အင်တာနက်လိင်ပိုင်းဆိုင်ရာစော်ကားနှောက်ယှက်မှုများ
ရေးသူ-ခိုင်မင်းညို
“ကျွန်မကို ဘယ်တော့မှ ထိခိုက်နစ်နာအောင်မလုပ်ပါဘူးလို့ သူက ပြောပါတယ်” Annmarie Chiarini က သူ့ရဲ့ရည်းစားဟောင်းစကားကို ပြန်ပြောပြပါတယ်။
Maryland တက္ကသိုလ်ရဲ့ ကထိကတစ်ယောက်ဖြစ်တဲ့Chiarini ဟာ၂၀၁၁ ခုနှစ်က စိတ်ညစ်ဖွယ်ရာအဖြစ်အပျက်တစ်ခုနဲ့ ကြုံခဲ့ရပါတယ်။ ရည်းစားဟောင်းနဲ့ ပြတ်စဲစအချိန်မှာ ရည်းစားဟောင်းကနေပြီး ချစ်စခင်စ ကြင်နာစတုန်းကရိုက်ထားတဲ့သူ့ရဲ့ကိုယ်လုံးတီးပုံတွေကို ညစ်ညမ်းဝက်ဆိုက်တွေမှာ တင်ခဲ့ပါတယ်။ အဲဒီပုံတွေနဲ့အတူ Chiarini ရဲ့ လိပ်စာတွေ၊ ကိုယ်ရေးအချက်အလက်တွေ၊ အလုပ်လုပ်တဲ့နေရာလိပ်စာတွေ စတဲ့ သူ့ရဲ့ အချက်အလက်အားလုံးနဲ့အတူ ညစ်ညမ်းဝက်ဆိုက်မှာ တင်ပစ်ခဲ့ပါတယ်။ သူ့ရဲ့ဓါတ်ပုံတွေကြောင့် အဲဒီဝက်ဆိုက်ကို ကြည့်ရှုသူအရေအတွက်ဟာ တစ်နေ့တစ်ခြားများပြားလာခဲ့ပါတယ်။ ဒါက ဥပမာတစ်ခုအနေနဲ့ပါ။ သူ့လိုပဲ ချစ်သူဟောင်းအမျိုးသားတွေရဲ့လုပ်ရပ်ကြောင့် စိတ်ရော၊ ကိုယ်ပါ ဒဏ်ရာရခဲ့ကြတဲ့မိန်းကလေးတွေအများကြီးပါ။ အဲဒီမိန်းကလေးတွေရဲ့ ကိုယ်လုံးတီးပုံတွေက အင်တာနက် ညစ်ညမ်းဝက်ဆိုက်တွေမှာ အများအပြားရှိနေပါတယ်။ နေရာအနံ့သယ်ဆောင်လို့ရတဲ့ စမတ်ဖုန်းတွေနဲ့ အချက်အလက်တွေကို သိမ်းဆည်းလို့ရတဲ့ တန်ဖိုးနည်းအီလက်ထရောနစ်ပစ္စည်းတွေကို အလွယ်တကူဝယ်ယူလို့ရနိုင်ပြီး အဲဒီပစ္စည်းတွေကိုအသုံးပြုပြီးတော့ တစ်ယောက်နဲ့တစ်ယောက် သတင်းအချက်အလက်တွေ၊ ဓါတ်ပုံတွေ၊ ဗီဒီယိုဖိုင်တွေ စသဖြင့် Data တွေကို အလွယ်တကူဝေငှလို့ရကြပါတယ်။ ပြီးတော့ သူတို့ရဲ့ချစ်သူဘဝတွေကို အဆုံးသတ်ကြတဲ့အခါ မကြာခဏဆိုသလို ယခုလိုမျိုး သစ္စာဖေါက်မှုတွေနဲ့ ကြုံတွေလာတတ်ကြပါတယ်။
