သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Friday, March 19, 2021

မျှော်လင့်ခွင့်​ပေးပါ (give me some sunshine) 3 Idiots

 




ကျွန်​တော်တို့ဘဝတစ်​လျှောက်လုံး

ပြဒါန်းခံဘဝအ​နေနဲ့သာ နေထိုင်ခဲ့ရတယ်

ကျွန်တော်တို့ ဝါသနာ ရည်ရွယ်ချက်​အတွက် 

လုပ်​ဆောင်ခွင့်​လေးပေးပါ 

ခဏ​လောက်ဖြစ်ဖြစ်​ပေါ့


မျှော်လင့်ချက်ရောင်ချည်​တွေကို ဖမ်းဆုပ်ခွင့်​ပေးပါ

ယုံကြည်မှု မိုးစက်​​လေး​တွေ သွန်းချ​ပေးပါ

ဒီအခွင့်အ​ရေး​လေး တစ်ကြိမ်​လောက်ပဲပေးပါ

ကိုယ့်ဝါသနာ ဆုံးဖြတ်ချက်နဲ့ ရှင်သန်ကြည့်ချင်လို့ပါ

ခဏ​လောက်​လေးပါပဲဗျာ


ကျွန်​တော်တို့စာ​မေးပွဲကျရင် ညံ့ဖျင်းလို့တဲ့

99%မှ အမှတ်မရရင်လည်း အသုံးမဝင်ပြန်ဘူး

လက်​တွေ နာကျင်တဲ့အထိ စာ​တွေ​ရေးခဲ့ကြရပြီး

တကယ်တတ်သိနားလည်ဖို့ထက် အမှတ်​တွေ​နောက်သာလိုက်ခဲ့ရင်း

ဝါသနာ​တွေ ရည်မှန်းချက်​တွေ မှေးမှိန်ပြောက်ကွယ်ဖို့ ဖုံးအုပ်ခံရတဲ့

ကျွန်​တော်တို့ ငယ်ငယ်က က​လေးဘဝ​တွေ​ပေါ့


ကျွန်​တော်တို့ ရည်ရွယ်ချက်​တွေလည်း ပျယ်လွင့်ခဲ့ရရပြီးပြီ

ရည်မှန်းချက်အတိုင်း လျှောက်လှမ်းဖို့ ယုံကြည်​​ပေးပါ

ခဏ​လောက်​လေးဖြစ်ဖြစ်ပါဗျာ


သန်းထွန်း​လေး《အင်းတဲရွာ》

အောင်ညီကို ရွှေထည်စက်ဖြတ်နှင့်​ရွှေပန်းထိမ်လုပ်ငန်း

Friday, March 12, 2021

သတင်းစာရှင်းလင်းပွဲ

သတင်းစာရှင်းလင်းပွဲဆိုတာက အရင်းစစ်လိုက်ရင်
၁ ။ လုပ်​နေတာ​တွေကို သိ​စေချင်တာ
၂ ။ မလုပ်ပါဘူးလို့ သိ​စေချင်တာ ဆိုပြီး ဒီနှစ်ချက်ပဲ ရပါတယ်

ကျွန်တော်တို့နဲ့ ရှင်းလင်းပွဲတွေက သိပ်မရင်းနှီးသေးဘူးလို့ဆိုနိုင်တယ်
ဘာကြောင့်လည်းဆိုတော့ ရှင်းလင်းပွဲတွေမှာ သူသိစေချင်တာရဲ့ အခြားဖက်က အရှိတရားနဲ့ မသိစေချင်တဲ့ အကြောက်တရားက ဘာဖြစ်မလည်းဆိုတာ ရှာကြည့်ဖို့ မစဉ်းစာမိကြဘူးလို့ ထင်တယ်

ရှင်းလင်းသူဟာ အများအားဖြင့် ကိုယ်စားလှယ်သာဖြစ်ကြောင်း စာရွက်ကိုင်ပြီး အထက်က စီစဉ်ရေးသားပေးလိုက်တာကို ပြောပြသူသာဖြစ်ကြောင်း ရှင်းလင်းဖို့ ခွဲခြားထားဖို့ လိုပါတယ်

