ထေရဝါဒဗုဒ္ဓဘာသာမှာ ဘာသာရေးရဲ့အတွင်းစည်းထဲက ဆယ်ပါးသောသီလကိုခံယူလို့ စာဝါကျက်မှတ်ရင်း သာသာနာ့အမွေခံ သာသနာ့အမျိုးကို အသက်ဆက်ရုံမက ပြန့်ပွားစည်ပင်ဖို့ သင်အံလေ့ကျက်နေကြတဲ့ အသက်နှစ်ဆယ်အောက် သာသနာ့ဝန်ကို ထမ်းရွက်နေသူတွေကို ပါဠိမှာတော့ သာမဏေလို့ ခေါ်တယ်
ဗမာလိုတော့ ကိုရင်ပေါ့
ရှေးခေတ်အခါက ဗမာအမျိုးသားများဟာ စာဝါလိုက်နိုင်ချိန် သင်္ကန်းတောင်း စသည်တို့ကို ပီပီသသရွတ်ဆိုနိုင်ချိန်မှ အများအားဖြင့် ရှင်ပြုကြတာဆိုတော့ အခုခေတ်လို လက်ပွေ့အရွယ် မတ်တတ်ပြေးစအရွယ်လောက်နဲ့ သာမဏေပြုပေးကြဟန်မတူဘူး
မိန်းကလေးက ကိုယ့်ထက်ကြီးသူကိုခေါ်တော့ ဦးရင်
ရွယ်တူကြတော့ ကိုရင် ငယ်သူကြတော့ မောင်ရင်တဲ့
နောက်က ရင် ဆိုတဲ့ စကားလုံးကလည်း မူရင်းက ရှင် များဖြစ်နေမလားမသိ
ရှင်ပြု မောင်ရှင်လောင်း (မောင်ရင်လောင်း) စသည်တို့ရှိသည့်အပြင်
တိုင်းပြည်ကို ထိမ်းသိမ်းစောင့်ရှောက်သူကို ရှင်ဘုရင်
သီလစောင့်သူမို့ သာသနာ့နွယ်ဝင်အမျိုးသမီးကို သီလရှင်
လို့ ခေါ်ဝေါ်ကြတာကြောင့်ပါ
ဒီလိုနဲ့ ကာလကြာတော့ ဦးရင်နဲ့မောင်ရင်ကပြောက်လို့
ရှင်သာမဏေတွေကို ကိုရင်လို့ပဲ ခေါ်ဝေါ်ကြပါတော့တယ်လို့
ထင်မြင်မိပါကြောင်း....