သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Sunday, December 27, 2015

အနုပညာ

  Dနေ့
မြန်မာဇာတ်ကားလေးတစ်ကားကြည့်ဖြစ်တယ် အမှတ်မထင် လက်​ဖက်​ရည်​ဆိုင်မှာပေါ့ ကောင်သလိုက်တာ ဇာတ်ကားနာမည်လေးက
#သီလ တဲ့
မြင့်မြတ်သောကိုယ်ကျင့်တရားလို့ ရလိမ့်မယ်ထင်တယ်
မင်းသားက ပြေတီဦး မင်းသမီးက သဉ္ဇာဝင့်ကျော် ရယ်ပါ ကျွန်တော်လည်း တစ်ပိုင်းတစ်စပဲ ကြည့်ဖြစ်ပေမယ့် ဇာတ်လမ်းလေးက ကျေးလက်အခြေခံလေးဆိုတော့ စိတ်ဝင်စားတာပေါ့ အဲ့ဒီမှာ ဘုရားကန်တော့တဲ့ ဇာတ်ဝင်ခန်းလေးတစ်ခု သတိထားမိတယ် ထုံးစံအတိုင်းပေါ့ မင်းသား မင်းသမီး နှစ်ယောက်သား ဘုရားရှေ့မှာ ရှိခိုးကြတယ် ပထမ မင်းသမီး ရှိခိုးသွားတယ် မြေမထိ .....ဆိုလိုတာက ရှိသာခိုးလိုက်တယ် လက်အဆုံဟာ မြေပြင် မထိဘူး လေထဲမှာ ခါးကိုင်းလိုက်တာပဲရှိတယ် လက်အဆုံက မြေပြင်နဲ့တစ်လက်မ အကွာလောက်မှာတန့်နေ့တယ် ထားပါတော့ လက်ရှည်အဖြူဝတ်ထားလို့လား မြေပြင်က ရွှံ့ညွန် တွေနဲ့ညစ်ပတ်နေလို့လား အဲ့ဒီလိုလဲမဟုတ်ဘူး အသေအချာကို မ ရှိခိုးမကန်တော့တတ်တာပါ ထိခြင်းငါးပါးညီမှ ရှိခိုးကန်တော့ခြင်းမည်တယ်ဆိုတာကိုမသိတာဖြစ်ပါလိမ့်မယ် ထားပါတော့ မင်းသမီးဆိုတော့ လေ့လာမှုအားနည်းလို့ ခွင့်လွှတ်ကြည့်လိုက်တယ် လာပြီ မင်းသားရှိခိုးတယ် ထိုနည်း၎င်းပဲ မြေမထိ လေထဲမှာ ကော့ကော်ကံကားကြီး မြန်မာနိုင်ငံမှာ ထိပ်တန်းမင်းသားတစ်ယောက်က နည်းမှန်လမ်းမှန် ပုံစံတစ်ကျ မရှိခိုး မကန်တော့ တတ်တာတွေ့ရတော့ တစ်မျိုးကြီးပဲ ဘယ်သူကြောင့်လဲ ဇာတ်ညွှန်းကြောင့်လား ဒါရိုက်တာကြောင့်လား မင်းသားကြောင့်လား မင်းသမီးကြောင့်လား
ပြောကြပါအုံး သားတို့အနုပညာ သမီးတို့အနုပညာ က ဘယ်လိုဘယ်ညာ အနုပညာသည်လို့ကော ခေါ်ထိုက်ရဲ့လားလို့ စီဒီဖွင့် ပီကယ်ဝါး ပြီး ပန်းခြံထဲလျှောက်ပြေးနေတာလောက်နဲ့တော့...............
http://koloneypoe.blogspot.com


No comments:

သန်းထွန်းလေး (အင်းတဲရွာ)

Batti Gul Meter Chalu (2018) 💥မီတာခမဆောင်နိုင်လို့သတ်သေသွားသူ

Batti Gul Meter Chalu (2018) https://t.me/kolay0001/1898 💥မီတာခမဆောင်နိုင်လို့သတ်သေသွားသူ ... မီတာခတွေကောက်ချင်သလိုကောက်နေတဲ့ ဒီကာလမှာ မီတာ...