သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Friday, September 24, 2021

အခေါက်ရွှေဆိုတာဘာလဲ


 အခေါက်ရွှေဆိုတာဘာလဲ 

ဘာကြောင့်အခေါက်လို့ခေါ်တာလဲ

....

ရှေးမြန်မာမင်းများလက်ထက်တော်အခါကပေါ့..


ရွှေရဲ့ ရွှေကောင်းရွှေသန့်ဖြစ်ပြီး ရောစပ်မှုကင်းကြောင်း အရည်အသွေးပြည့်ဝကြောင်းကိုပြသဖို့ ရွှေကိုအပြားခတ်ပြီး တစ်ထွာတစ်မိုက်အားလျော်စွာ ပုရပိုက်စာများလို ဘယ်ပြန်ညာပြန် အပြန်အလှန်ခေါက်လို့ ထပ်ပြီးထားကြပါတယ်


(ပုရပိုက်စာကို ဇာတ်တွေထဲမှာ ရှေးခေတ်ဇာတ်ကားတွေမှာ တွေ့မှာပါ စာရွက်အရှည်ကြီးကို နှစ်လက်မသုံးလက်မခန့် ဗျတ်ထားလို့ ဘယ်ပြန်ညာပြန်ခေါက်ပြီး လက်ကကိုင်လွယ်အောင် သေးငယ်အောင်ပြုပြီး ထပ်ထားတာမျိုးပေါ့)


သဘောကတော့  ငွေလို ကြေးလို အခြားသတ္တုတွေရောစပ်နေရင် ရွှေဟာပျော့ပြောင်းကွေးညွှတ်ဖို့ရာမလွယ်ကူဘဲ မာဆတ်နေတာကြောင့်ပါ


ဒီလို ပုရပိုက်စာလို အပြားခတ်လို့ ခေါက်ထပ်ထားတာကို ရည်စူးပြီး

***ပုရပိုက်ခေါက်ရွှေ***  လို့ခေါ်တာပါ


ဒီနေ့တော့  ***အခေါက်ရွှေ*** လို့ပဲ အလွယ်ခေါ်ကြပါတော့တယ်



Thursday, September 23, 2021

ဆုန်းဂျီဟို Song Ji Hyo 송지효 (Age 40)




 အတ္ထုပ္ပတ္တိ

ဦးထွန်းလွင်(မိုးလေဝသ) ဥတုရာသီ_လူကိုမှီ မန္တလေး(ချမ်းမြသာစည်)


 

သြကာသရှင်းတမ်း ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ


 

ဥပုသ်စောင့်ခြင်း အဓိပ္ပါယ်


 ဥပုသ်စောင့်တယ်ဆိုတာ ဘာလဲ...

ဥပုသ်ဘာကြောင့် စောင့်တာလဲ...

ဥပုသ်စောင့်ရင် ဘယ်လိုနေရမှာလဲ..

ဥပုသ်စောင့်ခြင်းကြောင့် ဘာအကျိုးရမှာလဲ..

ဘာသာခြားတို့ ဥပုသ်နဲ့ရော တူတူပဲလား


ဘာကြောင့် အမွှေးနံ့သာမလိမ်းရတာလဲ..

ဘာကြောင့် မွန်းတိန်းရင် အစာမစားရတော့တာလဲ..

ဘာကြောင့် ဖဲမွေ့ယာတွေပေါ် မအိပ်ရတာလဲ..


မွန်းမတိန်းခင် အဝတီးလို့ ကျန်တဲ့နေ့တစ်ပိုင်း 

လှိမ့်အိပ်နေရင်ကော ဥပုသ်စောင့်ရာလောက်သလား


သန်းထွန်းလေး ● အင်းတဲရွာ

အောင်ညီကို ☆ ရွှေထည်စက်ဖြတ် နှင့် ရွှေပန်းထိမ်လုပ်ငန်း

မိုးကြိုးပစ်ခြင်းအကြောင်း ဦးထွန်းလွင် (မို- ဇလ)

တဖုဿနှင့်ဘလ္လိကတို့၏ ဘဝအကြောင်း ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ

 

ဒီအကြောင်းကို ဟောပြောသူဟာ

တော်ရုံဆရာတော်တစ်ပါး လူပုဂ္ဂိုလ်တစ်ယောက်ဆိုရင်

မလွယ်ကြောပါ


မြန်မာနိုင်ငံရဲ့ အထိမ်းအမှတ်တစ်ခုလို ယဥ်ကျေးမှုပြယုဒ်လိုဖြစ်နေတဲ့ ရွှေတိဂုံဘုရားနဲ့ ဆက်စပ်တဲ့ရာဇဝင်ကို ကိုင်တွယ်ရာမှာ ကျမ်းဂမ်စာပေလာအတိုင်း အဂတိကင်းကင်း သုံးသပ်ထားတာမို့ အားလုံးနာကြားဖူးသင့်တယ်


သုံးသပ်ချက်တွေ အကိုးအကားတွေ ယုတ္တိတွေ အကျိုးအကြောင်းတွေခိုင်မာစွာ ရှင်းလင်းပြတာမို့ ပါးစပ်ရာဇဝင်တွေထက်တော့ ခိုင်မာမှုရှိသလို မြန်မာနိုင်ငံရဲ့ အခြားသော ဘုရားသမိုင်းများနဲ့ပါ ဆက်စပ်တွေးစရာရလာမှာပါ

ဆရာတက္ကသိုလ်ဘုန်းနိုင်ပြောပြတဲ့ တပိုင်းတစအသိရဲ့အန္တရာယ်


စာလေးပေလေး ဟိုစပ်စပ်ဒီစပ်စပ်လူတွေဆိုရင် တခါတလေ ဂွကျကျအတွေးတွေ ဝင်ဝင်လာတတ်တယ် ရံခါမှာ စာမဖတ်သူတွေထက်တောင် အတွေးခေါင်သွားပြီး အန္တရာယ်ကြီးတတ်ပါတယ်

တပိုင်းတစအသိတွေ တစွန်းတစဖတ်မှတ်ထားတာတွေကြောင့်  လွဲမှားတဲ့အတွေးတွေနဲ့ ရှုတ်ထွေးနေတတ်တာမျိုး ကိုယ်တွေ့လည်းဖြစ်ဖူးတယ်

ဆရာကြီးပြောပြတဲ့ ဖြစ်ရပ်လေးက..

ညောင်ကျောင်းရွာဇာတိ ဦးဉာဏဝံသ ဟာ (၁၂၄၉ -၁၂၆၃) အတွင်း သီဟိုရ်မှာ ပညာသင်လို့ပြန်လာအပြီး ဗုဒ္ဓဝင်ကို သူသင်ယူလာရာမှာ (ဖတ်ခဲ့ဖူးရာမှာ) ဘုရားအလောင်းတော် သိဒ္ဒတ္ထမင်းသားဟာ ဆံတော်ပယ်တယ်ပဲပါတယ် နှုတ်ခမ်းမွှေးပယ်တာမပါဘူးဆိုပြီး ထုလုပ်တဲ့ဆင်းတုတော်တွေမှာ နှုတ်ခမ်းမွှေးတပ်ခိုင်းတယ်တဲ့

ဒီအတိုင်းလွှတ်ထားရင် တနိုင်ငံလုံးက ဆင်းတုတော်တွေအကုန် နှုတ်ခမ်းမွှေးချည်း ဖြစ်ကုန်မှဖြင့်ဆိုပြီး မန်လည်ဆရာတော်ကြီးက စာလေးရေးလို့ လှမ်းဟန့်လိုက်တယ်တဲ့

လုပ်ငန်းရယ်ပို
နှုတ်ခမ်းကိုအကြည်ညိုသန်တဲ့
သီဟိုရ်ပြန်ဘုန်း....

စဥ်ရှေးအို
ဖင်မွှေးကိုဘယ်လိုဆိုရမယ်
သီဟိုရ်ပြန်ဆရာဉာဏရယ်
အပါဒါဏ်ရွှေစာတမ်းကို
ကျမ်းပြပါအုံး...

သဘောကတော့ နှုတ်ခမ်းမွှေချည်းတပ်မနေနဲ့ ဖင်မွှေးပယ်တာလည်းမပါဘူးပေါ့
(စာသားက ဒီထက်ကြမ်းမယ်ထင်ပါတယ် ကာယအရှေ့ပိုင်းက အစိတ်အပိုင်းရဲ့ အမွှေးနဲ့ပြောလိမ့်မယ်ထင်တယ် ဆရာကြီးက လူကြားထဲပြောတာဆိုတော့ နားခံသာအောင် တဆင့်လျော့ပြောတာဖြစ်ပါလိမ့်မယ်)

ကျွန်တော်တို့လည်း အရေးအရာမဟုတ်တာတွေနဲ့ အတွေးခေါင်နေတတ်တိုင်း မန်လည်းဆရာတော်ကြီးရဲ့ ဒီဆုံးမစာလေး တွေမိပါစေကြောင်း

သန်းထွန်းလေး ● အင်းတဲရွာ

(ဆရာကြည်စိုးထွန်းရဲ့ စာပေဟောပြောပွဲမှ)

ဆရာတက္ကသိုလ်ဘုန်းနိုင်မှ ဆရာကြည်စိုးထွန်း(ဒါရိုက်တာ)အတွက်ကျီစယ်ပြီးရေးတဲ့ကဗျာ

ရှေ့က ဆရာချစ်ဦးညိုရဲ့ဇာတ်လမ်းလေးရဲ့ အဆက်လို့လည်းဆိုနိုင်တယ်

ဒီလိုနဲ့ သူ့ကျွန်မခံမီဇာတ်ကားရိုက်ရင်း ရိုက်ကွင်းမန္တလေးပြောင်းတော့ ဆရာကြည်စိုးထွန်းရဲ့ ဇနီးဒေါ်နုနုသိန်း ရောက်လာတော့ ဆရာဘုန်းက ကဗျာထပ်စပ်တယ်

ချစ်ဦးညိုအားကျလို့
လိုက်ခဲ့ပါ မိန်းမရေ...

ကုတင်ကို သူချိုးတော့
ကြည်စိုးက ရယ်ချင်သလေ...

ဇေယျာနဲ့မန္တလာမြေ
ကွဲကြေမယ့်ငလျင်အား...

ဧရာဆီထိုးကာကျမယ်
အင်းဝတံတား...
ဆိုပြီး သူ့ညီတပည့်တွေကို ကဗျာနဲ့ကျီစယ်တယ်

(ဇေယျာဆိုတာက စစ်ကိုင်းကိုပြောတာပါ မန္တလေးနဲ့ဆက်သွယ်ထားတဲ့ အင်းဝတံတာပေါ်က ဖြတ်သန်းသွားလာဖူးတဲ့ အတိတ်တွေကိုတောင် သတိရမိတယ်)

ဒီတော့ ဆရာကြည်စိုးထွန်းကလည်း အမျိုးသမီးပါမလာတဲ့ ဆရာဘုန်းကို ကဗျာနဲ့ပြန်နောက်တာပေါ့

တဏှာဆုံးပြီထင့်
ဆရာဘုန်းမှာလည်း တကိုယ်ရေ...

ကညာတွေ ဘယ်လိုပေါသော်လည်း
မန္တလာမြေ ဒီတကြောမှာ အမောကမပြေ...

သူတကာပြူငှာဖော်အတွဲတွေနဲ့
ကံနည်းသူ မယ့်မောင်ဘုန်းမှာ ဆွေးမိအိမ်ဝေး..

တညင်ကျွန်းက ခင်လွန်းဆွေရယ်
ချစ်ခွန်းတွေမှာချင်လွန်းတာကြောင့်
ဖော်ဝေးသူ တွေးမိငေးတယ် ဝှေးစေ့ပိန်သေး..

အဲ့ဒီကဗျာလေးရေးပြီး သွားပြတော့ ဆရာဘုန်းချက်ချင်းကဗျာပြန်စပ်လိုက်ပုံက

ဒါရိုက်တာ မအေဘေးရယ်က
ရေးမှရေးတတ်ပလေ...

ထောက်နှိုင်းမတန်
အောက်ပိုင်းကို သူကြံရေးတယ်
ခွေးထက်မိုက်သေး...