ဒါကြောင့် သူ့အာဘော်လည်း မဟုတ်သလို အားလုံးကိုလည်း အဖြေပေးနိုင်မှာမဟုတ်ပါဘူး
သူထုတ်ပြန်ပြောဆိုတဲ့ စကားအသွားအလာကနေပဲ သူတို့ရဲ့ရည်ရွယ်နဲ့ အကြောက်တရားကို ရှာရမှာပါ

ဥပမာအနေနဲ့ ဇော်မင်းထွန်းဆိုပါစို့ သူက ပြန်ကြားသူဆိုတာမေ့ပြီး ပုဂ္ဂိုလ်ရေးသက်သက် လိုက်ဝေဖန်နေတာ ဘာအကျိုးမှ ရှိလိမ့်မယ်မထင်ဘူး
အသားမဲတာတို့
အင်္ဂလိပ်စာ မကျွမ်းကျင်တာတို့
မေးလိုက်ရင် အဖြေမရတာတို့ပေါ့

မြန်မာလူမျိုးကို ရှင်းတာဖြစ်တဲ့အတွက် မြန်မာစကား‌ ကောင်းကောင်းမွန်မွန်ပြောတတ်ရင် အဆင်ပြေနေတာပဲမဟုတ်လား

အချို့သောမေးခွန်းတွေကို မဖြေနိုင်တာ ဖြေလို့မရတာရှိမယ် သူက ပြန်ကြားသူဖြစ်တဲ့အတွက် တရားဝင်အာဏာရှိသူမဟုတ်ကြောင်းလည်း ရှင်းလင်းနေဖို့လိုတယ် 

ဒါပေမယ့် အချို့သောရှင်းလင်းပွဲတွေက ရည်ရွယ်ချက်တစ်မျိုးနဲ့ သွားတာမျိုးလည်း ရှိတတ်တယ်ဗျ တစ်ဖက်က ဖိအားအရမ်းများလာချိန်မှာ မဖြစ်မနေလုပ်ရတာမျိုးပေါ့
 
အာဏာရှင်အသိုင်းအဝိုင်းက လုပ်သွားတဲ့ သတင်းစာရှင်းလင်းပွဲကတော့ သိစေချင်တာကိုပြဖို့ထက် အာရုံလွှဲဖို့အတွက် ရည်ရွယ်ဟန်တူတယ်

ရှင်းလင်းသူက မတော်မတည့်တွေဖန်တီးရင်း လူတွေရဲ့အာရုံကို ဖမ်းစားပြီး နောက်ကွယ်က အာဏာရှင်အတွက် ဖိအားခွဲယူရင်း လျော့ပါးစေသလားလို့ပါ


သန်းထွန်းလေး{အင်းတဲရွာ}
အောင်ညီကို ရွှေထည်စက်ဖြတ်နှင့်ရွှေပန်းထိမ်လုပ်ငန်း

Tuesday, March 9, 2021

သီတဂူဆရာတော်ဆိုတာ


သီတဂူဆရာတော်ဆိုတာ

အရင်ကတော့ သပိတ်အိုင်တောရမှာ သတင်းသုံးလို့ သပိတ်အိုင်ဆရာတော်လို့လည်းခေါ်တယ်


၈၈ ဝန်းကျင် ရေးအခင်းကာလကပေါ့ နိုင်ငံအနှံ့ မင်းကျင့်တရားဆယ်ပါးအကြောင်း တရားလိုက်ဟောလို့ စစ်အာဏာရှင်တွေရဲ့ အငြှိုးတကြီး လိုက်လံဖမ်းဆီးမှုကို ခံခဲ့ရတယ်


အဲ့ဒီအချိန်က သာသနာမှာ နေလတစ်ဆူဖြစ်တဲ့ မင်းကွန်းဆရာတော်က မင်းတို့ သပိတ်အိုင်ကိုဖမ်းချင်ရင် ငါ့အတွက်ပါ ဝတ်စုံတစ်စုံပိုယူခဲ့ဆိုပြီး ပြောလိုက်မှပဲ သူတို့ရန်က လွတ်ခဲ့ရတာပါ


