဆုံးသလိုပါပဲ။ နားမကြားရရင်လည်း ဘဝ တုံး လူတုံးတစ်ယောက်လို ဖြစ်တတ်ပါသတဲ့ ခင်ဗျာ ။  ဒီဆေးနည်းတွေကို တိုင်းရင်းဆေး ဆေးမြီးတို ဆရာတစ်ယောက်မှ ကျနော့်ကို ချစ်လွန်းလို့ ပေးခဲ့ပါတယ် ။ သူပေးစဉ်က ဘယ်သူ့မှ တော့မပြောနဲ့လို့ ပြောခဲ့ပေမဲ့ ပညာမမျှဝေရရင်မနေတတ်လို့ပြောပြလိုက်ပါပြီ။
  ထိုဆရာကြီးကတော့ စေတနာနှင့်သာဆေးကုပေးပြီး ငွေတမတ်ပေးလျှင် သင့်လျော်တဲ့ဆေးကို ရှာပေးပြီး လိမ်းတာ တိုက်တာ စသည်ဖြင့် ကုပေးပါသည်။ ဂါထာလေးများလည်းရွတ်တတ်ပြီး မေတ္တာပို့ပါသည်။ ကျနော့် ရှေ့မှာတင် ရောဂါဆိုးများစွာ သက်သာပျောက်ကင်းအောင် ကုပြနိုင်တာ လက်တွေ့ များစွာပါပဲ။ ခုပြောမည့် ဆေးနည်းများ ဖြင့် သူကိုယ်တိုင် ပျောက်ကင်းအောင် ကုပေးတာတွေ့ခဲ့ရသလို ကျနော်လည်း လူနာအချို့ကုပေးခဲ့တာ အောင်မြင်ခဲ့ပါပြီ။  ကျနော်နေတဲ့မြို့မှာတင် မျက်စေ့တိမ် ရောဂါ လူနာ ၃ ဦးကို အောင်မြင်စွာ ကုပေးခဲ့ပါပြီ။ 
"ဤဆေးနည်းဖြင့် ပျောက်ကင်းနိုင်သည့်မျက်စေ့တိမ်"
* ဒဏ်တိမ်
*အပြင်တိမ်
*မီးယပ်တိမ်
ဒါလောက်ပါပဲ အတွင်းတိမ်ကိုတော့ မပျောက်နိုင်ပါဘူး။
"နား လေး နားထိုင်း နားမကြား အတွက် ဆေး "
  အထက်ပါ မျက်စေ့နှင့် နား ရောဂါ အတွက်ဆေးနည်းကို မျှဝေ ပေးပါမယ်။

"ဆူးပြောင်းပြန်ပင် "
  မြန်မာပြည် အနှံ့ အပြားမှာ ပေါက်ရောက်တဲ့ ပင်နိမ့် ပင်တစ်မျိုးပဲဖြစ်ပါတယ် ။ ရာသီပင်ဖြစ်ပြီး မိုဦးကျ မှာ ပေါက်လေ့ရှိပြီး မိုးနှောင်းပိုင်းမှာ ပန်းပွင့် အသီးသီးလေ့ရှိပါတယ်။အရွက်ဟာ အလယ်မှာဝိုင်းပြီး အရင်းဘက် ရွက်ညှာ ဆီသို့ ရှူးသိမ် သွားပါတယ် ။အစိမ်းရောင်ပဲဖြစ်ပါတယ်။
ပင်စည်ဟာ ခဲတံလုံးခန့်မှ မြေကောင်းပါက လက်ညှိုးလုးံခန်ထိ ကြီးတတ်ပြီး ၂ ပေ မှ ၃ ပေ ကျော်ထိ မြင့်တတ်ပါတယ် ။ ကိုင်းရဲ့ထိပ်ဘက်မှာ ၁ ပေ မှ ၁ ပေခွဲကျော်ထိ ရိုးတံ ဖြောင့်ဖြောင့်မှာ ဆန်ကွဲစေ့ ခန့် ဆူးသီးလေးများ စီစီရီရီ စဉ်ပြီးသီးလေ့ ရှိပါတယ် ။ ဆူးချွန်လေးတွေဟာ အောက်ဘက်ကို စိုက်ပြီး သီးနေတာမို့ ဆူးပြောင်းပြန် လို့ခေါ်ခြင်း ဖြစ်ပါတယ်။အသီးများကိုတော့ မိုးနှောင်းပိုင်းမှ တွေ့နိုင်ပါတယ်။