(ဆရာကြည်စိုးထွန်းရဲ့ စာပေဟောပြောပွဲမှ)

ဆရာတက္ကသိုလ်ဘုန်းနိုင်မှ ဆရာချစ်ဦးညိုအတွက်ကျီစယ်ပြီးရေးတဲ့ကကဗျာ

ဆရာဘုန်းဆိုတာ သိတဲ့အတိုင်း ကဗျာဉာဏ်ရည် ပြည့်ဝလွန်းသူပါ

လမ်းဘေးမှာအလေ့ကျပေါက်တဲ့ ဘာမဟုတ်တဲ့ စွယ်တော်ရွက်ကလေးကို သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် ဇာတ်လမ်းလေးထဲမှာ

ခိုင်နဲ့ကျွန်တော့်ဘဝမှာ
နှစ်လွှာပေါင်းမှတရွက်
စွယ်တော်ရွက်ပမာ

ဆိုပြီး ဖွဲ့သီထားလိုက်တာများ
ကျွန်တော်တို့မှာ အပြေးအလွှားသွားခူးလို့ တကူးတကသိမ်းရတဲ့အထိပေါ့

ဖြစ်ပုံက..

ဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့ သူ့ကျွန်မခံပြီ ဝတ္ထုကို ရုပ်ရှင်ပြန်ရိုက်တော့ ဆရာချစ်ဦးညိုက ဇာတ်ညွှန်းရေးဆရာအနဲ့ပါဝင်ခဲ့တယ် ဆရာချစ်ဇနီး ဒေါ်မြင့်မြင့်အေး ကလည်း အဝတ်အစား ဒါရိုက်တာအဖြစ်နဲ့ပေါ့

ပြင်ဦးလွင်(မေမြို့) ရိုက်ကွင်းမှာရိုက်နေရင်း တစ်နေ့မှာ ဆရာတက္ကသိုလ်ဘုန်းနိုင်နဲ့ ဆရာကြည်စိုးထွန်း (ဒါရိုက်တာ) အပြင်မှာစကားလက်စုံကျနေတုန်းမှာ ဆရာချစ်တို့နေတဲ့ အခန်းထဲက ဝုန်း.. ဆိုတဲ့အသံကြီးကြားရတော့ ဘာများဖြစ်တာလည်းလိုသွားကြည့်ရာမှာ အခန်းထဲမှာ ကုတင်ကျိုးလို့  ကုတင်ကြားညပ်နေတဲ့ ဆရာချစ်ကိုတွေ့ရတော့တာပဲ

ဒါနဲ့အဲ့ဒီဖြစ်ရပ်လေးကိုကြည့်ပြီး လက်တမ်းစပ်ဆို ကျီစယ်ထားတယ်လို့ ဆိုပါတယ်

သူ့ကျွန်တဲ့ မခံပြီ
ချစ်ဦးညို ရဲမာန်ကြွ
စွမ်းပြလေပြီ...

မေမြို့တဲ့ ဒီစီ
ကျိုးပြီကွဲ့ကုတင်ကြီး
မယ်မြင့်ပျိုအနေခက် ရှက်ရသတည်း....

(ဆရာကြည်စိုးထွန်းရဲ့ စာပေဟောပြောပွဲမှ)



Monday, September 20, 2021

လစ်ဇီ Lizzy



လစ်ဇီလို့ပြောလိုက်တာနဲ့
သွက်လက်ဟန်
ပေါ့ပါးဟန်
တက်ကြွဟန်တွေ
မြင်ယောင်မိတဲ့အထိ RM ရဲ့အစောပိုင်းကာလတွေမှာ ဖြေဖျော်ပါဝင်ခဲ့တာ အားလုံးမှတ်မိကြလိမ့်မယ်ထင်တယ်

အဲ့ဒီအချိန်က ဂျီဟိုထက် ရသစုံရှိုးအတွေ့အကြုံများဟန်တူပြီး အဖွဲ့သားတွေဖြစ်တဲ့ ဂျယ်ဆော့ ဂျုံကု ဟားဟား တို့နဲ့လည်း ရင်းနှီးဟန်ရှိတာမို့ အလယ်တကူအသားကျခဲ့တယ်

အဲ့ဒီခေတ် ရသစုံရှိုးတွေရဲ့ လိုအပ်ချက်တွေရဲ့ ပြည့်စုံတဲ့အရည်အချင်းရှိတယ်လို့လည်း ဆိုနိုင်ပါတယ် အချစ်ဇာတ်လမ်းတွေအတွက် ဂျီဟိုရှိသလို မြူးကြွသွက်လက်မှုဟန်ပန်နဲ့ သူမကပုံရိပ်တစ်မျိုးရှိခဲ့တယ်လို့လဲ ဆိုနိုင်တယ်

မြန်မာစကားမှာရှိတယ်မဟုတ်လား လူများပြီးပွဲမစီဆိုတာ
ဒါပေမယ့် သူမက အပိုသက်သက်တစ်ယောက် မဟုတ်ပါဘူး

ရှိနေရင်လည်း မိန်းကလေးနှစ်ယောက်မို့ အဖော်မွန်ပြုရ သွားရလာရတာ ပိုပြီးသက်သောင့်သက်သာရှိနိုင်ပေမယ့် ထုတ်လုပ်သူနဲ့ဒါရိုက်တာတွေအနေနဲ့  ဖြုတ်ချဖို့ရွေးချယ်ခဲ့တာဖြစ်ပါတယ်

ပိုပြီးကျစ်လစ်တဲ့ဟန်နဲ့ ရှေ့ဆက်ဖို့ရည်ရွယ်တာမျိုးဖြစ်နိုင်သလို ကုန်ကျစရိတ်လျော့ချရာလည်း ရောက်ပါတယ် RM အဖွဲ့သားတစ်ယောက်အတွက် ပံ့ပိုးရသူတွေ ကင်မရာသမားကအစ ဘယ်လောက်ရှိမလဲဆိုတာ မှန်းကြည့်နိုင်ပါတယ်

ဂျီဟိုရဲ့လုပ်နိုင်စွမ်းတွေ ရှိနေသေးတာကို PDတို့အဖွဲ့ မျှော်ကြည့်မိတာ တွေ့မြင်မိတာလည်း ပါမှာပါ

(PD အပြောင်းအလဲဖြစ်ပြီးမှာတော့ ဒီနေရာကို ဆိုမင်နဲ့  ပြန်လည်ဖြည့်စီးခဲ့ပါတယ် ဒါပေမယ့် သူမဟာ မြူးကြွသွက်လက်ဟန်ထက် အနည်းငယ်ပိုခဲ့တာမို့ ပရိတ်သတ်အမြင်မှာ ကလက်သွားတာဖြစ်ပါလိမ့်မယ်)

ဒီလိုနဲ့ အမှတ်မှားဘူးဆိုရင် အပိုင်း၂၅အပြီး (ကာတွန်းဇာတ်ကောင်များ ပတ်ဘိုယောင်း)၂၆ ကစလို့  လစ်ဇီဟာ ရှိနေရင်လည်း ကောင်းပေမယ့်
ဖြုတ်ချခဲ့တဲ့ တွဲလက်တစ်ခုလို့ပဲ ဆိုရမှာပါ...

(နောက်ပိုင်း ဘူလက်ပွဲမှာတော့ ဧည့်သည်အဖြစ် ပြန်ရောက်လာခဲ့တာက လွဲလို့ပေါ့)

အတ္ထုပ္ပတ္တိ
https://en.m.wikipedia.org/wiki/Park_Soo-ah

http://koloneypoe.blogspot.com/2021/09/blog-post_37.html

Running man (1-50) telegram
https://t.me/kolonelypoe/2

အပြေးသမားများအတွက် အတွေးစာစုများ
https://m.facebook.com/story.php?story_fbid=2898451853786081&id=100008638842796

#runningman
#နှာခေါင်းနှံကောင်ဗလရုပ်ဆိုးဂျပုလပ်ကီးလောရှည်

(သင်တို့ဘဝမှာလည်း မအပ်စပ်တဲ့လူတွေ မကောင်းတဲ့အကျင့်တွေနဲ့ ရံခါမှာရှုပ်ထွေးနေတတ်ပါတယ် ဒီအချိန်မှာ RM ရဲ့ PD တွေထုံးနှလုံးမှုလို့ သူတို့တောင် ကောင်းနေရာကပိုကောင်းဖို့ ပြောင်းလဲခဲ့သလို သင်တို့လည်း ဖြုတ်ချရဲသလို ကိုယ့်ကို နိမ့်ကျသွားစေတဲ့ အမူအကျင့်တွေ ပုဂ္ဂိုလ်တွေနဲ့  ပြတ်ပြတ်သားသား ဖြုတ်ချပစ်ဖို့ ဖြုတ်ချရဲဖို့လိုပါတယ်)

ဆောင်းဂျွန်ကီ Song Joong Ki 송중기



RMရဲ့မူလလက်ဟောင်း အဖွဲ့ဝင်ဖြစ်တာအညီ ထုတ်လုပ်သူနဲ့ဒါရိုက်တာတွေမှာ သူ့ဆီကနေ မျှော်လင့်ချက်အချို့ရှိနေမှာမလွဲပါဘူး

စကားများသူ နည်းသူ
အားကြီးသူ အားနည်းသူ ဒီဖရိန်တွေလိုဘဲ 
ရုပ်ဆိုးသူ ရုပ်ချောသူဆိုတဲ့ကဏ္ဍနဲ့ သူ့ရဲ့ ပြေပြစ်တဲ့အဆင်းကနေ ကွဲပြားတဲ့ဇာတ်ရုပ်တစ်ခု ဖန်တီးလိုဟန်တူတယ်

ဒီရှိုးအတွက် နှုတ်ခမ်းနီမလေးတွေကိုဆွဲဆောင်ဖို့နဲ့ လာရောက်အားဖြည့်တဲ့ မိန်းကလေးဧည့်သည်တွေနဲ့ အချစ်ဇာတ်လမ်းတိုလေးတွေ အတွက်ပေါ့ 
တနည်းအားဖြင့် မင်းသားလေးအသွင်ပေါ့

ဒါပေမယ့် ထုတ်လုပ်သူနဲ့ဒါရိုက်တာတွေ လုံးဝမျှော်လင့်ထားဟန်မတူတဲ့ အရည်အသွေးတွေ လုပ်နိုင်စွမ်းတွေကို တစတစ တစ်ပိုင်းပြီးတစ်ပိုင်း ထုတ်ပြပြီးနောက်မှာ သူ့ပုံစံက ဗီရိုပေါ်က အလှပြမင်းသားလေးပုံစံထက် အများကြီးသက်ဝင်လှုပ်ရှားလာတယ်

အငယ်ဆုံးအဖွဲ့ဝင်တွေအဖြစ် အသင်းဖွဲ့စည်းရာမှာလည်း
ဂျီဟို ဂွမ်ဆူ ဂျွန်ကီ အသင်းပုံစံက နုပျိုတက်ကြွမှုတွေအပြည့်ပေါ့

ဆော့ဂျင်း ဂျယ်ဆော့ တို့လို အစ်ကိုကြီးတွေနဲ့ဆိုရင်လည်း 
သဟဇာတဖြစ်ဖြစ် လိုက်လိုက်ရောရော

ဂျုံကုနဲ့ ကလေးများအဖွဲ့ထဲရောက်သွားရင်လည်း
ဂယ်ရီ ဟားဟားတို့နဲ့တစ်သားတည်း အပိုအခွင့်အရေးမယူဘဲ တတိယမြောက်ကလေးအဖြစ် ကျိုးကျိုးနွံနွံပဲ

ဒီလို သဟဇာတဖြစ်လွယ်မှု လိုက်ရောညီထွေနေနိုင်မှုတွေနဲ့ RM ရဲ့အစပိုင်းတွေမှာ သူတာဝန်ယူရတဲ့ ကဏ္ဍထက်ပိုပြီး စွမ်းဆောင်နိုင်ခဲ့ပါတယ်

