သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Friday, December 18, 2015

ကျွန်တော့်အတွေး

ငယ်ငယ်က သင်ခဲ့ဖူးတဲ့ မဟော်သဓာ ဇာတ်တော်ကြီးထဲက သားလုခန်းကို ခုပြန်ဖတ်ကြည့်မိတော့ အသိအတွေးတစ်မျိုးဖြစ်သွားတယ် ဘီလူးရဲ့လက္ခဏာတွေထဲမှာ ဖနောင့်တိုခြင်းပြတ်ခြင်းဆိုတာလေးကိုပါ မြတ်စွာဘုရားရဲ့ ကြင်အန်လက္ခဏာတော်တွေ ထဲမှာလည်း သတိတရရှိခဲ့ဖူးတယ် ဖဝါးတော်ရဲ့ သုံးပုံနှစ်ပုံမှာ ခြေသလုံး တော်စိုက်တယ်လို့ပြထားတယ် ပြီးတော့ ဖဝါးတော်ဟာ ညီတယ် မြေပြင်မှာနင်းရင် အကြားအလပ်မရှိ ခြေဖ၀ါး တော်တစ်ပြင်လုံးပေါ်တယ် အကြမ်းအားဖြင့်တော့ သူတော်ကောင်းတွေမှာ ဖဝါးပြင်ညီတယ် ဖနောင့်ရှည်တယ်လို့ ယူဆလို့ရပါတယ်
   ကျွန့်တော့်ကိုယ်ကျွန်တော် ပြန်စမ်းစစ်ကြည့်မိတယ် ဖဝါးလား လားလားအလယ်ကသိသိသာသာခွက်နေတယ် ဖနောင့်ကြည့်လိုက်ပြန်တော့ လက်တစ်လုံးသာသာပဲထွက်တယ် ဘီလူး ဘီလူး
တစ်ချို့ခက်ဆစ်တွေမှာတော့ သတိထားမိတယ်
ဘီလူးရဲ့အဓိပ္ပါယ်က ရုပ်ဆိုးသော ဖနောင့်တိုသော အရိပ်မထွက်သော ယုတ်နိမ့်သော စိတ်ဓာတ်ရှိသော အသားအရေ နီမြန်းသော မဲညစ်သော ဆိုးယုတ်သောစပါးဆိုတတ်သော တဲ့
  ကျွန်တော်တို့ ၂၁ရာစု လူသားတွေမှာ ဘီလူးလက္ခဏာ အတော်ဝင်လာပြီလို့လဲ ခံစားရတယ်


No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ကွန်ပျူတာမှာ မြန်မာစာသုံးလို့ရအောင် ဖန်တီးခဲ့သူအကြောင်

 ကွန်ပျူတာမှာ မြန်မာစာသုံးလို့ရအောင် ဖန်တီးခဲ့သူအကြောင်း . သူ့အမည်အပြည့်အစုံက ဂျွန် ဝီလီယံ အယ်လန် အိုကယ် (John William Alan Okell) "ဦး...