"ဆေးဘက်ယူပုံ"
  ဆရာကြီးပေးတဲ့နည်းအတိုင်းပဲမျှဝေပါတယ်။
  အမြစ်ကို အသုံးပြုတာဖြစ်ပါတယ်။ လူနာမှ ပေးလိုက်တဲ့ ငွေတမတ်နဲ့ မြေနတ်မင်းဆီးမှာတိုင်တည်ပြီး ဝယ်ရတာဖြစ်ပါတယ် ။
"တောစောင့်နတ် တောင်စောင့်နတ်တို့ ကျန်းမာပါစေ ချမ်းသားပါစေ ။ နဂါးသနင်းမြေနတ်မင်းကြီး ကျန်းမာပါစေ ချမ်းသာပါစေ ။  ကျွနုပ်လူနာ၏ စက္ခု နှစ်ခွင်း အလင်းရှင်းဘို့ ဤဆေးမြစ်အားပေးသနားပါ" ဟု တိုင်တည်ပြီး ငွေတစ်မတ်ကို ချ ခဲ့ကာ ဆေးပင်ကို နှုတ်ယူရပါတယ် ။ အဲဒီလို နှုတ်တဲ့အခါ တစ်ချက်တည်း အမြစ်ပါအောင် နှုတ်ရင် တစ်ခါတည်း ပျောက်တယ်လို့ ဆိုပါတယ်။
အမြစ်ကို ဖြတ်ယူပါ အမြစ်ဖျားကိုလည်းဖြတ်လိုက်ပါ ။
"အသုံးပြုပုံ"
  ဆန်ဆေးရေဖြင့် သွေးရမည် (ရေ သက်သက်ဖြင့်မရပါ) ။ ညနေဘက်တွင် လူနာ၏ ဒူး မှ နေ၍ ရေလောင်းပါ ။ ပြီးမှ တိမ်ဖြစ်သည့ှ် မျက်လုံးဘက် မျက်ခွံမှာ လိမ်းပေးရပါတယ်။ ၇ ရက်မှ တိမ် ကျွတ် ကင်းစင်သည့် နေ့အထိ လိမ်းပေးရပါမယ်။ တကယ့်နတ်ဆေးတစ်ပါးဆိုတာ တွေ့ဘူးပြီးမှ ယုံပါ။

"ဆေးဆရာ၏ စိတ်ထားနှင့် ဆေးကုသပုံ "
*လူနာဆီမှ မည်သည့်မျှော်လင့်ချက်မှ မထားရ ။
* ရောဂါပျောက်းကင်းပြီးလူနာမှ ပုံကန်လျှင်တောင် ဥပေက္ခာ ပြုနိုင်ရမည်။
* အဘိုးအခ မတောင်းရ လူနာမှ ကန်တော့လျှင် လက်ခံနိုင်သည်။
* ရောဂါပျောက်းကင်းပါက လူနာ
မှ လက်ရေလောင်းပေးဘိုမှာရသည်။
  ရေလောင်းတယ်ဆိုတာကတော့ လူနာက ရေတစ်ခွက်နှင့် သြဇာကိုင်းတစ်ကိုင်း မာလကာ တစ်ကိုင်း ယူလာရပါတယ်။ ဆရာမှ သြဇာကိုင်းမာလကာကိုင်းတို့ကို ရေ စွတ် လူနာ၏ ကိုယ်မှာ စွတ်ဖျန်းပြီးဆုတောင်းပေးပါတယ်။ ပြီးရင် လူနာမှသူယူလာတဲ့ ရေခွက်ကို ဆရာ၏ လက် ၂ ဘက်ပေါ်သို့ တစ်ခါတည်း လောင်းချ ပေးရပါတယ်။ အဲဒီလို လက်ဆေးတဲ့အခါမှာ လူနာက သူတို့ ကန်တော့ချင်သော ငွေ နှင့် အစားအသောက်များ ယူလာလေ့ရှိပါတယ် ။ ဆရာအနေ နဲ့ သင့်တင့်သလိုပဲ လက်ခံရတာဖြစ်ပြီး အဲဒီလိုပေးရမယ်လိုတော့ အစကတည်းကကော ခုကော မပြောရပါဘူးတဲ့။ ဘာမှ မပါရင်လည်း ရေတစ်ခွက်နဲ့သာ ကျေ နပ်ဝမ်းသာပေးရပါမယ်။