သူထွက်သွားတော့ သူ့ရဲ့ကွက်လပ်ကို မဖြစ်မနေဖြည့်စည်းဖို့လိုတယ် 
ဒီတော့ လူပုဂ္ဂိုလ်အားဖြင့်အစားထိုးဖို့ထက် အဖွဲ့သားတွေရဲ့ အရည်အသွေးမြှင့်တင်လို့ တစ်ဦးချင်းစီရဲ့ လုပ်နိုင်စွမ်းတွေ ဇာတ်ရုပ်တွေကိုချဲ့ထွင်လိုက်တယ် ပြီးတော့ မျှဝေထမ်းဆောင်ကြတယ်

မင်းသားလေးအသွင်နဲ့ အချစ်ဇာတ်လမ်းတွေထက်
အချစ်ရူးလေးတွေရဲ့ ကဏ္ဍနဲ့ဖြည့်လိုက်တယ်

ဥပမာ အစပိုင်းမှာ ဟားဟားက အချစ်ရူးလေးအဖြစ်ပေါ့ 
သူအိမ်ထောင်ကျသွားတော့ ဂွမ်ဆူက လက်ဆင့်ကမ်းယူတယ်
ဒီထဲကမှ လူလွတ်ဖြစ်တဲ့ ဂျုံကု က ရံခါမှာ ထမ်းပေးရတယ်
ဒါပေမယ့်သူက ခေါင်းဆောင်ဖြစ်တာမို့ တည်ငြိမ်ဖို့လိုတာကြောင့် အမြဲတမ်းတာဝန်က ဂွမ်ဆူအပေါ်ကျရောက်သွားတယ်

ဒီလိုနဲ့ RMမှာ မင်းသားလေးဆိုတဲ့ ကွက်လပ်တစ်ခုကို မဖြည့်တော့ဘဲ ထားလိုက်တော့တယ်
 
အခုအချိန်အထိပေါ့

Thursday, September 9, 2021

ကြားဝင်ဖြန်ဖြေတယ်ဆိုတာ


ခွန်အားအရသော်၄င်း
ပညာအရသော်၄င်း
အာဏာအရသော်၄င်း
သာသူက ဝင်ရောက်မှ ပိုပြီးထိရောက်တာမျိုးပါ

ဥပမာ
အရပ်ထဲလူနှစ်ယောက် ခိုက်ရန်ဖြစ်ရင်တောင်
ခိုက်ရန်ဖြစ်သူထက် ခွန်အားကြီးသူ 
ဒါမှမဟုတ် ပညာဂုဏ်အားဖြင့်လေးစားရသူ
ရာထူးအာဏာပိုကြီးသူ ကဝင်ရောက်ဖြန်ဖြေမှ မြန်မြန်ဆန်ဆန် ရန်ပွဲအဆုံးသတ်ပြီး ကြေအေးအောင်စွမ်းဆောင်နိုင်မှာပါ

ဒီလိုမှမဟုတ် 
ခွန်အားကမရှိ 
ဂုဏ်အားဖြင့်လည်း လေးစားစရာမကောင်း 
အာဏာအားဖြင့်လည်း မလွှမ်းမိုးနိုင်ဘဲ ဝင်လာရင်တော့ အရှက်ကွဲဖို့သာရှိတယ်

အာဆီယံကိုကြည့်ရအောင်
ခွန်အားအရာလည်း ချိနဲ့နဲ့ 
(နားမထောင်ရင် စစ်ရေးအရ စီးပွားရေးအရ ဘာညာဘာညာ ခြိမ်းခြောက်ဖို့လည်း အင်အားက ချိနဲ့နဲ့)

ပညာဂုဏ်အရလည်း ထူးမခြားနား
(အားလုံးက အာဏာရှင်တစ်ပိုင်း အတူတူနဲ့အနူနူမို့ မသူတော်ချင်းသတင်းလွေးဖို့လောက်သာဖွဲ့ထားတာ)

အာဏာအရလည်း 
သူကအပစ်ရပ်ပါဆိုမှ တိုက်ပွဲခေါ်သံတောင် စလိုက်သေးတယ် တစ်ဖက်တည်း အာဏာမရောက်တာလားဆိုတော့ မဟုတ်ပြန်ဘူး ဟိုတစ်ဖက်ကလည်း အာဆီယံထုတ်ပြန်ချက်မှာ လိုတိုးပိုလျော့နဲ့ လုပ်ခြင်သလိုလုပ် ပြင်ချင်သလိုပြင်ပြီးမှ ထုတ်ပြန်စေတဲ့အထိ တံတွေးစွတ်လိုက် ထိပ်ခေါက်လိုက်မလုပ်ရုံတမယ်

ဒီတော့ ထိုင်နေအကောင်းသား ထမှကျိုးမှန်းသိဆိုသလို 
အာဆီယံရဲ့အနေအထားက လက်ရှိမြန်မာပြည်သူတွေထက်တောင် ဂရုဏာသက်ဖို့ကောင်းနေပါသေးတယ်

မကောင်းတဲ့သူတွေဟာလည်း အခြင်းခြင်းညီညွတ်ကြတယ် တတ်နိုင်သမျှလည်း ကာကွယ်ပေးတတ်ကြသေးတယ်တဲ့

အခုအချိန်မှာ ဆရာနေဝင်းမြင့်ရဲ့ ဝတ္ထုတိုလေးတစ်ပုဒ်ကို သတိရမိတယ်
ဝတ္ထုနာမည်လေးက မင်္ဂလာမရှိတဲ့လူ တဲ့

အဲ့ဒီဝတ္ထုမှာ ဆရာက ယေဘုယသဘောထုတ်ထားတာ သိပ်ထိမိတယ်
မကောင်းတဲ့သူတွေဟာလည်း အခြင်းခြင်းညီညွတ်ကြတယ်
တတ်နိုင်သမျှလည်း ကာကွယ်ပေးတတ်ကြသေးတယ်တဲ့

ဝတ္ထုဇာတ်ကြောင်းလေးကတော့
အရပ်ထဲမှာ ဘယ်သူမှဆေးဖော်ကျောဖက်မလုပ်ဘဲ မူးရူးသောက်စားလို့ ဆိုးချင်တိုင်းဆိုး ပေချင်တိုင်းပေ တေချင်တိုင်းတေနေသူတစ်ယောက်

အဲ့ဒီလူဆိုးကြီးကို ကရုဏာသက်လို့ နေ့စဥ်နေ့တိုင်း သူအလာစောင့်လို့ ဆုံးမပြုပြင်ပေးနေတဲ့ အမေအိုတစ်ယောက်

နေ့စဥ်နေ့တိုင်းပြောဆိုဆုံးမဖန်များလာတော့ လူဆိုးကြီးလည်း လိမ္မာစဟန်ပြလာတယ် 
ဒီလိုနဲ့ လုပ်ငန်းတစ်ခုအရင်းတည်ဖို့ အမေအိုထံအရင်းအနှီးတောင်းတော့ ငါသုံးတဲ့လက်ကတုံးတောင်ဝှေ့အတက်ပေါက်ပဟဲ့ ပီတိဝေဖြာရင်း ထုတ်ပေးလိုက်တယ်

နောက်တစ်နေ့မှာပဲ လူဆိုးကြီးပန်းလာရောင်းတယ် 
အရပ်ထဲက ကလေးသငယ်ယောက်ျားမိန်းမမရွေး လမ်းမှန်ပေါ်ရောက်လာတဲ့ လူဆိုးကြီးကို ဖေးလို့မလို့ ကြိုလို့ဆိုလို့ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်စကားဆိုလို့ ဝယ်ကြတယ် အားပေးကြတယ်

ဒီအချိန်မှာ သူသောက်နေကြ အရက်ဆိုင်က အမျိုးသမီးကလည်း ပန်းလာဝယ်တယ်
သူ့ရဲ့တုံ့ပြန်မှု့က ပြတ်သားတယ် ခင်ဗျားက ကျုပ်ဘဝကိုပျက်စီးစေတာမို့ လုံးဝမရောင်းနိုင်ဘူးတဲ့လေ

ဒီလိုနဲ့ တစ်နေ့မှာသူပေါ်မလာတာကြာလို့ အရပ်ကလူတွေ ဝိုင်းဝန်းရှာကြတော့မှ
လားလား သုဿာန်က လွမ်းသူပန်းခွေတွေကိုဖြုတ်လို့ သူလာလာရောင်းနေတာသိရတော့တယ်

ဒီတော့ အရပ်​လူတွေရဲ့ ဆဲသံရေးသံတွေ ခြိမ့်ခြိမ့်ညံသွားတော့တယ်တဲ့ 

ဒီမှာအမေအိုနေရာကနေ စာရေးဆရာကသုံးသပ်ထားတယ်
ဒါကြောင့်ဒင်းက အရက်ဆိုင်ကမိန်းမကို မရောင်းတာကို
သူ့ဘဝကိုကောင်းမွန်အောင် ဝိုင်းဝန်းပြုပြင်ပေးတဲ့ ပတ်ဝန်းကျင်ကိုတော့ ဒုက္ခပေးပေမယ့် မကောင်းသူအချင်းချင်းတော့ တတ်နိုင်သမျှကာကွယ်တတ်ကြသေးတာပဲတဲ့

ကျွန်တော်တို့ရဲ့
ပြည့်သူ့အခွန်အခနဲ့ ရပ်တည်စားသောက်နေပေမယ့် ပြည်သူကိုပြန်ဒုက္ခပေးနေတဲ့ ခွေးတောင်မှကြွေးသောလက်ပြန်မကိုက်ပေမယ့် ကျေးဇူးရှင်ပြည်သူကို ရန်သူအမှတ် ထိုးထိုးဟောင်နေတဲ့ အနှိုင်းမဲ့ (နှိုင်းစရာ တိရိစ္ဆာန်ကိုမရှိလို့ပါ) လူယုတ်မာဖွဲ့အစည်းကြီးကိုမြင်တိုင်း ဒီဝတ္ထုလေးကို သတိရမိတယ်

မကောင်းသူတွေဟာလည်း အခြင်းခြင်းညီညွတ်ကြတယ်
တတ်နိုင်သမျှလည်း ကာကွယ်ပေးတတ်ကြသေးတယ်

(ဒေဝဒတ်ကိုလည်း ဘုရားလို့ထင်မှတ်ယုံကြည်သူတွေ ရှိခဲ့ဖူးတယ်မဟုတ်လား)

ဒါကြောင့်
ယခုအချိန်မှာ ပိုပိုပြီး သတိပြုမိစေဖို့ရည်ရွယ်ရင်း

Monday, September 6, 2021

running man (အပြေးသမားများ)


လီဂွမ်ဆူ Lee Kwang Soo 이광수

ရှုံးပါတယ်ဆိုမှ ဘယ်လိုလုပ်​အောင်မြင်တယ်လို့ ဆိုနိုင်မလဲလို့ မေးစရာရှိမယ်ထင်တယ် 
ဖြေစရာ သက်​သေသာဓကတစ်ခုကို ချမပြခင်အထိ​ပေါ့

ယှဥ်​ပြေး​နေရင် ခြေ​ခေါက်လဲကျတယ်
အလုံးသုံးဆယ်​​လောက်ရှိတဲ့ ကြက်ဥပြုတ်​တွေထဲကမှ တစ်လုံးတည်း​သောအစိမ်းကို ရွေးချယ်မိတယ်
ကတ်ပေါင်းများစွာထဲကမှ အန္တရာယ်အရှိဆုံးကတ်ကို ရွေးချယ်မိလျက်သားဖြစ်​နေတတ်တယ်
ဒါဏ်​ပေးခံရတာချင်းအတူတူ သူကအပြင်းထန်ဆုံးဖြစ်​နေတတ်တယ်

ဘာ​ကြောင့်များလဲ
သူက ရှုံးနိမ့်ဖို့အတွက်ပဲ မွေးဖွားလာသူလား
အနိုင်ရလဒ်က သူ့အတွက် သိပ်ခက်ခဲလွန်း​နေလား ဝေးကွာ​နေလို့လား

ဒါ​ပေမယ့် အံ့သြစရာ​တော့​ကောင်းတယ်
ကမ္ဘာမှာ အရှုံး​တွေရင်ဝယ်ပိုက်ပြီး အောင်မြင်မှုရလဒ်ကို ဖော်​ဆောင်နိုင်တာ သူတစ်ဦးတည်းရှိလိမ့်မယ်ထင်တယ်