ဒါတောင် နောက်ပိုင်း သူ့တို့အနှောက်အယှက်ထပ်ကြုံလို့ နိုင်ငံရပ်ခြားကို ဆရာတော်ကြီးက ကြီးမှူးပြီး စေလွှတ်ခဲ့တယ်လို့ဆိုတယ်


သီတဂူဆရာတော်ရဲ့ ‌မွေးသက္ကရာဇ်က

၂၃. ၂.၁၉၃၇ ဖြစ်ပါတယ်

ဘာကြောင့်မွေးသက္ကရာဇ်ကို ပြရလဲဆိုတော့ ခုအချိန် အသက် ၈၄နှစ်အရွယ် ပုဂ္ဂိုလ်တစ်ယောက်ဆီက ဘာတွေများ လယ်လောက်များများ လိုချင်နေကြသေးတာလဲ ဒါတောင် သာသနာရေး လူမှုရေးကိစ္စအဝဝမှာ လစ်ဟင်းတာရှိခဲ့သလား 


နာဂစ်ကာလကော ကိုးကွယ်ရာ ဘာသာမတူသည်ထားအုံး တောင်တန်းဒေသ‌‌တွေမှာပါ ဘာတွေလုပ်နေလည်း ‌လုပ်ခဲ့လည်း လေ့လာပါအုံး


လုပ်ခဲ့လုပ်ဆဲလုပ်နေမြဲပါပဲ

တရားဝင် page မှာကော အာဏာရှင်ရဲ့ လုပ်ရပ်တွေကို ကန့်ကွက်တဲ့ စာ‌တွေ ဒေသနာတွေ ဓမ္မတွေ နေ့တိုင်း ထုတ်ပြန်နေတာပဲ မဝေဖန်ခင် အပုတ်မချခင် နည်းနည်းလောက်ဖြစ်ဖြစ် ဝင်လေ့လာကြည့်ပါအုံး ဖတ်ကြည့်ပါအုံး ‌တွေးခေါ်ကြည့်ပါအုံး သုံးသပ်ကြည့်ပါအုံး


သာသနာရဲ့ ထိပ်တန်းအလွှာက ဆရာတော်တစ်ပါးက အရပ်စကားနဲ့ 

အပုလေး အပုလေးတို့လို

ဆောင်ပုဒ်မျိုး စကားရပ်မျိုး ထုတ်ပြန်ပါ့မလား 


သီတဂူနဲ့ စစ်ကိုင်းတောင်ရိုး ကမ္ဘာ့အဝှမ်း ဗုဒ္ဓဘာသာ သာသနာပြုလမ်းစဉ်တွေဟာ ယခုသီတဂူဆရာတော်လက်ထက်မှာ ဘယ်လောက်တိုးတက်ဝေစီခဲ့သလဲဆိုတာ Facebook က သူပြောကိုယ်ပြော အခြေအမြစ်သတင်းတုလောက်မဟုတ်ဘဲ ထဲထဲဝင်ဝင် လေ့လာကြည့်ပါအုံး 


သူ့အကျိုးသက်သက်ဆိုရင် တရားတစ်ပွဲဟော သိန်းရာချီရနေသူတစ်ယောက်က ဒါတွေလုပ်နေဖို့ လိုလို့လား ကျောင်းပြန်တံခါးပိတ် နှပ်နေယုံပါပဲ


တရားဟောတာ အလုပ်တစ်ခုလို့ ဆိုပါစို့ ဓမ္မပူဇာငွေက လုပ်အားခလို့ဆိုပါစို့ သူဟောလို့ သူလုပ်လို့ရတဲ့ပိုက်ဆံ သူ့ဖာသာ တစ်ကိုယ်တည်းကောင်းစားရေး သုံးနိုင်ခွင့်ရှိတာပဲ 