  ကျနော် ပထမဦးဆုံးကုပေးခဲ့တဲ့ လူနာဟာ ၁၄ ရက် ဆေးလိမ်းပြီး တောင်ကြီးမြို့ကို မျက်စေ့ခွဲ ဘို့ ချိန်းတဲ့နေ့မှာပဲ မနက်အိပ်ယာထ မျက်နှာသစ်တုံး မျက်စေ့ယားလို့ပွတ်လိုက်တာနဲ့ တိမ်က ကျွတ်ပါသွားခဲ့ပါတယ်။ ကျနော်ဆီဝမ်းသာအားရ ပြေးလာပြီးကျေးဇူး တင်ကြောင်းအထပ်ထပ်ပြောသွားပါတယ်။ ကျနော်လည်း အစဆုံး စမ်းသပ်ကြည့်လိုက်တာဆိုတော့ ငွေ၁ မတ်လည်းမပါပဲ ဆေးပင်ရှာခဲ့ပါတယ် ။ လက်ရေလောင်းဘို့လည်း မပြောမိခဲ့ပါဘူး။
  အဲဒီလိုနဲ့ နောက်လူနာတစ်ယောက် ကုရပါတယ် ။ အဲဒီလူနာဆေးလိမ်းပြီး တိမ်က အလယ်မှာစုလာပါတယ် ။၁ လ ခွဲ လောက်လိမ်းပေမဲ့ အောက်ဘက်ပဲ ရွေ့ပြီးမကျွတ်ပဲ တစ်ခံနေပါတယ်။  သတိရလာပါတယ် ။ ပထမ လူနာမှ ရေ မလောင်းရသေးပါဘူး။ ဒါနဲ့ ရေလောင်းပေးဘို့ ဘာငွေ မှ မကန်တော့ဘို့ ကြားလူနဲ့ မှာလိုက်ရပါတယ်။ သူရေလောင်းပြီး ၂ ရက် ၃ ရက်လောက့် (အတိကျ မမှတ်မိ)မှာ နောက်လူနာ တိမ်ကျွတ်ခဲ့ပါတယ်။ တိုက်ဆိုင်မှု ဖြစ်ချင်ဖြစ်မှာပါ သို့သော် နောက်လူနာတွေကိုတော့ အခု မျှဝေသလို ဆရာကြီးပေးတဲ့အတိုင်းပဲ ကုပေးခဲ့ပါတယ် ။ ကူပေးဘူးတဲ့ လူနာ နည်းပါတယ် ။ လူ ၇ ဦး မြင်း ၁ ကောင် နွားတော့ မမှတ်မိ ။ ဒါလောက်ပါပဲ။ကုသလောက် စင်ကျယ်ခဲ့ပါတယ်။ မြင်းကတော့ တိမ်းတင်မက မြက်တောင်မွှေးတွေပါ ကျွတ်ကုန်ပါတယ် ဟားဟား :):)။ပြန်တော့ပေါက်ပါတယ်။

  "နားလေး နားထိုင်းပျောက်သည့်ဆေး"
  နှုတ်၏ ဆောင်မခြင်းနဲ့ ပြောပြပေးခဲ့ပြီး ကူညီ ဘူးခဲ့တာပဲ ရှိပါတယ် ။ တစ်ယောက်ကတော့ နားလေးတာ တော်တော်ပေါ့သွားတယ်လို့တော့ ဆိုပါတယ် ။ ဆရာကြီးကုခဲ့တာ နှစ်ပေါင်းများစွာ နားမကြားခဲ့တဲ့ လူနာဟာ ၁၇ ရက်မြောက်နေ့မနက်အစောမှာ "ဆရာ အိုရဲ့ ကြက်ဖတွန်သံ ချိုလိုက်တာလို့ " ပြောတာ ကြားခဲ့ရပါတယ်။