အနည်းဆုံး ညစ်ညမ်းဝက်ဆိုက်၃၀၀၀ ကျော်ဟာ ဘာသာစကားအမျိုးမျိုးနဲ့ နိုင်ငံအလိုက် ကမ္ဘာအ၀ှမ်းမှာရှိနေပြီး လက်ရှိအချိန်မှာ ၀က်ဆိုက်အရေအတွက်ဟာလည်း မြင့်တက်နေတယ်လို့ အမေရိကန်မြောက်ပိုင်း Michigan အခြေစိုက် Revision Legal ရဲ့ ဥပဒေရေးရာ ကျွမ်းကျင်ပညာရှင် John Di Giacomoကပြောပါတယ်။ ဗြိတိန်နဲ့ အမေရိကမှာရှိတဲ့ အမျိုးသမီးအကျိုးဆောင်တွေကိုညစ်ညမ်းဝက်ဆိုက်ကို အတင်ခံရတဲ့ သားကောင်အမျိုးသမီးတွေက ဆက်သွယ်လာပြီးတော့ ဘယ်လိုလုပ်ရမလဲဆိုတဲ့ အကူအညီတွေကို တောင်းခံလာကြပါတယ်။ အဲဒီလိုမျိုး အမျိုးသမီးတွေတင်မကဘဲ အမျိုးသားတွေပါ တစ်ခါတစ်ရံ ညစ်ညမ်းဝက်ဆိုက်တွေမှာ အတင်ခံရတတ်ပါတယ်။ ၂၀၀၈ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်အထိ သုံးနှစ်အတွင်းမှာ ဂျပန်နိုင်ငံမှာ အဲဒီလို ဖြစ်ရပ်ပေါင်း ၂၇,၃၃၄ အထိ သုံးဆခန့် မြင့်တက်လာနေတယ်လို့ ရဲသတင်းဌာနထုတ်ပြန်ချက်အရ သိရပါတယ်။
အဲဒီလိုညစ်ညမ်းဝက်ဆိုက်ကို တင်လိုက်တဲ့အကျိုးဆက်တွေဟာ ကာယကံရှင်တွေကို မညှာမတာ ရက်စက်လွန်းရာကျပြီးကာယံကံရှင်တွေရဲ့ အနာဂတ်နဲ့ ဘဝတက်လမ်းကို ဖျက်ဆီးပစ်ရာရောက်ပါတယ်။ Chiarini ဟာ အင်တာနက်မှာ မဖွယ်မရာအပြုခံရတာပါ။ တစ်ချို့တွေဆို ရင့်ရင့်သီးသီးနဲ့ အခန်းတံခါးဝထိအောင် ရောက်လာကြပါတယ်။ လွန်ခဲ့တဲ့နှစ်အနည်းငယ်က အဲဒီလိုအဖြစ်နဲ့ ကြုံခဲ့ကြသူတွေတော်တော်များများဟာ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံခဲ့ကြတယ်လို့ သိရပါတယ်။
အဲဒီလိုမျိုးခံရတဲ့ကာယကံရှင်တွေဟာ ဥပဒေဘောင်အတွင်းက အကူအညီမတောင်းခံဘဲနဲ့ သူတို့ဘာသာသူတို့ဖြေရှင်းခဲ့ကြပါတယ်။ နိုင်ငံတော်တော်များများမှာ အသရေဖျက်မှု ဒါမှမဟုတ် ကာယကံမြောက်နှောက်ယှက်မှုတွေအတွက် ဥပဒေတွေရှိနေကြပါတယ်။ အဲဒီလိုမျိုးနှောက်ယှက်တာတွေက ဖုန်းနဲ့ဖြစ်စေ၊၊ အင်တာနက်ကဖြစ်စေ ဆက်သွယ်ပြီးတော့ ကာယကံရှင်ဆီက တုံ့ပြန်မှုတစ်ခုခုကို ရဖို့အတွက် အကြိမ်ကြိမ်အခါခါ အနှောက်အယှက်ပေးနေတတ်ကြပါတယ်။ ၀တ်လစ်စလစ်ပုံတွေကို ပုံနှိပ်ထုတ်ဝေတာတွေကိုလည်း မူပိုင်ခွင့်ဥပဒေတွေက ဘာမှ အကူအညီမပေးနိုင်ပါဘူး။ ဥပမာအနေနဲ့ ကိုယ်တိုင်ရိုက်ပုံတွေကိုတောင်မှ ညစ်ညမ်းဝက် ဆိုက်တွေမှာ တင်ထားတာတွေ တွေ့ရပါတယ်။ အဲဒီလိုတွေ့တာကို ဥပဒေအရ အရေးယူဖို့ဆိုပြန်ရင်လည်း အချိန်တွေကြာပြီးတော့ ငွေကြေးကုန်ကျမှုတွေက အရေးယူဖို့အတွက် တွန်းအားမဖြစ်ခဲ့ပါဘူး။ အဲဒီလို တုံ့ဆိုင်းနေတဲ့အချိန်တွေမှာ တစ်ခြားနေရာတွေမှာ ပုံနှိပ်ထုတ်ဝေသွားလောက်ပါပြီ။ အဲဒီလို ဥပမာတွေလည်းရှိနေပါတယ်။