အနိုင်ရဖို့က ကျိုးစားသူတိုင်းအတွက် ဖြစ်နိုင်​ပေမယ့် ရှုံးတတ်ဖို့က ထင်သ​လောက်မလွယ်ဘူး လူတိုင်းကျရှုံးနိုင်ပေမယ့် အရှုံးအ​ပေါ်မှာ လက်ခံပုံချင်း ခံယူချက်ခြင်း မတူညီကြဘူး

အချို့က အရှုံးထဲက​နေသင်ယူပြီး အ​ကောင်းဆုံးရုံးထွက်ကာ အောင်မြင်မှုဆီချီတက်ကြတယ်
အချို့က ငါမလုပ်နိုင်ပါဘူး မဖြစ်နိုင်ပါဘူး မရနိုင်ပါဘူးဆိုပြီး အရှုံးထဲမှာပဲနစ်မွန်းသွားကြတယ်

ဒါ​ပေမယ့်သူက​တော့ထူးခြားတယ် ရှုံးတတ်ဖို့ သင်ယူရင်းနဲ့ အောင်မြင်မှုဆီသွားတယ်
အများနဲ့မတူတဲ့ လမ်းသစ်တစ်ခု​​ဖောက်တယ်

ရှုံးတတ်ဖို့ လှလှပပရှုံးတတ်ဖို့ အ​ကောင်းဆုံးရှုံးတတ်ဖို့အတွက်
ငယ်ရွယ်တက်ကြွတဲ့ အားခွန်​တွေကို ချိနဲ့ပစ်ဖို့ ကျိုးစားတယ် 
ရှည်လျှားလွန်းတဲ့ ခန္ဓာကိုယ်ကို ကွေးညွှတ်ပစ်လိုက်တယ်
သပ်ရပ်သန့်ရှင်းဖို့ထက် ရှုပ်​ထွေးညစ်ပတ်ပြစ်ဖို့ ကျိုးစားတယ်

ဒီလိုနဲ့
ကြောက်ရွံ့ ပြတတ်လာတယ်
ရှက်ပြတတ်လာတယ်
အော်ဟစ်ပြတတ်လာတယ်
နာကျဥ်ပြတတ်လာတယ်
ရှုံးနိမ့်ပြတတ်လာတယ်

ဒါ​ကြောင့်ပဲ ပရိတ်သတ်​တွေက ဘာရယ်မဟုတ်ဘူး သူ့ကြည့်​နေရင်ကို ရယ်ချင်​နေတာ ဘယ်အချိန် ဘာများလုပ်လိုက်မလဲလို့ ရင်ထိတ်​နေရတာဖြစ်ပါတယ်

ဂျယ်​ဆော့ရဲ့ အစွမ်းက နှုတ်ဖြား
ဂျုံးဂုရဲ့ အစွမ်းက ခွန်အား ဖြစ်သလို
သူ့ရဲ့ အစွမ်းက ရုတ်တရက်​ပြောင်းလဲနိုင်တဲ့ အမူအရာ (အ​ခြေအ​နေအလိုက် အလိုက်သင့်ပြုမှုနိုင်တာ ) လို့ ပြောရ​လောက်​အောင် ကောင်မွန် သပ်ရပ်လာတယ် 

သူ့ရဲ့ရုတ်တရက်တုန့်ပြန်မှု အမူအရာပိုင်းမှာ အထွဋ်အထိတ်အထိ ကောင်းမွန်လာတယ်
ဥပမာ မှော်​​ကြေးမုံအပိုင်းမှာ ဂျီဟိုက နောက်က​နေ ခေါင်းကိုရိုက်လိုက်တယ် သူက​​ခေါင်းမလှည့်ရသူဖြစ်​ပေမယ့် ခေါင်းကို​နောက်လှည့်လို့ နာကျဥ်ပြလိုက်တာ အင်မတန်အသက်ဝင်တယ် တနည်းအားဖြင့် ဒါဟာလှလှပပ အသက်ပါပါ ရှုံးနိမ့်ပြတတ်တဲ့ သူ့ရဲ့စွမ်းရည် ဘယ်​လောက်​ကောင်းလည်းဆိုတာ ပြသလိုက်တာပါဘဘဲ

အရှုံး​တွေ ကံမ​ကောင်းမှု​တွေကို သူဘဝအတွက် လှေခါးထစ်​တွေအဖြစ် ပြောင်းလဲပြီး အောင်မြင်မှုဆိုတဲ့ အနိုင်ရလဒ်ဆီ သူချီတက်ပြတယ်

အစပထမမှာ သူက သိပ်ရှုံးနိမ့်လွယ်သူ ကံဆိုးလွန်းသူလို့မဆိုနိုင်​ပေမယ့် ရည်ရွယ်ရာအတွက် နေရာတစ်ခုဖန်တီးရင်း အရှုံး​တွေ ကံဆိုးမှု​တွေနဲ့ အသားကျလာပြီး နောက်ပိုင်း အမှန်တကယ်လား သရုပ်​ဆောင်တင်ဆက်​နေတာလား ခွဲခြားမရ​အောင် သူ့ရဲ့ပုံရိပ်လို စရိုက်လက္ခဏာလို ဖြစ်သွားတယ် 

ယှဥ်ပြိုင်သူတစ်​ယောက်ဖြစ်​ပေမယ့် သူ့ရဲ့တာဝန်က အနိုင်သက်သက်အတွက်မဟုတ်တာ အားလုံးသတိထားမိမယ်ထင်တယ် သူက ပြိုင်ပွဲအ​ခြေအ​နေလိုက်ပြီး ထိမ်းညှိ​ယှဥ်ပြိုင်ရတယ် ကိုယ့်အသင်းအသာရ​နေရင် အားနည်းပစ်ရတယ် ယှဥ်​​ပြေး​နေရင် လဲကျပြစ်ရတယ် ဘာ​ကြောင့်လဲဆို​တော့ သူတို့က ပြိုင်ပွဲတစ်ခုဆို​ပေမယ့် ယှဥ်ပြိုင်မှုသက်သက်မဟုတ်ဘဲ ဖြေ​ဖျော်တင်ဆက်နေရတာ​ကြောင့်ပါ

ပြိုင်ပွဲတစ်ခုမှာ တစ်ဖက်သတ် အပြတ်အသတ်ဖြစ်​နေရင် ဘယ်ကြည့်လို့​ကောင်းပါ့မလဲ ဒီအ​ခြေအ​နေကို သူက ထိမ်းညှိ​ပေးတာပါ ဘယ်​လောက်​လျော့​ပေး​ပေး တစ်ဖက်က လိုက်မမှီဘူးဆိုရင်​တော့ သူရဲ့​နောက်ဆုံးဝှက်ဖဲတစ်ချပ်ကို ထုတ်သုံးလိုက်တယ် 

အဲ့ဒါက​တော့ သစ္စာ​​ဖောက်လိုက်တာပါဘဲ

သူတို့ရဲ့အစီအစဥ်က ငယ်ရွယ်သူက​လေး​တွေအတွက်ပါ ကြည့်နိုင်ဖို့ ရည်ရွယ်တင်ဆက်တာဖြစ်တဲ့အတွက် က​လေး​တွေအမြင်မှာ သစ္စာ​ဖောက်သူတစ်​ယောက်က အနိုင်ရသွားတယ်ဆိုတဲ့ မ​ကောင်းတဲ့အကျင့်တစ်ခု စွဲကပ်မသွားဖို့ သူ့ကိုသူ လှလှပပ အဆုံးသတ်ပေးရတယ်

လောကမှာ သစ္စာ​ဖောက်သူတစ်​ယောက်က နောက်ဆုံးဒီလိုပဲအဆုံးသတ်ရမှာလို့ နုနယ်တဲ့နှလုံးသား​တွေထဲ သူ့ရဲ့ကျွမ်းကျင်တဲ့ အရှုံးရလဒ်​တွေနဲ့ ကဗျည်းထိုး​ပေး​ရင်းပေါ့

သူ့ရဲ့​အောင်မြင်မှုအတွက် ဂုဏ်ပြုသံဟာ လက်ခုတ်သံမဟုတ်ပါဘူး 
ရယ်​မောသံ​တွေပါ

ဒါ​ကြောင့် ကြည့်ရှုချိန်မှာ ရယ်​မောလိုက်ပါ....
တိုးတိုးညှင်းညှင်းအသံထွက်လို့ ရယ်​မောလိုက်ပါ
နှုတ်ခမ်းကို လက်ဝါးအုပ်လို့ ရယ်​မောလိုက်ပါ
ကိုယ်ခန္ဓာတသိမ့်သိမ်တုန်​အောင် ရယ်​မောလိုက်ပါ
လက်ခုတ်လက်ဝါးတီးလို့ ရယ်​မောလိုက်ပါ
အူလှိုက်သည်းလှိုက် ရယ်​မောလိုက်ပါ
မပြုံးပဲဝါးလုံးကွဲ အားပါးတရ ရယ်​မောလိုက်ပါ

နာကျဥ်မှု​တွေ ထွက်​ပြေးသွားတဲ့အထိ ရယ်​မောလိုက်ပါ
နွမ်းနယ်မှု​တွေ လျှော့ပါး​ပြောက်ကွယ်သွားတဲ့အထိ ရယ်​မောလိုက်ပါ
စိတ်ညစ်မှု​တွေ အ​ဝေးဆုံးလွင့်စင်သွားတဲ့အထိ ရယ်​မောလိုက်ပါ

ဒီလို ပရိတ်သတ်​တွေ ရယ်​မောနိုင်မို့ ဘဝအ​မော စိတ်အ​​မော​တွေ ပြေ​ပြောက်​စေဖို့ သူ ကံဆိုး​နေတာ လဲကျ​နေတာ ရှုံးနိမ့်​နေတာဖြစ်ပါတယ်

ဒီရယ်သံ​တွေဟာ အောင်မြင်သူတွေအတွက် ဂုဏ်ပြုတီးခပ်တဲ့ လက်ခုတ်သံ​တွေထက် သူ့ကို ပိုပြီးအားအင်ဖြစ်​စေမယ် ကြည်းနူးပီတိဖြစ်​စေမယ်ဆိုတာ အ​သေအချာပါဘဲ

သင်တို့​ကော ကိုယ့်ကိုယ်ကိုကံဆိုးလွန်းတယ်လို့ ထင်​နေရင်​တော့ ကံဆိုးလွန်းသူ အားနည်းလွန်းသူတစ်​ယောက်ရဲ့ အောင်မြင်မှုဆီ​လျှောက်ရာလမ်းကို အားကျအတုယူနိုင်ပါ​စေ​ကြောင်း ဆန္ဒပြုရင်း....