ဆေးနည်းလေးကတော့ လွယ်ပါတယ် ။
"ဂဏန်း" လယ်ပုဇွန်လုံးအရှင် တစ်ကောင် ရှာလိုက်ပါ။ ၁ ရက် ၁ကောင်ပေါ့နော် ။ ည အိပ်ယာဝင်ချိန် မှာ ဆေးထည့်ပါတယ်။ ဂဏန်းရဲ့ လက်မ တစ်ဘက်ကို ဖြုတ်လိုက်ပါ ။ ပြီးရင် အပေါ်ပိုင်း အခွံကို ခွာရပါတယ် ။(သူတစ်ယောက်တော့ ပျက်လင့်ကာတာ ဓမ္မတာ တည်း ပေါ့ဗျာ )
ဝမ်းဗိုက်ခွံကို ခွာလိုက်တဲ့ အခါ အတွင်းမှာ အဝါ အဆီခဲလေးတွေ တွေ့ပါမယ် ။့ ဝါဂွမ်းအနည်းငယ်ကို ဂဏန်းလက်မ ဖြင့် ညှပ်ယူရပါတယ် ။ ဝမ်းဗိုက်အတွင်းမှ အဆီများကို အဲဒီ ဝါဂွမ်းနဲ့ သုတ်လိမ်း ယူရပါတယ်။ အဲဒီ အဆီလူးထားတဲ့ ဝါဂွမ်းကို မကြားတဲ့ နားပေါက်ထဲမှာ သိပ်သွင်းပြီးထည့်ပေးရပါတယ်။ ဝါဂွမ်းနဲ့ ပိတ်ထားတဲ့ နားပေါက် ဟာ မနက် လင်းတဲ့ အခါမှာ ဝါဂွမ်းဟာ အပြင်ကို "ဖောက်"ကနဲ ကန်ထွက်လာရင် နားကြရပါပြီ။ အချို့ ဟာ ၃ ရက်လောက်ပဲ လုပ်ရတယ်လို့ ဆိုပါတယ်။
fr အပေါင်းတို့ခင်ဗျာ ဒန္တ မှာဆား နားမှာ ဆီ ဆီးမှာ အခါး လို့ဆိုပါတယ်။ ခါးတဲ့ အရသာရှိ ဆေးဘက် အသီးအပင်နှင့် အရွက်တို့ဟာ ဆီးပေါစေတယ် ဆီးချိုရောဂါ ဆီးကျောက်တည်ရောဂါ ဆီးပူညောင်းကျနာ စတဲ့ ဆီးရောဂါ အမျိုးမျိုးကိုသက်သာပျောက်ကင်းစေပါသတဲ့ ခင်ဗျာ။
  နားမှာ ဆီ ဆိုတာကတော့ အုန်းဆီ နှမ်းဆီ တို့ဟာ နားပြည်ယိုခြင်း နားလေးနားထိုင်းခြင်းတို့ကို သက်သာစေပြီး တစ်ခါတစ်ရံ နားပေါက်ထဲ ပိုးကောင်ဝင်တဲ့ အခါမျိုးတွေမှာ ဆီထည့်လိုက်ခြင်းဖြင့် ဖြေရှင်းတာ အကောင်းဆုံးနည်းတစ်ခုပါ။ နန်းလုံးကြိုင်မြစ် လက်တစ်ဆစ် ဗျစ်ဗျစ် မြည်အောင်သွေး ဆိုတဲ့ စာဆိုလေးတော့ ကြားဘူးကြမှာပါ။ အဲဒါ ဘာဆေးနည်းမှန်းတော့ ကျနော်လည်းမပြောတတ်ပါဘူး ။အဲဒီ နန်းလုံးကြိုင် အသီးများကပဲတောင့်တိုလေးတွေလိုပါပဲ။ အစေ့က မတ်ပဲ အစေ့လိုမျိုးပေါ့။ အဲဒီအစေ့ကို ဆီကြိတ်ပါ အဲဒီ ဆီဟာ နားမှာဆီ ဆိုတဲ့ ဆေးစွမ်းကောင်းပါတဲ့။