ညစ်ညမ်းပုံတွေဟာ အခိုးခံရတာဖြစ်ဖြစ်၊ လက်ခံရရှိတာပဲဖြစ်ဖြစ် ကာယကံရှင်နစ်နာမှုအပေါ် လျှော်ကြေးတစ်ခုခုတော့ ရှိကောင်းရှိနိုင်ပါတယ်။ လွန်ခဲ့တဲ့ ဖေဖေါ်ဝါရီလတုန်းက Skype Video File ကို အတင်ခံရတဲ့အမျိုးသမီးတစ်ယောက်ဟာ အမေရိကန်ဒေါ်လာ ၅ သန်းကို သူ့ရဲ့ရည်းစားဟောင်းဆီကနစ်နာကြေးအနေနဲ့ ရလိုက်ပါတယ်။ ဒါပေမဲ့ တစ်ယောက်နဲ့တစ်ယောက်ပြဿနာဟာ မတူညီနိုင်ပါဘူး။ ဥပဒေရေးရာတွေ လုပ်ထုံးလုပ်နည်းတွေအတွက် နစ်နာကြေးရဖို့အတွက်ကအမေရိကန်ဒေါ်လာ ၁ သန်းအထိရှိပြီးတော့ ဥပဒေအရ လုပ်ထုံးလုပ်နည်းတွေဟာ ပုံတွေအပေါ်မှာ မလိုလားအပ်တဲ့ အာရုံစိုက်မှုတွေ ရလာနိုင်ပါတယ်။ ၀က်ဆိုက်ပေါ်မှာ User တွေ တင်တဲ့အရာတွေရဲ့ ဥပဒေအရ တာဝန်ယူမှုရဲ့အပေါ် ၀က်ဆိုက်ရဲ့ ဥပဒေစည်းမျှဉ်းအရ တစ်ချို့နိုင်ငံတွေမှာကျတော ဖြေလျှော့ပေးတာတွေတော့ရှိပါတယ်။ ဒါပေမဲ့ အရွယ်မရောက်သေးတဲ့ကလေးတွေကိုတော့ ခြွင်းချက်အနေနဲ့ထားထားပါတယ်။ Bekah Wells ဆိုတဲ့ Florida က ကျောင်းသူလေးတစ်ယောက်ဟာ သူ့ရဲ့ပုံကို အဲဒီလိုအပြာဆိုက်မှာ အတင်ခံရတဲ့နောက်ပိုင်း သူ့ရဲ့ပုံတွေကို ၀က်ဆိုက်က ဖြုတ်ချပေးဖို့ အသနားခံစာရေးထားတာကိုတွေ့ခဲ့ရပါတယ်။
အရွယ်မရောက်သေးတဲ့ကလေးငယ်တွေရဲ့ ညစ်ညမ်းပုံတွေကို တစ်ခါတစ်ရံ ပုံနှိပ်ထုတ်ဝေတာတွေကို ဥပဒေအရ တားမြစ်ထားပါတယ်။ လွန်ခဲ့တဲ့ မတ်လတုန်းက Californian မှာနေထိုင်တဲ့ Kevin Bollaert ဆိုသူက သူ့ရဲ့ ၀က်ဆိုက်ဖြစ်တဲ့ UGotPosted မှာ အသက်၁၈ နှစ်အောက်ပုံတွေကို ဖေါ်ပြခဲ့တဲ့အတွက် Ohio တရားရုံးကနေ အမေရိကန်ဒေါ်လာ ၃၈၅,၀၀၀ ကို လျှော်ပေးဖို့ အမိန့်ထုတ်ခဲ့ပါတယ်။ အလားတူပဲ ညစ်ညမ်းဝက်ဆိုက်တစ်ခုဖြစ်တဲ့ IsAnyoneUp ကို တည်ထောင်တဲ့ Hunter Moore ဟာ အခုအချိန်မှာ တရားစွဲချက်တွေနဲ့ တရားရင်ဆိုင်နေရပါတယ်။ အဲဒီဝက်ဆိုက်မှာတင်ထားတဲ့ ပုံတွေကို ဘယ်ကနေရတယ်၊ ဘယ်လိုရတယ်ဆိုတဲ့ ဓါတ်ပုံတွေရဲ့ ရင်းမြစ်ကိုလည်း FBI ကနေပြီးတော့ စုံစမ်းမှုတွေပြုလုပ်နေပါတယ်။