သင်ကော သင့်ရဲ့လုပ်အားခကို အားလုံးနဲ့ မျှဝေသုံးဖူးလား 

ရပ်အကျိုးရွာအကျိုးအတွက် အိတ်သွန်ဖာမှောက် အသုံးချဖူးလား 

ဝေးပါသေးတယ် ဆယ်ပုံတစ်ပုံလောက် အသုံးပြုပါတယ်ဆိုရင်ကို သင့်ကို လေးလေးစားစားချီးကျူးမိမှာပါ 


ထားတော့ မိဘအတွက် ဇနီးအတွက် သားသမီးအတွက် လမ်းအတွက် ရပ်ကွက်အတွက် ရပ်ရွာအတွက် မြို့အတွက် တိုင်းပြည်အတွက် ဘာသာအတွက် သာသနာအတွက် ဘာတွေများ ဘယ်လောက်များများ စွမ်းဆောင်ခဲ့ပြီးပြီးလဲ တာဝန်ကျေခဲ့ပြီးပြီလဲ သာမန်ထက်ပိုတဲ့ အဆင့်တစ်ခုမှာ နေနိုင်အောင် စွမ်းဆောင်ပြီးပြီလား


သူစွမ်းနိုင်တုန်းက နိုင်ငံအနှံ့ခြေရာထပ်လို့ သင်အခုလုပ်နေပါတယ်ဆိုတာထက် အဆရာထောင်မက စွမ်းဆောင်ခဲ့ပြီးပြီ သင်ကော မြို့တစ်ပတ်ပြည့်အောင် လျှောက်ပြီးပြီလား


ကိုယ်ထွက်ရမယ့်အလှည့်ရောက်မှ ဘယ်သူဘယ်ဝါကဘယ်လိုဆိုပြီး လက်ညှိုးထိုးနေတာ ရှက်ဖို့ကောင်းပါတယ်  


သန်းထွန်းလေး ⭐ အင်းတဲရွာ

အောင်ညီကို ရွှေထည်စက်ဖြတ်နှင့်ရွှေပန်းထိမ်လုပ်ငန်း

Monday, March 8, 2021

ကောင်းမှု​တော်​စေတီ



 ကျွန်တော့်ရဲ့ မွေးရပ်ဇာတိကနေ အသက်မွေးဝမ်းကြောင်း ပြုရာ ဒေသတွေကို လာတိုင်းလာတိုင်း ထုံးသင်္ကန်း ဖြူဖြူဖွေးဖွေးနဲ့ တည်ပုံစန်းကျယ်ပြီး မြင်လိုက် ဖူးလိုက်ရတာနဲ့တင် စိတ်နှလုံးမှာ အေးချမ်းစေတဲ့ ကောင်းမှုတော်စေတီကို အသေအချာ ကျကျနန မဖူးဘူးသေးပေမယ့် ခရီးသွားရင်း မကြာမကြာ မြင်တွေ့ ဖူးမျှော်ဖူးပါတယ်

ယခုထက်တိုင်ပေါ့


ကောင်းသည် ဆိုးသည်တော့ မဝေဖန်လိုပါဘူး ဒါပေမယ့် ကောင်းမှုတော်စေတီကို ထုံးသင်္ကန်းနဲ့ မဟုတ်ဘဲ ရွှေသင်္ကန်း ကပ်ထားတာတွေ့တော့ တစ်မျိုးကြီးဗျ


စေတီသမိုင်း

♕ ♕ ♕ ♕ 


စစ်ကိုင်းမြို့ မြောက်ဘက် ၆ မိုင်ခန့်အကွာ၌ တည်ရှိပြီး ဘွဲ့အမည်မှာ 

***ရာဇမဏိစူဠာ***

 ဖြစ်ပါတယ်


ဒါယကာမှာ 

***သာလွန်မင်းတရားကြီး*** 

ဖြစ်ပါတယ်


 မြန်မာသက္ကရာဇ် ၉၉၈ (၁၆၃၆)  တော်သလင်းလဆန်း ၁၀ ရက် တနင်္လာနေ့မှာ စေတီတော်ကို တည်ထားကိုးကွယ်ခဲ့ပါတယ်