ဆုန်းဂျီဟို Song Ji Hyo 송지효

စတူဒီယိုပြင်ပရိုက်ကွင်းတွေဟာ ခက်ခဲလွန်းတယ် ပင်ပန်းလွန်းတယ် မိန်းကလေးတွေ အမြဲလုပ်နိုင်ဖို့မဖြစ်နိုင်ဘူးလို့ ယူဆမိနေလား

ဒီထဲကမှ ခွန်အားတွေနဲ့ ယှဥ်ပြိုင်ရတဲ့ ရသစုံအစီအစဥ်တွေမှာ မိတ်ကပ်လက်တစ်သစ်လောက်လိမ်းလို့ ငိုရယ်ရီဟယ်လွမ်းဟယ်ဆွေဟယ်လောက်နဲ့ ကြင်လည်နေတဲ့ မင်းသမီးတွေအတွက် စစ်တလင်းလိုဖြစ်စေတာမို့ အမြဲတမ်းတင်ဆက်နိုင်ဖို့ မဖြစ်နိုင်ဖူးလို့ ယူဆနေလား 

သမိုင်းမှာ ဒီတာဝန်ကို ၁၀နှစ်ကျော်အောင် ကျေပွန်ရုံမက နေရာတစ်ခုအခိုင်အမာတည်ဆောက်ရင်း အကောင်းဆုံး လုပ်ဆောင်နေသူ အမျိုးသမီးတစ်ယောက်အကြောင်းက မှတ်တမ်းတင်ဖို့လိုမယ်ထင်တယ်

သူမနာမည်အရင်းက
ချောင်ဆောင်းအင်

အနုပညာလောကမှာ လှုပ်ရှားရှင်သန်နေတဲ့နာမည်ကတော့
ဆုန်းဂျီဟျို 

မြန်မာမှာတော့ ဟျိုအသံထွက်က အသုံးပြုတာနည်းတော့ လူတွေပါးစပ်ဖြားမှာမရင်းနှီးဘူး အသံထွက်ဖို့လည်း ခက်ခဲတယ်မဟုတ်လား ဒီတော့ သူမနာမည်ကို မြန်မာမှုပြုလိုက်တယ်

ဆုန်းဂျီဟို ဆိုပြီးပေါ့

ရသစုံရှိုးလောကမှာ နာမည်အပြင် နာမဝိသေသနတွေဟာလည်း အင်မတန်အရေးပါတယ် တော်ရုံအရည်အချင်းနဲ့လည်း ပရိတ်သတ်အကြားရေပန်းစားနေအောင် မှတ်မိနေအောင် အမှတ်တမဲ့ကြားမိရင်တောင် မြင်ယောင်နေအောင် တည်ဆောက်ဖို့လည်းမလွယ်ဘူး

သူမရဲ့နာမဝိသေသနကတော့
အူတူတူ တဲ့ 

သဘောကတော့ တုံ့ပြန်မှုနှေးတယ် ရုတ်တရက်မေးလိုက်ရင် ကြောင်သွားတာ ဘာလုပ်ရမှန်းမသိတာမျိုးပါ ဒါကတော်တာမတော်တာနဲ့မဆိုင်ဘဲ အမူအကျင့်နဲ့ဆိုင်တာမျိုးပါ 

အချို့ကျောင်းသားတွေတွေ့ဖူးမှာပေါ့ စာကို ကကြီး ကနေ အ အထိ အဆုံးအထိဆိုခိုင်းရင် ခရားရေလွှတ်ရွတ်ဆိုနိုင်ပေမယ့် လ နောက်က ဘာလဲလို့ ဆရာကဖြတ်မေးလိုက်ရင် ရုတ်ရက်ကြောင်သွားပြီး ဘာဖြေလို့ဖြေရမှန်းမသိဖြစ်သွားတာမျိုးပေါ့

(သူမနဲ့လုံးဝဆန့်ကျင်ဖက် ပုံစံကတော့ လီ(အီ)ဂွမ်ဆူ ပါ
သူက တင်္ခနုပ္ပတ္တိဉာဏ် အားကောင်းတယ်
နှုတ်အရရော ခန္ဓာကိုယ်အမူအရာမှာပါ အားကောင်းတာ)

ဘာကြောင့်ဒီလိုပြောရလည်းဆိုတော့ EP 48 မှာ သူမကိုမျက်စိပိတ်ထားပြီး အဖွဲ့ဝင်တွေရဲ့ မျက်နှာသွင်ပြင်ကို လက်နဲ့စမ်းသပ်ပြီး အဖြေထုတ်ခိုင်းရာမှာ သူမဖြေရှင်းပုံ အဖြေပေးပုံက အလွန်အသေးစိတ်ကျပြီး အသေးအဖွဲ့လို့ထင်မှတ်ထားတာလေးတွေကအစ ဂရုတစိုက်ရှိသူမှန်း အင်မတန်သိသာတယ်

RM ရဲ့ မူလအခင်းအကြင်းမှာ ပင်တိုင်အမျိုးသမီးတစ်ယောက်ထည့်ဖို့ မရည်ရွယ်ခဲ့ဘူး ဘာကြောင့်လည်းဆိုတော့ ဒီအစီအစဥ်က စတူဒီယိုတွင်း ရိုက်ကူးဖို့ထက် ယှဥ်ပြိုင်မှုပုံစံဖက် ပိုအလေးပြုတာကြောင့်ပါ ဒါကြောင့်တော်ရုံဇွဲနဲ့ လုပ်နိုင်ဖို့မလွယ်သလို မိန်းကလေးတွေ အထူးသဖြင့် မင်းသမီးတွေအတွက် မလွယ်ကူဘူး မဖြစ်နိုင်ဘူးလို့ ယူဆခဲ့တာကြောင့်ပါ

EP 2 မှာ သူမကိုဧည့်သည်အဖြစ်ဖိတ်ကြားရင်းက အဖွဲ့ဝင်တွေနဲ့ သဟဇာတဖြစ်မှု လိုက်ရောညီတွေလှုပ်ရှားနိုင်မှုနဲ့ ထူးခြားတဲ့ပင်ကိုယ်စရိုက်တွေကြောင့် စမ်းသပ်အသုံးပြုရင်ကနေ ပင်တိုင်တစ်ယောက်အဖြစ် တစ်နေရာအခိုင်အမာရယူခဲ့တာဖြစ်ပါတယ်

(ရွေးမယ်ရွေးလိုက်တော့လည်း ရသစုံရှိုးတွေနဲ့ သိပ်မရင်းနှီးတဲ့အပြင် ရသစုံလောကမှာ ကိုယ်ပိုင်ပုံရိပ်တောင် အခိုင်အမာ မတည်ဆောက်ရသေးတဲ့သူတစ်ယောက်မို့ သံသယမျက်လုံးတွေ မဖြစ်နိုင်ပါဘူးဆိုတဲ့ ပြောစကားတွေ ဘယ်လောက်တောင်များလိုက်မလည်း တွေးကြည့်နိုင်ပါတယ် အဲ့ဒီတုန်းက ရသစုံလောကမှာက နှုတ်အားဖြင့် သွက်ရင်သွက် ဒါမှမဟုတ် လှုပ်ရှားမှုတွေ အကတွေကို ပိုအသားပေးတာမဟုတ်လား)

သူမအတွက် လမ်းရယ်လို့တောင်မမြင်သာတဲ့ နယ်မြေအသစ်မှာ စိန်ခေါ်ရင်ဆိုင်ပုံက ရဲရင့်တယ်
ပြတ်သားတယ် ဖြစ်နိုင်ပါ့မလားရယ်လို့ ကိုယ့်ကိုယ်ကို သံသယရှိဟန်ကို အစောပိုင်း EP တွေကအစ မတွေခဲ့ရဘူး သူစိမ်းတွေကြားမှာ နေသားကျဖို့ ထူးထွေတောင် မပြင်ဆင်လိုက်ရဘူးလို့ ထင်ရတဲ့အထိကို သဟာဇာတဖြစ်အောင် နေနိုင်တာအံ့သြဖို့ကောင်းတယ်

EP 43 မှာ တစ်နှစ်နီးပါး အတူတကွရိုက်ကူးတင်ဆက်မှုတွေ လုပ်လာခဲ့သည့်တိုင် လုပ်ငန်းခွင်မှာ ရင်းနှီးတဲ့ပုံစံရှိပေမယ့် တကယ့်မိသားစုပုံစံ နွေးထွေးတဲ့ဆက်ဆံရေးမျိုး မထူထောင်နိုင်သေးကြောင်း မရှိသေးကြောင်း သူမကိုယ်တိုင် ဖွင့်ဟထားတယ်

RM ဟာ ကာလရှည်ရပ်တည်လာတဲ့ အစီအစဥ်တစ်ရပ်ဖြစ်လာတာနဲ့အမျှ 
အဖွဲ့ဝင်တွေမှာ နာမဝိသေသနတွေအပြင် ကိုယ်ပိုင်အသံတွေ သံစဥ်တွေရှိလာတဲ့အထိ တည်ဆောက်လာနိုင်တာအားလုံးအသိပါ

ဥပမာအားဖြင့် အထင်ရှားဆုံးအသံကတော့ 
ဂင်ဂျုံဂု ပေါ်လာရင် စပါတာ ဆိုတဲ့ အားမာန်ပါပါ ဟစ်ကြွေးသံလိုမျိုး
သံစဥ်အနေနဲ့က ယူဂျယ်ဆော့ နဲ့ စတက်ဘိုင်စတက် သံစဥ်တွေပေါ့

ပရိတ်သတ်တွေအနေနဲ့ ဖန်သားပြင်ကို ကြည့်မနေသည်ထားအုံး အဖွဲ့ဝင်တွေရဲ့ အသံကိုမကြားရသည့်တိုင် အသံတွေ သံစဥ်တွေကြားရရင်ကို ဘယ်သူပေါ်နေပြီ ဘယ်သူလာနေပြီ ဘယ်သူပြေးနေတယ် ဘယ်သူညစ်ပတ်တော့မယ်ကအစ တွေးသိနိုင်တဲ့အထိ ပုံရိပ်ကြီးမားလာပါတယ်

ဒီလိုရှိုးမျိုးမှာ ကိုယ်ပိုင်အသံတွေ သံစဥ်တွေ နာမဝိသေသနတွေကို ရှင်သန်ခိုင်မြဲအောင် အမျိုးသမီးတစ်ယောက်အနေနဲ့ ပုံရိပ်တစ်ခုဖော်ဆောင်နိုင်ဖို့ ထမ်းပိုးခဲ့ရတဲ့ တာဝန်တွေကလည်း ပြောပြလို့ကုန်မယ်မထင်ဘူး

သူမဟာ....
ချစ်သူတွေအဖြစ်ကိုလည်း မကလက်ဖို့ တည်ငြိမ်မှုတွေနဲ့ ထိမ်းညှိပြတယ်
တည်ငြိမ်မှုကိုလည်း အိုဗာမဖြစ်ဖို့ ဂရုစိုက်မှုတွေနဲ့ ထိမ်းညှိပြတယ်
 
ပွင့်လင်းသူတွေထက်ပိုပြီး ဖော်ရွေမှုကိုပြခဲ့တယ်
သွက်လက်သူတွေထက်ပိုပြီး ထက်သန်မှုကိုပြခဲ့တယ်
ခွန်းအားရှိသူတွေထက်ပိုပြီး သန်မာမှုကိုပြခဲ့တယ်
အပြေးမြန်သူတွေထက်ပိုပြီး လျင်မြန်မှုတွေပြခဲ့တယ်
ဉာဏ်ကောင်းသူတွေထက်ပိုပြီး ထက်မြက်မှုကိုပြခဲ့တယ်
ကံကောင်းသူတွေထက်ပိုပြီး ကောင်းတဲ့ကံ(အလုပ်)တွေကို လုပ်ဆောင်နိုင်ခဲ့တယ်

ဒါတွေဟာ ပြောရလွယ်ပေမဲ့ ထိမ်းညှိလုပ်ဆောင်ဖို့က သိပ်ခက်ခဲတဲ့အရာတွေပါ

သင်တို့ကော ကိုယ်ကိုယ်ကို
ကျား မို့ မ မို့
ဆင်းရဲ လို့ ချမ်းသာလို့
အခွင့်သာလို့ မသာလို့ စတဲ့အကြောင်းပြချက်မျိုးစုံနဲ့ အခွင့်အလမ်းတွေအပေါ်မှာ ဆင်ခြေမျိုးစုံနဲ့ ပယ်ချတတ်နေတုံးပဲလား

လမ်းရယ်လို့တောင် မမြင်နိုင်တဲ့နေရာကနေ 
မဖြစ်နိုင်ဘူးတဲ့လားလို့ စိန်ခေါ်ရင်း ကျော်ဖြတ်ပြလိုက်စမ်းပါ
သင်နှစ်သက်အားကျတဲ့ ဆုန်းဂျီဟို လိုပေါ့

#နှာခေါင်းနှံကောင်ဗလရုပ်ဆိုးဂျပုလပ်ကီးလောရှည်

ဟဒုံဟွန်း (ဟားဟား) 하동훈 Ha Dong Hoon (HaHa)

RM မှာ ဇာတ်ရုပ်အ​ပြောင်းအလဲအများဆုံး ဇာတ်ရုပ်အစုံဆုံးတစ်​ယောက်ရှိတာ သတိထားမိကြမလား မသိဘူး

အများစုက အစကတည်းက​နေ လက်ရှိအချိန်အထိ မူရင်ဇာတ်ရုပ်မပျက် တစိုက်မတ်မတ် လုပ်​ဆောင်ခွင့်ရ​ပေမယ့် သူက အ​​ခြေအ​နေ​ကြောင့်၄င်း အချိန်အခါ​ကြောင့်၄င်း လိုအပ်ချက်​ကြောင့်၄င်း အမြဲ​ပြောင်းလဲ လုပ်​ဆောင်​နေရတယ်