Mr Bollaert ဟာလည်း ခြိမ်းခြောက်ငွေတောင်းယူမှုတစ်ခုနဲ့ ကြုံခဲ့ရပါတယ်။ အဲဒီလိုမျိုးစွပ်စွဲပြီးငွေတောင်းခံတာက သူ့အတွက် ထောင်ဒဏ်နှစ်ရှည်ကျခံနိုင်တဲ့အခြေအနေရှိပါတယ်။ Change My Reputation လို့ခေါ်တဲ့ နောက်ဝက်ဆိုက်တစ်ခုကနေ ငွေတောင်းခံတာပါ။ U Got Posted ဟာ သူ့ ပရိသတ်တွေကို ဆက်သွယ်ပြီး သူ့ရဲ့ပုံတွေကို ပုံနှိပ်မထုတ်ဝေခင်မှာ သတိပေးခဲ့ပါတယ်။ ပြီးတော့ အဲဒီပုံတွေကို မဖျက်ခင် ဒေါ်လာ သုံးရာဒါမှမဟုတ် အဲဒီထက်ပိုပြီး ပိုက်ဆံပေးရမယ်လို့ သတိပေးအကြောင်းကြားလာပါတယ်။ လွန်ခဲ့တဲ့တစ်နှစ်က အမေရိကန်ဝက်ဆိုက် ၇ ခုဟာ အဲဒီလိုပိုက်ဆံတောင်းခံမှုတွေကို လက်ခံတဲ့သူတွေအတွက် ၀က်ဆိုက်ကနေပြီး ပုံတွေကို ဖြုတ်ချပေးခဲ့တယ်လို့ Klevin စုံစမ်းစစ်ဆေးရေးနဲ့ အကြံပေးဌာန တစ်ခုက ဆိုပါတယ်။ အဲဒီလို ပြစ်မှုတွေအတွက် စုံစမ်းစစ်ဆေးရေးဌာကို လိုအပ်တဲ့အချက်အလက်အထောက်အထားတွေ ပေးပို့ထားပြီးဖြစ်ကာ အဲဒီလိုမျိုး ပုံစံတူဖြစ်စဉ်တွေ ၈ ခုလောက်ဟာ နေရာတိုင်းမှာဖြစ်ပွားနေပါတယ်။
ဒါပေမဲ့လည်း ၀က်ဆိုက်ပိုင်ရှင်တွေက ငွေရှာနိုင်ပါသေးတယ်။ ပုံအတင်ခံရတဲ့သူတွေကိုယ်စား သူတို့က သူတို့ရဲ့ Copy Rights တွေနဲ့အကာအကွယ်ပြုလုပ်ထားပြီးတော့ တရားဥပဒေအရအကာအကွယ်ပြုလုပ်ထားပြီး သူတို့ရဲ့ ဂုဏ်သိက္ခာတွေကို စီမံခန့်ခွဲတဲ့အနေနဲ့ ကြော်ငြာရှင်တွေဆီက ပိုက်ဆံရှာနိုင်ပါသေးတယ်။ တကယ်လို့ ကြော်ငြာရှင်တွေက တစ်ကိုယ်တည်းထူထောင်ထားတဲ့ ၀က်ဆိုက်တွေကို ရွေးချယ်နိုင်ပါတယ် လို့ Mr. Randazza က ဆိုပါတယ်။