စေတီတော် ပုံသဏ္ဍာန်

➳ ➳ ➳ ➳ ➳ ➳ ➳


  သီဟိုဠ်ဘုရင်ရဲ့ လက်ဆောင်ပဏာ ဖြစ်တဲ့ ဓာတ်တော်များကို စေတီတော် တည်ထားကိုးကွယ်ရာမှာ ဒါယကာတော် မင်းတရားကြီး အနေနဲ့ မည့်သည့်ပုံစံ တည်ထားကိုးကွယ်ရမှာကို မစဉ်းစားတတ်အောင် ဖြစ်နေခဲ့ပါတယ်


ဒါ့ကြောင့် ဓာတ်တော်များ သိုမှီထားအပ်ရာ ဆင်စွယ်ကြုပ်ကို မြင်ပြီ ဒီပုံသဏ္ဍာန် တည်ထားရင်ကောင်းမှာပဲဟု စိတ်ကူးကြံဆ အတွေးရခဲ့ပါတယ် 


စေတီတော်ကိုလည်း အများစေတီတော်တွေလို ရွှေသင်္ကန်း မဆက်ကပ်စေဘဲ ဆင်စွယ်ကြုပ်သဏ္ဍာန် ထုံးသင်္ကန်းသာ ကပ်လှူခဲ့ပါတယ်


စေတီတော်ဟာ ထုထည်ကြီးမားလွန်းတဲ့အတွက် တစ်ဖက်က ဆိုင်းသံကို တစ်ဖက်က မကြားနိုင်ဘူးရယ်လို့လည်း မှတ်သားဖူးပါတယ်


★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ 


စေတီတော်ကို ပစ္စယံ သုံးဆင့်ခံထား၍ သပိတ် မှောက်ထားသကဲ့သို့ တည်ထားပါတယ်


ဉာဏ်တော် ၁၀၁ တောင် 

လုံးပတ် ၅၀၂ တောင် ၂ မိုက် ၄ သစ်

ရှိပါတယ်


အုပ်ချပ်ရေပေါင်း ၁၀၁၂၆၅၅၂  ဖြင့် တည်ထားသည်ဟုလည်း သိရပါတယ်


စေတီတော်ကို ကျောက်ဆီမီးတိုင် ၈၀၂ တိုင်ဖြင့် ၀န်းရံထားပြီး 

မြန်မာ မွန် ရှမ်း အက္ခရာတို့ဖြင့် ဗုဒ္ဓဖြစ်တော်စဉ်များကို ရေးထွင်းပူဇော်ထားပါတယ်


♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ 


ဒီနေရာမှာ သာမန်အငြိမ့်လူပျက်တို့ရဲ့ ဟာသ စကားလေးတစ်ခွန်းက စေတီတော် ဖြစ်စဉ်သမိုင်းကို အနည်းငယ် ညစ်နွမ်းနေးစေတာ သတိချပ်စေလိုပါတယ် ပါးစပ်ရာဇဝင်တစ်ခု သာမန် ဟာသပျက်လုံးတစ်ခုဟာ စေတီသမိုင်း တစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး နှောင်းလာနောက်သား ညီ ညီမငယ်တို့ အမှတ်မှား အသိမှားမှာ စိုးတဲ့အတွက် အဆိုပါ ပြက်လုံးကို သိရှိစေရန် ရေးသားပေးလိုက်ပါတယ် 


စေတီရဲ့ သမိုင်း အစစ်အမှန် မဟုတ်ပါ


✖✖ ✖ ✖ ✖ ✖ ✖ ✖ ✖ ✖ ✖ ✖ ✖

  

 ပန်းရံဆရာက စေတီတော် တည်ရာမှာ ဘယ်ပုံသဏ္ဍာန် တည်ထားရမလည်းလို့ မင်းတရားကြီးကို လာလျှောက်တင်ရာမှာ မိဖုရား သွားမေးဆိုလို့ မိဖုရားကို သွားမေးရာ မိဖုရားက ကလေးနို့တိုက်နေချိန် ပန်ရံဆရာက လာမေးရာ စိတ်မရှည်တာနဲ့ ဒီပုံစံတည်လိုက် ဆိုပြီး ရင်သားကို လှန်ပြပါသတဲ့ .


