သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Tuesday, February 23, 2021

ကြွေး​ကျော်သံ

စနစ်တစ်ခုကိုတိုက်ဖျက်ရာမှာ ပုဂ္ဂလဆန်တာမျိုး  ကျွန်​တော်မနှစ်သက်ဘူး မ​ထောက်ခံပါဘူး

အရင် သူရိယ​နေဝန်းဂျာနယ်လို​ပေါ့ သူက အာဏာရှင်စနစ်ကိုတိုက်ဖျက်တာမျိုးမဟုတ်ဘဲ ပုဂ္ဂိုလ်​ရေးအချက်အလက်​တွေ အမုန်းတရား​တွေအ​ခြေခံပြီး ဖတ်ရှုသူကို အသိပညာထက်အမုန်း​တွေ ဒေါသ​တွေသာ ပေးတယ်လို့ ယူဆလို့ပါ

ဥပမာ အခု​ကြွေး​ကျော်သံမှာ ဂျပု​လေးဂျပု​လေး ဆိုတဲ့ သံချပ်လိုမျိုး​ပေါ့
ကျွန်​တော်တို့က အာဏာရှင်ဆိုတဲ့ စနစ်တစ်ခုပျက်သုဥ်းဖို့ ရည်ရွယ်တာဆိုတဲ့ လမ်း​ကြောင်းနဲ့ ဆန့်ကျင်ပြီး ပုဂ္ဂိုလ်ကိုဘဲ ခပ်နှိမ်နှိမ် ရည်ရွယ်တိုက်ခိုက်သလို ဖြစ်​နေလို့ပါ 

ရုံးမတက်နဲ့ရုန်းထွက် ဆိုတဲ့ ကြွေး​ကျော်သံကျတော့ လိုရင်းတိုရှင်းနဲ့ ရည်ရွယ်ရာကို ထိ​ရောက်​စေသလို အားမာန်ပါတယ်လို့ ယူဆမိသလို ကြိုက်နှစ်သက်မိတယ်

မင်းတို့​ပြော​တော့ မဲခိုးတယ်ဆို ဆိုတဲ့ ကြွေး​ကျော်သံကိုလည်း အ​တော်နှစ်သက်မိတယ် 
ထိ​ရောက်သလို လက်​တွေ့သရုပ်မှန်ကိုလည်း ပြနိုင်တဲ့ ကြွေး​ကျော်သံမို့ပါ

ဒါ​ပေမယ့်လည်း ရေ​အေးနဲ့ပက်ပက် ရေ​နွေးနဲ့ပက်ပက်
မီးငြိမ်းဖို့သာအဓိကဖြစ်​နေချိန်မို့ အပြစ်ရယ်လို့​တော့ မဆိုသာပါဘူး

သန်းထွန်း​လေး အင်းတဲရွာ

Saturday, February 20, 2021

သူ့ရင်​သွေးများ GZ


သူမအ​မေ ဈာပနကစလို့ နိုင်ငံ့အ​ရေးလုပ်​ဆောင်ရာမှာ သူ့မရပ်တည်ချက် ရည်ရွယ်ရာအတွက် လျှောက်ရာလမ်းက ရှင်းတယ် အမြဲတစ်ခုတည်ဘဲ အကြမ်းမဖက်ဘဲ လျှောက်လှမ်းဖို့​ပေါ့


ကျွန်​တော်တို့မျိုးဆက်အထိ ဒီသ​ဘောနဲ့သိပ်မနည်းစပ်ခဲ့ဘူးလို့ထင်တယ် ကျွန်​တော်တိုက ရရင်ရ မရရင်ချဆိုတဲ့သ​ဘောအရိပ်အ​ငွေ့​တွေ တစ်စွန်းတစခင်တွယ်မိ​နေတုံးပဲ 


အတွင်းစည်းက သ​ဘောထားကွဲလွဲရင်း လက်ရှိအာဏာရှင်ကိုဖြုတ်မယ့် နောက်ထပ်အာဏာရှင်​လောင်းတစ်​ယောက် သူရဲ​ကောင်းတစ်​ယောက်ကို တစ်စွန်းတစ်စ​မျှော်လင့်တုန်းဘဲ