ဥပဒေကျွမ်းကျင်သူတွေနဲ့ နိုင်ငံရေးသမားတွေက အွန်လိုင်းညစ်ညမ်းဝက်ဆိုက်တွေရဲ့ ပြန့်နှံမှုမြန်နှုန်းကြောင့် အဲဒီအပေါ်မှာ ဆွေးနွေးအဖြေရှာလာကြပါတယ်။ အစ္စရေးနိုင်ငံမှာ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတစ်ခုခုကို အများဆုံး ထောင်ဒဏ်ငါးနှစ်အထိ ပေးနိုင်တယ်လို့ ဇန်နဝါရီလက လွှတ်တော်က တစ်ညီတစ်ညွှတ်တည်းမဲပေးခဲ့ကြပါတယ်။ အဲဒီလိုအဆိုတွေက ဘယ်ကနေစလာလဲဆိုတော့ လူတစ်ယောက်ရဲ့ Privacy တွေကို ချိုးဖေါက်ရာကနေ အစပျိုးခဲ့တယ်လို့ ဆိုပါတယ်။ နောက်ဆုံးတော့ ရဲတွေက စုံးစမ်းဖေါ်ထုတ်ပြီးတော့ လွှတ်တော်ကနေ ဥပဒေပြုလောက်တဲ့အခြေအနေတစ်ခုဖြစ်ခဲ့ပါတယ်။
အသစ်ထွက်လာတဲ့ဥပဒေတွေဟာ လူတွေရဲ့ အပြုအမှုတွေကို ပြောင်းလဲသွားစေခဲ့ပါတယ်လို့ လွှတ်တော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ Yifat Kariv က ဆိုပါတယ်။ ပထမဆုံးအနေနဲ့ သံသယရဲ့ နောက်ကွယ်မှာ ယုံကြည်မှုကို တည်ဆောက်နိုင်ခဲ့တယ်လို့ဆိုပါတယ်။ ရည်းစားဟောင်းတွေရဲ့ ကွန်ပြူတာတွေထဲက ပုံတွေအခိုးခံရတာ၊ အဟက်ခံရတာတွေကင်းဝေးပြီးတော့ ယုံကြည်မှုတွေကို တည်ဆောက်နိုင်ခဲ့ကြပါတယ်လို့ဆိုပါတယ်။ လွန်ခဲ့တဲ့ ၄ လ ၀န်းကျင်တုန်းက အဲဒီလို ပြစ်မှုပေါင်း ၅၅ မှုထဲက ၃၇ မှုဟာ စုံစမ်းဆဲလို့ သိရပါတယ်။ ဒါပေမဲ့ အမှုတစ်ခုနှစ်ခုလောက်ကိုသာ တရားစွဲဆိုခဲ့တယ်လို့သိရပါတယ်။
ဗြိတိန်နိုင်ငံဟာလည်း အဲဒီလိုမျိုး ဥပဒေတွေထုတ်ဖို့အတွက် စီစဉ်နေပါတယ်။ ဆောင်းဦးရာသီမတိုင်ခင်ဇူလိုင်လအတွင်းက ပါလီမန်မှာ ဒီလိုပြစ်မှုတွေအတွက် ငွေဒဏ်ပေးသင့်တယ်လို့ တရားဥပဒေစိုးမိုးရေးဆိုင်ရာ အတွင်းရေးမှုး ဖြစ်တဲ့ Chris Grayling က လွှတ်တော်မှာ အကြံပြုထားပါတယ်။ တကယ်လို့ ဒီလိုဖြစ်စဉ်ဟာ အမှန်တကယ်ဖြစ်ခဲ့တယ်ဆိုရင် ဥပဒေတွေကို အဟန့်အတားမဖြစ်စေဘဲ အရေးတယူလုပ်ဖို့လိုပါတယ်လို့ Julian Huppertဆိုတဲ့ လွှတ်တော်အမတ်တစ်ဦးက ဆိုပါတယ်။ ၀က်ဆိုက်ပေါ် အဲဒီလိုတင်တာဟာ တစ်ချို့လူတွေအတွက် ရီစရာဖြစ်ပေမဲ့ ခံရတဲ့သူအတွက် အလွန်ခါးသီးတဲ့ လူသားမဆန်မှုတစ်ခုဖြစ်တယ်ဆိုတာကို ထောက်ပြခဲ့ပါတယ်။
