သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Saturday, January 2, 2016

အချစ် စာစု

ချစ်သူသိစေ
➳ ➳ ➳ ➳

ရှောင်ပြေး မနေပါနဲ့ ချစ်သူ..မင်းနောက် လိုက်နေမယ်မထင်ပါနဲ့..မောလို့ မလိုက်ခဲ့ပါဘူးကွယ်..

တွယ်ကပ်နေမယ်မထင်ပါနဲ့ ချစ်သူ..လက်ကျန်အချစ်တွေ ကျန်နေသေးခင်ပါ..ကုန်သွားရင် ထွက်သွားမှာပါ.

အချစ်မစစ်ဖူးလို့ မထင်လိုက်ပါနဲ့ ချစ်သူ..တချိန်က အရမ်းချစ်ခဲ့မိသူပါ..မင်း မချစ်လို့ မစစ်တော့တာပါ..

ထားခဲ့လို့ ငိုနေတယ်ထင်နေလား ချစ်သူ..အနာမကျက်ခင် ကအရူးအမူး ငိုခဲ့ရပါတယ်..ဒဏ်ရာပျောက်ရင်တော့ အငိုရပ်မှာပေါ့..

အချစ်ကို မကစားပါနဲ့ ချစ်သူ..မာနက အချစ်ကို ရိုက်ချိုးလို့ ရပါတယ်..

မင်းကိုလွမ်းပီး အချိန်ကုန် ခံနေမယ် ထင်သလားချစ်သူ..အချစ်ကအကြိမ်ကြိမ် မွေးဖွားလို့ ရပါတယ်..ဘယ်တော့မှ မသေတာ အချစ်ပါ..

တန်ဖိုးမသိပဲ ထားသွားလို့ စိတ်ဆိုးမယ် ထင်သလား ချစ်သူ..ကျေးဇူးတင်ပါတယ်..ငါ့တန်ဖိုးက မင်းသတ်မှတ်တာထက် များနေလို့ပါ..

မမုန်းခဲ့ပါဘူး ချစ်သူရေ..

ရလဒ်တခုက..မင်းကို အရမ်းချစ်တဲ့သူတယောက် ဆုံးရှုံးခဲ့သလို..မင်းပေးတာနဲ့ တန်တဲ့ ပစ္စည်းတခုတော့ မင်းပြန်ရတာပါ ချစ်သူ..
.
.
.
မေလမင်းစံ :-) :-)


No comments:

သန်းထွန်းလေး (အင်းတဲရွာ)

တရားရှိတဲ့နေရာ

 တရားဘယ်မှာရှိလဲတော့မသိဘူး ... ဘုရားမှာပဲ ဖိနပ်ပြောက်တာပါ လကွဖက်ရည်ဆိုင်မှာ ကျန်ခဲ့တဲ့ထီးက တပတ်ကြာမှသွားယူလည်းရတယ် . #အရေးတော်ပုံအောင်တော့မည...