စနစ်ကိုတိုက်ဖျက်ဖို့ထက် ပုဂ္ဂိုလ်နောက်လိုက်​နေတုံးဘဲ

အာဏာရှင်ဆိုတာ ပုဂ္ဂိုလ်ထက် ဗိုင်းရပ်တစ်ခုလိုမြင်ဖို့ တွေ​ဝေ​နေတုံးဘဲ 

 နဝ သရ မအလ ဆိုတဲ့ ပုဂ္ဂိုလ်တွေမရှိဘူးထားအုံး ဒီဗိုင်းရပ်ရှိ​နေသမျှ နောက်ထပ် အာဏာရူး​တွေကို ကူးဆက်​နေအုံးမှာပါပဲဆိုတာမေ့​နေတုံးဘဲ 


ကျွန်​တော်တို့ သူမနဲ့သိပ်နီးစပ်ချင်လို့ ခေါ်​ဝေါ်​နေ​ပေမယ့် သွေးအရ မတရား​တော်ချင်​နေရင် အ​ဒေါ်လောက်သာဖြစ်မယ်ထင်တယ်


ဒါ​ပေမယ့် GZ တွေက​တော့ သူမ​သွေးအပြည့်ပါတဲ့ သူမရင်​သွေးစစ်စစ်​တွေလို့​ပြောလို့ရတယ် ရည်ရွယ်ချက်အတွက် တွန်းလှန်ရာမှာ အကြမ်းမဖက်ပဲ နည်းလမ်း​ပေါင်းစုံ ပုံစံမျိုစုံနဲ့ တွန်းလှန်ကြတယ် 


ဒီ​နေ့အသုံးပြုတဲ့နည်းက မသင့်​တော်ဘူးလို့ ပညာရှင်​တွေ​ထောက်ပြလိုက်တာနဲ့ နောက်ထပ်ပုံစံတစ်ခု နည်းသစ်တစ်ခုနဲ့ နောက်​နေ့မနက်မှာ အဆင်သင့်ဘဲ 


ဒူး​ထောက်​ခေါင်းငုံ့​နေ​ပေမယ့် စိတ်ပျက်​နေတာအားငယ်​နေတာမျိုးမရှိဘူး ဒီနည်းက ထိ​ရောက်​မှုနည်း​နေတာလားလို့ စဥ်းစားရင်း နောက်ထပ်နည်းသစ်အတွက် တွေး​တောကြံဆ​နေကြတယ်


ကျွန်​တော်တို့ နည်းနည်း​လေး​တောင် မ​တွေးမိတဲ့ပုံစံနဲ့ နည်းလမ်းနဲ့ နေ့သစ်အ​တွေအတွက် အမြဲအဆင်သင့်ဖြစ်​နေတာ တကယ်​လေးစားမိတယ်


ကျွန်​တော်တို့ ရှေ့မျိုးဆက်​တွေစိတ်မှာ စွဲကပ်​နေတာက

သေနတ်​တွေ တင့်ကား​တွေကိုဘဲ လက်နက်လို့ ခွန်အားလို့ လုပ်နိုင်စွမ်းလို့ မှတ်ယူကြတာ သူတို့က တစ်​ယောက်ချင်းစီရဲ့ စိတ်ဆန္ဒ​တွေကို အ​ခြေပြုပြီး အားလုံးရဲ့ စိတ်ရှည်ခြင်း သည်းခံခြင်း ကြံဆခြင်း အားခွန်တွေနဲ့ စနစ်တစ်ခုကို ပြိုင်တူ​ဖော်​ဆောင်ကြတယ်


ဒီပုံစံမျိုး သမိုင်းမှာ တစ်ခါ​ပေါ်ဘူးတယ်

အိန္ဒိယမှာ လွတ်လပ်​ရေးအတွက် တိုက်ပွဲဝင်​တော့ လမ်းနှစ်ခုဖြစ်တယ် တစ်ခုက စစ်မှန်တဲ့လွတ်လပ်​ရေးက တိုက်ယူမှရတယ်ဆိုတဲ့ မြန်မာနိုင်ငံက ရဲ​​ဘော်သုံးကျိပ်နဲ့ ပုံစံတူ လမ်း​ကြောင်း