ဂျာမနီမှာလည်း အဲဒီလို ဥပဒေသစ်တွေကိုပုံဖော်နေတုန်းဖြစ်ပါတယ်။ မေလတုန်းက ရည်းစားဟောင်းမိန်းကလေးရဲ့ ပုံတွေကို အွန်လိုင်းတင်တဲ့အတွက် လူတစ်ယောက်ကိုKoblenz တရားလွှတ်တော်က အမိန့်ချမှတ်လိုက်ပါတယ်။ အွန်လိုင်းရောက်သွားတဲ့ပုံတွေဟာ မိန်းကလေးရဲ့ ခွင့်ပြုချက်နဲ့ရိုက်ခဲ့တာဖြစ်ပြီးတော့ အဲဒီပုံတွေ ဘယ်လိုအွန်လိုင်းကိုရောက်သွားခဲ့တယ်ဆိုတာကို အဲဒီလူကိုယ်တိုင်တောင်မသိခဲ့ပါဘူးလို့ တရားရုံးမှာ ထွက်ဆိုခဲ့ပါတယ်။ ဒီပြဿနာဟာ ကာယကံရှင်ဓါတ်ပုံပိုင်ရှင်ရဲ့ မူပိုင်ခွင့်ကို ထိခိုက်နစ်နာစေပါတယ်။ အဲဒီအမျိုးသားနဲ့အမျိုးသမီးနှစ်ယောက်စလုံးဟာ အဲဒီပုံတွေကို ဖျက်ပစ်စေချင်ခဲ့ပါတယ်။ အဲဒါကြောင့် ၀က်ဆိုက်ပိုင်ရှင်တွေကို အသနားခံတောင်းပန်နေကြပါတယ်။
အမေရိကန် နိုင်ငံရေးသမားတွေနဲ့ ဥပဒေပညာရှင်တွေဟာလူတွေကအာရုံစိုက်လာကြတဲ့အပေါ် နေရာတိုင်းလိုလိုမှာ ကိုင်တွယ်အရေးယူနိုင်ဖို့အတွက် ဆန္ဒရှိနေကြပါတယ်။ New Jersey နဲ့ California ပြည်နယ်တွေအပါအ၀င် နောက်ထပ်ပြည်နယ်တွေမှာ အွန်လိုင်းလိင်ပိုင်းဆိုင်ရာ စော်ကားနှောက်ယှက်မှုတွေအတွက် ဥပဒေတွေကို ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။ ပြီးတော့ နောက်ထပ်ဖြစ်ပေါ်လာမယ့်အလားအလာတွေအတွက်လည်း ဥပဒေသစ်တွေကို ရေးဆွဲဖို့ စီစဉ်နေကြပါတယ်။ Jackie Speier ဆိုတဲ့ Californian ကွန်ကရက်လွတ်တော် အမျိုးသမီးအမတ်က အဲဒီလိုမျိုးကျူးလွန်သူတွေအတွက် ငွေဒဏ်သတ်မှတ်ဖို့အတွက်ကို အွန်လိုင်းမှာ ဝါဒဖြန့်တဲ့အလုပ်တွေကို လုပ်ဆောင်နေပါတယ်။
ဥပဒေပြုတာတွေဟာ လူတွေခံစားရတာသက်သာအောင်လုပ်ပေးပြီး အမှန်တကယ်လက်တွေ့မှာဘာမှမလုပ်ပေးနိုင်ပါဘူးလို့ Mr Randazza ကဆိုပါတယ်။ ဥပဒေချိုးဖေါက်သူတွေကို အရေးယူဖို့ အနည်းဆုံး စံပြုရလောက်အောင်ဖြစ်တဲ့ အမှုတွေအတွက် အခက်အခဲတွေရှိနေပါတယ်။ ဥပဒေကြမ်းတွေဟာ အလွန်ကျယ်ပြန့်ပြီးတော့ တရားရုံးချုပ်ကနေ ပယ်ဖျက်နိုင်ပါတယ်၊ ပြီးတော့ ၁၉၉၆ခုနှစ် တုန်းက ကလေးသူငယ်တွေရဲ့ အင်တာနက်လိင်ပိုင်းဆိုင်ရာဖြစ်စဉ်တစ်ခုနောက်မှာ Federal Law တစ်ခုထွက်လာတာနဲ့တူပါတယ်လို့Oxford University က နိုင်ငံတကာ အက်တာနက်ဥပဒေတွေကျွမ်းကျင်သူ Viktor Mayer-Schönberger ကဆိုပါတယ်။