  ဒန္တ မှာ ဆားဆိုတာကတော့ အိမ်သုံးဆားပါပဲ။ ဆားနဲ့ သွားတိုက်ပေးခြင်း ဆားရေ ဖြင့် ပလုပ်ကျင်းခြင်းတို့ပြုလုပ်ပါက အနံ့အသက် ကင်းစေပြီး သွားနှင့် သွားဖုံး ရောဂါတို့ကို သက်သာစေပါတယ်လို့ဆိုပါတယ် ။ နောက်ဆား တစ်မျိုး ရှိပါသေးတယ် "ဆားဆော်ဒါ " ပါခင်ဗျာ ။ ဆရာ မကွေးဝင်းမြင့် ပြောခဲ့တဲ့ ဆေးစွမ်းကောင်းလေးကိုလည်းမှတ်သား ထားကြပါအုံး ။လူတိုင်းအတွက် အသုံးဝင်ပါတယ် ။
ဆော် ဒါ နှင့် ပရုပ်(ပရုပ်အေး) ကို စတူ ရောစပ်ပြီး သွားတိုက်ဆေး အဖြစ် အသုံးပြုပေးပါ။ သွားများကို ဖြူဖွေးစေပြီး အနံ့အသက်ကင်းစေတဲ့အပြင် သွားကိုက် သွားနာ နှင့် သွားဖုံးရောဂါတို့ကို ထူးခြားစွာ သက်သာ ပျောက်ကင်းစေပါတယ်။
  လူတစ်ရောက်ဟာ ကိုယ်ကျင့်တရားကောင်းဘို့ အဓိကပါတဲ့်ခင်ဗျာ ။ ကိုယ်ကျင့်သီလ မကောင်းသူ စေတနာ မေတ္တာ ခေါင်းပါးတတ်သူ ဆေးဆရာတွေဟာ ပညာ နှင့်ဆေးစွမ်း ဘယ်လောက်ပင်ထက်သော်လည်း ရောဂါဝေဒနာ မသက်သာသလို သေလွန်ပြီးနောက် ငရဲပါပဲတဲ့ လူကြီးသူမ များက ဆုံးမ ကြပါတယ်။ ကတိသစ္စာ မရှိ သူ ကိုယ်ကျင့်သီလ နည်းသူတို့ဟာ ဆရာကောင်း သမားကောင်း ဆေးစွမ်းကောင်းတို့နှင့် လွဲတတ်ပါသတဲ့။ ဆေးမှားသေခဲ့ရတဲ့ လူတိုင်းဟာ ကိုယ်ကျင့်သီလ နည်းလို့လို့  ဆိုခြင်းတော့မဟုတ်ပါဘူး ။ အတိတ်ကံ မကောင်းခဲ့လို့လို့ ဆိုပါတယ်။ တကယ်တော့ ပစ္စည်း ဥစ္စာ ငွေကြေးတို့ဟာ မမြဲပါဘူး။ မမြဲတဲ့ အရာတွေပေါ်မှာ ငမ်းငမ်းတက် စွဲလမ်းမနေပဲ ကိုယ်ကျင့်တရားကို ဆောက်တည်ကြပါက တန်ဘိုးမဖြတ်နိုင်တဲ့ ရတနာ တစ်ပါးပါတဲ့ခင်ဗျာ။ ဆေးပညာဖြင့် အသက်မွေးခြင်း ဆေးကုသခြင်းတို့ဟာလည်း ကိုယ်ကျင့်တရားနဲ့ တိုက်ရိုက်ဆက်စပ်နေတဲ့ အတွက် "ကတိ သစ္စာ တည်သောခါဝယ် ၊ သြဇာလေးနက် ပေါ်ဆီ တက်၍၊ နွယ်မြက် သစ်ပင် ဆေးဘက်ဝင်၏ " လို့ ရှေးပညာရှိများက မိန့်ကြားခဲ့ကြောင်းပါခင်ဗျာ။့ 





ဦးသန်းဇော်


No comments:

သန်းထွန်းလေး (အင်းတဲရွာ)

တရားရှိတဲ့နေရာ

 တရားဘယ်မှာရှိလဲတော့မသိဘူး ... ဘုရားမှာပဲ ဖိနပ်ပြောက်တာပါ လကွဖက်ရည်ဆိုင်မှာ ကျန်ခဲ့တဲ့ထီးက တပတ်ကြာမှသွားယူလည်းရတယ် . #အရေးတော်ပုံအောင်တော့မည...