အားနည်းသူ အားကြီးသူ  
စကားများသူ စကားနည်းသူ 
ကံ​ကောင်းသူ ကံဆိုးသူ
အချစ်ကြီးသူ သစ္စာ​ဖောက်သူ 
ဒါက မူရင်းဖောင်ဖြစ်သလို့ သူတို့က လက်ရှိအချိန်အထိ ဒီဇာတ်ရုပ်​ပေါ်မှာပဲ ရှိကြပါ​သေးတယ်

သူက​တော့ အထက်က ပြထားတဲ့ အစုတိုင်းမှာပါတယ်လို့ ပြောလို့ရတယ်
ရံခါမှာ အားနည်းသူထဲမှာလည်း သူပါတယ်
ရံခါမှာ အားကြီးသူ​တွေထဲလည်း ပါတတ်တယ် 
ရံခါမှာ စကားများသူဖြစ်တတ်သလို
ရံခါမှာ စကားနည်းသူ တစ်​ယောက်ဖြစ်​နေပြန်​ရော
ရံခါမှာ ကံ​ကောင်းသူ​တွေ အသိုင်းအဝိုင်းထဲ ရှိ​နေတတ်သလို
ရံခါမှာ ကံဆိုးသူအဖွဲ့ဝင်ဖြစ်​နေပြန်​ရော
ရံခါမှာ သစ္စာ​​ဖောက်အစုအဖွဲ့ထဲ ရောက်​နေတတ်တယ်
ရံခါမှာ တုံးအသူ​တွေထဲမှာလည်းပါသလို
ရံခါမှာ ထူးခြားတဲ့အ​တွေးပုံစံရှိသူဖြစ်တယ်
ရံခါမှာ အလန်းဆုံးဖက်ရှင်ဖန်တီးတတ်သလို
ရံခါမှာ အဂွမ်းဆုံးပုံစံနဲ့ ကိုးရိုးကားယားကြီးလည်း ဖြစ်​နေတတ်တယ်

ရှေ့အပိုင်း အ​တော်များများမှာ အချစ်ကြီးသူ ဖြစ်တတ်သလို
နောက်ပိုင်းမှာ တစ်ဖက်က စလာရင်​တောင် ပကတိအ​ခြေအ​နေကို ချပြတဲ့အထိ တည်ငြိမ်​နေပြန်​ရော

ဒီလိုဇာတ်ရုပ်အစုံ လိုအပ်​နေတဲ့ ကွက်လပ်က​လေး​တွေမှာ ဖြည့်စည်းနိုင်စွမ်း ပြတ်​တောက်​နေတဲ့ကွင်းဆက်က​လေး​တွေကို ချိတ်ဆက်နိုင်စွမ်းဟာ တော်ရုံအရည်အချင်းနဲ့ မဖြစ်နိုင်ပါဘူး

တစ်ခုခုမှာ ထူးချွန်ဖို့က ကျိုးစားသူ​တွေအတွက် ဖြစ်နိုင်ပါတယ် ဒါ​ပေမယ့် စွယ်စုံရဖို့က ပင်ကိုယ်ပါရမီပါမှ ရနိုင်တာမျိုးပါ

သူက ဆားပွင့်​လေး​တွေနဲ့တူတယ် ဘာဟင်းချက်လဲမေးရင် ကြက်သား ဝက်သား စသည်ဖြင့် ပြောကြ​ပေမယ့် ဘယ်ဟင်းမှာမဆို ဆားမပါရင် ပေါ့ပျက်ပျက်ကြီးပါ 

ဟင်းထဲမှာ ပျော်ဝင်​ပျောက်ကွယ်သွားတာဖြစ်တာ​ကြောင့် ထင်ရှားတဲ့အမှတ်အသားမကျန်ခဲ့​တော့ မမြင်နိုင်တာဖြစ်သလို သတိမပြုမိတတ်တာ အဆိုးရယ်လို​တော့ မဆိုသာပါဘူး

သူကတော့ .....
RM စတင်ကတည်းက ကနေ့အချိန်အထိ 
ပျက်ရက်မရှိတဲ့ တစ်ဦးတည်းသော ကလေးဆိုးကြီးပဲ ဖြစ်ပါတယ်

#နှာခေါင်းနှံကောင်ဗလရုပ်ဆိုးဂျပုလပ်ကီးလောရှည်

ဂန်းဂယ်ရီ 강희건 Gary


ဂယ်ရီထွက်သွားခြင်းက ဒီရှိုးကို အကြီးအမားဆုံးအလှည့်အပြောင်း ဖြစ်စေသလားမပြောတတ်ဘူး

သူက ချောမောတဲ့ရုပ်ရည် ကြွယ်ဝတဲ့စကားလုံး ပြေပြစ်တဲ့ ဆက်ဆံရေးရှိသူလို့တော့ မဆိုနိုင်ပါဘူး သူပုံစံက သာမန်ညောင်းညတစ်ယောက်နဲ့ သိပ်မကွာခြားလှပါဘူး 

ဒါကြောင့်ထင်တယ် ရှိနေတုန်းက တကူးတက သတိမပြုမိတာ
ဒါပေမယ့်သူမရှိမှ ကွက်လပ်က ဘယ်လောက်ကြီးမားကြောင်း သတိပြုမိတော့တယ် 

အနည်းနဲ့အများ ထင်းရှားလိုကြတဲ့ အနုပညာအသိုင်းအဝိုင်းမှာ ပကတိအတိုင်းရိုးသားစွာနေတဲ့သူ ချောမောတဲ့ဧည့်သည်တွေလာတိုင်း သူရုပ်ရည်နဲ့ပတ်သက်ပြီး အမှန်အတိုင်းဖွင့်ဟသူ လှည့်စားမှုသိပ်မရှိပဲ လုပ်စရာရှိတာကိုသာ တရှိုက်မတ်မတ် လုပ်ဆောင်တတ်သူ လှည့်စားသူတွေ အားနာရလောက်အောင် ရိုးသားပွင့်လင်းစွာဆက်ဆံတတ်သူ 

သူထွက်ပြီး နောက်ပိုင်းမှာ တသသ ပြန်ကြည့်ရလောက်အောင် စွဲလန်းစေတဲ့အပိုင်း အတော်နည်းသွားတယ် ကိုယ့်အစွဲကြောင့်လည်း ဖြစ်မှာပါ

ဒီကြားထဲ ထပ်ဖြည့်ထားတဲ့ နှစ်ယောက်က ထူးခြားဆွဲဆောင်နိုင်တဲ့ ပင်ကိုယ်မူလပုံရိပ်မရှိတာဆိုးတယ် 

သူတို့မကောင်းဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး သူတို့က စည်းမတူတဲ့ အနေအထားမှာ အသားမကျနိုင်တာမျိုးလို့ထင်တယ် ကိုယ်ဟန်ပြအဝတ်အစား တောင်စဉ်ရေရာမရ စကားဖောင်ဖွဲ့တာတွေက ဒီရှိုးရဲ့ ရည်ရွယ်ချက်မှမဟုတ်တာ

တမင်ဖန်တီးနေစရာမလိုပဲ ပင်ကိုယ်ဗီဇကိုက ကွဲပြားတဲ့ အမူအကျင့်တွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့မှာ သူတို့နှစ်ယောက်ရဲ့ မူလအရည်အချင်းကို မဖော်ထုတ်နိုင်တာမျိုးပါ 

ဒါဟာသူတို့အတွက်လည်းနစ်နာတယ် တမင်ရည်ရွယ်ပြီးလုပ်တာမဟုတ်ပဲ အထင်လွဲခံလာရနိုင်တာမို့ပါ အားလုံးအတူတူအတူတကွလုပ်ဆောင်နေရင်းက ကွက်ပြီးအပစ်မြင်ခံနေရတဲ့သဘောမဟုတ်လား 

ဒါက စီစဥ်သူတွေရဲ့ အားနည်းချက်ပါ 

နောက်ပိုင်းမှာ တမင်လုပ်ယူတဲ့ဟန်ပန်တွေက သိပ်သိသာတယ် ရှိုးကလည်း အပြေးသမား ဆိုတာထက် အပြောသမားလို့ ဆိုရမလောက်ကို တော်ကီပွားနေတာနဲ့ သာမန်ဂိမ်းတွေသာ များလာတယ်

အခုဖြစ်နေတဲ့ ပြဿနာက ဇာတ်ရုပ်တွေညပ်နေတာပါ တစ်ယောက်တည်းလုပ်လည်း ပြီးနိုင်တဲ့အလုပ်ကို နှစ်ယောက်သုံးယောက် လုလုပ်သလိုဖြစ်နေတာ

သူတို့မှာ ကိုယ်ပိုင်ဇာတ်ရုပ်မရှိတော့ ပါလေရာပုံစံဖြစ်နေတယ် ဒီတော့ မူလသူ့ပရိတ်သတ်နုဲ့သူ ဆွဲဆောင်ထားတဲ့ အဖွဲ့ဝင်တွေရဲ့ ပရိတ်သတ်တွေမှာ မျက်စိစပါးမွှေးစူးစရာဖြစ်လာတယ် 

ဥပမာ အရင်က ဂွမ်ဆူဆိုရင် ကံဆိုးသူ အချစ်ကြီးသူ သစ္စာဖောက်သူ ဆိုတဲ့ဇာတ်ရုပ်ကို တစ်ယောက်တည်း နိုင်နိုင်နင်းနင်း လုပ်ဆောင်နိုင်နေပါလျက် ဇာတ်ရုပ်ကို ခွဲဝေပေးနေရတော့ ကြည့်ရတဲ့ပရိတ်သတ်မှာ တစ်မျိုးဖြစ်သွားတယ် ဂျီဟိုနဲ့ဟားဟားလည်း ဒီပြဿနာနဲ့ ရင်ဆိုင်နေရတယ်

ဒီပြဿနာက ဘယ်လောက်ဆိုးသလဲဆိုတော့ တခါတရံ ဒီရှိုးရဲ့ ဦးဆောင်သူ ယူဂျယ်ဆော့ရဲ့ နေရာအထိပါ ပြဿနာတက်တယ် သူကိုယ်တိုင် ဟန့်ရတဲ့အထိပဲ

ဒီတော့ ရသစုံရှိုးအတွေ့အကြုံများတဲ့ ယူဂျယ်ဆော့နဲ့ဟားဟားမှာ မထောင်းသာလှပေမယ့် နဂိုကတည်းက နှုတ်နဲ့ပြီး လိုအပ်မှသာပြောတဲ့ ဂျီဟိုနဲ့ အားလုံးရဲ့အနွံတာကိုခံလာတဲ့ ဂွမ်ဆူတို့မှာ နစ်နာမှုတွေဖြစ်လာတယ်

အရင်ကလည်း ဇာတ်ရုပ်ညပ်တာတွေဖြစ်ခဲ့ဖူးပါတယ် 

ဥပမာ ကံဆိုးသူဆိုရင် ဂျီဆော့ဂျင်း ယူဂျယ်ဆော့ ဂွမ်ဆူဆိုပြီးတော့ပါ ဒါပေမယ့် တကယ်အရေးပါတဲ့အချိန်မှာ မူလဇာတ်ရုပ်ပိုင်ရှင်ဖြစ်သူ ဂွမ်ဆူကိုပဲ ဦးစားပေးလိုက်တာများတယ်

ဧည့်သည်မိန်းကလေးတွေလာရင် လူလွတ်ဖြစ်တဲ့ ကင်ဂျုံဂု ဂွမ်ဆူတို့နဲ့ စနောက်တတ်ပေမယ့် ဂွမ်ဆူသာ ဦးစားပေးဖြစ်တယ်

ကင်ဂျုံဂု ဟားဟားတို့လည်း ကံကောင်းသူတွေဆိုပေမယ့် ဂျီဟိုသာ ဦစားပေးဖြစ်တယ်

ဂယ်ရီ ဂွမ်ဆူတို့လည်းအားကောင်းပေမယ့် ကင်ဂျုံဂုသာ ဦးစားပေးဖြစ်တယ်

မူလအဖွဲ့ဝင်တွေရဲ့ အသက်အရွယ်ကြောင့် ထုတ်လုပ်သူတွေက နည်းလမ်းတစ်မျိုးနဲ့ ဆွဲဆောင်နိုင်ဖို့ လုပ်ဆောင်တာလည်း ဖြစ်နိုင်ပါတယ်

