မော်ဒန်
..........
ဒီကနေ့ခေတ်ကို မော်ဒန်ခေတ်လို့ ဆိုပါစို့
သရုပ်ခွဲရရင် ဘာဖြစ်မလဲ
သူ့ဘက်ကလူတွေကတော့ ယေဘူယျသဘောတရားတဲ့
သူငါသရုပ် ချစ်မုန်းစိတ်ခံစားချက်တွေကို တိကျကျ ဖော်ပြတာမျိုးမဟုတ်ဘဲ
အရိပ်အယောင်မျှသာပြတယ် မူလသဘောတရားကိုသာပြတယ်
ကျန်တာက ခံစားသူရဲ့ကိစ္စသာဖြစ်တယ်တဲ့
ဒါကြောင့် ဒါပါ ဒီလိုပါဆိုပြီး မူသေမရှိဘူး
ခံစားသူရဲ့ စိတ်ကူးအတွေးအခေါ်ပေါ်မှာ မူတည်တယ်
ကောင်းခြင်းဆိုးခြင်း တန်ဖိုးကြီးခြင်းနိမ့်ခြင်းကပေါ့
အရင်တခေတ်က ပန်းချီဆိုရင်
တောတောင်ရေမြေစသည်ဖြင့်၄င်း ပုဂ္ဂိုလ်သတ္တဝါစသည်ဖြင့်၄င်း
သာမန်လူကစလို့ ဒါဘာပုံ ဒါဘယ်သူ့ပုံ စသည်ဖြင့်သိစေနိုင်ရန် ရေးဆွဲကြတယ်
အပြင်ကတကယ့်သဏ္ဍာန်နဲ့တူအောင် အပ်ကျမတ်ကျဆွဲနိုင်သူတွေကိုမှ
ချီးချီးကျူးကျူး ဂုဏ်ပြုကြတယ်
ကဗျာတွေ စာတွေဆိုရင်လည်း
ရည်ရွယ်ရာကို တိုက်ရိုက်အားဖြင့် ထိမိတဲ့ စကားလုံးတွေ ပုံပမာတွေနဲ့ ရေးဖွဲ့ကြတယ်
မော်ဒန်မှာတော့ ဒီသဘောတွေနဲ့ လုံးဝဆန့်ကျင်တယ်လိုထင်တယ်
ပန်းချီရေးဆွဲရာမှာလည်း ရည်ရွယ်ရာကို ဗဟိုပြုလို့
အရောင်တွေ မျဥ်းမတ်တွေ လွန်ကဲတဲ့ အကွေးအညွှတ်တွေနဲ့ သရုပ်ဖော်ကြတယ်
ဒါတွေကနေ ရေးဖွဲ့သူရဲ့ ရည်ရွယ်ချက် စိတ်ကူး အတွေးအခေါ်ကို
လှမ်းပြီး မှန်းဆရလို့ ကိုယ့်ရဲ့ ခံစားတွေးခေါ်နိုင်စွမ်းလည်း
ပိုပြီးမြင့်လာနိုင်တယ်လို့ ယူဆကြတယ်
ဒီအတွေးအခေါ် အယူအဆက လက်တွေ့ဘဝမှာပါ လွှမ်းမိုးလာတယ်
ဒါကြောင့် မော်ဒန်ခေတ်လို့ ဆိုချင်တာပါ
လုပ်ငန်း ယုံကြည်ချက် အတွေးအခေါ်စတာတွေအားလုံး
ခိုင်မာတဲ့ တည်မြဲတဲ့ ပုံစံမျိုးမဟုတ်ဘဲ အခြေခံမူတွေကိုသာ
စည်းမျဥ်းအသေအဖြစ်သတ်မှတ်ပြီး ကျန်တဲ့အရာတွေကို
ကာလဒေသအားလျော်စွာ ပြုလွယ်ပြင်လွယ် လိုက်လျောပြောင်းလဲပေးကြတယ်
ကိုယ်ယုံကြည်ရာကို တရားသေဆုပ်ကိုင်ထားတာထက်
သူ့ဖက်ကအတွေး သူ့စိတ်ကူးတွေကို လှမ်းပြီးတွေးခေါ်ကြံဆပြီး
ပြင်ဆင်နေရတာမျိုးပေါ့
ပန်းချီဆရာကလည်း ဒါဘာပုံပါဆိုတာထက် သရုပ်လောက်သာပြတယ်
ကြည့်သူက တွေးခေါ်ကြံဆယူရတယ်
ကဗျာ စာ စတာတွေလည်း အတူတူပါပဲ
ဒီကနေ့ သင်မှန်တယ် ကောင်းမွန်တယ်လို့ ယုံကြည်စွဲကိုင်ထားတဲ့ အရာက
မနက်ဖြန်မှာ ပုံစံတမျိုးပြောင်းလဲနေနိုင်ပါတယ်
စိတ်ညစ်ငြူးစရာအဖြစ်ပေါ့
သင်ကော မော်ဒန်ကို ဘယ်လိုယူဆလဲဗျ
.
.
#အရေးတော်ပုံအောင်တေ
ာ့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
။
ကိုလေး ☆ အင်းတဲ