✖ ✖ ✖ ✖ ✖ ✖ ✖ ✖ ✖ ✖ ✖ ✖ ✖ 

သန်းထွန်း​လေး (အင်းတဲရွာ)

အောင်ညီကို ရွှေထည်စက်ဖြတ် နှင့် ရွှေပန်းထိမ်လုပ်ငန်း

Sunday, March 7, 2021

ပုံပြောသူ



အရင်ကတော့

လူကြီးသူမတွေ ပြောပြတဲ့

ပုံပြင်ဇာတ်လမ်း‌တွေ

နားထောင်ရင်းနဲ့

အိပ်ဆက်အနားယူခဲ့တယ်


အခုတော့ 

ညီငယ် ညီမငယ်တွေရဲ့

တစ်နေ့တာ

လှုပ်ရှား ပြုမှုခဲ့တဲ့ 

ကိုယ်တွေ့ဇာတ်လမ်း‌တွေကို 

ငေးမောနားထောင်ပြီး 

အိပ်ဆက်အနားယူတယ်


သန်းထွန်း​လေး ◇ အင်းတဲရွာ

စိတ်ဓါတ်ပဲ



 ငါတို့နားထောင်ခဲ့ရတုန်းက

သပြေတန်းခံတပ်တို့ မင်းလှခံတပ်တို့ပါကွာ


ငါတို့ပြောရမယ့်အလဇည့်ငာတို့ပြောရမယ့်အလဇည့်ရောက်မှ

ထမိန်တန်းခံတပ်တို့ အတွင်းခံ ခံတပ်တို့တဲ့လား


ငါတို့နားထောင်ခဲ့ရတုန်းက

ဝါးရင်းတုတ်တစ်ချောင်းနဲ့ ဘယ်လိုသိမ်းခဲ့တာပါကွာ


ငါတိုပြောရမယ့်အလှည့်ငာတိုပြောရမယ့်အလှည့်ရောက်မှ

EVA တစ်ထုတ်ဝယ်ပြီး ဘယ်လိုချိပ်ခဲ့တယ်တဲ့လား


သန်းထွန်း​လေး ◇ အင်းတဲရွာ

မြစ်များ




ငါတို့..

သွေး​တွေလည်း 

စီးခဲ့ပြီးပြီ....


ကန့်လန့်လည်း

စီးခဲ့ပြီးပြီ....


ပြောင်းပြန်လည်း

စီးခဲ့ပြီးပြီ....


ရှင်းရှင်းသန့်သန့် စီးဆင်းပါ​လေ​တော့

ချစ်​သောဧရာဝတီ...


သန်းထွန်း​လေး ◇ အင်းတဲရွာ

ပုံ​ပြောသူ

အရင်ကတော့

လူကြီးသူမတွေ ပြောပြတဲ့

ပုံပြင်ဇာတ်လမ်း‌တွေ

နားထောင်ရင်းနဲ့

အိပ်ဆက်အနားယူခဲ့တယ်


အခုတော့ 

ညီငယ် ညီမငယ်တွေရဲ့

တစ်နေ့တာ

လှုပ်ရှား ပြုမှုခဲ့တဲ့ 

ကိုယ်တွေ့ဇာတ်လမ်း‌တွေကို 

ငေးမောနားထောင်ပြီး 

အိပ်ဆက်အနားယူတယ်


သန်းထွန်း​လေး ◇ အင်းတဲရွာ

သန်းထွန်းလေး (အင်းတဲရွာ)

ရုပ်သေးပွဲသွားရအောင်

  ရုပ်သေးပွဲသွားရအောင် Https://youtube.com/@thantunlayinde  ရေး-ကန်မြဲကိုအေးကျော် ဆို-ခင်အုန်းမြင့်လေး .. ပင်ခေါင်တိုင် သပြေကိုင်းနဲ့ နေမှို...