ကင်ဂျုံကု 김 종 국 Kim Jong Kook

သူ့ရဲ့ ဘဝစာမျက်နှာမှာ စရိုက်နှစ်ခုလုံးနဲ့ ယှဥ်သန်နေသူအဖြစ်မြင်ရတယ်
ဘယ်လိုမှ တွဲ့စပ်ကြည့်လို့မရနိုင်ဘဲ ဆန့်ကျင်ဖက်ကွဲပြားနေတဲ့ အကျင့်စရိုက်နှစ်ခုပေါ့

ဖန်သားပြင်ထက်က စာမျက်နှာမှာတော့
အားကြီးသူ
ကြမ်းတမ်းသူ
ယူဂျယ်ဆော့ရဲ့ VJ ဂွမ်လျောစကားနဲ့ပြောရရင် (EP 34 RM ရဲ့နောက်ကွယ်က အဖွဲ့သားတွေမြင်ဖူးချင်ရင်တော့ ဒီအပိုင်းမှာ အတော်များများပါတယ် ) ဗလကြီးနဲ့နှိုပ်စက်တတ်သူပေါ့

နောက်ထပ်လူမှုဘဝစာမျက်နှာ သူ့မိသားစုအတွင်းမှာတော့
အလေးမရုံနဲ့အိမ်မှာသာကျင်လည်နေသူ
အမေချစ်သားတစ်ယောက်
သူ့အမေရဲ့စကားနဲ့ပြောရရင် (EP 296) သမီးတစ်ယောက်လို သိမ်မွေ့နူးညံ့ပြီး အစစအရာရာ ဂရုစိုက်တတ်သူပေါ့

သူကဘဝကို ယုတ္တိဗေဒနဲ့ ယှဥ်သန်သူတစ်ယောက်လို့လည်းဆိုနိုင်တယ်
အခွင်အလမ်းတိုင်းကို စောင့်မနေဘူး ဆုတောင်းမနေဘူး အရည်အချင်းပြည့်ဝဖို့ ကိုယ့်ကိုယ်ကို ဖြည့်စီးရင်း သင်ယူရင်း ထိုက်တန်ကြောင်းပြသရင်း နေရာတွေကို အရယူသူတစ်ယောက်ဖြစ်တယ်

 (EP 116 မှာ ခါးကွင်းလှည့်ကြတော့ သူရှုံးတဲ့အတွက် မရမက လေ့ကျင့်နေတာမြင်တော့ သူ့သင်ယူလိုစိတ်က သြချလောက်တယ် အမှန်ဆို ရှုံးနေပြီပဲ ဘာထပ်လုပ်နေအုံးမှာလဲ ဒီလိုသဘောမထားပဲ အခုပွဲမှာရှုံးပေမဲ့ ကိုယ်မတတ်တဲ့ပညာရပ်တစ်ခုကို ကျိုးကျိုးစားစားသင်ယူနေတဲ့ပုံမျိုး) 

ယှဥ်ပြိုင်ဖို့ဆိုရင် အသေးအမွှားကစ ဘယ်လောက်ကြီးမားပါစေ စိတ်ကတစ်သမတ်တည်းဘဲ သေးလို့လည်းပေါ့ပေါ့ဆဆမလုပ်သလို့ ကြီးလို့လည်း ဖိအားများပြီး စိတ်ကြံရာမရဖြစ်မနေဘူး အဖြေကိုသာ ကြံဆရင်း ရှာတယ် နိုင်ဖို့အတွက်ယှဥ်ပြိုင်ချင်းဖြစ်တယ် နိုင်ချင်တယ် နိုင်ကိုနိုင်ရမယ် ဒါကသူ့ခံယူချက်

ဒီတော့သူကိုကင်မွန်းတပ်ကြတယ် မစ္စတာစွမ်းနိုင်သူလို့

နိုင်ဖို့အတွက် သူမကျွမ်းကျင်တဲ့နယ်ပယ်ဖြစ်နေရင်တောင် အသေးစိတ်ကအစလေ့လာရင်း တွဲဖက်တွေကို ဘယ်လိုဘယ်ပုံလုပ်ဆိုပြီး လမ်းကြောင်းပေးတယ် သူလုပ်သလို လုပ်နိုင်စေချင်တယ် လုပ်တတ်စေချင်တယ် ကပျက်ကချော်လုပ်ရပ်မျိုး သူလည်းမလုပ်သလို ဘယ်သူမှလည်း မလုပ်စေချင်ဘူး

ဒီတော့နောက်ထပ်နာမည်ရလာပြန်ရော အမိန့်ပေးစေခိုင်းတတ်သူကြီးတဲ့

ရုတ်တရက်ကြည့်ရင် သူကသန်မာသူပဲ ဒါပေမဲ့ သူကမွေးကတည်းက ဒေါင်ဒေါင်မြည်ကျန်းမာသူတစ်ယောက်တော့မဟုတ်ဘူး ကာလရှည်ကြာ သူ့ကိုနှိုပ်စက်တဲ့ ဂေါက်ရောဂါ (အစစ်အမြစ်တွေရောင်ရမ်းမှုရောဂါ ) ကို အံတုယှဥ်ပြိုင်ရင်း အနိုင်ရဖို့ ကိုယ်ကာယပိုင်းကို ပိုအလေးထားဂရုစိုက်ခဲ့ရင်း ကာယအားခွန်ပြည့်ဝမှုဖို့ အမြဲလေ့ကျင့်သူတစ်ယောက်ဖြစ်လာတာ

တနည်းအားဖြင့် အာရောဂျံ ပရမံ လာဘံပေါ့
ကျန်းမာခြင်းက အကောင်းဆုံး ချမ်းသာခြင်းပါဘဲ
ဘာပဲလုပ်ချင်လုပ်ချင် မကျန်းမာရင် ဖြစ်ဖို့လုပ်နိုင်ဖို့ခဲရင်းပါတယ်

ဒီရောဂါကြောင့်ပဲ အစားအသောက် အနေထိုင်ကအစ စိစစ်နေထိုင်စားယောက်ရင်းက စွဲမြဲတဲ့အကျင့်တစ်ခုလိုဖြစ်ပြီး အရာရာတိုင်းမှာ အသေးစိတ်ကအစ သေသေချာချာ လေ့လာပြင်ဆင်သူတစ်ယောက်အဖြစ် အားလုံးကအသိအမှတ်ပြုရတဲ့အထိပေါ့

ဒီတော့လည်း နောက်ထပ်နာမည်ပြောင်တစ်ခု ထပ်ရလာတယ် 
အဂျီဂဂျောင်ကျတတ်တဲ့ ယောက္ခမကြီးလို့

သူ့ဘဝဟာ စာမျက်နှာနှစ်ခုကို တပြိုင်တည်းရေးပြီး ဖြတ်သန်းနေတာပါ
ဒါကြောင့် ဖန်သားပြင်ထက်ကပုံရိပ်တွေသာကြည့်ပြီး ကောက်ချက်ဆွဲရင် မှားပါလိမ့်မယ်

ယူဂျယ်ဆော့ 유재석 Yoo Jae Suk



RM က သူ့ရဲ့ပုံရိပ်ကို အများကြီးမှီတည်လို့ အစပြုခဲ့တာ အားလုံးသိမှာပါ

လောကမှာ ခေါင်းဆောင်နှစ်မျိုးရှိပါတယ်
ပထမတစ်မျိုးက ရှေ့ကနေစွမ်းစွမ်းတမံလုပ်ဆောင်ပြတတ်တဲ့ အားကျစရာ ခေါင်းဆောင်မျိုး

ဒုတိယတစ်မျိုးကတော့ ဘာလေးတော့ဖြင့် ဘယ်လိုလုပ်သင့်တယ် ဘယ်လို့လုပ်ရင် ပိုကောင်းသွားလိမ့်မယ်လို့ လမ်းပြတတ်တဲ့ခေါင်းဆောင်မျိုးပေါ့

သူက ဒုတိယအမျိုးအစားထဲက သူမျိုးပါ
သူ့က အားကျစရာအရည်အချင်းတွေ တပုံတပင်ပိုင်ဆိုင်ထားသူလို့ မဆိုနိုင်ဘူး
ဒါပေမယ့် သူ့အဖွဲ့သားတွေအကြောင်းကို လေ့လာတယ် 
လာရောက်အားဖြည့်သူတွေအကြောင်းကိုလေ့လာတယ်
အဓိကနဲ့သာမညကို နားလည်တယ် 
ဒီအချိန်မှာ ဒီနေရာမှာ ဘယ်သူ့ကိုပွဲထုတ်ရမယ်ဆိုတာသိတယ်

လုံးဝလူသစ်လိုဖြစ်တဲ့ ဂွမ်ဆူကို စတားတစ်ယောက်ဖြစ်လာအောင် တွဲခေါ်သွားတာ ပွဲထုတ်တာတွေဟာ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ကိုယ့်အဖွဲ့သားတွေရဲ့ အားသာချက်အားနည်းချက်တွေကို ချိန်ညှိလမ်းပြပေးတတ်ခြင်းရဲ့ ပြည့်စုံတဲ့ ဥပမာတစ်ခုပါပဲ

ရေသေနတ်အပိုင်းမှာ အစောကြီးကတည်းက ကင်ဂျုံဂုကို ထုတ်ခွင့်ရပါလျက် နောက်ဆုံးအထိဆွဲခေါ်ပြီး ပရိတ်သတ်ရင်ကို တလှပ်လှပ်ဖြစ်စေခဲ့တာ အဓိကနဲ့ သာမညကို နားလည်းခြင်းသဘောပါပဲ တကယ်လို့ ကင်ဂျုံဂုကို အစောကြီးကတည်းက ထုတ်ပြီး နောက်ဆုံးအချိန်မှာ တခြားလူတစ်ယောက်ယောက်ဖြစ်နေခဲ့ရင် ဒီလောက်ရင်ခုန်စရာကောင်းမှာမဟုတ်ဘူးလေ

အားခွန်နဲ့ပတ်သက်ရင် ကင်ဂျုံဂုကိုပွဲထုတ်ဖို့ သူကိုယ်တိုင် ရှက်ဖွယ်ပုံသဏ္ဍာန်နဲ့အဆုံးသတ်ရပါစေ တွန့်ဆုတ်မနေဘူး တွေဝေမနေဘူး

သူရှုံးခြင်းနိုင်ခြင်းအပေါ်မှာ အာဃာတမရှိဘူး နိုင်သူကိုလည်း အကောင်းဆုံးချီးမြှောက်တတ်သလို သူ့ကိုယ်တိုင် စောစောစီးစီးရှုံးသွားပါစေ ဆိုးဆိုးဝါးဝါးရှုံးပါစေ စောဒကတက်မနေဘူး

ခေါင်းဆောင်ဆိုတဲ့ မာန်မရှိဘဲ အခွင့်ထူးမယူဘဲ အဖွဲ့သားတွေနဲ့ တသားတည်း ပြုမှုနေထိုင်တတ်တယ်( ဒါကို တရုတ် RM ကြည့်ရင်သိသာပါတယ် တရုတ် RM မှာ ခေါင်းဆောင်ရဲ့နာမည်ကတ်က အခြားလူတွေထက်သေးတယ်)

မြန်မာ့ဗန်းစကားတစ်ခုနဲ့ပြောရရင် သူကမိုက်ခဲတစ်ယောက်ပေါ့
စကားမပြောရရင် မနေနိုင်တာ လူတိုင်းနဲ့ လက်စုံကျတတ်တာ စကားပြောပြီးရင်း ပြောနေတတ်တာမျိုးလို့ ထင်ရပေမယ့် သူ့ရဲ့အသက်မွေးဝမ်းအလုပ်ကိုက စကားပြောခြင်း အတတ်ပညာအပေါ်မှာ အခြေခံထားတာမေ့မထားသင့်ဘူး