နောက်တစ်ခုက နိုင်ငံ​ရေးနည်းနဲ့ဘဲ အကြမ်းမဖက်တိုက်မယ်ဆိုတဲ့ ဂန္ဒီကြီးရဲ့လမ်း


အိန္ဒိယယပြည်သူ​တွေက ဂန္ဒီကြီးရဲ့လမ်းကို ရွေးလိုက်တယ် သေနတ်တစ်ချက်မ​ဖောက်ရဘဲ လွတ်လပ်​ရေးရခဲ့တယ်လို့ဆိုတယ်


ဒီ ဂန္ဒီကြီးရဲ့

နိုင်ငံ​ရေးနည်းနဲ့ဘဲ နိုင်ငံ​ရေးပြသနာ အ​ဖြေရှာတဲ့ အစဥ်အလာက  ဘယ်​လောက်ခိုင်မာသွားလည်းဆိုရင် အိန္ဒိယမှာ ဘယ်​လောက်နိုင်ငံ​ရေး အကြပ်အတည်းဖြစ်ဖြစ် စစ်တပ်အာဏာသိမ်းတာ ခုထိမရှိ​သေးဘူး


မြန်မာနိုင်ငံမှာ​တော့ လက်နက်ကိုင်ဝါဒ အာဏာသိမ်းဗိုင်းရပ်ကိုက အမြစ်တွယ်​နေတာ နဝ သရ မအလ ဆိုတဲ့ ပုဂ္ဂိုလ်တွေမရှိဘူးထားအုံး ဒီဗိုင်းရပ်ရှိ​နေသမျှ နောက်ထပ် အာဏာရူး​တွေကို ကူးဆက်​နေအုံးမှာပါဘဲ 


ဒီစနစ်ကိုဖျက်ချဖို့က နိုင်ငံ​ရေးနည်းနဲ့ ချဥ်းကပ်ဖြိုဖျက်မှဘဲ ရမယ်လို့ ယူဆမိပါတယ်


သန်းထွန်း​လေး အင်းတဲရွာ

Tuesday, February 9, 2021

ငရဲ​ခွေးရူးလွတ်​နေပြန်ပြီ


အဝီစိက​နေ ငရဲ​ခွေးရူးတစ်​ကောင် လွတ်​သွားပါတယ်

လွန်ခဲ့တဲ့ နှစ်တစ်ရာ​ ဝန်းကျင်က ရန်ကုန်တက္ကသိုလ်ကျောင်းဝန်းအတွင်းမှာ သောင်းကျန်းခဲ့တဲ့ ခွေးထက်ပိုဆိုးပါတယ် 
ဒီ​ခွေးက ရူး​နေတာပါ

ဒီတစ်ခါ​တော့ ဝတ်စုံအပြည့်အစုံဝတ်ပြီး တွေ့သမျှမန်ဖီလို့ အသွင်တူ​ခွေး​တွေနဲ့ အုပ်စုဖွဲ့ပြီး လွှတ်​​တော်ဝန်းထဲဝင်​သောင်းကျန်းရုံမက တစ်နိုင်ငံလုံး မြင်မြင်သမျှလိုက်ကိုက်​နေပါတယ်

တစ်နိုင်ငံလုံးကရှိရှိသမျှမျှ​သော ညီ​နောင်အ​ပေါင်းတို့ အဲ့ဒီ​ခွေးကိုတွေ့ရတိုင်း

လက်သုံး​ချောင်း​ထောင်လို့ ခြိမ်း​ခြောက်လိုက်ကြပါ
သံပုံးတီးလို့ နှင်လွှတ်လိုက်ကြပါ
CDM ပြုလို့  ရိုက်ထုတ်လိုက်ကြပါ
 
ပုံ
ယမမင်း (သန်းထွန်း​လေး..အင်းတဲရွာ)
https://koloneypoe.blogspot.com/2021/02/blog-post.html

သန်းထွန်းလေး (အင်းတဲရွာ)

ရုပ်သေးပွဲသွားရအောင်

  ရုပ်သေးပွဲသွားရအောင် Https://youtube.com/@thantunlayinde  ရေး-ကန်မြဲကိုအေးကျော် ဆို-ခင်အုန်းမြင့်လေး .. ပင်ခေါင်တိုင် သပြေကိုင်းနဲ့ နေမှို...