လွတ်လွတ်လပ်လပ်ပြောဆိုတဲ့ Campaign ပြုလုပ်သူတွေဟာအမေရိကန် ကွန်ကရက်လွှတ်တော်အမတ်ဟောင်း Anthony Weinerလို စိုးရိမ်ပူမှုတွေဖြစ်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ ဥပဒေကြမ်းတွေမှာ ပြစ်မှုမကျူးလွန်ဘဲ ပြစ်မှုတွေကို ဥပမာအဖြစ်နဲ့ အသုံးပြုထားတဲ့အတွက်ကြောင့်လိုဆိုပါတယ်။ ဥပဒေပြုသူတွေက ဥပဒေပြုဖို့အတွက်ပဲ စိုင်းပြင်းနေကြတယ်လို့Mr Mayer-Schönbergerကဆိုပါတယ်။
တစ်ကမ္ဘာလုံးအတိုင်းအတာအနေနဲ့ အင်တာနက်ဆိုင်ရာ လိင်ပိုင်းနှောက်ယှက်မှုတွေအနေနဲ့ နည်းပညာတွေတိုးတက်လာတာနဲ့အမျှ မြင့်တက်နေပါတယ်။ အဲဒီလိုပြဿနာတွေဟာ ကောင်းကျိုးထက်ဆိုးကျိုးတွေသာဖြစ်ပြီး ကာယကံရှင်တွေအတွက် အလွန်ပဲနစ်နာလှပါတယ်။ တစ်ချို့ဆိုရင် အပေါ်မှာတင်ပြခဲ့သလို အသက်ပါဆုံးရှုံးရတဲ့အနေအထားရှိနေပါတယ်။ မြန်မာနိုင်ငံအတိုင်းအတာနဲ့လည်း အင်တာနက်ဆိုင်ရာ လိင်ပိုင်းစော်ကားနှောက်ယှက်မှုတွေအတွက် ဥပဒေတွေအသစ်မထွက်လာပေမဲ့လည်း ထိရောက်တဲ့အရေးယူမှုတွေရှိနေပါပြီ။ အဲဒါကြောင့် တိုးတက်လာတဲ့ နည်းပညာတွေကိုတလွဲအသုံးမပြုဘဲ မိမိတိုရဲ့မတော်တရော်ပုံတွေကို ညစ်ညမ်းဝက်ဆိုက်တွေဆီရောက်မသွားအောင် ထိန်းသိမ်းဆင်ခြင်ဖို့တိုက်တွန်းရင်း….။
Ref: The Economist
ကိုယ်ပိုင်ခံစားမှု သုတရသဆိုင်ရာ ကဗျာဆောင်းပါးများနှင့် စာပေဆိုင်ရာများ သမိုင်း အတ္ထုပ္ပတ္တိများ တင်ဆက်ပေးသွားမှာပါ
Wednesday, December 16, 2015
အင်တာနက်နှင့်အရှုပ်ထုတ်များ
သန်းထွန်းလေး (အင်းတဲရွာ)
ဉာဏ်ပညာကိုသင်းကွပ်ခြင်း (ငတိုလှိုင်ရဲ့အဆုံးသတ် / ၃၂)
ဉာဏ်ပညာကိုသင်းကွပ်ခြင်း (ငတိုလှိုင်ရဲ့အဆုံးသတ် / ၃၂) ။ ပညာရေးနဲ့ ယခုကာလကျောင်းသင်ပညာရေးကို စကားပြောမိကြရင်းတွေးစရာလေးရှိလာတယ် ပညာကို မြန်မ...

-
#တြိစက္ကစာအုပ်များ (၄၁) အုပ်ပါခဗျာ (၁)တြိစက္က ဆယ့်နှစ်ကြိုးမှော်ရုံ http:// www.mediafire.com /download/p1bc9b3kera4yth/တြိစက္က_ဆယ့်နှစ်ကြိုး...
No comments:
Post a Comment