သူမှားရင်လည်း ဝန်ခံဖို့မတွန့်ဆုတ်သလို 
အဖွဲ့သားတွေရဲ့အမှားကိုလည်း ထောက်ပြဖို့ တုံ့ဆိုင်းမနေဘူး
ဒီလိုမပြောရဘူးလေ ဒီလိုမလုပ်ရဘူးလေ ဆိုပြီး ပြောတာတွေတွေ့မှာပါ 
မှားသူကို နှိမ့်ချပြောဆိုပြီး အမှားအတွက် အရှက်ရစေတာမျိုးမလုပ်ဘဲ 
ဘယ်လိုလုပ်သင့်တယ် ဘယ်လိုပြောသင့်တယ်ဆိုပြီး အမှားကိုထောက်ပြရင်း 
ဖြေရှင်းရမယ့်နည်းလမ်းပါ တခါတည်းလမ်းပြတယ်

ဒါကြောင့်ပဲ အသက်ပိုကြီးတဲ့အစ်ကိုကြီးကအစ ညီတွေနှမတွေကိုယ်တိုင်က ခေါင်းဆောင်တစ်ယောက်အဖြစ် အားလုံးကတညီတည်း အလေးထားတာဖြစ်တယ်

EP 43 မှာဆိုရင် ဂျီဆော့ဂျင်းပြောတဲ့မှတ်ချက်ဟာ ရုတ်တရက်ကြည့်ရင် ဟာသသဘောပြောတယ်လို့ထင်ရပေမယ့် သိပ်စိတ်ဝင်စားစရာ အလေးထားစရာကောင်းတယ်
 
မင်းနဲ့အတူ တစ်သင်းတည်းကျတာကောင်းတယ်
မင်းကရူပါကလွဲလို့ ကျန်တာအားလုံးပြည့်စုံတယ်တဲ့

သင်တို့ကော အကြောင်းကြောင်းကြောင့် ခေါင်ဆောင်နေရာကို ရောက်သွားနိုင်ပါတယ် 
ဥပမာ မိဖဖြစ်လာရင် သားသမီးရဲ့ ခေါင်းဆောင်ပေါ့ 
ဒီအချိန်မှာ ငါကခေါင်းဆောင်ပဲ ငါပြောတာအမှန် ငါပြောတာသာလုပ်ရမယ်လို့ ခေါင်းဆောင်တစ်ယောက်ရဲ့ အာဏာနဲ့ အာဏာရှင်ဆန်ဆန် ပြုမူဆက်ဆံရင် နောက်လိုက်တွေရဲ့ လေးစားချင်ခင်မှုကို ဘယ်တော့မှရမှာမဟုတ်ပါဘူး ကြောက်လို့ တုံ့ပြန်မပြောချင်လို့သာ အလိုက်သင့်နေကြပါလိမ့်မယ်

အကယ်၍ သင်ကိုယ်တိုင်ခေါင်းဆောင်တစ်ယောက်ဖြစ်လာရင်
ဘယ်လိုခေါင်းဆောင်မျိုးဖြစ်ချင်လဲ
ဒါမှဟုတ် ဘယ်လိုခေါင်းဆောင်မျိုးနဲ့ လက်တွဲချင်လဲ

ဂျီ​ဆော့ဂျင်း 지석진 Jee Seok Jin

ဂျယ်​ဆော့​ရေ...
အစ်ကိုက အသက်အကြီးဆုံးဖြစ်​ပေမယ့် ရသစုံရှိုးမှာ အစ်ကို့ဘိုး​အေ​လောက် အ​တွေ့အကြုံရှိတဲ့ မင်းရဲ့ဦး​ဆောင်မှု​နောက်လိုက်ရချင်းအတွက် နည်းနည်းမှ သိမ်ငယ်စိတ်မဖြစ်မိ​ကြောင်းကို ပြောပြချင်တယ် 

မင်းသိမလား အစ်ကိုအတွက်​တော့ မင်းနဲ့တစ်သင်းတည်း နေရချိန်​တွေက အဆင်အ​ပြေဆုံးဆိုတာ ဖြတ်သန်းခဲ့ဖူးတဲ့ အ​တွေ့အကြုံ​တွေအ​ကြောင်း ဂီတ​တွေအ​ကြောင်း ရုပ်ရှင်​တွေအ​ကြောင်း အားပါးတရ​ပြောနိုင်ခွင့်က အခြားသူ​တွေနဲ့ မဖြစ်နိုင်ဘူး​လေ ဖြတ်သန်းခဲ့တဲ့ ခေတ်ခြင်းကွာလွန်းလှတယ်မဟုတ်လား

တစ်ခုပဲအားနာမိတယ် တို့နှစ်​ယောက်တည်း တစ်သင်းကျချိန်မှာ အနိုင်ရလဒ် မျှော်မှန်းနိုင်​ချေ သိပ်မရှိတာကို​​ပေါ့

ဂျုံဂု​ရေ...
ပရိတ်သတ်​တွေ သိနိုင်မယ်မထင်တဲ့အ​ကြောင်း​တွေ​ပြောချင်တယ် အများ​သောအားဖြင့် မင်းနဲ့အသင်းတစ်သင်းတည်းမ​နေဖြစ်တဲ့အ​ကြောင်း​ပေါ့

အားကြီးသူ စီမံခန့်ခွဲတတ်သူ ဒေါသကြီးသူအ​နေနဲ့ ရှင်သန်​နေရတဲ့ မင်းရဲ့အသင်းမှာ အစ်ကိုသာပါခဲ့ရင် ပြောဆိုချိန်တိုင်းမှာ ချင့်ချိန်​နေရမယ် အားနာ​​နေရမယ် မင်းစိတ်မ​ကောင်းဖြစ်​နေရမယ်မဟုတ်လား တင်ဆက်မှုအပိုင်းမှာ ဂျယ်​ဆော့က ခေါင်း​ဆောင်ဖြစ်သလို ကာယပိုင်းမှာ မင်းကငါတို့ရဲ့​ခေါင်း​ဆောင် စစ်စစ်ပါပဲ

 မင်းအစ်ကို့ကို အမြဲ​ပြောတတ်တယ်​နော် ပုံမှန် ကိုယ်ကာယပိုင်း လေ့ကျင့်မှ အသက်ကြီးချိန် ကျန်းကျန်းမာမာနေနိုင်မယ့်အ​ကြောင်းကို​ပေါ့ ခုချိန်ထိ မလုပ်ဖြစ်​သေးတဲ့အတွက် မင်းရဲ့​စေတနာကို အသိအမှတ်မပြုရာများ​ရောက်​နေမလားလို့ အစ်ကို အမြဲအားနာမိတယ်

ဂယ်ရီ​ရေ...
ချစ်တတ်တဲ့ကောင်​လေး အခုမင်းဘယ်များ​ရောက်​နေပြီလဲ 

ဒီ​လောက်ချစ်တတ်တဲ့​ကောင်​လေးက မင်းချစ်တဲ့သူ​တွေနဲ့ နှစ်ရှည်လများ အဆက်အသွယ်ပြတ်​နေတာ ပျော်နိုင်ပါ့မလားလို့ အစ်ကိုစိတ်ပူတယ် အစ်ကိုတို့ထက် ချစ်ရမယ့်သူ​ တွေ့​နေရမယ်ဆိုရင်​တော့ မျက်ရည်ကြားက ပြုံး​နေမိမှာပါ မင်း စပိုင်လုပ်တဲ့အပိုင်းမှာ လှည့်စားခဲ့ရတဲ့အတွက် အစ်ကိုတို့ အခုအထိ စိတ်မ​ကောင်းဖြစ်​နေရ​ကြောင်း သိ​စေချင်တယ်  

မင်းရဲ့အသွင်အပြင်နဲ့ ပတ်သက်ပြီး ပြောခဲ့သမျှအတွက် အားနာမိ​ကြောင်း ပြောပြချင်​သေးတယ် ဆုံနိုင်ခွင့်ရှိ​သေးရင်​ပေါ့

ဟားဟား​ရေ...
အောင်မြင်​နေသူ​​​တွေများစွာနဲ့ ရင်းနှီးတဲ့ မင်းဆီက ကျွန်​တော်အစ်ကို့ဆီက သင်ယူခဲ့တာ​တွေ သင်ယူစရာ​တွေ အများကြီးရှိတယ်လို့ လူသိရှင်ကြားထုတ်​ဖော်​ပြောတဲ့အထိ မင်းအစ်ကို့အ​ပေါ် အ​လေးအနက်ထားတယ်တဲ့လား 

အံ့သြမိသလို အလွန်အမင်းဝမ်းသာ​နေ​ကြောင်း မင်းကိုသိ​စေချင်တယ်

မင်းရဲ့အရပ်အ​မောင်းနဲ့ ပတ်သက်ပြီး စ​နောက်မိခဲ့သမျှအတွက်လည်း အားနာမိရင်း​ပေါ့

ဂျီဟို​ရေ....
ငယ်ရွယ်တဲ့ မင်းသမီး​တွေလာတိုင်း ကျွန်မ အစ်ကို​ဆော့ဂျင်းကိုဘဲ ရွေးချယ်မယ်တဲ့လား

ဘာအတွက်မှဖိအားမ​ပေးတတ်တဲ့ မင်းနဲ့အတူဖြတ်သန်းရတာ အစ်ကို့အတွက် သက်​တောင့်သက်သာအရှိဆုံးပဲ ဒီလို ကာလရှည်ကြာဖြတ်သန်းခွင့်ရတဲ့အတွက် ကံ​ကောင်းသူတစ်​ယောက်ဖြစ်​ကြောင်း အားလုံးကို ကြွေး​​ကျော်လိုက်ချင်တယ် 

အခြားမင်းသမီး​တွေလာတိုင်း ရုပ်ရည်သွင်ပြင်နဲ့ပတ်သက်ပြီး နှိုင်းယှဥ်​​ဝေဖန်ခဲ့တာ​တွေအတွက် အားနာမိ​ကြောင်း အစ်ကို​ပြောချင်သေးတယ်

ဂွမ်ဆူ​ရေ...
ငါတို့​​ပြောသမျှ ဦးညွှတ်ရင်း ဟုတ်ကဲ့ ဟုတ်ကဲ့အစ်ကို ပြောတတ်တဲ့​ကောင်​လေးက အခု အာရှမင်းသား​လေးတဲ့လား

ပြန်​တွေးကြည့်တိုင်း မ​နေ့တစ်​နေ့ကလိုဆို​ပေမယ့် အချိန်​တွေကုန်လာလိုက်တာကွာ ၁၀နှစ်​တောင်ရှိလာပြီ အားလုံး​ပြောင်းလဲသွား​ပေမယ့် မင်း​ရဲ့အမူအကျင့်​တွေ မ​ပြောင်းလဲပဲ ရှိ​နေ​သေးတဲ့အတွက် အစ်ကို အံ့သြရသလို လေးစားမိတယ် အခုလည်း မင်းက ဟုတ်ကဲ့ ဟုတ်ကဲ့အစ်ကိုလို့ ဦးညွှတ်ရင်း ပြော​နေအုံးမယ်မဟုတ်လား

ပရိတ်သတ်ကြီး ပျော်ရွှင်​စေဖို့ တင်ဆက်ရတာဆို​ပေမယ့် တို့နှစ်​ယောက်ဆုံတိုင်း လွယ်ကူတဲ့ညီအစ်ကိုအဖွဲ့ ဖြစ်သွားတာ​တော့ မင်းကိုအားနာမိတယ်

ပရိတ်သတ်ကြီး​ရေ....
အသက် ၅၄နှစ်အရွယ် အားနည်းတဲ့ အစ်ကိုကြီးကို အား​ပေးတဲ့အတွက် အမှန်တကယ် အားနာမိပါတယ်

●●●●●●●●●●●●●


သန်းထွန်းလေး (အင်းတဲရွာ)

ရုပ်သေးပွဲသွားရအောင်

  ရုပ်သေးပွဲသွားရအောင် Https://youtube.com/@thantunlayinde  ရေး-ကန်မြဲကိုအေးကျော် ဆို-ခင်အုန်းမြင့်လေး .. ပင်ခေါင်တိုင် သပြေကိုင်းနဲ့ နေမှို...